Friday, April 16, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

၁၀ထပ်တိုက် ခေါင်မိုးပေါ်က ရွာ

by Thutamm
August 28, 2019
Reading Time: 1min read
0
၁၀ထပ်တိုက် ခေါင်မိုးပေါ်က ရွာ
Share on FacebookShare on Twitter

ဒီနေရာကတော့ အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျာကာတာရဲ့ မြို့လယ်အဆောက်အဦး တစ်ခုရဲ့ ခေါင်မိုးမှာ တည်ရှိပါတယ်။ အထပ်မြင့် အဆောက်အဦးတွေရဲ့ ခေါင်မိုးတွေကို အမေရိက ၊ အာရှ ဒါမှမဟုတ် ဥရောပ နေရာအားလုံးလိုလိုမှာတော့ စားသောက်ဆိုင်ဖြစ်စေ ၊ ဥယျာဉ်ဖြစ်စေ ၊ ရေကူးကန်ဖြစ်စေ အမျိုးမျိုးထားလေ့ရှိပါတယ်။ ဒါပေမယ့် အင်ဒိုနီးရှားမှာရှိတဲ့ ဒီနေရာကတော့ အဆောက်အဦးရဲ့ခေါင်မိုးပေါ်မှာ သီးသန့်ရွာလေးတည်ထားသလို ဆောက်လုပ်ထားပါတယ်။

ဒီနေရာကိုတော့ Cosmo Park လို့ခေါ်ပါတယ်။ ဂျာကာတာ မြို့လယ်ခေါင်က Thamrin ဈေးဝယ်စင်တာ အဆောက်အဦးရဲ့ အမိုးပေါ်မှာတည်ရှိနေတာ ဖြစ်ပါတယ်။ ဒီနေရာမှာ အိမ်တွေ ၊ လမ်းတွေ အပြင် တင်းနစ်ကစားကွင်းတစ်ခုနဲ့အတူ စိမ်းလန်းတဲ့ အပင်တွေကိုလည်း စိုက်ပျိုးထားပါတယ်။

Thamrin ဈေးဝယ်စင်တာ အဆောက်အဦးဟာ ၁၀ထပ် အဆောက်အဦးဖြစ်ပြီး အမိုးပေါ်ကနေရာရဲ့ ဧရိယာကတော့ ၃ ဧက ကျယ်ဝန်းပါတယ်။ ဒီနေရာမှာ ၂ထပ် အဆောက်အဦးပေါင်း ၇၈လုံးကို ဆောက်လုပ်ထားတဲ့အပြင် ကားမောင်းနှင်ဖို့အတွက် နိုင်လွန်ကတ္တရာလမ်းတွေကိုလည်း ခင်းထားပါတယ်။ ကျယ်ဝန်းလွန်းတဲ့နေရာကြောင့် ပေ ၁၀၀ကျော်မြင့်တဲ့ တိုက်ခေါင်မိုးပေါ်မှာလို့ မထင်ရပဲ မြေပြင်ပေါ်က သီးသန့်ရွာလေးသဖွယ် ထင်ရမှာပါ။

ဒီနေရာက ၂ထပ်တိုက်တွေမှာ နေထိုင်သူတွေဟာ သူတို့ရဲ့ကားတွေကို အဆောက်အဦးအမိုးပေါ်အထိ မောင်းနှင်ယူကာ သူတို့တိုက်တွေရဲ့ ဆင်ဝင်အောက်မှာ နှစ်သက်သလိုရပ်ထားနိုင်ပါတယ်။ ဒီနေရာရဲ့ လမ်းတွေပေါ်မှာတော့ ကလေးတွေဟာ စက်ဘီးစီးလေ့ရှိသလို လူကြီးတွေကလည်း လမ်းလျှောက်လေ့ရှိကြပါတယ်။ အန္တရာမဖြစ်စေဖို့အတွက် အမိုးအစွန်းတစ်ခုလုံးကိုတော့ သတ္တုခြံစည်းရိုးနဲ့ အခိုင်အခန့်ကာပေးထားပါတယ်။

လေတဖြူးဖြူး နဲ့ စိမ်းလန်းတဲ့အပင်တွေကြောင့် ဒီမှာနေထိုင်သူတွေဟာ ကမ္ဘာ့လူဦးရေအထူထပ်ဆုံးမြို့တစ်မြို့ရဲ့ အလယ်မှာရှိပေမယ့် ဆူညံသံတွေကို မကြားရပဲ အေးချမ်းသာယာစွာ နေထိုင်နိုင်ကြပါတယ်။
“ဒီနေရာက အတော်အဆင်ပြေပြီး အရမ်းလည်း နေလို့ကောင်းပါတယ်။ ကျွန်မတို့မိသားစု ဒီနေရာကိုပြောင်းလာတာ ၆ နှစ်ရှိပါပြီ။ အရင်နေရာကတော့ မကြာခဏရေကြီးလေ့ရှိလို့ပါ ၊ ဒီနေရာဟာ ကျွန်မအတွက်တော့ အိုအေစစ်ပါပဲ” လို့ နေထိုင်သူ တစ်ယောက်ဖြစ်တဲ့ Fazila Kapasi က ဆိုပါတယ်။

“ဒီနေရာက မြင့်တာမှန်ပေမယ့် နေရာလွတ်တွေအများကြီးရှိတယ်၊ လွတ်လပ်ပြီး စိတ်ငြိမ်တယ်၊ ပြီးတော့ စိတ်လည်းချရတယ် ၊ ကျွန်မနဲ့ ကျွန်မမိသားစုအတွက်တော့ အရမ်းကောင်းတဲ့နေရာပါပဲ ၊ ကျမကလေးအတွက်ဆို တံခါးဖွင့်လိုက်ပြီးတာနဲ့ လမ်းပေါ်မှာ စက်ဘီးနင်းချင်နင်း ၊ မနင်းချင်ရင်လည်း  လွတ်လွတ်လပ်လပ် အန္တရာယ်ကင်းကင်း ကစားနိုင်ပါတယ်။” လို့ နောက်ထပ်နေထိုင်သူ တစ်ယောက်ဖြစ်တဲ့ Indri Lestari က ဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံရဲ့ တိုက်ခေါင်မိုးပေါ်မှာ လူနေအိမ်တွေ သီးသန့် ဆောက်လုပ်ထားတဲ့နေရာဟာ Cosmo Park တစ်ခုတည်းတော့ မဟုတ်ပါဘူး။ ဂျာကာတာမြောက်ပိုင်းက Villas ဈေးဝယ်စင်တာရဲ့ အမိုးပေါ်မှာလည်း ၃ထပ်အိမ်တွေကိုဆောက်လုပ်ထားတဲ့ လူနေအိမ်ယာတစ်ခု ရှိနေပါသေးတယ်။

လွတ်လပ်ပြီး စိမ်းလန်းစိုပြေတဲ့ ပတ်ဝန်းကျင်မှာ ဆောက်လုပ်ထားတဲ့ ဒီအိမ်တစ်လုံးရဲ့ တန်ဖိုးဟာ မနည်းသလို ပိုက်ဆံအတော်အသင့်ရှိသူတွေမှသာ ဝယ်ယူနိုင်မယ့် တန်ဖိုးဖြစ်ပါတယ်။ ဒီအိမ်တွေရဲ့ တန်ဖိုးဟာ အင်ဒိုနီးရှားရူပီး ၃ဘီလျံကနေ ၅ဘီလျံ အထိရှိနိုင်ပြီး အမေရိကန်ဒေါ်လာနဲ့ တွက်မယ်ဆိုရင်တော့ ဒေါ်လာ ၂သိန်းကနေ ၃သိန်းခွဲခန့် အထိရှိနိုင်ပါတယ်။

Tags: world places

Related Posts

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်
Places

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်

ဟိုတယ် ဆိုတာဟာ အပန်းဖြေ နားခိုဖို့အပြင် အစားအစာနဲ့ အခြားဝန်ဆောင်မှုတွေ ရရှိနိုင်တဲ့ နေရာတခုဆိုတာ အားလုံးသိပြီးသားပါ။ ဟိုတယ်တွေဟာ အလွန်ဆုံးအနေနဲ့ ဒီဘက် ရာစုနှစ်တွေမှာမှ စတင်ပေါ်ပေါက်လာတာ လို့ ထင်စရာရှိပေမယ့် ကမ္ဘာပေါ်က အစောဆုံးဟိုတယ်အဖြစ် သတ်မှတ်ခံထားရတဲ့ ဒီဟိုတယ်ကတော့...

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ
Knowledge

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ

အရင်တခါကတော့ ကမ္ဘာ့အကြီးဆုံး ဘောလုံးကွင်းကြီး ၁၀ ခု ရဲ့ အကြောင်းကို တင်ခဲ့ပြီးပါပြီ။ ဒီတခါတော့ ပရိသတ်ဝင်ဆံ့မှုအရ ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီး ၅ ခုရဲ့ အကြောင်း ကို ထပ်ပြီးတော့ ဝေမျှလိုက်ပါတယ်။ အားကစား ဆိုတဲ့အတွက်ကြောင့်...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!