Friday, April 16, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကြွက်သားတွေနဲ့ ဘာဘီရုပ် ကာယဗလမယ်

by Thutamm
August 17, 2019
Reading Time: 1min read
0
ကြွက်သားတွေနဲ့ ဘာဘီရုပ် ကာယဗလမယ်
Share on FacebookShare on Twitter

သူမနာမည်က Yeon-woo Jhi လို့ခေါ်ပြီး   IFBB (International Federation of BodyBuilding) အဖွဲ့ရဲ့ ပရော်ဖက်ရှင်နယ် အမျိုးသမီးကာယဗလမယ်တစ်ယောက် ဖြစ်ကာ ဆုတံဆိပ်များစွာရရှိထားသူလည်းဖြစ်ပါတယ်။

သူမရဲ့ ချစ်စရာကောင်းတဲ့ပုံစံ ၊ မိန်းမပီသတဲ့မျက်နှာ ၊ စွဲမက်စရာကောင်းလှတဲ့ ခန္ဓာကိုယ်ကြွက်သားများကြောင့် လူမှုကွန်ယက်တွင် ကျော်ကြားစေခဲ့ပြီး သူမကို ကြွက်သားတွေနဲ့ဘာဘီရုပ် (Muscle Barbie) လို့ချစ်စနိုးခေါ်ဝေါ်ကြလေ့ပါတယ်။

လက်ရှိ အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ Yeon ဟာ ငယ်စဉ်က ပိန်ပိန်ပါးပါးခန္ဓာကိုယ်ရှိသူသာဖြစ်ပြီး အကြောက်လွန်တဲ့ စိတ်ကစဉ့်ကလျားရောဂါကိုခံစားခဲ့ရပါတယ်။  ပုံမှန်စိတ်အခြေအနေပြန်ရောက်ဖို့အတွက် ရုန်းကန်ခဲ့ရပြီး လွန်ခဲ့တဲ့ ၁၄နှစ်ကစလို့ သူမဘဝဟာ အရာရာပြောင်းလဲခဲ့ပါတယ်။

အိမ်ရဲ့အနီးမှာရှိတဲ့ gym ရုံတစ်ခုမှာ သွားရောက်ကစားခဲ့ပြီးတဲ့နောက် သူမရဲ့ခန္ဓာကိုယ်ဟာ စတင်သန်မာလာတာဖြစ်ပါတယ်။ စိတ်ပျော့ညံ့ခြင်းကို ရပ်တန့်ဖို့ဆိုတဲ့ စိတ်ဖြင့်သာ gym ကို ကစားခဲ့တာဖြစ်ပြီး ယခုကဲ့သို့ကာယဗလမယ် တစ်ဦးဖြစ်လာမယ်လို့ သူမကိုယ်သူမ မထင်ခဲ့ပါဘူး။

သို့သော်လည်း သူမရဲ့ကြံ့ခိုင်မှုနဲ့ သက်လုံများတိုးတက်လာတဲ့ အခါမှာတော့ ကိုယ်ကာယကြံ့ခိုင်ရေးကို စိတ်အားပိုထက်သန်ခဲ့ပြီး တိုးပြီးကစားခဲ့ပါတယ်။ နောက်ဆုံးမှာတော့ စင်ပေါ်မှာ တက်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ Yeon-woo Jhi ဟာ ပထမဆုံးပြိုင်ပွဲမှာတင် အနိုင်ရရှိခဲ့တဲ့အတွက် လေ့ကျင့်ရေးများကို တိုးလုပ်ဖို့ စိတ်အားပိုထက်သန်လာခဲ့ပါတယ်။

သူမဟာ ၂၀၁၃ ခုနှစ် Arnold Classic Europe Amateur ပြိုင်ပွဲမှာ ဆုရရှိခဲ့ပြီး ၂၀၁၅ ခုနှစ်မှာတော့ ပရော်ဖက်ရှင်နယ်ကာယဗလမယ် ဖြစ်လာခဲ့ပါတယ်။ သူမဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ ပြိုင်ပွဲများဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး လွန်ခဲ့တဲ့ ၂ နှစ်ကစလို့ လူမှုကွန်ယက်မှာ လူသိများတဲ့ နာမည်ကြီးတစ်ယောက်ဖြစ်လာခဲ့ပါတယ်။

သူမရဲ့ လှပတဲ့ မျက်နှာနဲ့ ကြွက်သားအမြှောင်းအမြှောင်းပုံတွေဟာ လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပြီး လူတွေဟာ ကြီးမားကြံခိုင်လွန်းတဲ့ သူမရဲ့ခန္ဓာကိုယ်ဟာ လှပတဲ့မျက်နှာလေးနဲ့ မလိုက်ဖက်ဘူးလို့ ဝေဖန်ခဲ့ကြပါတယ်။ သူမကတော့ သူမရဲ့ဒီလိုခန္ဓာကိုယ်ရဖို့ နှစ်ပေါင်းများစွာကြိုးစားခဲ့ရတာကြောင့် ဘယ်သူတွေဘယ်လိုပြစ်တင်ဝေဖန်ပါစေ ဂရုမစိုက်ပါဘူးလို့ ပြန်လည်တုန့်ပြန်ပြောဆိုခဲ့ပါတယ်။


ကာယဗလနဲ့ ပတ်သတ်လို့ ဆုတံဆိပ်ပေါင်းများစွာ ရရှိထားတဲ့ Yeon-woo Jhi ဟာ  follower ပေါင်း သိန်းချီရှိနေပြီဖြစ်ပါတယ်။ သူမဟာ တောင်ကိုရီးယား ရုပ်သံအစီအစဉ်များမှလည်း ဝင်ငွေအမြောက်အများရရှိနေပါတယ်။

VIDEO

Tags: world people

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်
People

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်

၉.၁.၂၀၂၁ ရက်နေ့ Forbes ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ စာရင်းကို ကိုးကားထားခြင်းဖြစ်ပါတယ်။ ၁၀။ ဆာဂေးဘရင် ပြီးခဲ့တဲ့နှစ်က အဆင့် ၁၀ နေရာမှာရှိခဲ့တဲ့ အိန္ဒိယသူဌေးကြီး မာခက်ရှ် အမ်ဘန်နီက အဆင့် ၁၃ နေရာကိုရောက်သွားပြီး ဂိုဂဲရဲ့ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့...

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ
People

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ

ကျည်ကာအင်္ကျီတွေကိုတော့ စစ်ဘက်ဆိုင်ရာနဲ့ တကိုယ်ရေ ကာကွယ်မှုဆိုင်ရာ ကဏ္ဍတွေမှာအသုံးပြုကြပါတယ်။ ကျည်ကာအင်္ကျီတွေကိုတော့ အပူခံနိုင်ပြီး အလွန်မာကြောခိုင်ခံ့တဲ့ Kevlar လူလုပ်ဖိုက်ဘာမျှင်နဲ့ ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။ Kevlar ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ဝန်းကျင်ကတည်းက ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး တီထွင်ခဲ့သူကတော့ အမျိုးသမီးတဦးဖြစ်ပါတယ်။ သူအမှန်တကယ်တီထွင်ခဲ့တာက...

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု
Knowledge

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု

မိုနာလီဇာပန်းချီကားနဲ့ ကျော်ကြားတဲ့ လီယိုနာဒိုဒါဗင်ချီဟာ ပုံမှန်လူသားတယောက်ထက် ထူးကဲကာ အံ့ဖွယ်အနုသုခုမ ရှေးဦးပညာရှင်၊ ဆေးဘက်ဆိုင်ရာ စွန့်ဦးတီထွင်သူ နဲ့ ဖန်တီးမှုနည်းပညာ စတဲ့နယ်ပယ်ပေါင်းစုံမှာ ကြီးကျယ်တဲ့ တီထွင်မှုတွေကို ပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း သမိုင်းတလျှောက် အတော်ဆုံး တီထွင်သူတွေကို...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!