Saturday, April 17, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

 သွေးထွက်နေသောနှလုံးသား (သို့) Bleeding Heart ပန်းတို့အကြောင်း

by Thutamm
August 17, 2019
Reading Time: 1min read
0
 သွေးထွက်နေသောနှလုံးသား (သို့) Bleeding Heart ပန်းတို့အကြောင်း
Share on FacebookShare on Twitter

ပန်းနာမည်က Bleeding Heart ဖြစ်တဲ့အတွက် တိုက်ရိုက်ပြန်ရင်တော့ သွေးထွက်နေသောနှလုံးသား ဆိုပြီး ကဗျာဆန်နေပါလိမ့်မယ်။ ပန်းပုံစံကိုက နာမည်အတိုင်းဖြစ်နေပြီး မြန်မာလိုတော့ တိုက်ပန်းလို့ခေါ်ကြမလား မသိပါဘူး။ ဒီန်းမျိုးစိတ်တွေဟာ သိပ္ပံနာမည် Papaveraceae လို့ သိကြတဲ့ဘိန်းပန်းအုပ်စုဝင်တွေဖြစ်ကြပါတယ်။ Bleeding Heart တွေကို Lyre flower တွေလိုပဲလူသိများပြီး နောက်နာမည်တစ်မျိုးကတော့ ပန်းရဲ့အသွင်သဏ္ဍာန်ကိုကြည့်ပြီးပေးထားတဲ့ lady in a bath ဆိုတာပဲဖြစ်ပါတယ်။

ဒီပန်းတွေရဲ့မူရင်းဒေသကတော့ ဆိုက်ဘီးရီးယား ၊တရုတ်နိုင်ငံ မြောက်ပိုင်း၊ ကိုရီးယား၊ဂျပန်နဲ့မြောက်အမေရိကတိုက် တွေကဖြစ်ပါတယ်။ ရုက္ခဗေဒဆိုင်ရာအသုံးအနှုန်းတွေမှာတော့ Bleeding Heart တွေကို herbaceous perennials (နှစ်ရှည်ခံပန်းခင်း)တွေအဖြစ်ဖော်ပြကြပါတယ်။ မြန်မာနိုင်ငံက နေရာအချို့မှာဒီပန်းတွေကို မြင်တွေ့နိုင်ပါတယ်။

ပန်းစိုက်ပျိုးသူတွေကတော့ ဒီပန်းမျိုး(၃)မျိုးဖြစ်တဲ့ Alba လို့ခေါ်တဲ့အဖြူရောင်ပန်း၊ Gold Heart လို့သိတဲ့အဝါရောင်ပန်း၊ Valentine လို့နာမည်ပေးထားတဲ့ အနီနဲ့အဖြူရောင်စပ်ထားတဲ့ ပန်းတွေကို အဓိက ထားစိုက်ပျိုးကြပါတယ်။ ဖော်ပြပါအရောင်အသွေးစုံလင်လှတဲ့ Bleeding Heart ပန်းမျိုးတွေကိုတော့ (၁၉၉၇)ခုနှစ် ကအင်္ဂလန်နိုင်ငံမှာရှိတဲ့ Hadspen ဥယျာဉ်မှာစတင်ပြီး ပန်းချစ်သူတွေကို စတင်မိတ်ဆက်ပေးခဲ့ပါတယ်။ (၂၀၁၇) ခုနှစ်မှာတော့ Bleeding Heartတွေဟာသူတို့ရဲ့လှပပေါ်လွင်တဲ့ အရောင်အသွေးကြောင့် Royal Horticultural Society ရဲ့ Award of Garden Merit ဆုကိုရရှိခဲ့ပါတယ်။

Bleeding Heart တွေဟာစိုစွတ်ပြီး အက်ဆစ်သဘာဝအနည်းငယ်ရှိတဲ့ မြေဆီလွှာတွေမှာအများအားဖြင့်ရှင်သန်ကြပြီး ယင်းမျိုးစိတ်အများစုရှိရာ အာရှမှာပွင့်တဲ့ပန်းမျိုး( Asian Bleeding Heart) တွေကတော့ (၄၇)လက်မအမြင့်အထိ အရွယ်အစားရှိပြီး (၁၈)လက်မအကွာအဝေးထိ ပေါက်ရောက်ရှင်သန်နိုင်ကြ ပါတယ်။ တစ်ပွင့်ချင်းရိုးတံများကနေ ပင်စည်တွင်တွဲလျက်ကျနေတဲ့ ပန်းအဆုပ်လိုက်ပွင့်တဲ့ ဒီပန်းတွေဟာရေပြင်ညီအနေအထား တိုင်းသာ ကူးလူးစက်ယှက်ပွင့်လန်းကြပြီး နွယ်ပင်များပေါက်ရောက်ပုံနဲ့ အလားသဏ္ဍာန်တူပါတယ်။

ဒီပန်း တွေရဲ့ပင်စည်ဟာ ပန်းရောင်ရှိပြီး အခြားများစွာသောအစိမ်းရောင်အရွက်တွေအကြားမှာ ပွင့်ဖတ်(၃)ခုပါရှိတဲ့ ပန်းတွေပွင့်ကာ ပန်းပွင့်တဲ့ရာသီကတော့ နွေဦးရာ သီအစောပိုင်းကာလတွေဖြစ်ပါတယ်။ Bleeding Heart တွေရဲ့ အပြင်ဘက် အကျဆုံးပွင့်ဖတ်တွေဟာ(အနီ၊အဝါ၊အဖြူစတဲ့) တောက်ပတဲ့အရောင် အသွေး ရှိပြီး အတွင်းပိုင်းပွင့်ဖတ်ကတော့လုံးဝကိုဖြူစွတ်နေလေ့ရှိပါတယ်။

ဒီပန်းတွေဟာ ယနေ့ခေတ်မော်ဒန်ကဗျာတွေမှာ သာမကရှေးနှစ်များစွာကာလတွေကတည်းက ချစ်မှုရေးရာခံစားချက်စာပေ ဇာက်လမ်းတွေအထိပါဝင်ခဲ့ကြတာကိုတွေ့ရပါတယ်။ယင်းစာပေတွေအတွင်းမှာတော့ Bleeding Heart ကိုကြည့်မိတဲ့သူတစ်ယောက်အဖို့ စစ်မှန် တဲ့ချစ်ခြင်းတရားအကြောင်းကို ဆင်ခြင်နိုင်သလို ဘဝရဲ့နောက်ဆုံးအချိန် ယင်းခံစားချက်ကိုယူဆောင်သွားနိုင်မယ်လို့ ဖော်ပြကြပါတယ်။ ဒါအပြင် စိတ်ရဲ့လွတ်မြောက်ခြင်းကို ဖြစ်စေနိုင်ပြီး အနက်ရှိုင်းဆုံးတွယ်ငင်နေတဲ့ မေတ္တာတရားအကြောင်းကို တစ်စိမ့်စိမ့်တွေးတောခံစားနိုင်ပါလိမ့်မယ်။

ဒါတင်မကသေးပါဘူး။ အရှေ့တိုင်းအယူအဆတစ်ခုမှာ ဒီပန်း တွေဟာ အသည်းခွဲပန်းတွေဖြစ်ပြီး မိန်းမပျိုတစ်ဦးအနေနဲ့ သူမရဲ့မေတ္တာကိုတောင်းခံ လာသူအမျိုးသားကို ငြင်းဆန်ရာမှာ Bleeding Heart ပန်းကိုအသုံးပြုလေ့ ရှိတာကြောင့်ပါ။ မဖြစ်နိုင်တဲ့အခြေအနေတစ်ခုမှာ ထာဝရတည်တံ့နေမယ့် မေတ္တာတရားရဲ့ကိုယ် စားလည်း Bleeding Heartတွေကို ကမ္ဘာတစ်ခွင်မှာအသုံးပြုလေ့ရှိပါတယ်။

အဖြူရောင် Bleeding Heart တွေကိုတော့ အပြစ်ကင်းစင်တဲ့သင်္ကေတ တစ်ခုအနေနဲ့ အသုံးပြုကြတာကိုတွေ့ရမှာဖြစ်ပြီး အများအားဖြင့်တော့ အရွယ်ကောင်းမှာသေဆုံးခဲ့ကြရတဲ့ အပျိုစင်မိန်းမပျိုလေးတွေရဲ့ နာရေးမှာ ဖြူစင်ခြင်းသင်္ကေတအဖြစ် Bleeding Heart အဖြူရောင် ပန်းပွင့်တွေကို သုံးလေ့၇ှိကြပါတယ်။ ဒါအပြင်ဂျပန်ရိုးရာ ပုံပြင်တစ်ပုဒ်မှာလည်း အိမ်ရှေစံမင်းသားတစ်ပါးဟာ မိန်းမပျိုတစ်ဦးရဲ့ အချစ်ကိုမရပဲ ငြင်းပယ်ခံခဲ့ရတာကြောင့် သူကိုယ်သူဓါးရှည် ကိုအသုံးပြုသတ်သေခဲ့တဲ့ဇာက်လမ်းမှာလည်း ကာယကံရှင်နှစ်ဦးစလုံးဟာ Bleeding Heart (အသည်းခွဲပန်း)တွေရဲ့ဘာသာစကားနဲ့ ကွဲလွဲခဲ့ရတဲ့မေတ္တာ ဇာက်လမ်းကိုပုံဖော်ခဲ့တာကိုတွေ့ရပါတယ်။

(၁၈၄၀)ခုနှစ်မှာ Bleeding Heart ပထမဆုံးသောမျိုးစိတ်ကို အာရှကနေ အင်္ဂလန်အထိ ယူဆောင်လာပြီးမိတ်ဆက်ပေးခဲ့သူကတော့ စကော့တလန် လူမျိုးရုက္ခဗေဒပညာရှင် Robert Fortune ဆိုသူဖြစ်ပါတယ်။ ဒီပန်းတွေဟာ အလွန်လှပေမယ့် နည်းနည်းတော့လန့်စရာကောင်းပါတယ်။ ဒီပန်းပွင့်ကို ထိကိုင်မိပါက လူအချို့မှာ အရေပြားယားယံမှုကို ဖြစ်စေတဲ့အပြင် အပင်ရဲ့ အစိတ်အပိုင်းအားလုံးဟာလည်း မြိုချမယ်ဆိုပါက အဆိပ်အတောက်ဖြစ်စေနိုင်လို့ ဖြစ်ပါတယ်။

Tags: plants

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!