Wednesday, April 14, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ခေတ်လွန်ဒီဇိုင်း နဲ့ ပိရမစ်ရေပေါ်မြို့တော်

by Thutamm
August 7, 2019
Reading Time: 1min read
0
ခေတ်လွန်ဒီဇိုင်း နဲ့ ပိရမစ်ရေပေါ်မြို့တော်
Share on FacebookShare on Twitter

အီတလီအခြေစိုက် နာမည်ကြီး ဒီဇိုင်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Lazzarini Design Studio က ဒီ ရေပေါ်မြို့တော်ကို တည်ဆောက်ဖို့ ကြိုးစားနေတာပဲဖြစ်ပါတယ်။ ရေပေါ်အိမ်တွေကို မာယာလူမျိုးတို့ရဲ့ ပိရမစ်ပုံသဏ္ဍာန်ဆောက်လုပ်သွားမှာဖြစ်ပြီး ဆိုလာစွမ်းအင်ကိုသာ အဓိက သုံးစွဲမှာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ဒီပရောဂျက်ဟာ စိတ်ကူးသာသာဖြစ်ပေမယ့် ဒီဇိုင်နာဖြစ်သူ Pierpaolo Lazzarini ကတော့ သူ့ရဲ့ဒီဇိုင်းအပေါ်ယုံကြည်လျှက်ရှိပါတယ်။ ပထမဆုံး ပိရမစ်အိမ်တစ်လုံးအတွက် လိုအပ်တဲ့ငွေရတာနဲ့ စတည်ဆောက်မှာဖြစ်တယ်လို့ သိရပါတယ်။ ဆောက်လုပ်ပြီးစီးတဲ့ ပထမဆုံး အိမ်ရဲ့ အခြေအနေကိုကြည့်ပြီးမှသာ ရင်းနှီးမြုပ်နှံသူတွေက အကျိုးတူပူးပေါင်းကြမှာ ဖြစ်ပါတယ်။

ဒီရေပေါ်မြို့ကိုတော့ Wayaland လို့ အမည်ပေးထားပြီး ပိရမစ်ပုံသဏ္ဍာန် Waya လို့ခေါ်တဲ့ ရေပေါ်အိမ်တွေကို စုပေါင်းတည်ဆောက်မှာဖြစ်ပါတယ်။ ရှေးဟောင်းမာယာလူမျိုးတို့ရဲ့ ဗိသုကာ နဲ့ ဂျပန်ဘုရားကျောင်းအဆာက်အဦးတွေကနေ ဒီ ဒီဇိုင်းကို ရရှိခဲ့တာလို့ ဆိုပါတယ်။

ရေပေါ်ပိရမစ်အိမ်(Waya) အများစုကိုတော့ လူနေအိမ်တွေအဖြစ်တည်ဆောက်သွားမှာဖြစ်ပြီး Waya တချို့ကိုတော့ ဟိုတယ် ၊ ရုပ်ရှင်ရုံ ၊ ဈေးဝယ်စင်တာ ၊ စားသောက်ဆိုင် ၊ အားကစားခန်းမ ၊ ဘား ၊ အလှပြင်ခန်းမ ၊ တင်းနစ်ကွင်း နဲ့ ဘောလုံးကွင်းများအဖြစ် တည်ဆောက်သွားဖို့ ဒီဇိုင်းထုတ်ထားကြောင်း သိရပါတယ်။ ရေပေါ်အိမ်တွေဟာ အရွယ်အစားအမျိုးမျိုး ရှိနေမှာဖြစ်ပြီး အမြင့်ဆုံးရေပေါ်အိမ်ရဲ့ အမြင့်ဟ ၉၈ပေ ဖြစ်ပါတယ်။

Waya တွေကိုတော့ fiberglass, carbon fiber နဲ့ steel တို့ကို အသုံးပြုတည်ဆောက်သွားမှာဖြစ်ပြီး အောက်ခြေမှာတော့ ရေအောက်ခန်းတွေကိုပါ ထည့်သွင်းသွားဦးမှာပါ။ အောက်ခံဘုတ်ပေါ်မှာတည်ဆောက်ထားတာကြောင့် အိမ်ဆိုပေမယ့် အသေမဟုတ်ပဲ လိုအပ်သလိုရွေ့လျားနိုင်တဲ့ စနစ်ကိုပါထည့်သွင်းထားဦးမှာ လို့သိရပါတယ်။

ဒီလိုရွေ့လျားတဲ့အခါ မော်တာကို အသုံးပြုမှာဖြစ်ပြီး ဒီအတွက်လျှပ်စစ်ကိုတော့ အမိုးပေါ်မှာတပ်ထားတဲ့ ဆိုလာပြား နဲ့ water tubine တွေက ရရှိအောင်ဖန်တီးမယ် လို့သိရပါတယ်။

ဒီပရောဂျက်ဟာ လူတွေကိုစိတ်ဝင်စားစေပြီး အံ့မခန်းဖြစ်စေပေမယ့် လက်တွေ့မှာတော့ ဒီဇိုင်းထုတ်ရုံအဆင့်သာရှိပါသေးတယ်။ Lazzarini ကတော့ သူ့ရဲ့ဒီဇိုင်းကို လက်တွေ့အကောင်အထည်ဖော်တည်ဆောက်ဖို့ လိုအပ်တဲ့ငွေကိုရှာဖွေလျှက်ရှိပါတယ်။

ပထမဆုံး ပိရမစ်အိမ်တစ်လုံးတည်ဆောက်ဖို့ ကုန်ကျစရိတ်ဟာ ပေါင် ၃သိန်းခွဲ(ဒေါ်လာ ၄၂၂၆၀၀) ဖြစ်ပါတယ်။ဒီပရောဂျက်အတွက် ရင်းနှီးမြုပ်နှံသူတွေရလာဖို့ ကမ်ပိန်းတွေပြုလုပ်လျှက်ရှိပြီး ပထမဆုံးလာရောက်တည်းခိုချင်တဲ့သူတွေကို တစ်ည ဒေါ်လာ ၁၂၀၀ နှုန်းနဲ့ ကမ်းလှမ်းထားပါတယ်။

ရေပေါ်မြို့တော်တည်ဆောက်မယ့် နေရာကိုတော့ မပြောထားပေမယ့် လုံခြုံစိတ်ချပြီး အဆင်ပြေစေမယ့် နေရာဖြစ်တယ်လို့တော့ ကုမ္ပဏီကနေ ကတိပေးထားပါတယ်။ ဒီဇိုင်းဆန်းပြားလှတဲ့ ရေပေါ်မြို့တော် ပရောဂျက် လက်တွေ့ဖြစ်လာမလားဆိုတာကိုတော့ ၂၀၂၂ ခုနှစ်မှာ စပြီး မြင်တွေ့ကြရမှာဖြစ်ပါတယ်။

VIDEO

Daily Mail
Atlas News
သုတဇုန္

Tags: amazingtech

Related Posts

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ
news

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ

ဒီတပတ်တော့ ပလပ်စတစ်ကို ခြေဖျက်တဲ့ bacterial cocktail လို့ခေါ်တဲ့ ရောနှောဘက်တီးရီးယားကို ဟန်ဂေရီက ဇီဝဓါတုပညာရှင် ၂ ဦး ဖန်တီးလိုက်တဲ့ အကြောင်း ပြောပြပေးပါမယ်။ Liz Madaras။ ။ “ကျမတို့က Poliloop ကုမ္ပဏီကို...

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

စိတ်ဝင်စားစရာ နက်ဗြူလာများ
Science & Tech

စိတ်ဝင်စားစရာ နက်ဗြူလာများ

ရေးသားသူ - သန့်ဦး (အာကာသနှင့် စကြဝဠာ) လက်တင်ဘာသာစကားမှ ဆင်းသက်လာတဲ့ နက်ဗြူလာ (‘nebula’) ဆိုတဲ့ ဝေါဟာရကို ဘာသာပြန်ကြည့်တဲ့အခါ တိမ်တိုက် (‘cloud’) လို့ အဓိပ္ပါယ်ရပါတယ်။ ဒါပေမယ့် နက်ဗြူလာကတော့ တိမ်တိုက်တစ်ခုထက် များစွာ...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!