ဒီဓာတ်ပုံတွေကို အရင်က သုတဇုန် ပေ့ထဲမှာ နည်းနည်းစီတင်ပေးခဲ့ဖူးပါတယ်။ အခုတစ်ခါမှာတော့ တင်ခဲ့ဖူးသမျှထဲက ရှားပါးမြန်မာ့ပုံရိပ် ၅၀ ကို တစ်ခါတည်းကြည့်လို့ရအောင် စုပြီးတင်ပေးလိုက်ပါတယ်။
ဒီဓာတ်ပုံတွေကို နိုင်ငံခြားဝဘ်ဆိုဒ်အချို့ နဲ့ သိမ်းဆည်းထားသူတချို့ထံမှ ရယူထားတာဖြစ်ပါတယ်။ အဓိက ကတော့ British Library ကပါ။ ဓာတ်ပုံအများစုဟာ ၁၈၅၀ နဲ့ ၁၉၀၀ ဝန်းကျင်ကြားက ပုံရိပ်တွေဖြစ်ပြီး မြန်မာပြည်ကိုလာရောက်ခဲ့တဲ့ နိုင်ငံခြားသားဓာတ်ပုံဆရာတွေ ရိုက်ယူခဲ့တဲ့ဓာတ်ပုံတွေဖြစ်ပါတယ်။
မကြည့်ရသေးတဲ့မိတ်ဆွေတွေအတွက်တော့ အသစ်တွေပါပဲ..
ကြည့်ပြီးတဲ့ မိတ်ဆွေတွေလည်း ပြန်ကြည့်သွားပေါ့
ကဲ အတိတ်က မြန်မာ့ပုံရိပ်တွေကို စကြည့်နိုင်ပါပြီ
မော်လမြိုင် သင်္ဘောဆိပ် ၊ ၁၈၉၀ခုနှစ်
ဗန်းမော်မြို့မှ ရှမ်းလူမျိုးများ ၊ ၁၈၉၅ခုနှစ်
Toungine ရွာ ၊ သံလွင်မြစ်အနီး ၊ မော်လမြိုင် ၊ ၁၈၇၀ခုနှစ် လို့ ရေးထားပါတယ်။ မြန်မာလိုဘယ်လိုခေါ်လဲ သိရင်မန့်ခဲ့ကြပါဦး
ရွှေစည်းခုံဘုရား ၊ ပုဂံ ၊ ၁၈၅၅ခုနှစ်
သံလွင်မြစ် ၊ ၁၈၉၀ခုနှစ်
ရန်ကုန်က သင်္ဘောဆိပ်တစ်ခု ၊ ၁၈၅၅ခုနှစ်
ဗမာမိန်းမပျို ၊ ၁၈၈၀ခုနှစ်
ရေနံချောင်းမြို့အနီးက မန်ကျည်းပင် ၊ ၁၈၅၀ခုနှစ်
မေခ မလိခ မြစ်ဆုံ ၊ ၁၈၉၀ခုနှစ်
ရှမ်းတောင်ခြေက မြစ်တစ်စင်း ၊ ၁၈၈၆ခုနှစ်
အမရပူရ နန်းတော်လမ်း ၊ ၁၈၅၅ခုနှစ်
ဗမာလူမျိုးတစ်စု ၊ ၁၈၆၈ခုနှစ်
မန္တလေးက မုန့်လုပ်ငန်းတစ်ခု ၊ ၁၈၅၅ခုနှစ်
မုတ္တမမြို့ ၁၈၉၀ခုနှစ်