Monday, April 19, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

၀န်ထမ်းတယောက်ကို ၁နှစ်လုပ်ခလစာ ဒေါ်လာ ၇၀၀၀၀ ပေးတဲ့ သူဌေး

by Thutamm
August 27, 2020
Reading Time: 2min read
0
၀န်ထမ်းတယောက်ကို ၁နှစ်လုပ်ခလစာ ဒေါ်လာ ၇၀၀၀၀ ပေးတဲ့ သူဌေး
Share on FacebookShare on Twitter

ဒီတခါတော့ ထူးထူးခြားခြား သူဌေးတယောက်ရဲ့ အကြောင်းကို ဝေမျှချင်ပါတယ်။ သူ့နာမည်ကတော့ Dan Price ဖြစ်ပြီး ကုမ္ပဏီပိုင်ရှင်တယောက်ဖြစ်တဲ့သူဟာ သူ့ကုမ္ပဏီမှာ တာဝန်ထမ်းဆောင်တဲ့ ဝန်ထမ်းအယောက်စီတိုင်းကို ၁နှစ်လုပ်ခလစာ အနေနဲ့ ဒေါ်လာ ၇သောင်း အနည်းဆုံး သတ်မှတ်ပေးခဲ့တာကြောင့် အားလုံးတအံ့တသြဖြစ်ခဲ့ကြရပါတယ်။ မြန်မာငွေနဲ့ တွက်ကြည့်ပါက သူ့ကုမ္ပဏီမှာ အလုပ်လုပ်တဲ့ ဝန်ထမ်းတိုင်းဟာ ၁နှစ်ကို ကျပ်သိန်းပေါင်း ၉၅၀ထက် မနည်းရနေကြတာဖြစ်ပါတယ်။ ဒီလိုပေးခဲ့တာ အခုမှ မဟုတ်ပဲ ၂၀၁၅ ခုနှစ်ကတည်းက စတင်ပေးခဲ့တာဖြစ်ပါတယ်။

သူ့ကို ဒီလိုဖြစ်အောင်တွန်းအားပေးခဲ့တဲ့ဖြစ်ရပ်ကတော့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဖြစ်ခဲ့တာပါ။ အဲဒီအချိန်က သူနဲ့ သူ့ရဲ့မိန်းကလေးသူငယ်ချင်း Valerie တို့ Cascade တောင်ကို အပျော်တမ်းတက်နေကြတဲ့အချိန်ပါ။ တောင်တက်ပြီးတော့ အတူလမ်းလျှောက်ရင်း စကားပြောဖြစ်တယ်။ ဒီမှာတင် Valerie က သူ့ရဲ့အခက်အခဲတချို့ကို ဖွင့်ဟခဲ့ပါတယ်။ အကြွေးတွေတင်နေတဲ့အပြင် အိမ်ရှင်ကလည်း ၁လငှားခ ဒေါ်လာ ၂၀၀ ထပ်တင်လို့ အရမ်းအကြပ်အတည်းဖြစ်နေတယ် ဆိုတဲ့အကြောင်းပါ။

သူငယ်ချင်းရဲ့အကြောင်းကိုကြားတော့ Dan Price အံ့သြသွားသလို စိတ်မသက်မသာလည်းဖြစ်သွားတယ်။ Valerie က စစ်ဘက်ဆိုင်ရာမှာ ၁၁နှစ် အလုပ်လုပ်ခဲ့တယ်။ စစ်ဘက်ကထွက်တော့လည်း အလုပ် ၂ခုမှာ တပတ်နာရီ ၅၀ထက် မနည်းလုပ်နေတယ်။ ဒါတောင်မှ သူမရဲ့လုပ်ခဟာ အသုံးစရိတ်အတွက် မလုံလောက်ဘူးလား ဆိုပြီးတော့ပေါ့။ တကယ်တော့ Valerie ဟာ တလ လုပ်ခ ဒေါ်လာ ၃၀၀၀ ကျော်ရတဲ့သူဖြစ်ပြီး တနှစ်ကို ဒေါ်လာ ၄၀၀၀၀ လောက်ရပါတယ်။ ဒါပေမယ့် ဒီဝင်ငွေဟာ Seattle လိုနေရာမျိုးမှာတော့ အိမ်ကောင်းကောင်းဌားနိုင်ဖို့ မလုံလောက်ပါဘူး။ ဒီအချိန်မှာပဲ Dan Price ဟာ ငါ့ ဝန်ထမ်းတွေရော သူတို့လစာနဲ့ လုံလောက်ရဲ့လားလို့ တွေးမိသွားပါတယ်။

အလုပ်ကြိုးစားမှု နဲ့ အကွက်မြင်မှုတွေကြောင့် Dan Price ဟာ အသက် ၃၁နှစ်အရွယ်မှာတင် Gravity Payments ဆိုတဲ့ ခရက်ဒစ်ကဒ်ကုမ္ပဏီကို တည်ထောင်နိုင်ခဲ့ပြီး သန်းကြွယ်သူဌေးတယောက်ဖြစ်လာခဲ့တယ်။ ဖောက်သည် ၂၀၀၀ ကျော်ရှိပြီး အဲဒီကနေ တနှစ်ကို ဒေါ်လာ ၁.၁သန်းခန့် ရနေပါတယ်။ သူကသာ တနှစ်ကို ဒေါ်လာ ၁သန်းကျော် ဝင်နေပေမယ့် သူ့ဝန်ထမ်းတွေကို လေ့လာကြည့်တဲ့အခါမှာတော့ ဝင်ငွေနဲ့ အသုံးစရိတ် မလောက်ငှမှုတွေ မပြေလည်မှုတွေဖြစ်ကာ ခက်ခဲနေကြတာကို သွားတွေ့တယ်။ တကယ်တော့ Valerie ဆီက အခက်အခဲကို ကြားပြီးမှ အခုလို လေ့လာဖြစ်ခဲ့တာပါ။

ဒီမှာတင် Dan Price ဆုံးဖြတ်ချက်ချခဲ့ပြီး သူ့ကုမ္ပဏီရဲ့ ဝန်ထမ်း တယောက်ချင်းစီကို အနည်းဆုံး တနှစ်လုပ်ခအဖြစ် ဒေါ်လာ ၇၀၀၀၀ ပေးဖို့ သတ်မှတ်လိုက်ပါတယ်။ သူ့ကုမ္ပဏီမှာ ဝန်ထမ်းစုစုပေါင်း ၁၂၀ ရှိတဲ့အတွက် စုစုပေါင်းလိုက်ရင် သူ့ရဲ့တနှစ်အမြတ်ငွေထဲကနေ ၉၀% တောင်လျော့သွားတာဖြစ်ပါတယ်။ ရာခိုင်နှုန်း ၉၀% ကို ဝန်ထမ်းတွေကို ပေးပြီး သူကတော့ ကျန်တဲ့ ၁၀% ပဲ ယူလိုက်တာဟာ အတော်စွန့်စားဝံ့တဲ့ကိစ္စဖြစ်သလို တော်ရုံလူတယောက်လုပ်နိုင်ဖို့လည်း မလွယ်လှပါဘူး။

စီးပွားရေးအရတွက်မယ်ချက်မယ်ဆိုရင်လည်း ဒီအလုပ်မျိုးကို ဘယ်သူမှ လုပ်မှာမဟုတ်ပါဘူး။ ဒါပေမယ့် Dan Price ကတော့ လုပ်ခဲ့တယ်။ ၂၀၁၅ ခုနှစ်ကနေ အဲဒီအစီအစဉ် စလိုက်တာ အခုဆိုရင် ၅နှစ်ထဲရောက်လာပြီဖြစ်ပေမယ့် ဆက်လက်ပေးနိုင်နေဆဲပါ။ ဝန်ထမ်းအယောက်စီတိုင်းဟာ လုံလောက်တဲ့ဝင်ငွေရရှိသွားတာကြောင့် ငွေကြေးအခက်အခဲဆိုတာ သူတို့အတွက် မရှိတော့ပါဘူး။ Dan Price ကြောင့် သူ့ရဲ့ဝန်ထမ်းအားလုံး အိမ်ကောင်းကောင်းမှာနေပြီး ကားကောင်းကောင်းစီးနိုင်ကြပြီဖြစ်ပါတယ်။

Dan Price ဒီလိုပေးတဲ့အကြောင်းကို သိကြတဲ့အခါ ဒီအတိုင်းပေးနေပါက ကုမ္ပဏီရေရှည်ရပ်တည်နိုင်မှာ မဟုတ်ဘူးလို့ အများစုက ထင်ခဲ့ကြပါတယ်။ ၅နှစ်ကြာပြီးတဲ့နောက် ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ Dan Price ဟာ သူ့ကုမ္ပဏီရဲ့ ပြောင်းလဲလာမှုအချို့ကို ဖွင့်ဟခဲ့ပါတယ်။ “အခု ဆိုရင် သူ့ရဲ့ကုမ္ပဏီဟာ ၂၀၁၅ ခုနှစ်ကထက် ၃ဆပိုကြီးထွားလာတယ်။ အရင်က အိမ်ပိုင်တဲ့ဝန်ထမ်း အနည်းငယ်ရှိပေမယ့် အခုတော့ အိမ်ဝယ်နိုင်တဲ့ဝန်ထမ်း ၁၀ဆ တိုးလာတယ်။ ဝန်ထမ်း ၇၀% မှာ အကြွေးလုံးဝမရှိတော့ဘူး။ကုမ္ပဏီရဲ့၁လဝင်ငွေဟာလည်း ဒေါ်လာ ၄သန်းအထိရလာတယ်” ဆိုပြီးတော့ပါ။

တဦးကမေတ္တာ ၊ တဦးကစေတနာ ဆိုတဲ့ စကားအတိုင်းပါပဲ။ သူတို့အပေါ်ကောင်းတဲ့ ပိုင်ရှင်အပေါ်မှာ ဝန်ထမ်းတွေကလည်း သူတို့တတ်နိုင်သလောက် အစွမ်းကုန်ပြန်ကောင်းခဲ့ ပြန်ကြိုးစားပေးခဲ့ကြလို့အခုလိုပြောင်းလဲလာတာဖြစ်ပါတယ်။ စစပေးချင်းမှာတော့ မသိသာပေမယ့် ၅လခန့်အကြာမှာတော့ ကုမ္ပဏီဟာ သိသိသာသာ စတင်တိုးတက်ခဲ့ပြီး အခုဆိုရင် Dan Price ဟာလည်း အရင်ကထက်ပိုမိုကြွယ်ဝလာနေပြီဖြစ်ပါတယ်။ ဒီလိုဖြစ်လာမယ်ထင်လို့ ရည်ရွယ်ပြီး အခုလိုလစာပေးခဲ့ခြင်းမဟုတ်ပဲ သူ့ဝန်ထမ်းတွေရဲ့ အခက်အခဲကို ပြေလည်စေချင်စိတ်နဲ့သာ ပေးခဲ့ခြင်း ဖြစ်တယ်လို့ Dan Price က ဆိုပါတယ်။

ဝန်ထမ်းတွေပေါ်ကြည့်တဲ့သူဌေးအတွက် ဝန်ထမ်းတွေရဲ့စုပေါင်းပေးတဲ့ ကားလက်ဆောင်

——- ——— ——

(Zawgyi)

၀န္ထမ္းတေယာက္ကို ၁ႏွစ္လုပ္ခလစာ ေဒၚလာ ၇၀၀၀၀ ေပးတဲ့ သူေဌး

ဒီတခါေတာ့ ထူးထူးျခားျခား သူေဌးတေယာက္ရဲ႕ အေၾကာင္းကို ေ၀မွ်ခ်င္ပါတယ္။ သူ႔နာမည္ကေတာ့ Dan Price ျဖစ္ၿပီး ကုမၸဏီပုိင္ရွင္တေယာက္ျဖစ္တဲ့သူဟာ သူ႔ကုမၸဏီမွာ တာ၀န္ထမ္းေဆာင္တဲ့ ၀န္ထမ္းအေယာက္စီတုိင္းကို ၁ႏွစ္လုပ္ခလစာ အေနနဲ႔ ေဒၚလာ ၇ေသာင္း အနည္းဆုံး သတ္မွတ္ေပးခဲ့တာေၾကာင့္ အားလုံးတအံ့တၾသျဖစ္ခဲ့ၾကရပါတယ္။ ျမန္မာေငြနဲ႔ တြက္ၾကည့္ပါက သူ႔ကုမၸဏီမွာ အလုပ္လုပ္တဲ့ ၀န္ထမ္းတုိင္းဟာ ၁ႏွစ္ကို က်ပ္သိန္းေပါင္း ၉၅၀ထက္ မနည္းရေနၾကတာျဖစ္ပါတယ္။ ဒီလုိေပးခဲ့တာ အခုမွ မဟုတ္ပဲ ၂၀၁၅ ခုႏွစ္ကတည္းက စတင္ေပးခဲ့တာျဖစ္ပါတယ္။

သူ႔ကို ဒီလုိျဖစ္ေအာင္တြန္းအားေပးခဲ့တဲ့ျဖစ္ရပ္ကေတာ့ လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္က ျဖစ္ခဲ့တာပါ။ အဲဒီအခ်ိန္က သူနဲ႔ သူ႔ရဲ႕မိန္းကေလးသူငယ္ခ်င္း Valerie တုိ႔ Cascade ေတာင္ကို အေပ်ာ္တမ္းတက္ေနၾကတဲ့အခ်ိန္ပါ။ ေတာင္တက္ၿပီးေတာ့ အတူလမ္းေလွ်ာက္ရင္း စကားေျပာျဖစ္တယ္။ ဒီမွာတင္ Valerie က သူ႔ရဲ႕အခက္အခဲတခ်ဳိ႕ကို ဖြင့္ဟခဲ့ပါတယ္။ အေၾကြးေတြတင္ေနတဲ့အျပင္ အိမ္ရွင္ကလည္း ၁လငွားခ ေဒၚလာ ၂၀၀ ထပ္တင္လုိ႔ အရမ္းအၾကပ္အတည္းျဖစ္ေနတယ္ ဆုိတဲ့အေၾကာင္းပါ။

သူငယ္ခ်င္းရဲ႕အေၾကာင္းကိုၾကားေတာ့ Dan Price အံ့ၾသသြားသလုိ စိတ္မသက္မသာလည္းျဖစ္သြားတယ္။ Valerie က စစ္ဘက္ဆုိင္ရာမွာ ၁၁ႏွစ္ အလုပ္လုပ္ခဲ့တယ္။ စစ္ဘက္ကထြက္ေတာ့လည္း အလုပ္ ၂ခုမွာ တပတ္နာရီ ၅၀ထက္ မနည္းလုပ္ေနတယ္။ ဒါေတာင္မွ သူမရဲ႕လုပ္ခဟာ အသုံးစရိတ္အတြက္ မလုံေလာက္ဘူးလား ဆုိၿပီးေတာ့ေပါ့။ တကယ္ေတာ့ Valerie ဟာ တလ လုပ္ခ ေဒၚလာ ၃၀၀၀ ေက်ာ္ရတဲ့သူျဖစ္ၿပီး တႏွစ္ကို ေဒၚလာ ၄၀၀၀၀ ေလာက္ရပါတယ္။ ဒါေပမယ့္ ဒီ၀င္ေငြဟာ Seattle လုိေနရာမ်ဳိးမွာေတာ့ အိမ္ေကာင္းေကာင္းဌားႏုိင္ဖုိ႔ မလုံေလာက္ပါဘူး။ ဒီအခ်ိန္မွာပဲ Dan Price ဟာ ငါ့ ၀န္ထမ္းေတြေရာ သူတုိ႔လစာနဲ႔ လုံေလာက္ရဲ႕လားလုိ႔ ေတြးမိသြားပါတယ္။

အလုပ္ႀကဳိးစားမႈ နဲ႔ အကြက္ျမင္မႈေတြေၾကာင့္ Dan Price ဟာ အသက္ ၃၁ႏွစ္အရြယ္မွာတင္ Gravity Payments ဆုိတဲ့ ခရက္ဒစ္ကဒ္ကုမၸဏီကို တည္ေထာင္ႏုိင္ခဲ့ၿပီး သန္းၾကြယ္သူေဌးတေယာက္ျဖစ္လာခဲ့တယ္။ ေဖာက္သည္ ၂၀၀၀ ေက်ာ္ရွိၿပီး အဲဒီကေန တႏွစ္ကို ေဒၚလာ ၁.၁သန္းခန္႔ ရေနပါတယ္။ သူကသာ တႏွစ္ကုိ ေဒၚလာ ၁သန္းေက်ာ္ ၀င္ေနေပမယ့္ သူ႔၀န္ထမ္းေတြကို ေလ့လာၾကည့္တဲ့အခါမွာေတာ့ ၀င္ေငြနဲ႔ အသုံးစရိတ္ မေလာက္ငွမႈေတြ မေျပလည္မႈေတြျဖစ္ကာ ခက္ခဲေနၾကတာကို သြားေတြ႔တယ္။ တကယ္ေတာ့ Valerie ဆီက အခက္အခဲကို ၾကားၿပီးမွ အခုလုိ ေလ့လာျဖစ္ခဲ့တာပါ။

ဒီမွာတင္ Dan Price ဆုံးျဖတ္ခ်က္ခ်ခဲ့ၿပီး သူ႔ကုမၸဏီရဲ႕ ၀န္ထမ္း တေယာက္ခ်င္းစီကုိ အနည္းဆုံး တႏွစ္လုပ္ခအျဖစ္ ေဒၚလာ ၇၀၀၀၀ ေပးဖုိ႔ သတ္မွတ္လုိက္ပါတယ္။ သူ႔ကုမၸဏီမွာ ၀န္ထမ္းစုစုေပါင္း ၁၂၀ ရွိတဲ့အတြက္ စုစုေပါင္းလုိက္ရင္ သူ႔ရဲ႕တႏွစ္အျမတ္ေငြထဲကေန ၉၀% ေတာင္ေလ်ာ့သြားတာျဖစ္ပါတယ္။ ရာခုိင္ႏႈန္း ၉၀% ကို ၀န္ထမ္းေတြကို ေပးၿပီး သူကေတာ့ က်န္တဲ့ ၁၀% ပဲ ယူလုိက္တာဟာ အေတာ္စြန္႔စား၀ံ့တဲ့ကိစၥျဖစ္သလုိ ေတာ္ရုံလူတေယာက္လုပ္ႏုိင္ဖုိ႔လည္း မလြယ္လွပါဘူး။

စီးပြားေရးအရတြက္မယ္ခ်က္မယ္ဆုိရင္လည္း ဒီအလုပ္မ်ဳိးကို ဘယ္သူမွ လုပ္မွာမဟုတ္ပါဘူး။ ဒါေပမယ့္ Dan Price ကေတာ့ လုပ္ခဲ့တယ္။ ၂၀၁၅ ခုႏွစ္ကေန အဲဒီအစီအစဥ္ စလုိက္တာ အခုဆုိရင္ ၅ႏွစ္ထဲေရာက္လာၿပီျဖစ္ေပမယ့္ ဆက္လက္ေပးႏုိင္ေနဆဲပါ။ ၀န္ထမ္းအေယာက္စီတုိင္းဟာ လုံေလာက္တဲ့၀င္ေငြရရွိသြားတာေၾကာင့္ ေငြေၾကးအခက္အခဲဆုိတာ သူတုိ႔အတြက္ မရွိေတာ့ပါဘူး။ Dan Price ေၾကာင့္ သူ႔ရဲ႕၀န္ထမ္းအားလုံး အိမ္ေကာင္းေကာင္းမွာေနၿပီး ကားေကာင္းေကာင္းစီးႏုိင္ၾကၿပီျဖစ္ပါတယ္။

Dan Price ဒီလုိေပးတဲ့အေၾကာင္းကို သိၾကတဲ့အခါ ဒီအတုိင္းေပးေနပါက ကုမၸဏီေရရွည္ရပ္တည္ႏုိင္မွာ မဟုတ္ဘူးလုိ႔ အမ်ားစုက ထင္ခဲ့ၾကပါတယ္။ ၅ႏွစ္ၾကာၿပီးတဲ့ေနာက္ ၿပီးခဲ့တဲ့ ရက္ပုိင္းကေတာ့ Dan Price ဟာ သူ႔ကုမၸဏီရဲ႕ ေျပာင္းလဲလာမႈအခ်ဳိ႕ကို ဖြင့္ဟခဲ့ပါတယ္။ “အခု ဆုိရင္ သူ႔ရဲ႕ကုမၸဏီဟာ ၂၀၁၅ ခုႏွစ္ကထက္ ၃ဆပိုႀကီးထြားလာတယ္။ အရင္က အိမ္ပုိင္တဲ့၀န္ထမ္း အနည္းငယ္ရွိေပမယ့္ အခုေတာ့ အိမ္၀ယ္ႏုိင္တဲ့၀န္ထမ္း ၁၀ဆ တုိးလာတယ္။ ၀န္ထမ္း ၇၀% မွာ အေၾကြးလုံး၀မရွိေတာ့ဘူး။ကုမၸဏီရဲ႕၁လ၀င္ေငြဟာလည္း ေဒၚလာ ၄သန္းအထိရလာတယ္” ဆုိၿပီးေတာ့ပါ။

တဦးကေမတၱာ ၊ တဦးကေစတနာ ဆုိတဲ့ စကားအတုိင္းပါပဲ။ သူတုိ႔အေပၚေကာင္းတဲ့ ပုိင္ရွင္အေပၚမွာ ၀န္ထမ္းေတြကလည္း သူတုိ႔တတ္ႏုိင္သေလာက္ အစြမ္းကုန္ျပန္ေကာင္းခဲ့ ျပန္ႀကဳိးစားေပးခဲ့ၾကလုိ႔အခုလုိေျပာင္းလဲလာတာျဖစ္ပါတယ္။ စစေပးခ်င္းမွာေတာ့ မသိသာေပမယ့္ ၅လခန္႔အၾကာမွာေတာ့ ကုမၸဏီဟာ သိသိသာသာ စတင္တုိးတက္ခဲ့ၿပီး အခုဆုိရင္ Dan Price ဟာလည္း အရင္ကထက္ပိုမုိၾကြယ္၀လာေနၿပီျဖစ္ပါတယ္။ ဒီလုိျဖစ္လာမယ္ထင္လုိ႔ ရည္ရြယ္ၿပီး အခုလုိလစာေပးခဲ့ျခင္းမဟုတ္ပဲ သူ႔၀န္ထမ္းေတြရဲ႕ အခက္အခဲကို ေျပလည္ေစခ်င္စိတ္နဲ႔သာ ေပးခဲ့ျခင္း ျဖစ္တယ္လုိ႔ Dan Price က ဆုိပါတယ္။

Tags: amazing

Related Posts

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ
news

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ

ဒီတပတ်တော့ ပလပ်စတစ်ကို ခြေဖျက်တဲ့ bacterial cocktail လို့ခေါ်တဲ့ ရောနှောဘက်တီးရီးယားကို ဟန်ဂေရီက ဇီဝဓါတုပညာရှင် ၂ ဦး ဖန်တီးလိုက်တဲ့ အကြောင်း ပြောပြပေးပါမယ်။ Liz Madaras။ ။ “ကျမတို့က Poliloop ကုမ္ပဏီကို...

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

၁ ဂါလန်ကို ဒေါ်လာ ၃၉သန်း တန်တဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးအရည်
Amazing

၁ ဂါလန်ကို ဒေါ်လာ ၃၉သန်း တန်တဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးအရည်

ကမ္ဘာပေါ်မှာ ကင်းမြီးကောက်မျိုးစိတ်ပေါင်း ၂၀၀၀ ခန့်ရှိပေမယ့် ဒီအထဲက မျိုးစိတ် ၄၀ ခန့်ကသာ အဆိပ်ပြင်းထန်ပါတယ်။ တချို့ကင်းမြီးကောက်တွေရဲ့ အဆိပ်ကတော့ လူကို အသက်အန္တရာယ် ရှိစေနိုင်တဲ့အထိပြင်းထန်ပြီး ဒီအထဲမှာ deathstalker ကင်းမြီးကောက်တွေလည်း ပါဝင်ပါတယ်။ သူတို့ရဲ့အဆိပ်ရည်က အလွန်တန်ဖိုးရှိပြီး...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!