Monday, April 19, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

၁ ဂါလန်ကို ဒေါ်လာ ၃၉သန်း တန်တဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးအရည်

by Thutamm
January 11, 2021
Reading Time: 1min read
0
၁ ဂါလန်ကို ဒေါ်လာ ၃၉သန်း တန်တဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးအရည်
Share on FacebookShare on Twitter

ကမ္ဘာပေါ်မှာ ကင်းမြီးကောက်မျိုးစိတ်ပေါင်း ၂၀၀၀ ခန့်ရှိပေမယ့် ဒီအထဲက မျိုးစိတ် ၄၀ ခန့်ကသာ အဆိပ်ပြင်းထန်ပါတယ်။ တချို့ကင်းမြီးကောက်တွေရဲ့ အဆိပ်ကတော့ လူကို အသက်အန္တရာယ် ရှိစေနိုင်တဲ့အထိပြင်းထန်ပြီး ဒီအထဲမှာ deathstalker ကင်းမြီးကောက်တွေလည်း ပါဝင်ပါတယ်။ သူတို့ရဲ့အဆိပ်ရည်က အလွန်တန်ဖိုးရှိပြီး ငွေအမြောက်အများ ရရှိနိုင်တဲ့ အရာလည်း ဖြစ်နေပြန်ပါတယ်။

deathstalker ကင်းမြီးကောက်တွေကို ပါလက်စတိုင်း အဝါရောင် ကင်းမြီးကောက် လို့လည်း လူသိများပြီး အာဖရိကမြောက်ပိုင်း ကန္တာရဒေသနဲ့ အရှေ့အလယ်ပိုင်းဒေသတွေမှာ တွေ့ရလေ့ရှိပါတယ်။ အန္တရာယ်ရှိတဲ့ ဒီအကောင်တွေရဲ့အဆိပ်ရည်ဟာ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး အရည်ဖြစ်နေပြီး အဆိပ်ရည် တဂါလံရဲ့တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၃၉ သန်း ဝန်းကျင်ဖြစ်ပါတယ်။ ပိုက်ဆံရှိနေရင်တောင် အလွယ်တကူဝယ်ယူလို့ မရပါဘူး။ အစက်ကလေးတစက်ရဲ့ တန်ဖိုးဆိုရင်တောင်မှ ဒေါ်လာ ၁၃၀ လောက် ကျသင့်ပါလိမ့်မယ်။

တန်ဖိုးကြီးရခြင်းရဲ့ အဓိကအချက်ကတော့ ရဖို့ အလွန်ခက်ခဲလို့ပါ။ အဲဒီအဆိပ်ကို ရဖို့အတွက် တကောင်ချင်းစီရဲ့အမြီးကနေ ညှစ်ယူရတာဖြစ်ပြီး တကောင်ဆီကနေ အဆိပ်ရည် အများဆုံး ၂မီလီဂရမ်သာ ရယူနိုင်ပါတယ်။ သင်္ချာနည်းနဲ့တွက်မယ်ဆိုရင်တော့ အဆိပ်ရည် ၁ဂါလံရဖို့အတွက် အကြိမ်ပေါင်း ၂သန်းကျော် ညှစ်ယူရမှာ ဖြစ်ပါတယ်။ ဒီကင်းမြီးကောက်ဟာ ကျန်းမာတဲ့ လူတယောက်ကို ကိုက်မိပါက သေစေနိုင်ခြင်း မရှိပေမယ့် အလွန်နာကျင်စေမှာ ဖြစ်ပါတယ်။

ဘယ်လောက်တောင် နာနိုင်သလဲဆိုရင် ပျားတကောင်အတုပ်ခံရတာထက် အဆပေါင်းများစွာ ပိုမိုနာကျင်စေမှာ ဖြစ်ပါတယ်။ အကိုက်ခံပြီးတဲ့နောက် တနေ့လုံး နာကျင်မှုတွေ ပြောပြလို့မရအောင် ခံစားရတယ်လို့ ဆိုကြပါတယ်။

လက်ရှိအချိန်မှာတော့ ဒီကင်းမြီးကောက်တွေရဲ့ အဆိပ်ရည်ကနေ ဆေးဘက်ဆိုင်ရာ အကျိုးပြုမှုတချို့ကိုသာ တွေ့ရှိခဲ့ပြီးဖြစ်ကာ ထပ်မံစမ်းသပ်မှုတွေပြုလုပ်ဖို့အတွက် အဆိပ်ရည်အများအပြား လိုအပ်လျက်ရှိပါတယ်။ အဆိပ်ရည်ကို ပိုမိုမြန်ဆန်စွာ ထုတ်နိုင်မယ့် နည်းလမ်းတွေကိုလည်းကြံဆ လျက်ရှိကာ အဆိပ် ညှစ်ထုတ်ပေးတဲ့စက်ကိုတော့ တီထွင်ပြီးပြီဖြစ်ပါတယ်။ ဒီစက်ဟာ တကြိမ်မှာ ကင်းမြီးကောက်လေးကောင်ကို တပြိုင်တည်း ညှစ်ထုတ်နိုင်သလို ပုံမှန်ညှစ်ထုတ်နေကျထက် ကြာချိန် ၄ဆ ပိုမြန်ပါတယ်။

ဒီကင်းမြီးကောက်ရဲ့အဆိပ်ရည်ဟာ ဆေးဝါးတွေ ဖော်စပ်တဲ့နေရာမှာ အသုံးဝင်ပါတယ်။ ကင်းမြီးကောက်တွေရဲ့ အဆိပ်မှာပါဝင်တဲ့ Chlorotoxin ကို ဦးနှောက်ကင်ဆာ ရောဂါကို ကုသတဲ့နေရာမှာ အသုံးပြုပါတယ်။ အခြားဓာတ်တွေကလည်း အင်ဆူလင်ကို ထိန်းပေးပြီး ဆီးချိုရောဂါကို ကုသတဲ့နေရာတွေမှာလည်း အသုံးပြုကြပါတယ်။ Kaliotoxin ကိုတော့ ကြွက်တွေရဲ့ အရိုးရောဂါတွေကို တွန်းလှန်တဲ့နေရာမှာ စမ်းသပ်ပြီးဖြစ်ကာ လူတွေအတွက်လည်း အကျိုးပြုစေနိုင်မယ်လို့ မျှော်လင့်ထားကြပါတယ်။


Ref:
Business Insider : Scorpion venom is the most expensive liquid in the world

Tags: amazing

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

မြင်ရခဲတဲ့ ကမ္ဘာတလွှားက ရောင်စုံပုံရိပ်များ
Amazing

မြင်ရခဲတဲ့ ကမ္ဘာတလွှားက ရောင်စုံပုံရိပ်များ

ဒီတခါမှာလည်း လွန်ခဲ့တဲ့ ၁၀ စုနှစ်များစွာက ကမ္ဘာတလွှားမှာ ရိုက်ကူးခဲ့တဲ့ ရှားပါးပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ်။ ဒီဓာတ်ပုံတွေဟာ မူရင်းက အဖြူအမည်းသာဖြစ်ပေမယ့် ဒီဘက်ခေတ်ဓာတ်ပုံနည်းပညာတွေနဲ့ မွမ်းမံလိုက်တဲ့အခါမှာတော့ ရောင်စုံဓာတ်ပုံတွေဖြစ်လာပါတယ်။ အဖြူ အမည်းနဲ့ ဆိုရင် ထင်ထင်ရှားရှား မြင်ရမှာ မဟုတ်ပဲ...

အမေဇုံသစ်တောကြီးထဲမှာ ရှာဖွေတွေ့ရှိခဲ့တဲ့ ရေခဲခေတ်က ဧရာမ ပန်းချီကားတန်းကြီး
Amazing

အမေဇုံသစ်တောကြီးထဲမှာ ရှာဖွေတွေ့ရှိခဲ့တဲ့ ရေခဲခေတ်က ဧရာမ ပန်းချီကားတန်းကြီး

အမေဇုံမိုးသစ်တောအတွင်းမှာ လေ့လာမှုတွေပြုလုပ်ခဲ့တဲ့ သုတေသနပညာရှင်တွေဟာ ရေခဲခေတ်ကာလကရှင်သန်ခဲ့တဲ့ mastodons လို ဆင်ကဲ့သို့သော တောကောင်ကြီးတွေနဲ့စပ်လျဉ်းပြီး ရှေးလူတွေမှတ်တမ်းတင်ခဲ့တဲ့ကျောက်ခေတ်ပန်းချီ ပန်းတန်းလက်ရာထောင်ပေါင်းများစွာကို တွေ့ရှိခဲ့ကြတာလည်းဖြစ်ပါတယ်။ ဒီပန်းချီတွေရဲ့သက်တမ်းကို ခန့်မှန်းတွက်ချက်ကြရာမှာတော့ နှစ်ပေါင်း (၁၁၈၀၀) ကနေ (၁၂၆၀၀)အထိကို ရှိနေခဲ့ပြီလို့ ဗြိတိန်နိုင်ငံ Exeter...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!