Via : သုတကြယ်စင်
၁။ တရုတ်နံနံကြီး (Celery)
လူတွေဟာ များသောအားဖြင့် တရုတ်နံနံကြီးရွက်ကို ဟင်းအရည်သောက် လုပ်စားတဲ့အခါမှာ ထည့်လေ့ရှိပါတယ်။ တကယ်လို့အဲ့လို လုပ်စားမယ်ဆိုရင် လုပ်ထားတဲ့ အရည်သောက်ဟင်းရည်ကို တစ်ခါတည်း ကုန်အောင် စားပစ်သင့်ပါတယ်။ တကယ်လို့ ပြန်အပူပေး/ပြန်နွှေးစားမယ်ဆိုရင်လည်း တရုတ်နံနံကြီးအရွက်တွေကို ဖယ်ပြီးမှ နွှေးစားသင့်တယ်လို့ဆိုထားပါတယ်။ သူ့ရဲ့ ဆိုးကျိုးဟာလည်း ဟင်းနုနွယ်ရွက်လိုပဲ နိုင်ထရစ် အက်စစ်ကနေ ကင်ဆာရောဂါဖြစ်စေနိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။
၂။ သကြားမုံလာ (Beets)
သကြားမုံလာဟာဆိုရင်လည်း နိုက်ထရိတ် ဓာတ်ဆားပါတဲ့ အစားစာတစ်မျိုး ဖြစ်ပါတယ်။ သူ့ကို ပြန်နွှေးစားမယ်ဆိုရင် ခန္ဓာကိုယ်အတွက် အလွန်ပဲ အန္တရာယ်ရှိစေနိုင်သလို ပျက်ဆီးစေနိုင်ပါတယ်။ ကင်ဆာရောဂါလည်း ဖြစ်စေနိုင်ပါတယ်။
၃။ အာလူး (Potato)
အာလူးမှာ ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ အများကြီးရှိတဲ့အတွက် အလွန်ပဲ အသုံးဝင်ပါတယ်။ ဒါပေမယ့်လည်း ချက်ပြီးသား အားလူးကို တစ်ရက်တည်းမှာ ကုန်အောင်မစားနိုင်ဘူးဆိုရင်တော့ အဲ့ဒီ အကျိုးကျေးဇူးတွေ မရနိုင်ဘူး/ပျောက်ဆုံးသွားပါမယ်။ အာလူး ချက်ထားပြီးသားကို နောက်ရက်မှ စားခြင်းနှင့် ပြန်နွှေးစားခြင်းဟာ သင့်ခန္ဓာကိုယအတွက် အသုံးဝင်မယ့်အစား အန္တရာယ် ဖြစ်စေနိုင်တယ်လို့ ဆိုထားပါတယ်။
၄။ ကြက်/ဘဲဥ (Eggs)
ကြော်ထား ပြုတ်ထားတဲ့ ကြက်/ဘဲဥကြော်ကို ပြန်နွှေးစားခြင်းဟာ သင့်ရဲ့ organisms တွေကို သေစေနိုင်တယ်လို့ဆိုထားပါတယ်။
၅။ မှို (Mushrooms)
ပြန်နွှေးထားတဲ့ မှိုကိုစားခြင်းဟာ ကျန်းမာရေးအတွက် ဆိုကျိုးတွေကိုဖြစ်စေပါတယ်။ ဥပမာ- အစာခြေခြင်း/ချက်ခြင်း နှင့် နှလုံးကို ထိခိုက်စေနိုင်တယ်လို့ ဆိုထားပါတယ်။
ကျန်းမာ ပျော်ရွှင်သော မိသားစုဘဝ ပိုင်ဆိုင်နိုင်ကြပါစေ။