၁၄နှစ်နဲ့ လေယာဉ်ပျံကို ဖန်တီးနိုင်ခဲ့တဲ့ ကောင်မလေး

Posted on

သူမရဲ့ နာမည်အပြည့်အစုံက Sabrina Gonzalez Pasterski ဖြစ်ပြီး အမေရိကန် ချီကာဂိုက ရူပဗေဒပညာရှင် တစ်ယောက်ပဲဖြစ်ပါတယ်။ ရုပဗေဒ ပညာရှင်ဖြစ်ပေမယ့်လို့ သူမရဲ့အသက်ဟာ ၂၃နှစ် သာ ရှိပါသေးတယ်။ သူမဟာ မန်ဆာချူးဆက်နည်းပညာတက္ကသိုလ်(MIT) မှာ မာစတာဘွဲ့ရခဲ့ပြီး လက်ရှိအချိန်မှာတော့ ကမ္ဘာကျော် ဟားဗတ်တက္ကသိုလ်မှာ ပါရဂူဘွဲ့သင်တန်းကို တက်ရောက်နေပါတယ်။ သူမရဲ့ ဘဝအကြောင်းကို နည်းနည်းလောက်ကြည့်လိုက်ရအောင်..

၁၉၉၃ခုနှစ်ဖွား သူမရဲ့ ဖခင်ဟာ လျှပ်စစ်အင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး သူမရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ အဓိကပံ့ပိုးပေးခဲ့သူတစ်ဦးဖြစ်ပါတယ်။ သူမဟာ ၅နှစ်အရွယ်တည်းက Edison Regional Gifted Center ဆိုတဲ့ ပင်ကိုယ်ဖန်တီးမှုစင်တာတစ်ခုမှာ တက်ရောက်ခဲ့ပါတယ်။ ငယ်စဉ်ကတည်းက လေယာဉ်ပျံကို စိတ်ဝင်စားတဲ့သူမဟာ ၁၀နှစ်သမီးမှာ လေယာဉ်မောင်းနှင်ခြင်း သင်တန်းကိုတက်ရောက်ခဲ့ပြီး ၂၀၀၅ခုနှစ်မှာတော့ အကူလေယာဉ်မှူးအဖြစ်မောင်းနှင်ခဲ့ပါတယ်။

၂၀၀၆ခုနှစ်မှာတော့ ကိုယ်ပိုင်လေယာဉ်ကို စတင်တည်ဆောက်ခဲ့ပြီး ၂၀၀၉ခုနှစ်မှာတော့ သူမရဲ့လေယာဉ်ကို မီချီကန်ရေကန်ပေါ်ကနေဖြတ်သန်းပြီး ကိုယ်တိုင်မောင်းပြခဲ့ပါတယ်။ အဲဒီအချိန်က သူမရဲ့အသက်ဟာ ၁၆နှစ်ကျော်သာ ရှိသေးတာကြောင့် အသက်အငယ်ဆုံး ကိုယ်ပိုင်တည်ဆောက်ထားတဲ့ လေယာဉ်နဲ့မောင်းနှင်သူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

သူမရဲ့ပျံသန်းမှုအပြီးမှာ Illinois တက္ကသိုလ်က စီမံခန့်ခွဲမှု အတွင်းရေးမှူး Peggy Udden က “ဒီဖြစ်ရပ်ကို ကျွန်တော်လုံးဝမယုံနိုင်ဘူးဖြစ်နေတယ် ၊ လေယာဉ်ကို ယောင်္ကျားလေးအများစုကသာ စိတ်ဝင်စားတာဖြစ်တယ် ၊ ပြီးတော့သူမရဲ့အသက်ဟာ ငယ်ရွယ်လွန်းနေတယ် ၊ ကျွန်တော်မယုံနိုင်အောင်ကို သူမက တော်လွန်းနေပါတယ်” လို့ ချီးကျူးစကားဆိုပါတယ်။

အမေရိကန်အစိုးရရဲ့ချီးကျူးခြင်းကိုခံရသလို ၊ Blue Origin လေယာဉ်ကုမ္ပဏီ နဲ့ ကမ္ဘာကျော်နာဆာအဖွဲ့အစည်းတွေရဲ့ အလုပ်ခေါ်စာတွေကိုပါ လက်ခံရရှိခဲ့ပါတယ်။ Illinois တက္ကသိုလ်မှာ သင်္ချာသိပ္ပံအကယ်ဒမီဘွဲ့ရခဲ့ပြီး အဲဒီအချိန်မှာ သူမရဲ့အသက်ဟာ ၁၇နှစ်သာ ရှိပါသေးတယ်။

အဲဒီနောက်တော့ သူမဟာ မန်ဆာချူးဆက်နည်းပညာတက္ကသိုလ်မှာ တက်ဖို့စောင့်ဆိုင်းခဲ့ပြီး တီထွင်မှု လေ့လာမှုတွေကို အဆက်မပြတ်ပြုလုပ်နေခဲ့ပါတယ်။ ဒါပေမယ့် မန်ဆာချူးဆက်တက္ကသိုလ်က ခေါင်းဆောင်တွေဟာ သူမရဲ့ဗီဒီယိုကိုကြည့်ပြီးတဲ့အခါမှာတော့ သူမရဲ့စွမ်းရည်ကို သဘောကျသွားပြီး သူမဟာ မစောင့်ဆိုင်းရတော့ တိုက်ရိုက်ဝင်ခွင့်ရရှိသွားပါတယ်။

အသက်ငယ်လွန်းပေမယ့် သင်ယူခဲ့တဲ့ ၃နှစ်အတွင်းမှာ သူမဟာ ထိပ်ဆုံးနေရာကချည်းအောင် မြင်ခဲ့ပါတယ်။ MIT ကနေ မာစတာဘွဲ့ရအပြီးမှာတော့ ပါရဂူဘွဲ့ကိုရယူဖို့ ဟားဗတ်တက္ကသိုလ်မှာ ဆက်တက်ခဲ့ပါတယ်။ သူမရဲ့ အိပ်မက်ကတော့ အင်္ဂါဂြိုဟ်ကို လူလွှတ်ဖို့ အာကာသယာဉ်တစ်စီးတီထွင်ချင်တာပါ တဲ့။ ဒါကြောင့်လည်း သူမဟာ ပျံသန်းခြင်းဆိုင်ရာအပြင် အာကာသနဲ့ ရူပဗေဒပညာရပ် သင်္ချာပညာရပ်တွေကို အထူးလေ့လာနေခြင်းဖြစ်တယ် လို့ သူမက ဆိုပါတယ်။

ဟားဗတ်တက္ကသိုလ်ကလည်း ထူးချွန်လွန်းတဲ့သူမကို ၂၁ရာစုအိုင်းစတိုင်းဖြစ်နိုင်ဖွယ်ရှိတဲ့လို့ ကြေငြာထားကာ လိုအပ်တဲ့အကူအညီပေးနေပြီး သုတေသနအတွက် လိုသမျှငွေထုတ်ပေးထားပါတယ်။ ဒါအပြင် စာတမ်းကို သူမနှစ်သက်ရာအကြောင်းအရာကို စိတ်ကြိုက်ဖန်တီးခွင့်ပေးထားပါတယ်။ သူမကတော့ အာကာသနဲ့ အချိန် ၊ အာကာသတွင်းနက်များ၊ ကွမ်တမ် ဆွဲအားများအကြောင်းကို စာတမ်းပြုစုနေပြီး သူမရဲ့စာတမ်းကိုစစ်မယ့်သူက ကမ္ဘာကျော်သိပ္ပံပညာရှင်ကြီး စတီဗင်ဟော့ကင်းဖြစ်ပါတယ်။ (ယခုတော့ ဟော့ကင်းက ကွယ်လွန်သွားခဲ့ပါပြီ)

တော်ရုံပညာရှင်တစ်ယောက် မလုပ်နိုင်တဲ့အရာတွေကို အသက်ငယ်ငယ်မိန်းကလေးတစ်ယောက်က ပြုလုပ်ပြသွားတာဟာ အမျိုးသမီးထုအတွက်တော့ ဂုဏ်ယူစရာပါပဲ။ သူမရဲ့ မူရင်းအမည် Pasterski ဆိုတာထက် သူမကို ရူပဗေဒမိန်းကလေး(Physics Girl ) လို့လူသိများပါတယ်။

သူမကိုယ်တိုင်လည်း Physics Girl လို့အမည်ပေးထားတဲ့ကိုယ်ပိုင်ဝဘ်ဆိုဒ်မှာ သူမရဲ့ စူးစမ်းလေ့လာမှု နဲ့ လုပ်ဆောင်ချက်တွေကို အခြားသူများလေ့လာနိုင်ဖို့ မျှဝေပေးထားပါတယ်။ သူမရဲ့ ထူးချွန်လွန်းခြင်း နဲ့ တက်တက်ကြွကြွနဲ့ အလုပ်တွေအဆက်မပြတ်လုပ်နိုင်ခြင်း တို့ရဲလျို့ဝှက်ချက်ကိုမေးကြည့်တဲ့အခါ သူမက ရိုးရိုးရှင်းရှင်းလေးပဲဖြေပါတယ်။

“ကျွန်မမှာ ဘာလျို့ဝှက်ချက်မှမရှိပါဘူး။ ကျွန်မငယ်စဉ်ကတည်းက မက်ခဲ့တဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်နေတာပါ။ အဲဒီအတွက် ဘယ်အခက်အခဲမဆို ရင်ဆိုင်သွားဖို့အသင့်ပါ။ အိပ်မက်တွေကို မဖြစ်ဖြစ်အောင် ဖန်တီးဖို့အခုလို မရပ်မနား ကြိုးစားနေတာပါ”

အရွယ်နဲ့မမျှအောင်ရခဲ့တဲ့ သူမရဲ့ထူးချွန်ဆု နဲ့ ချီးကျူးဂုဏ်ပြုခံရမှုတွေက အောက်ပါအတိုင်းဖြစ်ပါတယ်။ 2010, Illinois Aviation Trades Association Industry Achievement Award ,2012, Scientific American 30 under 30, 2012, Lindau Nobel Laureate Meetings Young Researcher,2013, MIT Physics Department Orloff Scholarship Award, 2015, Forbes 30 under 30, 2015, Hertz Foundation Fellowship, 2017, Forbes 30 under 30 All Star, 2017, Marie Claire Genius Award, 2017, Silicon Valley Comic Con Headliner