Tuesday, April 20, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အင်ကြင်းကျောက် အကြောင်း သိကောင်းစရာ

by Thutamm
August 10, 2019
Reading Time: 1min read
0
အင်ကြင်းကျောက် အကြောင်း သိကောင်းစရာ
Share on FacebookShare on Twitter

စုစည်းတင်ပြသူ- မောင်ဝင်းသူ

ဘူမိဗေဒပညာရှင်များက မြန်မာအခေါ် အင်ကြင်းကျောက်ကို Petrified Wood ဟူ၍လည်းကောင်း၊ Fossils Wood ဟူ၍လည်းကောင်း သတ်မှတ်ခေါ်ဆိုကြသည်။ အမှန်မှာ အင်ကြင်းကျောက်ဆိုသည်မှာ သစ်ပင်၏ပင်စည်တွင် ဒြပ်စင်များနေရာယူဝင်ရောက် မှုကြောင့် အသွင်ပြောင်းလာသော ကျောက်တစ်မျိုးပင်ဖြစ်သည်။

အဆိုပါ အင်ကြင်းကျောက်၏ အသွင်မပြောင်းခင် မူလသဘာဝဖြစ်သော သစ်ပင်ကြီးများသည် သဘာဝဘေးဒဏ် များကြောင့်ပြိုလဲကျခဲ့ပြီးနောက် ရေတိုက်စားမှုများ၊ ရွံ့နွှံများဖုံးလွှမ်း ကာ မြေထုအောက်သို့ တဖြည်းဖြည်းကျရောက်သွားခဲ့သည်။ ထိုသို့ မြေထုအောက် သို့ ရောက်သွားခဲ့သော်လည်း သစ်ပင်များ၏ တစ်ရှူးဆဲလ်များသည် သေဆုံးပျောက် ကွယ်ခြင်းမရှိပေ။ သစ်ပင်၏ တစ်ရှူးဆဲလ်ပေါက်လေးများတဆင့် ရေ၌ပျော်ဝင်သယ်ဆောင်လာသော စီလီကာဓာတ ်များက အဆိုပါ သစ်ပင်၏ ကိုယ်ထည်အတွင်းသို့ စီးဆင်းဝင်ရောက်၍ နေရာယူ လာခဲ့သည်။

ထို့နောက် ကမ္ဘာမြေကြီး၏ ဖိအားများကဲ့သို့သော သဘာ၀ အပူရှိန်များကြောင့် ရေငွေ့ပျံတက်ခြင်း အလေ့အထအရ အဆိုပါ သစ်ပင်ကြီးများ၏ ကိုယ် ထည်များအတွင်း တစ်ရှူးဆဲလ်ပေါက်လေးများမှတဆင့် ဝင်ရောက်နေရာယူထားသော ဒြပ်စင်များနှင့်ရောနှောနေသော ရေများ သည် ရေငွေ့ ပျံသွား သည့်အခါ သစ်ပင်ကြီးများ၏ ကိုယ်ထည်များအတွင်း သတ္တုဒြပ်စင်( Minerals)များက ကြွင်းကျန်နေခဲ့သည်။

ထိုမှတဆင့် ဖိအားအများကြောင့် သစ်ပင်ကြီးများ၏ ကိုယ်ထည်သိပ် သည်းမှုမှာ ပိုမိုကြံ့ခိုင်လာစေသည်။ အဆိုပါ အခြေအနေများကြောင့် သစ်ပင်ကြီးများသည် အသွင်ပြောင်းလဲကာ နှစ်သန်းပေါင်းများ အချိန်ကြာမြင့်သည့်အခါတွင် သတ္ထုဒြပ်များနေရာယူဝင်ရောက် မှုကြောင့် အသွင်ပြောင်းမှု (Permineralzation)များကြောင့် ကျောက်အဖြစ်သို့ပြောင်း လဲသွားရခြင်းဖြစ်ကြောင်း လေ့လာမှတ်သားရသည်။

အင်ကြင်းကျောက်မျက်များသည် အရောင်အသွေးများစုံလင်စွာရှိသည်။ ထိုသို့ အရောင်အသွေးများ ကွဲပြားခြားနား၍ ဖြစ်ပေါ်ပြောင်းလဲလာရခြင်းမှာ စီလီကာဓာတ်အပြင် သတ္တုဒြပ်စင်( Minerals)များဖြစ်သော ကာဗွန်၊ ကိုဘော့၊ ခရိုမီယန်၊ ကော့ပါး၊ အိုင်းရွန်းအောက်ဆိုဒ်၊ မင်းဂနီ(စ်)(Manganesn)၊ မင်းဂနီ အောက်ဆိုဒ်)(Manganesn Oxides) စသည့် သတ္တုဒြပ်များ၏ ဂုဏ်သတ္တိ များကြောင့်ဖြစ်ပေသည်။

သစ်ပင် ကြီးများ၏ ကိုယ်ထည်အတွင်းသို့ တစ်ရှူးဆဲလ်ပေါက်လေးများ မှတဆင့် သတ္တုဒြပ်စင်( Minerals)များဝင်ရောက်နေရာ ယူသည့်အခါ ကာဗွန်ဒြပ်စင်များပြား ခဲ့ပါ က အနက်ရောင်၊ ကိုဘော့ဒြပ်များပြားခဲ့ပါက အပြာနှင့်အစိမ်းရောင်၊ ခရိုမီယန် ဒြပ်များပြားခဲ့ပါက အစိမ်းနှင့် အပြာရောင်၊ ကော့ပါဒြပ်များပြားခဲ့ပါက အစိမ်းရောင်၊ အိုင်းရွန်းအောက်ဆိုဒ်များပြားခဲ့ပါက မန်းကျည်းမှည့်ရောင်၊ မင်းဂနီ(စ်)ဒြပ်များပြားခဲ့ပါက လိမ္မော်ရောင်၊ ပန်းကြားရောင်၊ မင်းဂနီ(စ်)အောက်ဆိုဒ်များပြားခဲ့ပါ က မီးခိုရောင်နှင့်အဝါရောင်များ အဖြစ်သို့ ပြောင်းလဲဖြစ်ပေါ်စေတတ်ကြောင်း သိရသည်။

အင်ကြင်းကျောက်များအား မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့ နိုင်ငံပေါင်း (၂၅)နိုင်ငံတွင် တွေ့ရှိနိုင်ကြောင်း ဖော်ပြထားသည်။ အင်ကြင်းကျောက် ထွက်ရှိရာ နိုင်ငံနှင့် ထွက်ရှိရာ ဒေသများမှာ- Argentina, Australia, Belgium, Brazil,Canada China, Czech Republic, Ecuador, Egypt, France, Germany, Greece, India, Indonesia, Israel, Italy, Libya, Namibia, New Zealand, Saudi Arabia, Sudan, Thailand, Ukraine, United Kingdom, United States စသည့်တို့ဖြစ်ကြသည်။ ကျန် အခြားတိုင်းပြည်များတွင် အင်ကြင်းကျောက်ထွက်ရှိခြင်းမရှိကြောင်း သိရသည်။ ထို့ကြောင့် အင်ကြင်းကျောက်သည် ကမ္ဘာ့ကျောက်မျက်ဈေးကွက်ဝင် ကျောက်တစ်မျိုးဖြစ်လာခဲ့ရသည်။

မြန်မာနိုင်ငံမှာတွေ့ရတဲ့ အင်ကြင်းကျောက်ဖြစ်ရုပ်ကြွင်းမျိုးတွေရဲ့သက်တမ်းဟာ လွန်ခဲ့သောနှစ်ပေါင်း (၇)သန်းအထိပင်ရှိနိုင်သည်။ ဘူမိဗေဒအခေါ်အရ ဧရာဝတီ ကျောက်လွှာစု ထဲမှာ တွေ့ရှိရပါတယ်။ ဧရာဝတီ ကျောက်လွှာစုဟု မခေါ်ခင်က ရေနံချောင်းဒေသတွင် fossil wood များ အလွန်များပြားစွာတွေ့ရှိခဲ့ရသောကြောင့် Fossil Wood Group ဟုပင် အမည်ပေးခဲ့ဖူးသည်။

ယနေ့မြန်မာနိုင်ငံမှာ အင်ကြင်းကျောက်တွေကို သတ္တုမဟုတ်တဲ့ ကုန်ကြမ်း နဲ့ အလှဆင်ပစ္စည်းအဖြစ် သတ္တုတွင်းဝန်ကြီးဌာနက ကုန်သွယ်ရောင်းချခြင်းကို ဥပဒေအရကန့်သတ်ထားပြီး ဖြစ်ပါတယ်။

အင်ကြင်းကျောက်၏ တန်ဘိုးမြင့်မားစေနိုင်သော ကျောက်အရည်အသွေးအား သတ်မှတ်ချက်(၈)ချက်ရှိကြောင်း သိရသည်။ ၎င်းအချက်များမှာ

(၁) အလင်းပေါက် ကျောက်သားဖြစ်နေရမည်( Stone is transparpont)။

(၂) မဟူရာ(သို့) အိုပယ် ခရစ်စတယ် ကျောက်သားမျိုးဖြစ်နေရမည်( Stone is Agatzed (or) Opalzed) ။

(၃) အရောင်များစွာပါရှိရမည်( Somany Colour in same stone)။

(၄) သစ်ပင်ကဲသို့ အကြောအမျှင်များ ထင်ရှားစွာပါရှိရမည်( Gains patt- ern shows up distinctly)။

(၅) အခေါက်လှပရမည် ( Bark pattern shows up distinctly)။

(၆) စိတ်ဝင်စား ဖွယ်ရာကောင်းသော ပါရှိခြင်းများ( ဥပမာ အကိုင်းအခက်များ၊ အင်းဆက်များ) ( Interseting thngs drushing duzzg Iseart)။

(၇) တောက်ပ၍ လှပသော အရောင်များရှိခြင်း( Bright and pretty colour)။

(၈) တိကျလှပသော လုံးပတ်ရှိခြင်း( Inter round intact) စသည့် အချက်များနှင့် ပြည့်စုံသော အင်ကြင်းကျောက်များသည် ကမ္ဘာ့ဈေးကွက်ဝင် အင်ကြင်းကျောက်များဖြစ်ကြသည်။

Win Thura Aung

ကိုးကား

-ဦးလှမြင့်၊ မြန်မာနိုင်ငံဘူမိဗေဒ
-ဝီကီပီးဒီးယား
-ကိုတိုး၊ ချင်းတွင်း

Tags: knowledgeplants

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!