Saturday, April 17, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

၁၇ရာစုက နစ်မြုပ်သွားခဲ့သော ကမ္ဘာ့အကြီးဆုံး စစ်သင်္ဘောကြီး ဗာဆာ

by Thutamm
July 29, 2019
Reading Time: 1min read
0
၁၇ရာစုက နစ်မြုပ်သွားခဲ့သော ကမ္ဘာ့အကြီးဆုံး စစ်သင်္ဘောကြီး ဗာဆာ
Share on FacebookShare on Twitter

Vasa ဆိုတာ ဆွီဒင်စစ်သင်္ဘောတစ်စင်းဖြစ်ခဲ့ပြီး ၁၆၂၆ ခုနှစ်မှာတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ၁၆၂၈ခုနှစ် မှာ ပြီးစီးခဲ့တဲ့အတွက် တည်ဆောက်ချိန် ၂နှစ်ကျော် ကြာမြင့်ခဲ့ပါတယ်။ အလျား ၂၂၆ပေ ၊ အန၃၈ပေံ ၊ ၃၈ပေ ၊ အမြင့် ၁၇၂ပေ နဲ့ အလေးချိန် ၁၂၀၀တန် ရှိကာ အဲဒီခေတ်ကအကြီးမားဆုံးသင်္ဘောလို့ ဆိုနိုင်ပါတယ်။

သင်္ဘောမှာ အနုပညာလက်ရာမြောက်စွာ ထုထားတဲ့ ရုပ်တုပေါင်း ၁၀၀ကျော်ပါဝင်ပြီး နေရာအနှံ့မှာ ပန်းချီကားတွေကိုလည်း ဆွဲထားပါသေးတယ်။ ဒီသင်္ဘောကြီးဟာ တစ်ချိန်က ဆွီဒင်ဘုရင်တွေရဲ့ ခမ်းနားကြီးကျယ်မှုကို ပြသနေရာလည်း ရောက်ပါတယ်။

ကြေးအမြောက်ကြီး ၆၄လက်ကို တင်ဆင်ထားပြီး သင်္ဘောသား ၁၄၅ယောက်နဲ့ စစ်သား ၃၀၀ ကို သယ်ဆောင်နိုင်တဲ့ ရွက်သင်္ဘောကြီးတစ်စင်းဖြစ်ခဲ့ပါတယ်။

ဆွီဒင်ဘုရင် Gustavus Adolphus က ပိုလန် – လစ်သူရေးနီယားတိုက်ပွဲအတွက် တည်ဆောက်စေခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီအချိန်ဟာ ကမ္ဘာမှာ အရွယ်အစားအကြီးဆုံး နဲ့ တန်ဖိုးအကြီးဆုံးသင်္ဘောဖြစ်ခဲ့ပါတယ်။

တည်ဆောက်ပြီးစီးတဲ့အခါမှာတော့ ဒီသင်္ဘောဟာ အဲဒီအချိန်က ကမ္ဘာမှာ အင်အားအကြီးမားဆုံး အန္တရာယ်အပေးနိုင်ဆုံး သင်္ဘောဆိုပြီး ဂုဏ်ယူခဲ့ကြပါတယ်။ သင်္ဘောတည်ဆောက်ပြီးစီး လက်နက်တွေတပ်ဆင်ပြီးတဲ့အချိန်မှာ သင်္ဘောမှာ ပြဿနာရှိနေတယ်ဆိုတာကို တည်ဆောက်သူတွေဟာ သိထားပါတယ်။

သင်္ဘောပေါ်ကို အင်အားကြီးသထက်ကြီးမားအောင် အလေးချိန်များလွန်းတဲ့ လက်နက်တွေကို ဘုရင့်အမိန့်နဲ့ တပ်ဆင်ထားရလို့ပါ။ ဒါပေမယ့် သူတို့ဟာ ဒီအကြောင်းကို ဘုရင့်ထံမလျှောက်ရဲပါဘူး။ ဘုရင်သိတာနဲ့ သူအသတ်ခံရမှာစိုးလို့ဖြစ်ပါတယ်။

သူက သင်္ဘောကို ထပ်မံပြင်ဆင်ချင်ပြီး ဘုရင့်အမိန့်နဲ့ အတင်းရေချခိုင်းမှာကို စိုးရိမ်နေခဲ့ပါတယ်။ သူစိုးရိမ်နေချိန်မှာပဲ ဘုရင်က အမိန့်ပေးတဲ့အတွက် သင်္ဘောကို ပင်လယ်ဆီကို စမ်းသပ်မောင်းနှင်ဖို့ ထွက်ခဲ့ရပါတယ်။

မီတာ ၁၃၀၀ ဝန်းကျင်အရောက်မှာတော့ သူထင်မှတ်ထားတဲ့အတိုင်းပဲ သင်္ဘောဟာ အလေးချိန်ဒဏ် နဲ့ သေနတ်ပေါက်တွေက ရေဝင်တဲ့ဒါဏ်ကို မခံနိုင်တော့ပဲ နစ်မြုပ်သွားကာ ရေအောက် ၃၂မီတာ အနက်ကိုရောက်ရှိ သွားပါတော့တယ်။ သူ့ရဲ့ပထမဆုံးနဲ့ နောက်ဆုံးခရီးဖြစ်ပါတယ်။ ဒီနစ်မြုပ်မှုှမှာ လူ ၃၀ ရဲ့အသက်ဆုံးရှုံးခဲ့ပါတယ်။

နစ်မြုပ်ပြီး ၃၅နှစ်အကြာမှာတော့ အမြောက်တွေကိုပြန်လည်ဆယ်ယူနိုင်ခဲ့ပါတယ်။ သင်္ဘောကိုဆယ်ဖို့အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် အဆင်မပြေတဲ့အတွက် နောက်ပိုင်းမှာ မေ့မေ့ပျောက်ပျောက်ဖြစ်သွားတာ နှစ်ပေါင်း ၃၀၀ကျော် ကြာမြင့်ခဲ့ပါတယ်။

၁၉၆၁ခုမှာတော့ ဆွီဒင်ရေအောက်သုတေသနပညာရှင် Anders Franzén က သင်္ဘောကြီးရဲ့အကြောင်းကို သတင်းရခဲ့ပြီးတဲ့နောက် သင်္ဘောရဲ့နေရာကို ရှာဖွေစုံစမ်းခဲ့ပြီး နည်းပညာအကူအညီတွေနဲ့ ပြန်လည်ဆယ်ယူနိုင်ခဲ့ပါတယ်။

နှစ်ပေါင်း ၃၀၀ကျော် နစ်မြုပ်နေခဲ့ပေမယ့် သင်္ဘောကိုယ်ထည်ဟာ ဆိုးဆိုးရွားစွာပျက်စီးသွားခြင်းမရှိပါဘူး။

အဲဒီနောက်တော့ ဆွီဒင်ပညာရှင်တွေဟာ သင်္ဘောကြီးကို မူလပုံစံအတိုင်းဖြစ်စေဖို့ နဲ့ မပျက်စီးစေဖို့ ကြိုးစားပြင်ဆင်ခဲ့ကြပါတယ်။ ဒီပြင်ဆင်ချိန်ဟာ နှစ်ပေါင်း ၂၀ကြာမြင့်ပါတယ်။

ပြင်ဆင်ပြီးတဲ့နောက်မှာတော့ Wasavarvet ပြတိုက်မှာ အရင်ဆုံး ယာယီထားရှိခဲ့ပြီး ၁၉၈၈ခုနှစ်မှာတော့ ဆွီဒင်နိုင်ငံ စတော့ဟုမ်း Vasa ပြတိုက်ကို ရွှေ့ပြောင်းထားရှိခဲ့ပါတယ်။ ဒီ ၁၇ရာစု သင်္ဘောဟာ ဆွီဒင်နိုင်ငံရဲ့ ကမ္ဘာ့လှည့်ခရီးသွားတွေကို အဆွဲဆောင်နိုင်ဆုံးအရာတစ်ခုဖြစ်ကာ နှစ်စဉ် ကမ္ဘာလှည့်ခရီးသွား သန်းနဲ့ချီပြီး လာရောက်ကြည့်ရှု့လေ့ရှိပါတယ်။

(ပြတိုက်က သင်္ဘောကြီးဘေးမှာတော့ မူလသင်္ဘောရဲ့ တည်ဆောက်ပုံ နဲ့ လူရုပ်တွေကိုပါ ထည့်သွင်းပြသထားတဲ့ သင်္ဘောပုံစံငယ်တစ်ခုလည်း ရှိပါတယ်)

Tags: amazingworld knowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!