Myo Swe Than
ဘီစီ ၃ ရာစုကနေ အခုထိအောင်ကျော်ကြားသူအဖြစ် တစ်ကမ္ဘာလုံးက သဘောတူညီခဲ့တဲ့သူဟာ အလက်ဇန်းဒါး ပါ။ Alexander the Great လို့ မဟာဆိုတဲ့ စကားလုံးဟာ သူနဲ့တွဲလျက် မဟာအလက်ဇန်းဒါးလို့ အမည်တွင်ကျန်ရစ်တဲ့ စစ်ဘုရင်ပါ။ စစ်ပွဲ ၃၀၀ တိုက်တာ တစ်ပွဲမှ မရှုံးခဲ့တဲ့သူပါ၊ သူ့ခေတ်က အကြီးဆုံးအင်ပါယာဖြစ်တဲ့ ပါရှား ကိုလည်း သူအောင်နိုင်ခဲ့တယ်၊ အီဂျစ်၊ ဆီးရီးယား၊ မက်ဆိုပိုတေးမီးယား နဲ့ ပန်ဂျပ် တို့ထိ သူ့လက်အောက်ရောက်ရတာပဲ။
အဲဒီခေတ်က မက်ဆီဒုန်းဘုရင် ဖိလစ်ရဲ့သားဖြစ်သူ အလက်ဇန်းဒါးကို သူ့ဖခင်ဖြစ်သူက အဲဒီခေတ်မှာ အရေးပါတဲ့ အတိုက်အခိုက် ပညာကို ငယ်စဉ် ကတည်းကပဲ သင်ကြား လေ့ကျင့်ပေးခဲ့ပါတယ်တဲ့။ ဒါပေမယ့် ဖခင်ဖြစ်သူက ဉာဏ်စေစားတဲ့ပညာကလည်း အရေးပါတယ်လို့ နားလည်လို့ သားဖြစ်သူကို ပညာလည်းသင်ကြားဖို့ ဆရာရှာပေးပြီး သင်ကြားစေခဲ့ပါတယ်။ အဲဒီဆရာက အရစ္စတိုတယ်ပဲ ဖြစ်ပါတယ်။
ခုနေကြည့်တော့ အလက်ဇန်းဒြားရဲ့ မင်းဆရာက အရစ္စတိုတယ် ဆိုတော့လည်း ပြောချင်ရင်ပြောရပေမယ့် အလက်ဇန်းဒါးရဲ့ပင်ကိုယ်အရည်အသွေးနဲ့ ဉာဏ်ရည် စိတ်ကူးတွေက အလက်ဇန်းဒါးကိုယ်တိုင်ပဲဆိုတာတွေ မြင်နေရသလို၊ အခုထိ လည်း ကမ္ဘာသူ ကမ္ဘာသားတွေက အလက်ဇန်းဒါးကျေးဇူးတွေနဲ့ ပါတ်သက်နေကြရတုန်းပဲ။
အလက်ဇန်းဒါးက ၁၈ နှစ်သားမှာ စစ်ထွက်တယ်၊ တောက်လျောက်နိုင်တာပဲ စထွက်တုန်းက စစ်သည် နှစ်သောင်းလောက်ပဲပါတာပါ၊ ဒါပေမယ့် အဲဒီအချိန်က အင်အားအကြီးမားဆုံး ပါရှန်းအင်ပါယာက အလက်ဇန်းဒါး တပ်လာနေပြီကြားတော့ စစ်တိုက်ဖို့တောင်မကြိုးစားပဲ ညှိဖို့ကြိုးစားပါတယ်၊ စစ်မတိုက်ပါနဲ့ အင်ပါယာကို တစ်ဝက်ယူပါတဲ့၊ အဲဒီတော့ အလက်ဇန်းဒါးရဲ့ ဒုတိယခေါင်းဆောင်က ကောင်းသားပဲ စစ်တိုက်စရာမလိုပဲ တစ်ဝက်ယူပေါ့လို့ အကြံပေးပါတယ်၊ သူ့နာမည် ကျွန်တော် ရုတ်တရက်မေ့နေတယ်၊ အန်သိုနီလို့ပဲ ထားပါတော့။
အလက်ဇန်းဒါးက မင်းက အန်သိုနီပဲ တစ်ဝက်ယူမှာပေါ့တဲ့ ငါက အလက်ဇန်းဒါးပဲ တစ်ဝက်မယူဖူး တိုက်မယ်တဲ့၊ အင်ပါယာတစ်ခုလုံးကိုယူမယ်ဆိုပြီး တိုက်ပါတော့ တယ်၊ အဲဒါပဲ အလက်ဇန်းဒါးဆိုတာ၊ ဘီစီ ၃ ရာစုက သူကိုယ်တိုင်ဆီကပဲ လာတဲ့စိတ်ကူး အကြံအစည်တွေပဲ ဖြစ်တယ်။
အင်အားအကြီးဆုံး ပါရှန်းအင်ပါယာ သူ့လက်အောက်ရောက်သွားတယ်၊ ဒါပေမယ့် အလက်ဇန်းဒါး က သူကအနိုင်ရလိုက်ပေမယ့် ပါရှန်းတွေရဲ့ တစ်ဦးချင်းဆီမှာ ရှိတဲ့အရည်အသွေးကို သူက တန်ဖိုးရှိမှန်းသိပြီး အဲဒါကို မမေ့မလျော့ရှိနေတယ်တဲ့၊ တစ်ဦးချင်းဆီမှာရှိတဲ့ အရည်အသွေးကို သိပြီး တန်ဖိုးလည်းထားကာ မမေ့မလျော့ရှိတယ်ဆိုတဲ့ ဘီစီ ၃ ရာစုက အလက်ဇန်းဒါးက မဟာအလက်ဇန်းဒါးလို့ တစ်ကမ္ဘာလုံးက တူပြီး သဘောညီကြတာ အခုထိပဲဆိုတာ ဒါ က အရေးပါတဲ့ အချက်တွေထဲက တစ်ခုဖြစ်ပါလိမ့်မယ်။
အရင်ဆုံးတော့ ဒီလောက်ချောမောလှပတဲ့ ပါရှန်းတွေနဲ့ ဉာဏ်ကြီးတဲ့ ရောမဖက်က လူတွေနဲ့တော့ ပေါင်းပေးဦးမှပဲဆိုပြီး သူ့တပ်မှာပါတဲ့ သူတွေနဲ့ ပါရှန်းတွေနဲ့ကို ထောင်နဲ့ချီတဲ့ လက်ထပ်ပွဲတွေ ကျင်းပပါသတဲ့၊ သူကိုယ်တိုင်လည်း ပါရှားမင်းသမီး တစ်ဦးနဲ့ လက်ထပ်ပါတယ်၊ အဲဒါ အခု မော်ရိုကိုနား၊ တူရကီနား အီဂျစ်နားက ကုတ်အင်္ကျီနဲ့ နက်ကတိုင်နဲ့ စမတ်ကျကျလူတွေ၊ ချောချောလှလှမိန်းမတွေက အလက်ဇန်းဒါး လက်ချက်လို့ ပြောရင်ရပါတယ်။
အဲဒီလို အလက်ဇန်းဒါးကို ပညာသင်ပေးရင်း ဆရာဖြစ်သူ အရစ္စတိုတယ် နဲ့ ဆရာ တပည့် နှစ်ယောက်ဟာ ကျန်တဲ့သူတွေကိုပါ ပညာသင်ပေးရရင် ကောင်းမှာပဲလို့ စိတ်ကူးရပြီး လူမျိုးမရွေး ဘာသာမရွေး နိုင်ငံမရွေး မည်သူမဆို ပညာသင်ကြားချင်ရင် လာကြဆိုပြီး ဆရာဖြစ်သူ ပညာသင်ကြားဖို့ အတွက် တပည့်ဖြစ်သူ အလက်ဇန်းဒါးက အဆောက်အဦတစ်လုံး ဆောက်လုပ်ပေးလိုက်ပါတယ်၊ အဲဒီအဆောက်အဦကို သူတို့နှစ်ယောက်က နာမည်ပေးလိုက်ပါတယ်၊ UNIVERSITY ပါတဲ့။
အဲဒါ တက္ကသိုလ်လို့ အဓိပ္ပါယ်ရတဲ့ UNIVERSITY ဆိုတဲ့ အမည်ဟာ ဘီစီ ၃ရာစုက အဲဒီ ဆရာတပည့် နှစ်ဦးရဲ့ မူပိုင်က ကမ္ဘာမှာ ဘာတွေဆက်ဖြစ်ခဲ့ပြီ ဆိုတာကိုလည်းမြင်ရပြီပေါ့။ ပြီးတော့ အလက်ဇန်းဒါး ကိုယ်တိုင်ကလည်း အကြားအမြင် ဗဟုသုတကို စစ်ပွဲတွေ ကို သူသွေးဆာသလိုမျိုးပဲ ဆာခဲ့တယ်လည်း ပြောလို့ရပါတယ် ဘီစီ ၃ ရာစုဆိုတာ စက္ကူမှ မရှိသေးပဲ ကျူရိုးနဲ့လုပ်တဲ့ ပိုက်ပရပ်စ်ဆိုတာတော့ ပေါ်ပါပြီ ရှေးမြန်မာတွေ သုံးတဲ့ ပေရွက်ပေါ်မှာရေးတဲ့ ပေစာလိုပေါ့၊ အဲဒီလိုတွေပေါ်မှာ ရေးထားတဲ့ အနယ်နယ်အရပ်ရပ်က နိုင်ငံတကာက မှတ်တမ်း မှတ်ရာတွေ၊ ပညာရပ်ဆိုင်ရာတွေကိုသိလိုတယ် ဖတ်လိုတယ် ကူးယူလိုတယ်၊ ရောင်းရင်ဝယ်တယ် အပေါင်ထားပြီး ငှားရမ်းကူးယူတယ်၊ မှတ်တမ်းမှတ်စု အလိတ်လေး တစ်ခုအတွက် အလက်ဇန်းဒါး အပေါင်ထားခဲ့တဲ့ငွေက အခုခေတ် ဒေါ်လာဆယ်သန်းနဲ့ ညီပါသတဲ့၊ အဲဒါ တစ်ခါ တစ်လေ အဲဒီအပေါင် အဆုံးခံပြီး မှတ်တမ်းလေးကို ယူလိုက်တာတွေလည်းရှိခဲ့တယ်။
အဲဒီခေတ်က အလက်ဇန်းဒြားမြို့ ဆိပ်ကမ်းကို ကုန်ရောင်း ကုန်ဝယ်လာတဲ့ သဘောၤတွေ ကပ်လာတာနဲ့ အလက်ဇန်းဒါးရဲ့အရာရှိစစ်သည်တော်တွေက သင်္ဘောပေါ်တက်ပြီး အလုအယက်ရှာကြတာ မှောင်ခိုကုန်တွေ ကန့်သတ်ကုန်တွေ မဟုတ်ဖူးတဲ့ ခုနကလိုဘာမှတ်ထားထားဆိုတဲ့ ကျူရိုးစာလိတ်တွေမှတ်တမ်းတွေကိုပါတဲ့၊ တွေ့ရင် သဘောၤသူကြီးကို ခွင့်တောင်းပြီး ခနငှားပါဆိုပြီး ကူးယူကြပါတယ်တဲ့ ပြီးတာနဲ့ မူရင်းပိုင်ရှင်ကိုပြန်ပေးပြီးတာနဲ့ ကူးယူလာတဲ့ မိတ္တူတွေကို ဆရာဖြစ်သူ အရစ္စတိုတယ်ဆီကို ပို့တော့တာပဲ။
အဲဒီလို မှတ်တမ်းမှတ်ရာ မှတ်စုလိတ်တွေကို စုဆောင်းဖို့ ထိန်းသိမ်းဖို့ အတွက် ဆရာတပည့်နှစ်ယောက်က အဆောက်အဦတစ်လုံးဆောက်ပြီး စုဆောင်းပါတယ်၊ အဲဒီအဆောက်အဦကို နာမည်ပေးပါတယ် သုတို့ နှစ်ယောက်ပါပဲ။ နာမည်က LIBRARY ပါတဲ့၊ တက္ကသိုလ်လည်းသူပဲ၊ စာကြည့်တိုက်လဲ သူပဲ ဆိုတော့လည်း မဟာ အလက်ဇန်းဒါးရယ်လို့ တကမ္ဘာလုံးက သဘောညီတာ ဒါနဲ့တင်လုံလောက်
ပါတယ်လို့ ဝင်ပြောရတာ အားတော့နာမိပါတယ်။
အဲဒီ အလက်ဇန်းဒါးရဲ့ စာကြည့်တိုက်ကြီးမှာ မှတ်တမ်းမှတ်ရာ အလိပ်ပေါင်းငါးသိန်းကျော် စုဆောင်းလေ့လာနိုင်ခဲ့ပါတယ်တဲ့၊ ဒါပေမယ့်လည်း နောင်တော့ ပျက်ချိန်တန်ပြီ ဆိုတော့လည်း အဲဒီစာကြည့်တိုက်ကြီးနဲ့ မှတ်တမ်းမှတ်ရာတွေကို စနစ်တကျကို မီးရှို့ဖျက်ဆီးခံရပါတော့တယ်၊ အဲဒီကာလတွေက ဘာသာရေး စစ်ပွဲတွေ ဆင်နွှဲနေတဲ့ ခရစ်ယာန်တွေက ၆ လကြာအောင်ကို မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။
အဲဒီလို လူမျိုးခြားတို့ရဲ့ ယဉ်ကျေးမှု၊ အနုပညာ၊ စာပေ ဘာသာစကားနဲ့ပညာရပ်တွေကို စိတ်ဝင်စားပြီး တန်ဖိုးထားတဲ့ မဟာအလက်ဇန်းဒါးနဲ့ ဆရာဖြစ်သူ အရစ္စတိုတယ်တို့ရဲ့ မှတ်တမ်းမှတ်ရာ ငါးသိန်းကျော်ကို ကမ္ဘာအရပ်ရပ်ကနေ စုဆောင်း သိမ်းဆည်းလေ့လာခဲတဲ့ စာကြည့်တိုက်ကြီးကို မီးရှို့ ဖျက်ဆီးခံရချိန်က စာကြည့်တိုက်ကြီးရဲ့ ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ပေးနေသူက ဘီတာ(Eratosthenes) လို့ အမည်ရတဲ့သူဖြစ်ပါတယ်။
၃ ရာစုဘီစီမှာ ရှေးဟောင်းအီဂျစ်တွေရဲ့ မြို့တော်က အလက်ဇန်းဒြားမြို့ပဲဖြစ်ပြီး အီဂျစ်တွေက သူတို့ အက္ခရာ ဒုတိယစာလုံး ဘီတာနဲ့ တင်စား ခေါ်ခဲ့ကြတဲ့သူက အလက်ဇန်းဒြားမြို့ကပဲ ပေါ်ထွန်းခဲ့တဲ့ အီရာတိုစီးနိုး ဆိုတဲ့ပညာရှင်ပါ။ အီဂျစ်တွေက သူတို့အက္ခရာပထမစာလုံး အယ်လ်ဖာကို သူ့ထက်တော်တဲ့သူရှိရင်ပေးဖို့ ချန်ထားပြီး ဒုတိယစာလုံး ဘီတာနဲ့တင်စားခေါ်ခဲ့တဲ့ ဘီတာ က အယ်လ်ဖာနဲ့ ထိုက်တန်သူလည်းဖြစ်ပါတယ်တဲ့။
ကျမ်းကြီးကျမ်းငယ်ပြုစုခဲ့တာ အသွယ်သွယ်မှာ သူက နက္ခတ်ပညာရှင်ဖြစ်တယ်၊ သမိုင်းပညာရှင်ဖြစ်တယ်၊ ပထဝီပညာရှင်ဖြစ်တယ်၊ ပြဇာတ်ဝေဖန်ရေးဆရာဖြစ်တယ်၊ သချာၤပညာရှင်လည်းဖြစ်တယ်၊ ကြံကြံဖန်ဖန် သံသရာကလွတ်မြောက်တဲ့ သဘောကိုဆောင်ချင်တဲ့ ဝေဒနာမှလွတ်မြောက်ခြင်းလို့အမည်ရတဲ့ ဒသနကျမ်းတောင်ရှိပါသေးတယ်။
အဲဒီ ဘီတာက စာကြည့်တိုက်ကြီးထဲက မီးရှို့ဖျက်ဆီးခြင်းခံလိုက်ရတဲ့ မှတ်တမ်းလိတ် တစ်လိတ်ထဲမှာ ရေးမှတ်ထားတဲ့ မှတ်တမ်းစာ ၂ ကြောင်းကို မှတ်မိပြီး သတိရနေပါတယ်တဲ့။အဲဒီ စာ ၂ ကြောင်းက
ဆီးနီးတောင်ပိုင်းနယ်ခြားဒေသမှာ ဇူလိုင် ၂၁ ရက် မှာ မတ်မတ်စိုက်ထူထားတဲ့တိုင်တွေက အရိပ်လုံးဝ မထွက်ဘူးတဲ့။
နောက်တစ်ခုက
ရေတွင်းထဲငုံ့ကြည့်တော့ နေလုံးရဲ့ပုံရိပ်ကို ရေမျက်နှာပြင်ပေါ်မှာတွေ့ရတယ်တဲ့ အဲဒီ ရေးသား မှတ်ထားချက် စာလေး နှစ်ကြောင်းပဲတဲ့။
ဘီတာက နေမင်းရဲ့ပုံရိပ်ဟာ ရေတွင်းထဲမှာ လာပေါ်တာက နေမင်းက ရေတွင်း တည့်တည့်မှာ နေရာယူထားတာပဲ၊ ခေါင်းပေါ် နေမင်းတည့်တည့် ရောက်နေတာပဲ၊ ဒါဆို ဆီးနီး မှာစိုက်ထားတဲ့တိုင်ထိပ်ပေါ် နေမင်းတည့်တည့်ရောက်လို့အရိပ်မထွက်တာပဲလို့ ဘီတာကသဘောပေါက်လိုက်တယ်။
ဒီတော့ မွန်းတည့်ချိန် ဆီးနီးကတိုင်တွေ အရိပ်မထွက်ဖူး။ ဒါဆိုရင် သူနေထိုင်ရာ အလက်ဇန်းဒြားမြို့တော်ကြီးမှာ တိုင်မတ်မတ်ထူပြီး အရိပ်ထွက်မထွက် စမ်းကြည့်လိုက်တယ်၊ အရိပ်ထွက်တာကိုတွေ့လိုက်ရတယ်။ ဇူလိုင် ၂၁ ရက်နေ့ မွန်းတည့်ချိန်ကို ဘီတာ စောင့်ပါပြီ။ ဇူလိုင် ၂၁ ရက်နေ့မှာ ဘီတာက အလက်ဇန်းဒြားမှာ တစ်တိုင် ဆီးနီးမှာတစ်တိုင် ဆင်တူ မတ်မတ် ထောင်ကြည့်ပါမယ်၊ နှစ်တိုင်စလုံး အရိပ်မထွက်ရင် ကမ္ဘာဟာ အများထင်သလို ပြားနေတဲ့ပြင်ညီဖြစ်မယ်။ အရိပ်နှစ်တိုင်လုံးကထွက်ပြီး အလျားညီနေလျင်လည်း ကမ္ဘာဟာပြားနေတဲ့ ပြင်ညီပဲ။ လက်တွေ့စမ်းတော့တယ်။
ဇူလိုင် ၂၁ ရက်နေ့ မွန်းတည့်ချိန် လက်တွေ့မှာ အလက်ဇန်းဒြားက တိုင်က အရိပ်ထွက်နေပြီး ဆီးနီး နယ်ခြားဒေသက တိုင်က အရိပ်ပျောက်နေတော့တယ်။ ဒါဆိုရင် ကမ္ဘာကြီးက အများထင်သလို မပြားတော့ဘူးလို့ဘီတာက ကောက်ချက် ချ လိုက်တယ်၊ အရိပ်အလျားနှစ်ခုမညီတာရယ်ကြောင့် တိုင်နှစ်တိုင်ကြားက ခံဆောင်ထောင့်က ခွန်နစ် ဒီဂရီကို သိရတယ်။ စက်ဝိုင်းတစ်ပတ်ဟာ ၃၆၀ ဒီဂရီဖြစ်တယ်၊ ခုနစ်ဒီဂရီ ဟာ ၃၆၀ ရဲ့ ၅၀ ပုံ ၁ ပုံ နီးပါးဖြစ်တယ်။ စက်ဝန်းအလျားဟာ တိုင်နှစ်တိုင်ထောင်ထားတဲ့ ဆီးနီးနယ်ခြားမြို့နဲ့ အလက်ဇန်းဒြားမြို့ အကြားက အကွာအဝေး ကီလိုမီတာ ၈၀၀ ကိုအဆ ၅၀ ပြုရမယ်၊
ဘီတာကပြောလိုက်တယ် ဒါဆို ကမ္ဘာက အများထင်သလို ပြားနေတဲ့ပြင်ညီမဟုတ်ဖူး အလုံးကြီး ဖြစ်တယ်တဲ့ ကမ္ဘာရဲ့လုံးပတ်ဟာ ကီလိုမီတာ ၄၀၀၀၀ လို့အဖြေထွက်သွားပါတယ်၊ ဘီတာ ရှာတွေ့ခဲ့တဲ့ စက်ဝိုင်း ၃၆၀ ဒီဂရီကို ခံဆောင်ထောင့် ခွန်နစ်ဒီဂရီနဲ့ စားလို့ ထွက်တဲ့ ၅၀ နောက်က ဒဿမတွေနဲ့ တိုင်နှစ်တိုင်ကြားက အကွာအဝေး ကီလိုမီတာ ၈၀၀ နဲ့ မြှောက်ထားလို့ ကီလိုမီတာ ၄၀၀၀၀ ကို ဒဿမတွေပါတဲ့အဖြေဟာ ၃ ရာစုဘီစီက အလက်ဇန်းဒါးစာကြည့်တိုက်ထဲက မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ မှတ်တမ်း မှတ်ရာ အလိတ်ပေါင်း ၅ သိန်းကျော်ထဲကဇူလိုင်လ၂၁ ရက် မွန်းတဲ့ချိန်မှာ နယ်ခြားမြို့ ဆီးနီး မှာ မတ်မတ်ထောင်ထားတဲ့တိုင်က အရိပ်မထွက်ဖူးလို့ မှတ်ထားတဲ့ စာကြောင်းလေးကနေ ဘီတာရှာပေးခဲ့တဲ့ ကမ္ဘာရဲ့လုံးပါတ် အဖြေပါ။ ဒီနေ့ သိကြတဲ့ ကမ္ဘာ့ရဲ့ လုံးပတ်နဲ့ ကီလိုမီတာ ၄၀၀၀၀ ဆိုတာ ဒသမတောင် မလွဲပါဘူးတဲ့။
အဲဒါ လွန်ခဲ့တဲ့ ဘီစီခေတ် ၃ ရာစုက ဘီတာဆိုတဲ့သူက မီးလောင်ခံရတဲ့ စာကြည့်တိုက်ကြီးထဲက မှတ်တမ်းမှတ်သားထားချက်နှစ်ချက်ကို မှတ်မိနေပြီးတိုင်နှစ်တိုင်ပဲ ကုန်ကျတဲ့ တွက်ချက်ပေးခဲ့မှုပါတဲ့။
ပညာတွေက အဝေးကြီးမှ မဟုတ်ပဲ၊ ကျွန်တော်တို့ မှတ်တမ်းတွေနဲ့ ဉာဏ်စေစားခြင်းတွေ ပျောက်သွားတာ သေချာတယ်လို့ မြင်နိုင်ပါပြီ၊ တောင်တွင်းကြီးကတိမ်က ဘာဖြစ်ဖြစ်ပါ၊ တောင်တွင်းကြီးဆိုတာနဲ့ အောက်က ငလျင်ကြောရှိတာရယ်၊ ငလျင်တိမ်က တောင်တွင်းကြီးမှာ ပေါ်ခဲ့ဘူးတာရယ် သတိရပြီး တို့ဘာကို အားကိုးပြီးသိရပါ့မယ် ရှေ့မှာများ ဘယ်သူ မှတ်တမ်းထားခဲ့ပါ့ဆိုတာရယ်၊ အင်းဝခေတ်က
ပညာရှင် စာဆိုတော်ကြီး ရှင်မဟာသီလဝံသက တောင်တွင်းကြီးနတ်မီးလင်း ကျောင်းကဆိုတော့ ဆရာတော်များမကြုံဖူးလို့လား သူ့ပေစာတွေထဲမှာ ဒါမျိုး စာ၂ ကြောင်းလောက်များ မှတ်ထားတာ မတွေ့မိကြဘူးလား ဆိုတာမျိုးပါ။
ကိုယ်တော့ ဉာဏ်စေစားရမယ်ဆိုတာတောင် မသိရှာဘူး၊ ပညာကလည်း ဆက်တတ်ချင်လို့လည်း မရတော့တာဖူးဆိုတာကို၊ ဟုတ်သေးပါဘူးလို့ မခံချင်လို့ စဉ်းစားကြည့်တာတောင် ဉာဏ်ကပါ ကုန်သွားတော့တာပါလားလို့ ဖြစ်ရတော့၊ ကဲ ကို့ယ့် သားသမီး မျိုးဆက်တော့ အဖြစ်မခံကြနဲ့တော့ ဒါကိုသတိရမိကြလည်း မှီသေးသဟဲ့လို့ သတိရလို့၊ ပြီးတော့လည်း နိုင်သလောက် ထမ်းရမယ့် တာဝန်ရှိတယ် လို့လည်းခံယူမိလို့ အနေအထားတစ်ခုကနေ ချင့်ချိန်ပြီး သတိတရနဲ့ ဆက်စပ်ပြီးပြောပေးခြင်မျှသာပါ။
ဒီလူမျိုး ရှေ့နှစ်ဆက်လောက်ကထိ ဒီလို ဉာဏ်ကုန်သွားပြီး မေ့မေ့လျော့လျော့လည်း မဟုတ်ကြလို့ ဘယ်သူမှ အပစ်တင်မနေကြတော့ပဲ ကိုယ့်မျိုးဆက်နဲ့ ကိုယ့်နောက်ကလူတွေကို ဉာဏ်စေစားနိုင်အောင် သတိပေးနိုင်ဖို့သာ။
Myo Swe Than