Thursday, April 15, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အောင်မြင်ခြင်းအတွက် စိတ်ခွန်အားပေးတဲ့စာတစ်ပုဒ်

by Thutamm
August 12, 2019
Reading Time: 1min read
0
အောင်မြင်ခြင်းအတွက် စိတ်ခွန်အားပေးတဲ့စာတစ်ပုဒ်
Share on FacebookShare on Twitter

လူတိုင်းသည် ကိုယ့်ဘဝကို အောင်မြင်ဖို့ကြိုးစားနေကြတယ်။ ဒါပေမယ့်လူတိုင်းမအောင်မြင်ကြဘူး။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ဘဝကို ကိုယ်အရင်သိအောင်မလုပ်ကြဘူး၊ ကိုယ့်နဲ့သင့်တော်တဲ့အလုပ်၊ ကိုယ်ရရှိတဲ့ဝင် ငွေကိုလည်း မချိန်တွယ်မစဉ်းစားတတ်ဘူး။ အောင်မြင်လိုလျင်အချက်(၄)ချက်ကို အရင်ကြည့်ရအောင်။

(၁) စဉ်းစားပါ–
ဘာကိုစဉ်းစားရမှာလဲ ?
အခုငါဘယ်ဘဝရောက်နေတာလဲ ? အခုငါသုံးနေတဲ့ငွေဟာ ငါ့ဘဝနဲ့ကိုက်ရဲ့လား? ငါ့အလုပ်ဝင်ငွေနဲ့ကိုက်ရဲ့လား? ငါ့ဘဝနဲ့သင့်တော်ရဲ့လားဆိုတာကိုပေါ့၊

(၂) ကြိုးစားပါ —
ကိုယ်လုပ်နေတဲ့အလုပ်ကို ပျော်သည်ဖြစ်စေ မပျော်သည်ဖြစ်စေ ကိုယ်လုပ်ရတဲ့အလုပ်ကို ကြိုးကြိုးစားစားလုပ်ရတယ်၊ ကိုယ်တတ်နိုင်သလောက်ပေါ့ ၊ ကိုယ်ကသူများဆီမှာလုပ်ရသည်ဖြစ်စေ ကိုယ်ပိုင်ဖြစ်စေ ကြိုးစားဖို့လိုအပ်တယ် အဓိကကတော့ သူများအလုပ်ဆိုရင်ပိုပြီးတော့အရေးကြီးတယ်၊ ( ကြိုးစားသူအတွက်အခွင့်ရေးဟာ မလွဲမသွေရောက်လာမဲ့ အရာပါပဲ )

(၃) ယုံကြည်အောင်နေပါ —
ကိုယ်ကအလုပ်သမားဖြစ်ဖြစ် အလုပ်ရှင်ဖြစ်ဖြစ် ကိုယ့်ရဲ့အကြီးအကဲ ကိုယ့်လက်အောက်ငယ်သားတွေရဲ့ယုံကြည်မှုကို ရဖို့လိုအပ်တယ် အဓိက ကတော့ ကိုယ်စိတ်ကိုကိုယ်က ယုံကြည်နေဖို့လိုအပ်တယ်။ အလုပ်ရှင်အများစုဟာ ယုံကြည်မှုတွေနဲ့ပဲတည်ဆောက်တာများတယ်။ ဒါကြောင့် ကိုယ်ရဲ့ ကတိကို မဖျက်ဆီးပါနဲ့၊ ကိုယ်မပေးနိုင်တဲ့ကတိကိုလည်း မပေးနဲ့ ပေးပြီးရင်လည်းတည်အောင်လုပ်ဖို့အရေးကြီးတယ်၊ ဒါမှယုံကြည်မှာလေ။

(၄) မျက်နှာထားကို ပြင်ပါ —
ကံ ခြင်းတူလျှင် ဉာဏ်ရှိသူက အမြဲအနိုင်ရတယ်၊ ဉာဏ်ခြင်းတူလျှင် ဝိရိယရှိသူက အမြဲအနိုင်ရတယ်၊ ဝီရိယရှိသူခြင်းတူလျှင် စည်းကမ်းရှိသူက အမြဲအနိုင်ရတယ်၊ စည်းကမ်းရှိသူချင်းတူလျှင် စေတနာရှိသူက အမြဲအနိုင်ရတယ်၊ စေတနာရှိသူခြင်းတူလျှင် ရိုးသားဖြောင့်မတ်သူက အမြဲအနိုင်ရတယ်၊ ရိုးသားဖြောင့်မတ်သူခြင်းတူလျှင် အပြောချိုသာသူက အမြဲအနိုင်ရတယ်၊ အပြောချိုသာဖို့ဆိုရင် မိမိမျက်နှာအများကြီးမူတည်တယ်လေ ၊ ချိုသာတဲ့မျက်နှာနဲ့ပြောဆိုဆက်ဆံရင် ၅၀% က အလိုလို အောင်မြင်ပြီးသားပါ။

အလုပ်လုပ်နေတဲ့လူဟာ ကျရှုံးသည်ဖြစ်စေ ၊ အောင်မြင်သည်ဖြစ်စေ ၊ ဂုဏ်ယူနေရမယ် ။ ကျရှုံးမှာကြောက်လို့ အလုပ်ကို မလုပ်တော့ဘူးဆိုရင် ဘာမှလဲဖြစ်လာမှာမဟုတ်ဘူးလေ ၊ ´´သစ်ပင်မြင့်လေ လေတိုက်ခံရလေ´´ တဲ့ လေဆိုတဲ့လောကဓံကို ကြေက်နေရင် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဆိုတာ ပေါ်လာမှာမဟုတ်တော့ဘူးလေ ၊ လောကဓံကို ခံနိုင်အောင်မွေးမြူရမယ် ။

ကိုယ်ကျရှုံးခဲ့ရင်တောင် ဘာတွေပဲရှုံးရှုံး အဲဒီအရှုံးထဲက အမြတ်ကို ရှာဖွေတတ်ရမယ်လေ ။ ကိုယ်လုပ်လိုက်တဲ့အမှား ကဘာလဲ နောက်တခါ ဘယ်လိုမမှားအောင်လုပ်ရမလဲဆိုတာကို လေ့လာနေရမယ် ဘာကြေင့်လဲဆိုတော့ အရှုံးဆိုတာ အမြဲမှ မဟုတ်တာ ရှုံးတယ်ဆိုတာ အများအားဖြင့်ငွေကြေးပါပဲ၊ ဒါကြောင့်စိတ်ဓာတ်မကျပါနဲ့ ၊ စိတ်ဓာတ်ကျတယ်ဆိုတာ လူညံ့တွေအလုပ်ပါ ။

ငွေကြေးရှုံးတယ်ဆိုတာ အသေးအမွှားပါပဲ၊ ငွေ ဆိုတာပြန်ရှာလို့ရတဲ့အရာပဲလေ ။ အဓိက ကတော့စိတ်ဓာတ် မကျဖို့ပဲ စိတ်ဓာတ်ကျရင်တော့ မင်းဘဝဟာ ရေစုံမျောပြီသာမှတ်တော့ ။ ဒီဂရီတွေရသည်ဖြစ်စေ မရသည်ဖြစ်စေ အခုလောလောဆယ် ဘယ်လောက်အောင်မြင်နေသည်ဖြစ်စေ စိတ်ဓာတ်သာကျနေရင် အဲဒီလူရဲ့ ဘဝဟာ လုံးဝဆုံးရှုံးနေပြီလေ ၊ ကိုယ်ကစိတ်ဓာတ်ကျနေရင် ကိုယ်စိတ်ဓာတ်ကျနေသည့်အတွက် ကိုယ်မှာစိတ်ချမ်းမှုဆိုတာ ဘယ်တော့မှ မဖြစ်နိုင်တော့ဘူး ၊ ငွေကြေးအောင်မြင်ဖို့ဆိုရင် ကိုယ့်စိတ်ကို ကြည်နေဖို့လည်းအရေးကြီးတယ်လေ။

လူ့ဘဝဆိုတာ
(၁) စိတ်ချမ်းသာဖို့
(၂) စိတ်ချမ်းသာဖို့
(၃) စိတ်ချမ်းသာဖို့

ကိုယ်စိတ်ချမ်းသာနေရင် ကိုယ်လုပ်တဲ့အလုပ်ကလဲ အဆင်ပြေနေမှာပဲလေ။ အဆင်ပြေမှလဲ စိတ်ကချမ်းသာမှာမဟုတ်လား ? ဘဝဆိုတာက တစ်ခါတလေ အရမ်းကိုပျင်းစရာကောင်းတယ်။ ကိုယ်ဖြစ်ချင်တာတွေမဖြစ် လုပ်ချင်တာတွေမလုပ်ရနဲ့ပေါ့။ ဒါပေမဲ့လူရယ်လို့ဖြစ်လာရင် တာဝန်ဆိုတာလဲရှိစမြဲ မဟုတ်လား ? ကိုယ်ပျော်သည်ဖြစ်စေ မပျော်သည်ဖြစ်စေ ကိုယ်လုပ်နေတဲ့အလုပ်ကိုတော့ အောင်မြင်အောင်လုပ်ရမှာဟာ လူ့ဘဝရဲ့တာဝန်ပါပဲ ။

ဒါကြောင့်ကိုယ်လုပ်ချင်တာမလုပ်ရရင် လုပ်ရတဲ့အလုပ်ကိုအကောင်းဆုံးဖြစ်အောင်ကြိုးစားရမယ်လေ အဲဒါဟာလူ့အရည်အချင်းပဲပေါ့ ၊ အရေအတွက်တွေဘယ်လောက်များများ အရည်ချင်းမရှိလျှင် အဲဒီလူရဲ့ဘဝဟာ အောင်မြင်ဖို့မလွယ်ပါဘူး ၊ နောက်ပြီးစိတ်ဓာတ်ကိုလဲ မာကြောအောင်လေ့ကျင့်ကြရမယ် ၊ ဥပမာပြောရရင် သူ့အလိုလိုရှိနေတဲ့ (အပေါက်မရှိတဲ့) သစ်သားတစ်ခုဟာ သူထက်မာကြောတဲ့သံ နဲ့တွေ့လျှင် နေရာဖယ်ပေးကြရတယ် အဲဒါဟာဘာကိုပြသလဲဆိုရင် မာကြောတဲ့အရာနဲ့တွေ့ရင်ပျော့ ပြောင်းတဲ့အရာတွေဟာ အလိုလိုနောက်ဆုပ်ပြီးသားဖြစ်သွားကြတယ်မဟုတ်လား? ဒါဟာလောက နိယာမပဲလေ ၊

နောက်ပြီးဘယ်လိုလူမျိုးဟာ ကိုယ်အပေါ်ကောင်းတယ်။ အထောက်အပံ့ရတယ်ဆိုတာကိုလည်း ဝေဖန်ပိုင်းခြားတတ်ရမယ်။ တစ်ခါတစ်လေ ကိုယ်ရဲ့အကြီးကျယ်ဆုံးရန်သူဟာ ကိုယ်နဲ့အနီးဆုံးလူဖြစ်နေတတ်တယ်။ ကိုယ်နဲ့အနီးဆုံးလူကြောင့်ကိုယ်ဘဝတိုးတတ်နိုင်သလို ကိုယ်ဘဝကို တစ်စစီချိုးဖျက်မဲ့သူလည်းဖြစ်နိုင်တယ်လေ၊ မြန်မာစကားပုံကတော့ “ကျွန်ယုံတော့ တစ်ဖက်ကန်း သားသမီးယုံတော့ စုံလုံးကန်း´´ အဲဒါကိုယ်ပတ်ဝန်းကျင် ကိုယ်အနှီၤးအနားမှာ ရှိတဲ့သူကပဲ ကိုယ်ဘဝကို ဖျက်ဆီးနိုင်တယ်ဆိုတာပဲ။ ဒါကြောင့်ကိုယ့် ကိုယ်ကိုပဲ ယုံကြည်ဖို့လိုတယ်။

တစ်ခါတစ်လေ အကောင်းဆုံးသူငယ်ချင်းတွေကြောင့် ကိုယ့်ဘဝပြောင်းလဲတတ်ပါတယ်။ ဒါပေမယ့် အဲဒါဟာ အထောက်ပံ့မျှသာပါပဲ အဓိကကတော့ ကိုယ်ဟာကိုကြိုးစားရမှာပဲလေ။ သူငယ်ချင်းဆိုတာ အကောင်းအဆိုးကိုပဲ မျှဝေခံစားပေးလို့ရတယ်။ အဓိကကတော့ ကိုယ်သာကိုပဲမဟုတ်လား? ကိုယ်အောင်မြင်ရင် ကိုယ်ကအဓိကပဲခံစားရတာ။ ကျန်တဲ့မိဘသူငယ်ချင်းဆိုတာ အဖျားလောက်ပါပဲ — ငါဝမ်းနည်းပါတယ်“ ဆိုတာလောက်ပဲပြောကြမှာလေ ၊ တကယ်တော့ ကိုယ်ဟာကိုပဲခံစားရမှာပဲလေ မဟုတ်လား?

နောက်ထပ် ကိုယ့်ဘဝကို အကြီးကျယ်ဆုံးသောအမှားကတော့ အချစ်နောက်ကို လိုက်ချင်းပဲ။ ချစ်တယ်ကြိုက်တယ်ဆိုတာ ကောင်းတဲ့အရာတစ်ခုဖြစ်ပေမယ့် တစ်ခါတစ်ရံမှာ အဲဒီအချစ်ကြောင့်ပဲ ဘဝပျက်ရတဲ့မိန်းကလေးတွေအများကြီးပဲ ၊ အဓိကကတော့ ကိုယ်ကမိန်းကလေးဖြစ်နေလို့ပဲလေ၊ ယောက်ကျားအများစုက (ငါအပါအဝင်ပေါ့) အခွင့်ယူချင်တတ်ကြတယ်၊ ဒါကလဲ ကိုယ်ဘက်ကပြုမူဆက်ဆံတဲ့အပေါ်မှာလဲအများကြီးမူတည်တယ်လေ၊ နောက်တစ်ခုက မိန်းကလေးအများစုဟာ အလှအပကြိုက်ကြတယ် ဒါက သဘာဝပဲလေ ဒါပေမယ့် သဘာဝထက်လွန်ကဲရင်တော့ ဒုက္ခရောက်တတ်တယ် ကိုယ့်မှာရှိနေတာနဲပဲ လှပအောင်ဝတ် လှအောင်နေလို့ရတာပဲ၊ အဲဒီလိုနေနိုင်အောင်လဲကြိုးစားရမယ်။ ကိုယ်မှာရှိတဲ့ပိုက်ဆံထက် ပိုပြီးတော့လိုချင်ရင်တော့ ဒုက္ခရောက်ဖို့လမ်းကို ရှာသလိုဖြစ်နေတော့မယ်။

နောက်ဆုံးအောင်မြင်ဖို့လုပ်မယ်ဆိုရင်တော့ ကိုယ်ရတဲ့ဝင်ငွေ ကိုယ့်မှာရှိတဲ့ဝင်ငွေ (ဝင်ငွေ/ရငွေကို) ဘယ်လိုအသုံးချမလဲ၊ ဘယ်နေရာမှာဘယ်လိုသုံးရမလဲဆိုတာ စဉ်းစားဖို့လိုအပ်တယ်။ လိုအပ်တာကိုလည်း ဝယ်ဖို့လိုအပ်သလို မဝယ်သင့်ရှောင်ကြဉ်သင့်တဲ့အရာတွေကိုလည်း ရှောင်ကြဉ်ရမယ်လေ ။ အဓိကကတော့ အသုံးနဲ့အဖြုန်းကို သေသေချာချာ နားလည်ဖို့စဉ်းစားဖို့လိုအပ်တယ် ။

နောက်တစ်ခုက ကျန်းမာရေးကိုလည်း ဂရုစိုက်ဖို့လိုအပ်တယ် ၊ ကိုယ်လိုအပ်တာတွေရဖို့ အောင်မြင်ဖို့ဆိုရင်လဲ ကျန်းမာရေးကို လိုက်စားဖို့လိုအပ်တယ်။ အဓိကကတော့ပုံမှန်အိပ် ပုံမှန်စားပေါ့ ၊ ကိုယ်ကအမြဲတမ်းထိုင်ပြီးအလုပ်လုပ်ရတဲ့သူဆိုရင်နံနက်ဖြစ်စေ ညနေဖြစ်စေ လမ်းလျှောက်ဖို့လိုအပ်တယ်။

ကိုရီးယားစကားပုံလိုပြောရရင်တော့ “ ကိုယ်ကျရှုံးလဲကျခဲ့ရင် အဲင်္ဒီလဲကျတဲ့နေရာကပဲ ကိုယ့်ဟာကို ထနိုင်အောင်ကြိုးစားရမယ်´´ နောက်ပြီး ကိုယ်ကျရှုံးခဲ့တာတွေကို မေ့ဖျောက်ပြီး ဘဝသစ်ကို ထူထောင်အောင်ကြိုးစားရမယ်လေ၊ လူရယ်လို့ဖြစ်လာရင် အတိတ်ဆိုတာရှိစမြဲပဲလေ။ ဒါပေမယ့်ကိုယ့် ဘဝတိုးတတ်ချင်ရင်တော့ အဲဒီမကောင်းခဲ့တဲ့အတိတ်တွေအားလုံးကို မေ့ဖျောက်ပြီး အခုလက်ရှိဘဝကို သေသေချာချာကြိုးစားပြီးဘဝကိုတည်ဆောက်ကြပါ။

အောင်မြင်စွာနဲ့ဘဝကိုကျော်ဖြတ်နိုင်ကြပါစေဗျာ

Forward Mail မှ

 

Tags: successfulthinking

Related Posts

ကျောင်းအိမ်စာကို ကမ္ဘာကျော် လုပ်ငန်းအဖြစ် ပြောင်းလဲပစ်ခဲ့သူ
People

ကျောင်းအိမ်စာကို ကမ္ဘာကျော် လုပ်ငန်းအဖြစ် ပြောင်းလဲပစ်ခဲ့သူ

Messenger News Journal မှ စွန့်ဦးတီထွင် စီးပွားရေး လုပ်ငန်းရှင် ဆိုင်မွန်လီသည် ဘာသာစကားနဲ့ ပတ်သက်ပြီး သဘာဝပေး အရည်အသွေးရှိသူဟု ဆိုလျှင် မမှား။ အသက် (၃၂) နှစ် အရွယ် တောင်ကိုရီးယားသားသည် ကိုရီးယား၊...

တချို့အရာတွေကို လျစ်လျူရှုတတ်အောင် ကြိုးစားပါ
Successful

တချို့အရာတွေကို လျစ်လျူရှုတတ်အောင် ကြိုးစားပါ

Via : Your Life Success Blog ” လူငယ်တွေ မင်းတို့ အောင်မြင်ချင်သလား၊ ကြီးပွားချမ်းသာချင်သလား၊ အဲဒါဆိုရင် သည်းခံပါ ” -တဲ့။ အာ.. ဘယ်လိုကြီးလဲ။ စိတ်ဓာတ်တက်ကြွအောင် ပြောရမယ့်အစား အောင်မြင်ချင်ရင်...

သက်ကြီး ပင်စင်စား တဦးရဲ့ အကြံပေး ပြောစကားများ
Successful

သက်ကြီး ပင်စင်စား တဦးရဲ့ အကြံပေး ပြောစကားများ

ရေးသားသူ - Saya Aung Ko Latt သင်ပင်စင်စားပြီဖြစ်စေ၊ အလုပ်လုပ်နေသေးသည်ဖြစ်စေ၊ အသက် ၆၀ နှီးသူတိုင်း ဒီစာလေးတော့ ဖတ်ကြည့်စေချင်ပါတယ်။ ၁။ ရေဆိုတာ အစုန်ပဲ စီးဆင်းပါတယ်၊ အဆန် စီးဆင်းရိုး မရှိပါ။...

ဆိုက်ကားဆရာ မှ ကားဝပ်ရှော့ပိုင်ရှင် အဖြစ်သို့ ၊ ညစောင့်မှ ကုမ္ပဏီအရာရှိကြီး အဖြစ်သို့
motivation

ဆိုက်ကားဆရာ မှ ကားဝပ်ရှော့ပိုင်ရှင် အဖြစ်သို့ ၊ ညစောင့်မှ ကုမ္ပဏီအရာရှိကြီး အဖြစ်သို့

ဆိုက်ကား ဆရာ နဲ့ ကားဝပ်ရှော့ပိုင်ရှင် ဘာဆိုင်လို့လဲ ..ဘာမှ မဆိုင်ဘူးလို့ ထင်ကောင်းထင်နိုင်တယ်။ ဒါဆို ကျွန်တော်တွေ့ဖူးခဲ့တဲ့ ဆိုက်ကားဆရာတစ်ယောက် အကြောင်း ပြောပြမယ်.. ကျွန်တော်တို့ တက္ကသိုလ်စတက်တုန်းက အဆောင်နားမှာ ဆိုက်ကားဆရာ တစ်ယောက်ရှိတယ်။ ရိုးတယ် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!