Monday, March 8, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဝိုင်သေတ္တာတစ်လုံးရဲ့ ကြောက်လန့်စရာ ရာဇဝင် (သို့) Dibbuk Box

by Thutamm
July 27, 2019
Reading Time: 1min read
0
ဝိုင်သေတ္တာတစ်လုံးရဲ့ ကြောက်လန့်စရာ ရာဇဝင် (သို့) Dibbuk Box
Share on FacebookShare on Twitter

Written By Ei Pont(MYMC)

မကျွတ်လွတ် နိုင်သေးတဲ့ ဝိညာဉ်တွေဟာ လက်ဝတ်ရတနာ ပစ္စည်းလေးတွေကအစ ပန်းချီကားလို အရာမျိုးထိ ဘယ်လို အရာမျိုး မှာမဆို တည်မှီ နေနိုင်ပါတယ်။ Dibbuk Box ဆိုတဲ့ ဝိုင်ထည့်တဲ့ သေတ္တာလေး အကြောင်း ဖတ်ကြည့် ကြပါဦး။

သေဆုံးပြီး တာတောင်မှ မကျွတ်လွတ် နိုင်သေးတဲ့ တစ္ဆေ ဒါမှမဟုတ် ပရလောကသား တစ်ကောင်ကောင်ဟာ သက်ရှိတွေ ကြားမှာ ဆက် တွယ်မှီ ချင်နေတဲ့အခါ သရဲခြောက်တယ် ဆိုတဲ့ အဖြစ်တွေ ဖြစ်လာ ပါတယ်။ တော်တော်များများက သရဲခြောက် တယ်လို့ ဆိုလိုက်ရင် အိမ် တွေ၊ အဆောက်အဦး တွေမှာ ခြောက်တာကိုပဲ သတိရ တတ်ကြပါတယ်။

တကယ်တော့ မကျွတ်လွတ် နိုင်သေးတဲ့ ဝိညာဉ် တွေဟာ လက် ဝတ် ရတနာ ပစ္စည်းလေး တွေကအစ ပန်းချီကားလို အရာမျိုးထိ ဘယ်လို အရာမျိုး မှာမဆို တည်မှီ နေနိုင်ပါတယ်။ အခြောက် အကြမ်းဆုံး ပစ္စည်း ၁၀မျိုးထဲက Dibbuk Box ဆိုတဲ့ ပစ္စည်းလေး အကြောင်း ဖတ်ကြည့် ကြပါဦး။

Dibbuk Box ဆိုတာ တကယ်တော့ ဝိုင်သေတ္တာ တစ်လုံးပါပဲ။ ဂျူးလူမျိုး တွေရဲ့ ရိုးရာ ပုံပြင်တွေ အလိုအရ ဆိုရင်တော့ အဲဒီသေတ္တာမှာ မှီခို နေနေတဲ့ ဝိညာဉ် (တစ္ဆေ) က လူတွေကို ခြောက်လှန့်ပြီး အပမှီ သလို ဖြစ်အောင်ထိ ဖမ်းစား နိုင်တာမို့ ကြောက်စရာ သေတ္တာမျိုးပါ။ တစ်ခါ တော့ Dibbuk Box တစ်လုံးဟာ သူ့ရဲ့ ကြောက်စရာ နောက်ကြောင်း ရာဇဝင်နဲ့ အတူ eBay ပေါ်ရောက်လာပြီး လူသိများ လာခဲ့ပါတယ်။

ဇာတ်လမ်း စတာ ကတော့ ရှေးဟောင်း ပစ္စည်း ပွဲစားတစ်ယောက် ၂၀၀၁ခုနှစ် စက်တင်ဘာ လောက်မှာ Portland, Oregon မှာလုပ်တဲ့ ရှေးဟောင်း ပစ္စည်း အရောင်းပွဲ တစ်ခုကို သွားခဲ့တာက စတာပါ။ အဲဒီ အရောင်းပွဲမှာ အသက် (၁၀၃) နှစ် ရှိပြီဖြစ်တဲ့ ဂျူးအဘွားအို တစ်ဦးရဲ့ ပစ္စည်း တွေကို ချရောင်း တာပါ။

ဖြစ်ချင်တော့ အဲဒီ ပွဲစားက ပြသထားတဲ့ ပစ္စည်းတွေ ထဲကမှ ဘာမှ သိပ်မထူးဆန်းတဲ့ ရိုးရိုး ဝိုင်သေတ္တာ လေးတစ်လုံးကို ဝယ်လိုက်တယ်။ သူ သေတ္တာကို ဝယ်ပြီး သွားတဲ့ အချိန်ကျမှ အဘွားအိုရဲ့ တူမ လုပ်သူက သိသွားပြီး သူမအဘွားရဲ့ နောက်ကြောင်း တွေကို သူ့ကို ပြန်ပြောပြ ပါတယ်။

သူမ အဘွားက ဒုတိယ ကမ္ဘာစစ် အတွင်းတုန်းက နာဇီ အကျဉ်းစခန်း ကနေ တစ်မိသားစုလုံးမှာ သူတစ် ယောက်တည်း အသက်ရှင် ကျန်ရစ် ခဲ့တဲ့ ဂျူးအမျိုး သမီးကြီး ပါတဲ့။ သူမ အမေရိကကို ပြောင်းရွှေ့ လာတဲ့ အချိန်မှာ အဲဒီ ဝိုင်သေတ္တာနဲ့ တခြား ပစ္စည်းလေး နှစ်ခုကိုပဲ သူနဲ့အတူ ယူ လာ ခဲ့တယ်။

သူ့အဘွားက အဲဒီ သေတ္တာကို အမြဲတမ်း ဖွက်ထားတတ်ပြီး ဘယ်တော့မှ မဖွင့်ရ ဘူးလို့ အထပ်ထပ် အခါခါ မှာထား ပါတယ် တဲ့။ ဘာလို့လဲ ဆိုတော့ အဲဒီ သေတ္တာထဲမှာ Dibbuk လို့ခေါ်တဲ့ မကောင်းဆိုးဝါး ရှိနေတယ် လို့လည်း ပြောပါတယ်တဲ့။

အဘွား လုပ်သူ က အဲဒီ သေတ္တာကို သူနဲ့အတူ မြေမြှုပ်ပေးဖို့ တောင်းဆို ခဲ့ပေမယ့် အဲဒီလို လုပ်ရင် ဂျူးတွေရဲ့ အစဉ်အလာကို ဖောက်ဖျက်ရာ ကျတာမို့ မလုပ်ပေး ခဲ့ ကြဘူး။ ပိုင်ရှင် အဘွားအိုရဲ့ ဇာတ်လမ်းကို သိပြီးသွားတဲ့ အချိန်မှာ ဝယ်တဲ့သူက သူ့အဘွားရဲ့ အမှတ်တရ ပစ္စည်းမို့ ပြန်သိမ်း ထားချင်ပါ သ လားလို့ မေးတဲ့အခါ သူမက အလွန်အမင်း ဒေါသ ထွက်သွားပြီး`ဒီပစ္စည်းကို ရှင်ဝယ် ပြီးသားပဲ။ ယူကို ယူရမယ်´ လို့ အကြောက်အကန် ငြင်း ဆန်ခဲ့တယ်။

အဲဒါနဲ့ ပွဲစားဟာ ပစ္စည်းကို ယူလာပြီး သူ့ဆိုင်ကိုသူ ပြန်လာ ခဲ့ပါတယ်။ အဲဒီသေတ္တာ ကိုတော့ သူ့ဆိုင်ရဲ့ မြေအောက်ခန်း ထဲမှာပဲ သိမ်းထား လိုက်တယ်။ အဲဒီအချိန် ကစလို့ ထူးဆန်းပြီး ကြောက်စရာ ကောင်းတဲ့ အဖြစ်အပျက်တွေ စဖြစ်လာ တော့တာပါပဲ။ သူ့ ဆိုင် လက်ထောက်က သူ့ကို လှမ်းခေါ်ပြီး မီးတွေ သူ့အလိုလို မှိတ်သွားကြောင်း၊ security gate လည်း သူ့အလိုလို လော့ခ်ကျ သွားကြောင်း၊ မြေအောက်ခန်း ထဲက နေပြီး ကြောက်စရာ အသံဆိုး ကြီးတွေ ကြားရကြောင်း ကြောက်အား လန့်အားနဲ့ ပြောပြတယ်။

အဲဒါနဲ့ သူသွားကြည့် တဲ့အခါ လေထဲမှာ အော့ နှလုံး နာစရာ ကြောင်သေးနံ့က ထောင်းလမောင်း ထနေတဲ့ အပြင် အခန်းထဲက မီးလုံးတွေ အကုန်လုံးလည်း ရိုက်ခွဲ ခံထားရ သလို ကြေမွ နေတယ်။ အဲဒီနောက်တော့ ပွဲစားက ဝိုင်သေတ္တာကို သူ့အမေကို လက်ဆောင်ပေး လိုက်ပါတယ်။ သိပ်မ ကြာပါဘူး … သူ့အမေ လေဖြတ် ပြီး ဆေးရုံတင် လိုက်ရပါတယ်။

ဆေးရုံပေါ်မှာ သူမဟာ “ H A T E G I F T ” လို့ မျက်ရည်တွေ တားမနိုင် ဆီးမရ ကျလာရင်း ပြောတယ်။ ပွဲစားဟာ သူ့အမေ ဖြစ်ရပ်ပြီး နောက်ပိုင်း မှာလည်း အဲဒီ သေတ္တာကို လူတွေ အများကြီးကို လက်ဆောင် ပေးကြည့် ခဲ့ပေမယ့် သိပ်မကြာ ခင် မှာပဲ အားလုံးက သူ့ဆီ ပြန်လာ ပေးကြတယ်။ အဲဒီလူ တွေက အဲဒီသေတ္တာမှာ မကောင်းဆိုးဝါး တစ်ခုခု ကပ်ညိ နေတယ်လို့ ခံစားကြရပြီး မ နှစ်မြို့ ကြဘူး။

သေတ္တာ သူ့လက်ထဲ ပြန်ရောက် လာတာနဲ့ အိပ်မက်ဆိုးတွေ စမက်တော့ တာပါပဲ။ နောက်ပိုင်း သူသိလာတာက အဲဒီလို အိပ်မက်ဆိုးတွေကို မက်တာ သူတစ်ဦးတည်း မဟုတ်ဘဲ သေတ္တာနဲ့ နီးနီးစပ်စပ် ရှိနေတဲ့ သူ့မိသားစုတွေ အားလုံးပါ အတူတူ မက်ကြတာပါပဲ။ အဲဒီနောက်တော့ သူ့အနားမှာ အရိပ်တွေ ရှိနေသလို မြင်ယောင် လာတယ်။ နောက်ဆုံးတော့ ဘာမှန်းမသိတဲ့ ကြောက်စရာ တစ်ခုခုတော့ ဖြစ်နေပြီဆိုတာ သူ လက်ခံ လိုက်ရတယ်။ တစ်နေ့တော့ အဲဒီအကြောင်းကို အွန်လိုင်းမှာ လျှောက်ရှာ ကြည့်နေရင်းနဲ့ ကွန်ပျူတာ ရှေ့မှာပဲ သူအိပ်ပျော် သွားခဲ့ တယ်။

သူနိုးလာတော့ တစ်ယောက်ယောက်က လည်ပင်းပေါ်မှာ တက်ပြီး အသက်ရှု နေတယ်လို့ ခံစားလိုက် ရတယ်။ သူလှည့်ကြည့် လိုက်တဲ့ အချိန်မှာ ကြီးမားတဲ့ အရိပ်ကြီး တစ်ခု သူ့ပေါ်ကနေ ဆင်းပြီး အခန်း ထဲကနေ ရုတ်တရက် ထွက်ပြေး သွားတာကို တွေ့လိုက် ရပါတယ်။

အဲဒီ နောက်တော့ သူလည်း အဲဒီသေတ္တာကို စရလာတဲ့ အချိန် ကနေစပြီး ဖြစ်ပျက်သမျှ အကြောင်းစုံနဲ့ အတူ သေတ္တာကို Ebay မှာ တင်လိုက် ပါတယ်။ Missouri ဆေးပြတိုက်က ပြတိုက်မှုး Jason Haxton က အဲဒီ သေတ္တာကို ဝယ်ယူလိုက်ပြီး Dibbuk box ရဲ့ ထူးဆန်းတဲ့ အကြောင်း တွေကို The possession ဆိုတဲ့ နာမည်နဲ့ ၂၀၁၂ မှာ စာအုပ် ထုတ်ဝေခဲ့ ပါတယ်။ ဒီသေတ္တာလေးဟာ လက်ရှိအချိန်မှာတော့ လတ်စ်ဗီးဂတ်စ်က Zak Bagan’s Paranormal ပြတိုက်မှာ ရှိနေပါတယ်။

VIDEO


ဝိုင်သေတ္တာတစ်လုံးရဲ့ ကြောက်လန့်စရာ ရာဇဝင် (သို့) Dibbuk Box (unicode)

Written By Ei Pont(MYMC)

မကျွတ်လွတ် နိုင်သေးတဲ့ ဝိညာဉ်တွေဟာ လက်ဝတ်ရတနာ ပစ္စည်းလေးတွေကအစ ပန်းချီကားလို အရာမျိုးထိ ဘယ်လို အရာမျိုး မှာမဆို တည်မှီ နေနိုင်ပါတယ်။ Dibbuk Box ဆိုတဲ့ ဝိုင်ထည့်တဲ့ သေတ္တာလေး အကြောင်း ဖတ်ကြည့် ကြပါဦး။

သေဆုံးပြီး တာတောင်မှ မကျွတ်လွတ် နိုင်သေးတဲ့ တစ္ဆေ ဒါမှမဟုတ် ပရလောကသား တစ်ကောင်ကောင်ဟာ သက်ရှိတွေ ကြားမှာ ဆက် တွယ်မှီ ချင်နေတဲ့အခါ သရဲခြောက်တယ် ဆိုတဲ့ အဖြစ်တွေ ဖြစ်လာ ပါတယ်။ တော်တော်များများက သရဲခြောက် တယ်လို့ ဆိုလိုက်ရင် အိမ် တွေ၊ အဆောက်အဦး တွေမှာ ခြောက်တာကိုပဲ သတိရ တတ်ကြပါတယ်။ တကယ်တော့ မကျွတ်လွတ် နိုင်သေးတဲ့ ဝိညာဉ် တွေဟာ လက် ဝတ် ရတနာ ပစ္စည်းလေး တွေကအစ ပန်းချီကားလို အရာမျိုးထိ ဘယ်လို အရာမျိုး မှာမဆို တည်မှီ နေနိုင်ပါတယ်။ အခြောက် အကြမ်းဆုံး ပစ္စည်း ၁ဝမျိုးထဲက Dibbuk Box ဆိုတဲ့ ပစ္စည်းလေး အကြောင်း ဖတ်ကြည့် ကြပါဦး။

Dibbuk Box ဆိုတာ တကယ်တော့ ဝိုင်သေတ္တာ တစ်လုံးပါပဲ။ ဂျူးလူမျိုး တွေရဲ့ ရိုးရာ ပုံပြင်တွေ အလိုအရ ဆိုရင်တော့ အဲဒီသေတ္တာမှာ မှီခို နေနတဲ့ ဝိညာဉ် (တစ္ဆေ) က လူတွေကို ခြောက်လှန့်ပြီး အပမှီ သလို ဖြစ်အောင်ထိ ဖမ်းစား နိုင်တာမို့ ကြောက်စရာ သေတ္တာမျိုးပါ။ တစ်ခါ တော့ Dibbuk Box တစ်လုံးဟာ သူ့ရဲ့ ကြောက်စရာ နောက်ကြောင်း ရာဇဝင်နဲ့ အတူ eBay ပေါ်ရောက်လာပြီး လူသိများ လာခဲ့ပါတယ်။

ဇာတ်လမ်း စတာ ကတော့ ရှေးဟောင်း ပစ္စည်း ပွဲစားတစ်ယောက် ၂၀၀၁ခုနှစ် စက်တင်ဘာ လောက်မှာ Portland, Oregon မှာလုပ်တဲ့ ရှေးဟောင်း ပစ္စည်း အရောင်းပွဲ တစ်ခုကို သွားခဲ့တာက စတာပါ။ အဲဒီ အရောင်းပွဲမှာ အသက် (၁၀၃) နှစ် ရှိပြီဖြစ်တဲ့ ဂျူးအဘွားအို တစ်ဦးရဲ့ ပစ္စည်း တွေကို ချရောင်း တာပါ။ ဖြစ်ချင်တော့ အဲဒီ ပွဲစားက ပြသထားတဲ့ ပစ္စည်းတွေ ထဲကမှ ဘာမှ သိပ်မထူးဆန်းတဲ့ ရိုးရိုး ဝိုင်သေတ္တာ လေးတစ်လုံးကို ဝယ်လိုက်တယ်။ သူ သေတ္တာကို ဝယ်ပြီး သွားတဲ့ အချိန်ကျမှ အဘွားအိုရဲ့ တူမ လုပ်သူက သိသွားပြီး သူမအဘွားရဲ့ နောက်ကြောင်း တွေကို သူ့ကို ပြန်ပြောပြ ပါတယ်။

သူမ အဘွားက ဒုတိယ ကမ္ဘာစစ် အတွင်းတုန်းက နာဇီ အကျဉ်းစခန်း ကနေ တစ်မိသားစုလုံးမှာ သူတစ် ယောက်တည်း အသက်ရှင် ကျန်ရစ် ခဲ့တဲ့ ဂျူးအမျိုး သမီးကြီး ပါတဲ့။ သူမ အမေရိကကို ပြောင်းရွှေ့ လာတဲ့ အချိန်မှာ အဲဒီ ဝိုင်သေတ္တာနဲ့ တခြား ပစ္စည်းလေး နှစ်ခုကိုပဲ သူနဲ့အတူ ယူ လာ ခဲ့တယ်။ သူ့အဘွားက အဲဒီ သေတ္တာကို အမြဲတမ်း ဖွက်ထားတတ်ပြီး ဘယ်တော့မှ မဖွင့်ရ ဘူးလို့ အထပ်ထပ် အခါခါ မှာထား ပါတယ် တဲ့။ ဘာလို့လဲ ဆိုတော့ အဲဒီ သေတ္တာထဲမှာ Dibbuk လို့ခေါ်တဲ့ မကောင်းဆိုးဝါး ရှိနေတယ် လို့လည်း ပြောပါတယ်တဲ့။

အဘွား လုပ်သူ က အဲဒီ သေတ္တာကို သူနဲ့အတူ မြေမြှုပ်ပေးဖို့ တောင်းဆို ခဲ့ပေမယ့် အဲဒီလို လုပ်ရင် ဂျူးတွေရဲ့ အစဉ်အလာကို ဖောက်ဖျက်ရာ ကျတာမို့ မလုပ်ပေး ခဲ့ ကြဘူး။ ပိုင်ရှင် အဘွားအိုရဲ့ ဇာတ်လမ်းကို သိပြီးသွားတဲ့ အချိန်မှာ ဝယ်တဲ့သူက သူ့အဘွားရဲ့ အမှတ်တရ ပစ္စည်းမို့ ပြန်သိမ်း ထားချင်ပါ သ လားလို့ မေးတဲ့အခါ သူမက အလွန်အမင်း ဒေါသ ထွက်သွားပြီး`ဒီပစ္စည်းကို ရှင်ဝယ် ပြီးသားပဲ။ ယူကို ယူရမယ်´ လို့ အကြောက်အကန် ငြင်း ဆန်ခဲ့တယ်။

အဲဒါနဲ့ ပွဲစားဟာ ပစ္စည်းကို ယူလာပြီး သူ့ဆိုင်ကိုသူ ပြန်လာ ခဲ့ပါတယ်။ အဲဒီသေတ္တာ ကိုတော့ သူ့ဆိုင်ရဲ့ မြေအောက်ခန်း ထဲမှာပဲ သိမ်းထား လိုက်တယ်။ အဲဒီအချိန် ကစလို့ ထူးဆန်းပြီး ကြောက်စရာ ကောင်းတဲ့ အဖြစ်အပျက်တွေ စဖြစ်လာ တော့တာပါပဲ။ သူ့ ဆိုင် လက်ထောက်က သူ့ကို လှမ်းခေါ်ပြီး မီးတွေ သူ့အလိုလို မှိတ်သွားကြောင်း၊ security gate လည်း သူ့အလိုလို လော့ခ်ကျ သွားကြောင်း၊ မြေအောက်ခန်း ထဲက နေပြီး ကြောက်စရာ အသံဆိုး ကြီးတွေ ကြားရကြောင်း ကြောက်အား လန့်အားနဲ့ ပြောပြတယ်။

အဲဒါနဲ့ သူသွားကြည့် တဲ့အခါ လေထဲမှာ အော့ နှလုံး နာစရာ ကြောင်သေးနံ့က ထောင်းလမောင်း ထနေတဲ့ အပြင် အခန်းထဲက မီးလုံးတွေ အကုန်လုံးလည်း ရိုက်ခွဲ ခံထားရ သလို ကြေမွ နေတယ်။ အဲဒီနောက်တော့ ပွဲစားက ဝိုင်သေတ္တာကို သူ့အမေကို လက်ဆောင်ပေး လိုက်ပါတယ်။ သိပ်မ ကြာပါဘူး … သူ့အမေ လေဖြတ် ပြီး ဆေးရုံတင် လိုက်ရပါတယ်။ ဆေးရုံပေါ်မှာ သူမဟာ “ H A T E G I F T ” လို့ မျက်ရည်တွေ တားမနိုင် ဆီးမရ ကျလာရင်း ပြောတယ်။ ပွဲစားဟာ သူ့အမေ ဖြစ်ရပ်ပြီး နောက်ပိုင်း မှာလည်း အဲဒီ သေတ္တာကို လူတွေ အများကြီးကို လက်ဆောင် ပေးကြည့် ခဲ့ပေမယ့် သိပ်မကြာ ခင် မှာပဲ အားလုံးက သူ့ဆီ ပြန်လာ ပေးကြတယ်။ အဲဒီလူ တွေက အဲဒီသေတ္တာမှာ မကောင်းဆိုးဝါး တစ်ခုခု ကပ်ညိ နေတယ်လို့ ခံစားကြရပြီး မ နှစ်မြို့ ကြဘူး။

သေတ္တာ သူ့လက်ထဲ ပြန်ရောက် လာတာနဲ့ အိပ်မက်ဆိုးတွေ စမက်တော့ တာပါပဲ။ နောက်ပိုင်း သူသိလာတာက အဲဒီလို အိပ်မက်ဆိုးတွေကို မက်တာ သူတစ်ဦးတည်း မဟုတ်ဘဲ သေတ္တာနဲ့ နီးနီးစပ်စပ် ရှိနေတဲ့ သူ့မိသားစုတွေ အားလုံးပါ အတူတူ မက်ကြတာပါပဲ။ အဲဒီနောက်တော့ သူ့အနားမှာ အရိပ်တွေ ရှိနေသလို မြင်ယောင် လာတယ်။ နောက်ဆုံးတော့ ဘာမှန်းမသိတဲ့ ကြောက်စရာ တစ်ခုခုတော့ ဖြစ်နေပြီဆိုတာ သူ လက်ခံ လိုက်ရတယ်။ တစ်နေ့တော့ အဲဒီအကြောင်းကို အွန်လိုင်းမှာ လျှောက်ရှာ ကြည့်နေရင်းနဲ့ ကွန်ပျူတာ ရှေ့မှာပဲ သူအိပ်ပျော် သွားခဲ့ တယ်။

သူနိုးလာတော့ တစ်ယောက်ယောက်က လည်ပင်းပေါ်မှာ တက်ပြီး အသက်ရှု နေတယ်လို့ ခံစားလိုက် ရတယ်။ သူလှည့်ကြည့် လိုက်တဲ့ အချိန်မှာ ကြီးမားတဲ့ အရိပ်ကြီး တစ်ခု သူ့ပေါ်ကနေ ဆင်းပြီး အခန်း ထဲကနေ ရုတ်တရက် ထွက်ပြေး သွားတာကို တွေ့လိုက် ရပါတယ်။အဲဒီ နောက်တော့ သူလည်း အဲဒီသေတ္တာကို စရလာတဲ့ အချိန် ကနေစပြီး ဖြစ်ပျက်သမျှ အကြောင်းစုံနဲ့ အတူ သေတ္တာကို Ebay မှာ တင်လိုက် ပါတယ်။ Missouri ဆေးပြတိုက်က ပြတိုက်မှုး Jason Haxton က အဲဒီ သေတ္တာကို ဝယ်ယူလိုက်ပြီး Dibbuk box ရဲ့ ထူးဆန်းတဲ့ အကြောင်း တွေကို The possession ဆိုတဲ့ နာမည်နဲ့ ၂၀၁၂ မှာ စာအုပ် ထုတ်ဝေခဲ့ ပါတယ်။

Tags: amazing

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

၁ ဂါလန်ကို ဒေါ်လာ ၃၉သန်း တန်တဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးအရည်
Amazing

၁ ဂါလန်ကို ဒေါ်လာ ၃၉သန်း တန်တဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးအရည်

ကမ္ဘာပေါ်မှာ ကင်းမြီးကောက်မျိုးစိတ်ပေါင်း ၂၀၀၀ ခန့်ရှိပေမယ့် ဒီအထဲက မျိုးစိတ် ၄၀ ခန့်ကသာ အဆိပ်ပြင်းထန်ပါတယ်။ တချို့ကင်းမြီးကောက်တွေရဲ့ အဆိပ်ကတော့ လူကို အသက်အန္တရာယ် ရှိစေနိုင်တဲ့အထိပြင်းထန်ပြီး ဒီအထဲမှာ deathstalker ကင်းမြီးကောက်တွေလည်း ပါဝင်ပါတယ်။ သူတို့ရဲ့အဆိပ်ရည်က အလွန်တန်ဖိုးရှိပြီး...

မြင်ရခဲတဲ့ ကမ္ဘာတလွှားက ရောင်စုံပုံရိပ်များ
Amazing

မြင်ရခဲတဲ့ ကမ္ဘာတလွှားက ရောင်စုံပုံရိပ်များ

ဒီတခါမှာလည်း လွန်ခဲ့တဲ့ ၁၀ စုနှစ်များစွာက ကမ္ဘာတလွှားမှာ ရိုက်ကူးခဲ့တဲ့ ရှားပါးပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ်။ ဒီဓာတ်ပုံတွေဟာ မူရင်းက အဖြူအမည်းသာဖြစ်ပေမယ့် ဒီဘက်ခေတ်ဓာတ်ပုံနည်းပညာတွေနဲ့ မွမ်းမံလိုက်တဲ့အခါမှာတော့ ရောင်စုံဓာတ်ပုံတွေဖြစ်လာပါတယ်။ အဖြူ အမည်းနဲ့ ဆိုရင် ထင်ထင်ရှားရှား မြင်ရမှာ မဟုတ်ပဲ...

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!