ရေးသားသူ – နိုင်းနိုင်းစနေ
Halloween ကိုနှစ်စဉ်နှစ်တိုင်း အောက်တိုဘာလ ၃၁ ရက်နေ့မှာ ကျင်းပကြတယ်။ ဒါဟာ နွေရာသီကုန်လွန်ပြီး ဆောင်းရာသီစတဲ့ရက်လို့ ဆိုတယ်။ ဒီနေ့ဟာ အနောက်နိုင်ငံတွေရဲ့ ရိုးရာအစဉ်အလာနေ့ တစ်နေ့ဖြစ်တယ်။ ကမ္ဘာ့နိုင်ငံအချို့မှာ ကျင်းပလေ့ရှိပြီး အဓိကအားဖြင့် အမေရိကန် ၊ ကနေဒါ ၊ အိုင်ယာလန် ၊ မက္ကဆီကို နဲ့ ယူကေတို့မှာ ခေတ်စားတယ်။ Halloween ညမှာ ကလေးတွေဟာ မျက်နှာကို အမျိုးမျိုးလိမ်းခြယ်ကြသလို မျက်နှာဖုံးစွပ်ပြီးလည်း တစ်အိမ်တက်ဆင်း ချိုချဉ်လိုက်တောင်းလေ့ရှိတယ်။
Halloween ဆိုတာ All Hallow Eveရဲ့ အတိုကောက်ဖြစ်တယ်။ All Hallow’s Day မတိုင်ခင်တစ်ရက်ကို ဆိုလိုတာဖြစ်တယ်။ Hallow က ရှေးအင်္ဂလိပ်စကား halwen က ဆင်းသက်လာတာဖြစ်ပြီး holy စကားလုံးနဲ့ အဓိပ္ပာယ်နီးစပ်တယ်။ Hallow ပွဲတော်ဟာ လွန်ခဲ့တဲ့ နှစ် ၂၀၀၀ ဝန်းကျင်လောက်ကတည်းက ကျင်းပလာခဲ့တဲ့ ဆဲလ်တစ်တို့ရဲ့ပွဲတော် Samhain နဲ့ ဆက်စပ်နေတယ်လို့ သိရပါတယ်။ စကော့တလန်နဲ့ ကနေဒါ တချို့နေရာတွေမှာ Halloween ကို Allhallowmas လို့ခေါ်ဝေါ်သုံးစွဲနေသေးတယ်။ အဓိပ္ပာယ်က မြင့်မြတ်သူတို့ကို (All Hallows) အောက်မေ့တမ်းတတဲ့နေ့ ဖြစ်တယ်။ အဲဒီနေ့မှာ ဝတ်ပြုဆုတောင်းပွဲတွေ ကျင်းပကြတယ်။ (သူတော်စင် ၊ အာဇာနည်သူရဲကောင်းတွေ နဲ့ လေးစားထိုက်တဲ့ပုဂ္ဂိုလ်တွေကို ဆိုလိုတာပါ)
သာမန်အားဖြင့် Halloweenညကို မကောင်းဆိုးဝါး၊ ဝိညာဉ်တွေနဲ့ ဆက်စပ်ထားကြတယ်။ ဥရောပဒေသရဲ့ အစဉ်အလာမှာ ဒီအချိန်ဟာ မကောင်းဆိုးဝါးတွေဟာ လူတွေနဲ့ အနီးစပ်ဆုံးအချိန်လို့ ဆိုထားတယ်။ အမေရိကန်ရဲ့ မင်နီဆိုးတားပြည်နယ် Anokaမြို့ကို “ကမ္ဘာ့ Halloweenမြို့”လို့ တင်စားကြတဲ့အထိ Halloweenပွဲကို အဲဒီမြို့မှာ အကြီးအကျယ် ကျင်းပတတ်တယ်။ လူပေါင်း ၁သောင်းကျော်သာ နေထိုင်တဲ့ ဒီမြို့မှာ ၁၉၂၀ ခုနှစ်ကတည်းက Halloween ချီတက်ပွဲကို ကျင်းပခဲ့တယ်။
Halloweenဟာ တစ္ဆေသရဲ၊ မကောင်းဆိုးဝါး၊ သေမင်း၊ မှော်ဆရာ စတာတွေနဲ့ ဆက်စပ်နေတယ်။ အထူးသဖြင့် Halloweenနဲ့ ဆက်စပ်နေတဲ့အရာတွေက ရွှေဖရုံသီး၊ သရဲ၊ စုန်းမ၊ ဇီးကွက်၊ ကြောင်မဲ စတဲ့ ကြောက်စရာကောင်းတဲ့ အရာတွေဖြစ်တယ်။ အမဲရောင်နဲ့ လိမ္မော်ရောင်က Halloweenရဲ့ ရိုးရာအရောင်ဖြစ်တယ်။ အခုခေတ်မှာတော့ ခရမ်းရောင်၊ အနီရောင် စတဲ့ အရောင်မျိုးစုံတွေ သုံးလာကြတယ်။ ဆောင်းဦးရာသီမှာရှိတဲ့ ရွှေဖရုံသီးနဲ့ စာခြောက်ရုပ်ဟာလည်း Halloweenရဲ့ သင်္ကေတဖြစ်တယ်။
Jack O’Lantern လို့ခေါ်တဲ့ ဂျက်မီးပုံးဟား Halloween ရဲ့ အမှတ်အသားဖြစ်တယ်။ ဒီမီးပုံးဟာ ရှေးဆဲလ်တစ် ဒဏ္ဍာရီပုံပြင်ထဲက ဆင်းသက်လာတာဖြစ်ပါတယ်။ ဒီပုံပြင်ထဲမှာ အမြဲမူးနေတတ်တဲ့ Stingy Jack ဆိုတဲ့လူတယောက်ဟာ နတ်ဆိုးကို စနောက်မိတာကြောင့် ကောင်းကင်ဘုံရော ငရဲပြည်ကိုပါ ဝင်ခွင့်ပိတ်ခံလိုက်ရတယ်။ ကောင်းကင်နဲ့ ငရဲအကြား အမှောင်ထုမှာ နေနေရတဲ့ Jack ကို နတ်ဆိုးက အလင်းရောင်ရဖို့ မီးတောက်တခုပေးလိုက်တယ်။ အဲဒီအချိန်ကစလို့ Jack က သူနှစ်သက်တဲ့ မုန်လာဥကို ထွင်း မီးတောက်ကိုထည့်ကာ လူတွေကို စနောက်ဖို့ လျှောက်သွားနေတော့တာပါပဲ။
အင်္ဂလန်နဲ့ အိုင်ယာလန်တွေမှာ နေထိုင်ကြသူတွေက အခေါင်းဖောက်ထားတဲ့ Turnipဥထဲ ဖယောင်းတိုင်ထည့်ထွန်းပြီး ဂျက်မီးပုံးလုပ်ခဲ့ကြတယ်။ ဒါပေမယ့် အမေရိကန်ကို ပြောင်းရွှေ့လာကြသူတွေက Turnipဥအစား ရွှေဖရုံသီးကို အသုံးပြုခဲ့ကြတယ်။ ရွှေဖရုံသီးက ပိုကြီးပြီး ပုံဖော်ရာမှာလည်း လွယ်ကူတဲ့အတွက်ကြောင့်ဖြစ်တယ်။ များသောအားဖြင့် လူတွေက ရွှေဖရုံသီးကို ကြောက်စရာရုပ်ထုတွေ ထွင်းထုပြီး နေအိမ်တံခါးဝမှာ ချထားလေ့ရှိတယ်။ အစဉ်အလာအရ တစ္တေသရဲ၊ မကောင်းဆိုးဝါးတွေကို ခြောက်လန့်ဖို့ဖြစ်တယ်။
Halloweenညရဲ့ ပျော်ရွှင်ပွဲတစ်ခုက Trick-or-treating ဖြစ်တယ်။ ကလေးငယ်တွေဟာ ကြောက်စရာရုပ်အသွင် ဖန်ဆင်းပြီး တစ်အိမ်တက်ဆင်း တံခါးလိုက်ခေါက်ပြီး “Trick or Treat!”လို့ အော်ကြတယ်။ အဓိပ္ပာယ်က “ချိုချဉ်မပေးရင် နှောင့်ယှက်မယ်”ဆိုတာဖြစ်တယ်။ ဒီလိုအချိန်မျိုးမှာ အိမ်ရှင်တွေကလည်း ကြောက်စရာ အဝတ်အစားတွေဝတ်ပြီး ကလေးတွေကို ချိုချဉ်၊ ချောကလက် ဒါမှမဟုတ် လက်ဆောင်လေးတွေ ဝေငှပေးတတ်ကြတယ်။
——– —– —–
(Zawgyi)
Halloween ပြဲေတာ္ အေၾကာင္း
ေရးသားသူ – ႏုိင္းႏုိင္းစေန
Halloween ကိုႏွစ္စဥ္ႏွစ္တိုင္း ေအာက္တိုဘာလ ၃၁ ရက္ေန႔မွာ က်င္းပၾကတယ္။ ဒါဟာ ေႏြရာသီကုန္လြန္ၿပီး ေဆာင္းရာသီစတဲ့ရက္လို႔ ဆိုတယ္။ ဒီေန႔ဟာ အေနာက္ႏိုင္ငံေတြရဲ႕ ႐ိုးရာအစဥ္အလာေန႔ တစ္ေန႔ျဖစ္တယ္။ ကမာၻ႔ႏိုင္ငံအခ်ိဳ႕မွာ က်င္းပေလ့ရွိၿပီး အဓိကအားျဖင့္ အေမရိကန္ ၊ ကေနဒါ ၊ အိုင္ယာလန္ ၊ မကၠဆီကို နဲ႔ ယူေကတို႔မွာ ေခတ္စားတယ္။ Halloween ညမွာ ကေလးေတြဟာ မ်က္ႏွာကို အမ်ိဳးမ်ိဳးလိမ္းျခယ္ၾကသလို မ်က္ႏွာဖုံးစြပ္ၿပီးလည္း တစ္အိမ္တက္ဆင္း ခ်ိဳခ်ဥ္လိုက္ေတာင္းေလ့ရွိတယ္။
Halloween ဆိုတာ All Hallow Eveရဲ႕ အတိုေကာက္ျဖစ္တယ္။ All Hallow’s Day မတိုင္ခင္တစ္ရက္ကို ဆိုလိုတာျဖစ္တယ္။ Hallow က ေရွးအဂၤလိပ္စကား halwen က ဆင္းသက္လာတာျဖစ္ၿပီး holy စကားလုံးနဲ႔ အဓိပၸာယ္နီးစပ္တယ္။ Hallow ပြဲေတာ္ဟာ လြန္ခဲ့တဲ့ ႏွစ္ ၂၀၀၀ ဝန္းက်င္ေလာက္ကတည္းက က်င္းပလာခဲ့တဲ့ ဆဲလ္တစ္တို႔ရဲ႕ပြဲေတာ္ Samhain နဲ႔ ဆက္စပ္ေနတယ္လို႔ သိရပါတယ္။ စေကာ့တလန္နဲ႔ ကေနဒါ တခ်ိဳ႕ေနရာေတြမွာ Halloween ကို Allhallowmas လို႔ေခၚေဝၚသုံးစြဲေနေသးတယ္။ အဓိပၸာယ္က ျမင့္ျမတ္သူတို႔ကို (All Hallows) ေအာက္ေမ့တမ္းတတဲ့ေန႔ ျဖစ္တယ္။ အဲဒီေန႔မွာ ဝတ္ျပဳဆုေတာင္းပြဲေတြ က်င္းပၾကတယ္။ (သူေတာ္စင္ ၊ အာဇာနည္သူရဲေကာင္းေတြ နဲ႔ ေလးစားထိုက္တဲ့ပုဂၢိဳလ္ေတြကို ဆိုလိုတာပါ)
သာမန္အားျဖင့္ Halloweenညကို မေကာင္းဆိုးဝါး၊ ဝိညာဥ္ေတြနဲ႔ ဆက္စပ္ထားၾကတယ္။ ဥေရာပေဒသရဲ႕ အစဥ္အလာမွာ ဒီအခ်ိန္ဟာ မေကာင္းဆိုးဝါးေတြဟာ လူေတြနဲ႔ အနီးစပ္ဆုံးအခ်ိန္လို႔ ဆိုထားတယ္။ အေမရိကန္ရဲ႕ မင္နီဆိုးတားျပည္နယ္ Anokaၿမိဳ႕ကို “ကမာၻ႔ Halloweenၿမိဳ႕”လို႔ တင္စားၾကတဲ့အထိ Halloweenပြဲကို အဲဒီၿမိဳ႕မွာ အႀကီးအက်ယ္ က်င္းပတတ္တယ္။ လူေပါင္း ၁ေသာင္းေက်ာ္သာ ေနထိုင္တဲ့ ဒီၿမိဳ႕မွာ ၁၉၂၀ ခုႏွစ္ကတည္းက Halloween ခ်ီတက္ပြဲကို က်င္းပခဲ့တယ္။
Halloweenဟာ တေစၦသရဲ၊ မေကာင္းဆိုးဝါး၊ ေသမင္း၊ ေမွာ္ဆရာ စတာေတြနဲ႔ ဆက္စပ္ေနတယ္။ အထူးသျဖင့္ Halloweenနဲ႔ ဆက္စပ္ေနတဲ့အရာေတြက ေ႐ႊဖ႐ုံသီး၊ သရဲ၊ စုန္းမ၊ ဇီးကြက္၊ ေၾကာင္မဲ စတဲ့ ေၾကာက္စရာေကာင္းတဲ့ အရာေတြျဖစ္တယ္။ အမဲေရာင္နဲ႔ လိေမၼာ္ေရာင္က Halloweenရဲ႕ ႐ိုးရာအေရာင္ျဖစ္တယ္။ အခုေခတ္မွာေတာ့ ခရမ္းေရာင္၊ အနီေရာင္ စတဲ့ အေရာင္မ်ိဳးစုံေတြ သုံးလာၾကတယ္။ ေဆာင္းဦးရာသီမွာရွိတဲ့ ေ႐ႊဖ႐ုံသီးနဲ႔ စာေျခာက္႐ုပ္ဟာလည္း Halloweenရဲ႕ သေကၤတျဖစ္တယ္။
Jack O’Lantern လို႔ေခၚတဲ့ ဂ်က္မီးပုံးဟား Halloween ရဲ႕ အမွတ္အသားျဖစ္တယ္။ ဒီမီးပုံးဟာ ေရွးဆဲလ္တစ္ ဒ႑ာရီပုံျပင္ထဲက ဆင္းသက္လာတာျဖစ္ပါတယ္။ ဒီပုံျပင္ထဲမွာ အၿမဲမူးေနတတ္တဲ့ Stingy Jack ဆိုတဲ့လူတေယာက္ဟာ နတ္ဆိုးကို စေနာက္မိတာေၾကာင့္ ေကာင္းကင္ဘုံေရာ ငရဲျပည္ကိုပါ ဝင္ခြင့္ပိတ္ခံလိုက္ရတယ္။ ေကာင္းကင္နဲ႔ ငရဲအၾကား အေမွာင္ထုမွာ ေနေနရတဲ့ Jack ကို နတ္ဆိုးက အလင္းေရာင္ရဖို႔ မီးေတာက္တခုေပးလိုက္တယ္။ အဲဒီအခ်ိန္ကစလို႔ Jack က သူႏွစ္သက္တဲ့ မုန္လာဥကို ထြင္း မီးေတာက္ကိုထည့္ကာ လူေတြကို စေနာက္ဖို႔ ေလွ်ာက္သြားေနေတာ့တာပါပဲ။
အဂၤလန္နဲ႔ အိုင္ယာလန္ေတြမွာ ေနထိုင္ၾကသူေတြက အေခါင္းေဖာက္ထားတဲ့ Turnipဥထဲ ဖေယာင္းတိုင္ထည့္ထြန္းၿပီး ဂ်က္မီးပုံးလုပ္ခဲ့ၾကတယ္။ ဒါေပမယ့္ အေမရိကန္ကို ေျပာင္းေ႐ႊ႕လာၾကသူေတြက Turnipဥအစား ေ႐ႊဖ႐ုံသီးကို အသုံးျပဳခဲ့ၾကတယ္။ ေ႐ႊဖ႐ုံသီးက ပိုႀကီးၿပီး ပုံေဖာ္ရာမွာလည္း လြယ္ကူတဲ့အတြက္ေၾကာင့္ျဖစ္တယ္။ မ်ားေသာအားျဖင့္ လူေတြက ေ႐ႊဖ႐ုံသီးကို ေၾကာက္စရာ႐ုပ္ထုေတြ ထြင္းထုၿပီး ေနအိမ္တံခါးဝမွာ ခ်ထားေလ့ရွိတယ္။ အစဥ္အလာအရ တေစၱသရဲ၊ မေကာင္းဆိုးဝါးေတြကို ေျခာက္လန႔္ဖို႔ျဖစ္တယ္။
Halloweenညရဲ႕ ေပ်ာ္႐ႊင္ပြဲတစ္ခုက Trick-or-treating ျဖစ္တယ္။ ကေလးငယ္ေတြဟာ ေၾကာက္စရာ႐ုပ္အသြင္ ဖန္ဆင္းၿပီး တစ္အိမ္တက္ဆင္း တံခါးလိုက္ေခါက္ၿပီး “Trick or Treat!”လို႔ ေအာ္ၾကတယ္။ အဓိပၸာယ္က “ခ်ိဳခ်ဥ္မေပးရင္ ေႏွာင့္ယွက္မယ္”ဆိုတာျဖစ္တယ္။ ဒီလိုအခ်ိန္မ်ိဳးမွာ အိမ္ရွင္ေတြကလည္း ေၾကာက္စရာ အဝတ္အစားေတြဝတ္ၿပီး ကေလးေတြကို ခ်ိဳခ်ဥ္၊ ေခ်ာကလက္ ဒါမွမဟုတ္ လက္ေဆာင္ေလးေတြ ေဝငွေပးတတ္ၾကတယ္။