Sunday, April 18, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

၂၀၁၀ခုနှစ်က ဂွာတီမာလာမှာ ပေါ်လာခဲ့တဲ့ တွင်းပေါက်ကြီး

by Thutamm
May 16, 2020
Reading Time: 1min read
0
၂၀၁၀ခုနှစ်က ဂွာတီမာလာမှာ ပေါ်လာခဲ့တဲ့ တွင်းပေါက်ကြီး
Share on FacebookShare on Twitter

ယနေ့ခေတ်ကာလလို သိပ္ပံခေတ်ကြီးထဲရောက်နေပေမယ့် ကမ္ဘာမြေကြီးရဲ့ပင်ကိုယ်သဘာဝ စွမ်းရည်အားလုံးကိုတော့ လူသားတွေလိုက်မီဖို့ရာ မဖြစ်နိုင်သေးပါဘူး။ လူသားတွေနေထိုင်ရာ မြေကမ္ဘာဟာဆိုရင်တခါတရံမှာဆိုရင် လူတွေအတွေးနဲ့လိုက်မမီနိုင်တဲ့ သဘာဝလွန်ဖြစ်ရပ်များစွာကို ဖန်တီးလေ့ရှိနေတာဖြစ်ပါတယ်။

အခြားတဖက်မှာ တော့ ကမ္ဘာမြေကြီးရဲ့တုံ့ပြန်မှုတွေဟာ လူသားတွေရဲ့လုပ်ရပ်တွေကြောင့်ဖြစ်လာရတဲ့ ဖြစ်ရပ်တွေလည်းရှိနေပါတယ်။ ကမ္ဘာမြေရဲ့မြေထု၊ရေထု၊လေထုကို ညစ်ညမ်းပျက်စီးစေတဲ့ အဓိကတရားခံဟာ လူသားတွေသာဖြစ်တယ်ဆိုတာလည်း မမေ့သင့်ပါဘူး။ ယင်းလုပ်ရပ်တွေရဲ့နောက်ဆက်တွဲအကျိုးကြောင့်ပဲ ပျက်စီးဒုက္ခရောက်ရသူတွေဟာလည်း လူသားတွေသာဖြစ်နေပြန်တာကြောင့် သဘာဝတရားကြီးကတော့မျှခြေမှာ ရှိနေဆဲဖြစ်တာ ကိုတွေ့ရပါမယ်။

Guatemala မှာ ရုတ်တရက်ပေါ်လာခဲ့တဲ့ တွင်းနက်ကြီးအကြောင်းနဲ့ပတ်သက်ပြီးလူသားတွေအတွက်အလေးထားဆွေးနွေးစရာဖြစ်လာခဲ့တာပါ။ ဒါဟာသဘာဝလွန်ဖြစ်ရပ်တစ်ခုလား၊ဒါမှမဟုတ်ရင် လူသားတွေရဲ့စည်းကမ်းမဲ့လုပ်ရပ် တွေကနေ နောက်ဆက်တွဲဖြစ်ရပ်လားဆိုတာကပါ စိတ်ဝင်စားစရာဖြစ်ရပ်အဖြစ်ရှိလာခဲ့တာဖြစ်ပါတယ်။ ယင်းဖြစ်ရပ်မတိုင်ခင်ကာလကတည်းက Mel’s Hole နဲ့ Darvaza gas crater တို့လိုကမ္ဘာမြေပြင်ထက်က တွင်းနက်ကြီးတွေ ရဲ့ဖြစ်စဉ်တွေကိုလည်း မီဒီယာတွေထက်မှာဖော်ပြခဲ့တာကိုလည်းတွေ့ရမှာဖြစ်ပါတယ်။

မြန်မာလိုဆိုရင်တော့ sinkhole ဆိုတာ ဂလိုင်ကြီးတွေ၊တွင်းပေါက်ကြီးတွေလို့သိကြပြီး အတွင်းပိုင်းရေတိုက် စားမှုကြောင့်မြေအပေါ်လွှာမျက်နှာပြင်ပြိုကျသွားတာကြောင့်ဖြစ်ပေါ်လာရတာပါ။ ယင်းတွင်းနက်ကြီးတွေဟာ သဘာဝကြောင့်ဖြစ်နိုင်သလို လူသားတွေ ကြောင့်လည်းဖြစ်နိုင်ပါတယ်။

အလယ်အမေရိကမှာတည်ရှိနေတဲ့ ဂွာတီမာလာနိုင်ငံရဲ့မြို့တော် ဂွာတီမာလာမှာတော့ ဒီဖြစ်စဉ်ဟာ (၂၀၁၀)ခုနှစ် မေလ ၃၀ ရက်နေ့က ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။ ရုတ်တရက်ကျွံကျသွားတဲ့ ဂလိုင်ကြီးဟာဆိုရင်အကျယ် ၆၅ပေ နဲ့အနက် ၃၀၀ပေ အထိရှိခဲ့ကာ ထုလုံးရှည်သဏ္ဍန်တွင်းနက်ကြီးဖြစ်ပေါ်သွားခဲ့ပြီး အထပ်(၃) ထပ်ပါဝင်တဲ့စက်ရုံကြီးကို ဝါးမြိုသွားခဲ့ပါတယ်။ ဒီဖြစ်စဉ်ကြောင့် လူပေါင်း ၁၅ဦး သေဆုံးခဲ့တယ် လို့ သိရပါတယ်။

ယင်းရုတ်တရက်ဖြစ်ရပ်အတွက် လူအများ အကြားမေးခွန်းများစွာ၊ဖြစ်ပေါ်လာတဲ့အကြောင်းအရင်းအတွက်အဖြေများစွာဖြစ်ပေါ် လာခဲ့ပြီး အပူပိုင်းမုန်တိုင်း Agatha၊ Pacaya မီးတောင်ပေါက်ကွဲမှုယင်းဖြစ်ပွားရာအနီးက မိလ္လာပိုတ်များယိုစိမ့်မှုဖြစ်စဉ်တွေဟာ အဓိကဖြစ်ရတဲ့အကြောင်းရင်းတွေဖြစ်တယ်လို့ အဖြေမျိုးစုံထွက်ခဲ့ပါတယ်။

ဂွာတီမာလာမြို့တော်ဟာ တွင်းပေါက်ကြီးတွေ၊ဂလိုင်ကြီးတွေဖြစ်ပွားဖို့အလွန်ရာခိုင်နှုန်း များတဲ့နေရာအဖြစ်ရှိနေပြီး (၂၀၀၇)ခုနှစ်အတွင်းကဆိုရင်လည် ဂလိုင်ကြီး တွေဖြစ်ရတဲ့အထိ ကြီးမားတဲ့မြေကျွံမှုကြီးတွေဖြစ်ပေါ်ခဲ့ဖူးပါတယ်။ ကျွမ်းကျင်ပညာရှင်အချို့ကတော့ တွင်းနက်ကြီးတွေဖြစ်ပေါ်လာရတဲ့ အကြောင်းတွေမှာ ဆိုရင် ဂွာတီမာလာမြို့ဟာ Pacaya မီးတောင်ပေါက်ကွဲမှု ကြောင့်ဖြစ်ပေါ်လာတဲ့မီးတောင်အနည်ကျပြာတွေပေါ်မှာတည်ဆောက်ထားတဲ့အချက်ကြောင့်ဖြစ်မယ်လို့ ခန့်မှန်းကြပါတယ်။

လေ့လာမှုတွေမှာလည်း ဂွာတီမာလာမြို့ အပြင်အခြားသောမြေအောက်မှာတည်ရှိတဲ့အခြေခံအဆောက်အအုံတော်တော်များများ ဟာဆိုရင် မီးတောင်ပေါက်ကွဲမှုကြောင့်ထွက်ပေါ်လာတဲ့ မီးခိုးရောင်ကျောက်ပွအများစု နဲ့ဖွဲ့စည်းထားတဲ့နေရာတွေမှာတည်ရှိနေတာဖြစ်တာကိုတွေ့ရပါတယ်။ ယင်းမီးတောင် ကျောက်အနယ်နှစ်တွေဟာဆိုရင် မြေသားပြင်ပေါ်ကဖိအားဒဏ်၊သိပ်သည်းဆဒဏ် ကိုခံနိုင်ရည်မရှိပဲလျော့ကျကာမြေသားတွင်းပိုင်းကိုဝင်ရောက်သွားလေ့ရှိတာကြောင့် သူအပေါ်ပိုင်းမြေလွှာတွေဟာ အလွယ်တကူကျွံဝင်ကာ ကြီးမားတဲ့ဂလိုင်ကြီးတွေကို ဖြစ်ပေါ်စေနိုင်တာလို့သိရပါတယ်။

ယင်းတွင်းနက်ကြီးတွေကိုဖြစ်ပေါ်စေတယ်လို့ပညာရှင် တွေယူဆတဲ့အကြောင်းပြချက်တစ်ခုကတော့ ကာလကြာအောင် လုံခြုံအောင်မတပ်ဆင်ထားတာကြောင့် ယိုစိမ့်မှုတွေရှိနေတဲ့ မြို့ရဲ့ အများသုံး မိလ္လာပိုက်တွေကြောင့်လို့သိ ရပါတယ်။ မိလ္လာပိုက်တွေကထွက်လာတဲ့စွန့် ပစ်အညစ်အကြေးတွေဟာ ဂွာတီလာမာမြို့အောက်ခြေမှာမူလကတည်းကရှိနေတဲ့ မီးတောင်ပြာတွေ၊အနည်အနှစ်တွေနဲ့ ထုံးကျောက်အနည်တွေကိုတိုက်စားကြတာ ကြောင့်အောက်ခံမြေလွှာပြိုကွဲပျက်စီးမှုဖြစ်ကာ မြေပြင်မှာရုတ်တရတ်တွင်းနက်ကြီး တွေဖြစ်ပေါ်လာတာဖြစ်တယ်လို့ ယူဆကြတာဖြစ်ပါတယ်။

ဘူမိဗေဒပညာရှင်တွေရဲ့အဆိုအရတော့ မြေပြင်ပေါ်မှာရုတ်တရတ်ဖြစ်လာတဲ့တွင်းနက် ကြီးတွေရဲ့နောက်ကွယ်မှာတော့ သဘာဝထက်ပိုတဲ့အကြောင်းအရာတွေရှိနေနိုင်တယ် လို့ယူဆကြပါတယ်။ ဘာကြောင့်လဲဆိုတော့ တွင်းနက်ကြီးတွေဖြစ်ပေါ်ရာမြေလွှာပြင် အောက်တွေမှာဆိုရင်ထုံးကျောက်တွေကို ပုံမှန်အားဖြင့်တွေ့ရမှာဖြစ်ပါတယ်။ ရေတိုက် စားခံရမှုကြောင့်ပြိုကွဲသွားတဲ့ထုံးကျောက်တွေကြောင့်သာအောက်ခံမြေသားပြိုပျက် သွားပြီးအပေါ်ယံမြေလွှာပျက်စီးကာ တွင်းနက်ကြီးတွေဖြစ်ပေါ်လာရတာဖြစ်ပါတယ်။

ဒါပေမဲ့ ဂွာတီမာလာမြို့အောက်ခြေမြေလွှာအနက်မီတာရာပေါင်းများစွာရောက်တဲ့အထိ ထုံးကျောက်တွေကိုမတွေ့ရှိခဲ့ကြပါဘူး။ နောက်ထပ်အကြောင်းပြချက်တစ်ခုကတော့ ဂွာတီမာလာနိုင်ငံမှာတိုတ်ခတ်ခဲ့တဲ့ အပူပိုင်းမုန်တိုင်း Agatha ကြောင့်ဖြစ်ပါတယ်။ မုန်တိုင်းအရှိန်နဲ့မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မူလရှိပြီးသားမြေလွှာခေါင်းပေါက်ကို ပိုမိုကျယ်လာစေပြီးနောက်ဆုံးမှာပြိုကျသွားတာမျိုးဖြစ်တယ်လို့ပညာရှင်အချို့ကယူဆ ကြပါတယ်။

တွင်းပေါက်ကြီးဖြစ်ခဲ့ပြီးမကြာမီမှာပဲ ဘိလပ်မြေ ၊ ထုံးကျောက် နဲ့ ရေတို့အပါအဝင် ကြီးမားတဲ့ကျောက်တုံးတွေ၊ အပျက်အစီးစတွေနဲ့ ယင်းတွင်းကို ဖုံးအုပ်ခဲ့ပါတယ်။ ဘေးဝန်းကျင်ကအဆောက်အအုံတွေအောက် ခြေဖောင်ဒေးရှင်းတွေယိုင်နဲ့သွားလောက်ပြီးအခြားမလိုလားအပ်တဲ့အခြေအနေကိုတားဆီးနိုင်ရန်အတွက်ဖြစ်ပါတယ်။တွင်းရဲ့ကြီးမားတဲ့အရွယ်အစားကြောင့်တော့ များစွာသောကျောက်တုံး၊ကျောက်ခဲအပါအဝင်ပစ္စည်းတော်တော်များများကိုတန်ချီသုံးစွဲခဲ့ရပြီး ကုန်ကျစရိတ်ကတော့ အမေရိကန်ဒေါ်လာ ၂.၇သန်းခန့် ဖြစ်ပါတယ်။

Tags: world knowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!