ရေးသားသူ – Ohn Mar Oo
မြန်မာမှာ သဘာဝက ပေးထားတဲ့ တော ၅ ခု ရှိပါတယ်။ အဲဒါတွေကတော့ အများစု သိကြပြီးဖြစ်တဲ့ ဝါးတော ၊ အင်ကြင်းတော ၊ အုန်းတော ၊ ထန်းတော နဲ့ ညောင်တော တို့ပဲဖြစ်ပါတယ်။
(၁) ဝါးတော
မြန်မာပြည်မှာရှိတဲ့သဘာဝအလှထဲမှာ မသိမဖြစ်ကတော့ ဝါးဖြစ်ပြီး ဝါးတောတွေဟာ နိုင်ငံအတွက်သာမက ကမ္ဘာ့ခရီးသွားသူတွေအတွက် လေ့လာစရာနေရာတခုဖြစ်ပါတယ်။
(၂) အင်ကြင်းတော
ပုဂံဖက်မှာရှိနေတဲ့ ဇအိုသစ်လှကျေးရွာဟာ မသွားမဖြစ်သွားပြီး လေ့လာသင့်တဲ့နေရာတခုပါ။ အင်ကြင်းပင်ပေါင်း ၆၀၀၀ခန့်ရှိပြီး နှစ်တစ်ရာခန့်ရှိတဲ့ မကျီးပင်ကြီးဟာလည်း အင်မတန်တန်ဖိုးထားစရာ သစ်ပင်ဖြစ်သလို ဒီလိုရှားပါးသစ်ပင်တွေရှိနေခြင်းဟာ နိုင်ငံဂုဏ်ကိုဆောင်သလို ကမ္ဘာ့ခရီးသွားသူတွေအတွက် ကြည့်ရှူစရာစာရင်းဝင်ပါတယ်။
(၃) အုန်းတော
ငွေဆောင်၊ ငပလီအစရှိတဲ့ ကမ်းခြေတလျှောက်မှာ ရှူမငြီးတဲ့ သဘာဝအုန်းတောတွေဟာ တကူးတကသွားရောက်အနားဖြေစရာနေရာတခုဖြစ်သလို သဘာဝ အလှတခုအဖြစ် မြန်မာပြည်မှာရှိနေပါတယ်။
(၄) ထန်းတော
မြန်မာပြည်အနှံအပြားမှာတွေ့ရတတ်ပါတယ်။ အထူးသဖြင့် အညာကထန်းတောတွေဟာ နာမည်ကြီးပါတယ်။ မော်လမြိုင်မြို့အဝင်လမ်းမှာ ကွေးကွေးလေးရှိနေတဲ့ ထန်းပင်တောလေးရယ်၊ ပုဂံဖက်မှာရှိနေတဲ့ထန်းပင်တောလေးတွေရယ်၊ မန္တလးမှာရှိတဲ့ ထန်းပင်အုပ်တွေဟာ သဘာဝအလှသာမက မြင်သူတိုင်းရင်အေးစေပါတယ်။
(၅) ညောင်တော
ပင်းတယမှာရှိတဲ့ ညောင်တောကြီးဟာ နှစ်ရာချီသက်တန်းရှိပြီဖြစ်တဲ့ ညောင်ပင်ကြီးတွေနဲ့ ပင်းတယဒေသရဲ့ အထိမ်းအမှတ် အဖြစ်ရှိနေပြီး မြင်သူတိုင်းအတွက်အမှတ်ရစေပါတယ်။
Ohn Mar Oo