Saturday, April 17, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

မြောက်ကိုရီးယားက ထူးထူးခြားခြား ၁၀၅ထပ် ဟိုတယ်ကြီးအကြောင်း

by Thutamm
July 25, 2019
Reading Time: 1min read
0
မြောက်ကိုရီးယားက ထူးထူးခြားခြား ၁၀၅ထပ် ဟိုတယ်ကြီးအကြောင်း
Share on FacebookShare on Twitter

မြောက်ကိုရီးယားရဲ့မြင်ကွင်းတွေကိုပြတဲ့အခါ ပိရမစ်ပုံစံ ချွန်ချွန်အဆောက်အဦးကြီးတစ်ခုကို အမြဲလိုလိုမြင်တွေ့ကြရမှာဖြစ်ပါတယ်။

ဒီအဆောက်အဦးကတော့ Ryugyong ဟိုတယ်ဖြစ်ပါတယ်။

အဓိပ္ပါယ်ကတော့ မိုးမခပင်တွေရဲ့မြို့တော်လို့ အဓိပ္ပါယ်ရပါတယ်။

၁၀၅ထပ် အဆောက်အဦးဖြစ်တဲ့အတွက် ကမ္ဘာမှာတော့ ၁၀၅ထပ် ဟိုတယ်လို့သိကြပါတယ်။

Ryugyong ဟိုတယ်ဆိုတာ ကင်ဂျုံအမ်းရဲ့အဘိုးဖြစ်သူရဲ့ ညွှန်ကြားချက်နဲ့ ဆောက်လုပ်ခဲ့တာဖြစ်ပြီး ကမ္ဘာ့အကြီးဆုံးဟိုတယ်တွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။

အမြင့်ပေ ၁၀၈၀ပေရှိပြီး ပိရမစ်ပုံစံတည်ဆောက်ထားတဲ့မိုးပျံအဆောက်အဦးဟာ မြောက်ကိုရီးယားမြို့တော် ပြုံးယမ်းမှာ တည်ရှိပါတယ်။

အဆောက်အဦးရဲ့ ဘေးပတ်ပတ်လည်မှာ တောင်ပံ ၃ခုပါရှိပါတယ်။ တစ်ခုစီကို အလျား ၃၃၀ပေ အနံ ၅၉ပေရှိပြီး ၇၅ဒီဂရီစီစောင်းကာ တည်ဆောက်ထားပါတယ်။

အဆောက်အဦးတစ်ခုလုံးရဲ့အကျယ်အဝန်းဟာ ၃၆၀၀၀၀ စတုရန်းမီတာရှိပါတယ်။ ဟိုတယ်လို့ဆိုပေမယ့် အိပ်ခန်းပေါင်း ၃၀၀၀ အပြင် စားသောက်ဆိုင်တွေ ၊ တိုက်ခန်းတွေ ၊ ရုံးခန်းတွေကိုလည်း ထည့်သွင်းတည်ဆောက်ဖို့ ဒီဇိုင်းဆွဲခဲ့ပါတယ်။

ဒီဟိုတယ်တည်ဆောက်ပြီးစီးတဲ့အခါ စီးပွားရေးလုပ်ငန်းတွေကို စုစည်းစေမှာဖြစ်တဲ့အပြင် ခရီးသွားလုပ်ငန်းကနေ ဝင်ငွေအမြောက်အများရရှိစေလိမ့်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။

ဒီဟိုတယ်ကြီးကို ၁၉၈၇ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး ၁၉၉၂ခုနှစ်မှာတော့ မြောက်ကိုရီးယားကိုအထောက်အပံ့ပေးနေတဲ့ ဆိုဗီယက်ပြိုကွဲပြီးနောက် မြောက်ကိုရီးယားဟာ စီးပွားရေးအကျပ်အတည်းထဲရောက်ခဲ့တဲ့အတွက် ဟိုတယ်တည်ဆောက်ခြင်းကို ရပ်တန့်ခဲ့ရပါတယ်။

အဲဒီအချိန်တုန်းက ကမ္ဘာ့အမြင့်ဆုံးဟိုတယ်အဖြစ် တည်ရှိခဲ့ပါတယ်။ ရပ်တန့်ခဲ့တဲ့အချိန်မှာ ပြတင်းပေါက်တစ်ပေါက်တစ်လေနဲ့ အတွင်းဘက်ပြင်ဆင်မှုတွေမပြီးသေးပါဘူး။

နှစ်ပေါင်း ၁၆နှစ်နီးပါးရပ်တန့်ခဲ့ပြီး ၂၀၀၈ခုနှစ်မှာတော့ ဟိုတယ်တည်ဆောက်ရေးကို ပြန်လည်စတင်ခဲ့ပြီး ၂၀၁၁ခုနှစ်မှာတော့ အပြင်ပိုင်းတည်ဆောက်မှုပြီးစီးခဲ့ပါတယ်။

တပ်ထားတဲ့မှန်တွေချည်းပဲရဲ့တန်ဖိုးတင် ဒေါ်လာ သန်း ၁၄၀ ဝန်းကျင်ရှိပါတယ်။

ဒီဟိုတယ်ကြီးကို ၂၀၁၂ခုနှစ် ကိုရီးယားခေါင်းဆောင် Kim Il-sung ရဲ့ ၁၀၀နှစ်မြောက် မွေးနေ့အမီဖွင့်ဖို့ အစီအစဉ်ရှိခဲ့ပေမယ့် လက်တွေ့မှာတော့ ဖြစ်မလာခဲ့ပါဘူး။

အဲဒီနောက်တော့ ၂၀၁၃ခုနှစ်မှာ အပြည့်မဟုတ်တောင် တစ်စိတ်တစ်ပိုင်းဖွင့်မယ်လို့ ထပ်ကြေငြာခဲ့ပါတယ်။

ဂျာမန် ဟိုတယ်လုပ်ငန်း Kempinski AG နဲ့ ဆောက်လုပ်ခဲ့ပေမယ့် ဒီအစီအစဉ်ဟာလည်းပြီးဆုံးတဲ့အထိဖြစ်မလာပဲ ပျက်စီးသွားခဲ့ပြန်ပါတယ်။

ယခု ၂၀၁၇ခုနှစ်တိုင်အောင် ဒီဟိုတယ်ကြီးကို မဖွင့်လှစ်ရသေးသလို ပြီးဆုံးအောင်တည်ဆောက်ခြင်းလည်း မပြုလုပ်တော့ပါဘူး။

ဒါကြောင့်လည်း Ryugyong ဟိုတယ်ကို ဆောက်လုပ်မှုမပြီးစီးတဲ့ ကမ္ဘာ့အမြင့်ဆုံးဟိုတယ်အဖြစ် သတ်မှတ်ထားခြင်းဖြစ်ပါတယ်။

ကမ္ဘာတစ်လွှားကမီဒီယာတွေမှာတော့ ဒီဟိုတယ်ကို အဆိုးရွားဆုံးဟိုတယ် လူမနေနိုင်တဲ့ Ghost ဟိုတယ်စသည်ဖြင့် သတ်မှတ်ထားပါတယ်။

မပြီးဆုံးတဲ့ ဒီဟိုတယ်တည်ဆောက်မှုဟာ မြောက်ကိုရီးယားရဲ့စီးပွားရေး ၃% ကျဆင်းစေခဲ့ပါတယ်။

VIDEO

Tags: world places

Related Posts

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်
Places

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်

ဟိုတယ် ဆိုတာဟာ အပန်းဖြေ နားခိုဖို့အပြင် အစားအစာနဲ့ အခြားဝန်ဆောင်မှုတွေ ရရှိနိုင်တဲ့ နေရာတခုဆိုတာ အားလုံးသိပြီးသားပါ။ ဟိုတယ်တွေဟာ အလွန်ဆုံးအနေနဲ့ ဒီဘက် ရာစုနှစ်တွေမှာမှ စတင်ပေါ်ပေါက်လာတာ လို့ ထင်စရာရှိပေမယ့် ကမ္ဘာပေါ်က အစောဆုံးဟိုတယ်အဖြစ် သတ်မှတ်ခံထားရတဲ့ ဒီဟိုတယ်ကတော့...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ
Knowledge

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ

အရင်တခါကတော့ ကမ္ဘာ့အကြီးဆုံး ဘောလုံးကွင်းကြီး ၁၀ ခု ရဲ့ အကြောင်းကို တင်ခဲ့ပြီးပါပြီ။ ဒီတခါတော့ ပရိသတ်ဝင်ဆံ့မှုအရ ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီး ၅ ခုရဲ့ အကြောင်း ကို ထပ်ပြီးတော့ ဝေမျှလိုက်ပါတယ်။ အားကစား ဆိုတဲ့အတွက်ကြောင့်...

မြန်မာပြည်မြောက်ဖျားက ဆီနှင်းများ ဖုံးလွှမ်းနေတဲ့ ရွာကလေး
Places

မြန်မာပြည်မြောက်ဖျားက ဆီနှင်းများ ဖုံးလွှမ်းနေတဲ့ ရွာကလေး

ရေးသားသူ - Wai Lin Photo - Sar Aung Marphang မြန်မာပြည်အစွန်အဖျားမှာ ဆီနှင်းတွေ အမြဲဖုံးလွှမ်းနေတဲ့ ရွာလေးတစ်ရွာရှိပါတယ်။ သွားရေလာရေးခက်ခဲပေမယ့် ဥရောပလို လှပတဲ့ ဆီနှင်းတွေရှိတဲ့ ရွာလေးပါ။ ရွာနာမည်က ရှိန်းခေါင်ဖြစ်ပြီး လူဦးရေ ၁၅၀၀...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!