Monday, April 19, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

သေဆုံးပြီလို့ သတ်မှတ်ခံခဲ့ရပေမယ့် အမှန်တကယ် မသေခဲ့ကြသူများ

by Thutamm
August 17, 2019
Reading Time: 1min read
0
သေဆုံးပြီလို့ သတ်မှတ်ခံခဲ့ရပေမယ့် အမှန်တကယ် မသေခဲ့ကြသူများ
Share on FacebookShare on Twitter

လူတစ်ယာက်အနေနဲ့ အသက်ရှင်လျက်မြုပ်နှံခြင်းခံခဲ့ရမယ်ဆိုရင်တော့ သူ့အနေနဲ့ အတော်ဆိုးရွားတဲ့ခံစားချက်ကိုရရှိသွားနိုင်ပါတယ်။ မြန်မာနိုင်ငံမှာတော့ မျောနေတယ် လို့သိကြတဲ့ သေဆုံးပြီးသူတစ်ယောက်ရဲ့ လက္ခဏာမျိုးပြသတဲ့ လူပုဂ္ဂိုလ်တစ်ချို့ဟာ သေရွာကနေပြန်လည်နိုးထလာနိုင်ပြီး အချို့ဆိုရင်သေဆုံးနေချိန်မှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကိုတောင် ပြန်လည်မှတ်မိလေ့ရှိတယ် ဆိုတဲ့အကြောင်းတေါကို အတော်များများကြားဖူးကြပါလိမ့်မယ်။ အချို့ကတော့ ကံဆိုးစွာ နဲ့ပဲမြေမြုပ်သဂြိုလ်ခြင်းခံခဲ့ရတာကြောင့် ရောဂါကြောင်သေဆုံးခြင်းမဟုတ်ပဲ အသက်ရှူမွန်းကြပ်တဲ့ဝေဒနာနဲ့ သေရပါတယ် ဆိုတဲ့ ဝမ်းနည်းစရာမှတ်တမ်း၊ဖြစ်ရပ်တွေအများအပြားရှိနေပါတယ်။

(၁၈၆၈)ခုနှစ်၊ သြဂုတ်လ(၂၅)ရက်နေ့က အင်္ဂလန်နိုင်ငံက သုဘရာဇာနဲ့ ခေါင်းတလား ပြုလုပ်ရောင်းချသူ Franz Vestor ဆိုသူဟာ လူတစ်ယောက်ကိုမြုပ်နှံချိန်တိုင်း သူရဲ့ခေါင်းအတွင်းမှာ အသက်ရှူပေါက်၊ မြေပြင်ပေါ်ကိုအချက်ပြနိုင်တဲ့ ခေါင်းလောင်း တွေကိုပါ တစ်ပါတည်းပြုလုပ်ပြီး သဂြိုလ်စေခဲ့တဲ့ဖြစ်ရပ်တွေရှိဖူးပါတယ်။ ဒါဟာသူအနေနဲ့ သေဆုံးပြီးသားသူတွေရဲ့ ဝိညဉ်ဟာခန္ဓာကိုယ်အတွင်း ပြန်လည်ဝင် ရောက်လာနိုင်ကောင်း၊လာနိုင်တယ်ဆိုတာကို ယုံကြည်လို့ဖြစ်ပါတယ်။

(၂၀၀၂)ခုနှစ်က Dr.Jan Bandeson ရေးသားခဲ့တဲ့ Buried Alive; The Terrifying History of Our Most Primal Fear အမည်ရတဲ့စာအုပ်မှာတော့ (၁၉)ရာစုအတွင်းက ဥရောပတိုက်တစ်ခု လုံးမှာဖြစ်ပွားခဲ့တဲ့ မြေမြုပ်ခံရပြီးမှ ပြန်လည်ရှင်သန်လာသူ အားလုံးရဲ့ (၁၀)ပုံ(၁)ပုံ လောက်ကိုစာရင်းပြုစုထားတာကို တွေ့ရှိရပါတယ်။ အဲဒီပမာဏ ဟာတရားဝင်စာရင်းတွေကိုသာဖော်ပြထားတာဖြစ်ပြီး မြေပြင်အခြေအနေမှာတော့ ယင်းပမာဏထက်ပိုမိုများပြားကောင်း၊များပြားနိုင်မေပေမဲ့ ဒဏ္ဍာရီပုံပြင်တွေထဲကလို တော့ကြောက်ရွံစရာအဖြစ်အပျက်တွေတော့ မပါဝင်ခဲ့ပါဘူးလို့ စာရေးသူကိုယ်တိုင်ဝန်ခံ ထားပါတယ်။ ဒီနေရာမှာ မျှဝေပေးချင်တာကတော့ ကမ္ဘာပေါ်မှာရှိခဲ့တဲ့သေဆုံးပြီလို့ယူဆခံခဲ့ရပြီးပြန်လည်ရှင်သန်လာခဲ့တဲ့လူ(၄)ဦးအကြောင်းနဲ့ အရှင်လတ်လတ်မြေမြုပ်ခံခဲ့ရတဲ့ အမျိုးသမီးငယ်တစ်ဦးရဲ့အကြောင်းအရာအချို့ပဲဖြစ်ပါတယ်။

(၅) Edgcumbe မြို့စားကတော် Emma ရဲ့ဖြစ်ရပ်

ဥရောပရဲ့ဉာဏ်သစ်အရေးတော်ပုံကာလအတွင်းက လူသားတွေဟာ တမလွန်ဘဝရဲ့ ဖြစ်ရပ်တွေအပေါ် စိတ်ဝင်စားမှုများပြားလာခဲ့ပြီး ကုန်လွန်ခဲ့တဲ့အချိန်ကာလအပေါ် ပြန်လည်ရောက်ရှိနိုင်မယ်လို့ယူဆတဲ့ သီဟိုရီအများအပြားပေါ်ပေါက်ခဲ့ဖူးပါတယ်။ ဒီအတွက် လေ့လာသူတွေဟာ သိပ္ပံနည်းကျဆေးဝါးတွေအသုံးပြုပြီး လေ့လာမှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။ ဒါအပြင် လူအရှင်လတ်လတ်ကိုမြေထဲကို ထည့်မြုပ်နှံပြီး တမလွန် ဘဝအကြောင်းသိနိုင်ဖို့ကြိုးစားမှုတွေတောင် ဖြစ်ခဲ့တာပါ။

ဒီလိုလူမဆန်တဲ့ နည်းလမ်း ကိုသုံးပြီးပြုလုပ်ခဲ့တဲ့ စမ်းသပ်မှုတွေဟာ (၁၈)ရာစုနဲ့ (၁၉)ရာစုအတွင်းအမှန်တကယ် ရှိနေခဲ့ပြီး အကျိုးဆက်အနေနဲ့ကတော့ တမလွန်နဲ့ပတ်သက်တဲ့ ဘာမှတ်တမ်းမှတ်ရာမှ ခိုင်ခိုင်မာမာမရခဲ့တဲ့အပြင် လူအသက်တွေ သေဆုံးရတာပဲ အဖတ်တင်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သေပြီးသူဟာဘယ်တော့မှပြန်မလာနိုင်တဲ့ သဘောတရားကိုပဲ လက်ခံလိုက်ကြပါတော့တယ်။

(၁၈)ရာစုအလယ်လောက်ကတော့ Edgcumbe မြို့စားကတော် Emmaဟာ သေဆုံးခဲ့ပြီလို့ ဆရာဝန်တွေကအတည်ပြုကာ သူမမိသားစုဝင်တွေမြုပ်နှံရာ ခရစ်ယာန်ဘုရားကျောင်း ဂူဗိမာန်မှာမြေမြုပ်သဂြိုလ်ခဲ့ပါ တယ်။ မြုပ်နှံသဂြိုလ်ရာမှာ တော့အထက်တန်းလွှာတွေရဲ့ပုံစံအတိုင်း လက်ဝတ်ရတနာတွေကိုပါတစ်ပါတည်း ထည့်သွင်းပေးခဲ့ပါတယ်။ ဒါကိုသိထားတဲ့ သချိုင်းစောင့်ဟာ ညအချိန်ရောက်ချိန်မှာ တော့ Emmaရဲ့ဂူကို ဖောက်ထွင်းပြီးလက်ဝတ်ရတနာတွေကို ရယူဖို့ကြိုးစားပါတော့တယ်။

သင်္ချိုင်းစောင့်ဟာ Emmaရဲ့လက်က လက်စွပ်ကိုချွတ်ယူဖို့ကြိုးစားချိန်မှာတော့ Emma ဟာ ရုတ်တရတ်မျက်လုံးပွင့်လာခဲ့ပြီး သေရွာကနေတစ်ဖန်နိုးထလာခဲ့ပါတယ်။ အစောင့်လည်းရုတ်တရက်ကြောက်လန့်ပြီးထွက်ပြေးပါတော့တယ်။ ကာယကံရှင် Emmaဟာ အမှန်တကယ်အသက်ပြန်ရှင်လာခဲ့ပြီး သချိုင်းကနေ မိုင်ဝက်လောက်ဝေး တဲ့ သူမနေထိုင်ရာ Edgcumbe စံအိမ်ကိုလမ်းလျှောက်ပြီးပြန်လာနိုင်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ အမှန်တကယ်ဖြစ်ခဲ့ပြီး Emma ပြန်လာတဲ့ လမ်းတစ်လျှောက်မှာ အမှတ်တရ ပွဲတော်တွေကိုတောင် တော်ဝင်အသိုင်းအဝိုင်းက ကျင်းပပေးခဲ့တဲ့ မှတ်တမ်းတွေတောင်ရှိခဲ့ပါတယ်။

(၄) Gaya Beauty

(၂၀၀၉)ခုနှစ်လောက်ကတော့ တောင်ကိုရီးယား ရှေးဟောင်းသုသေသနပညာရှင်တွေ ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း(၁၅၀၀)သက်တမ်းရှိပြီဖြစ်တဲ့ အမျိုးသမီးအရိုးစုတစ်ခုကို လေ့လာ မှုတွေပြုလုပ်ခဲ့ကြပါတယ်။ သမိုင်းသုသေသီတွေဟာ Digital Recreation နည်းပညာကိုအသုံးပြုပြီး အရိုးစုရဲ့မျက်နှာပြင်နဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုလေ့လာ ခဲ့ရာမှာတော့ အရိုးစုရဲ့ပိုင်ရှင် အမျိုးသမီးဟာအသက်(၁၆)နှစ်အရွယ်သာရှိသေးပြီး ကျယ်ပြန့်တဲ့နဖူး၊သေးသွယ်တဲ့လက်ချောင်း၊ကျော့ရှင်းတဲ့လည်တိုင်ကိုပိုင်ဆိုင်ထားတဲ့ လှပတဲ့အမျိုးသမီးငယ်တစ်ယောက်ဖြစ်တယ်လို့ သိကြပါတယ်။

ထပ်မံလေ့လာချက် တွေအရလည်းသူမရဲ့ ဒူးခေါင်းနေရာတွေဟာ နေစဉ်အကြိမ်ပေါင်းများစွာဒူးထောက်နေ ရတဲ့အနေအထားကိုတွေ့ရှိတာကြောင့် သူမဟာအစေခံတစ်ယောက်ဖြစ်ရမယ်လို့ ကောက်ချက်ချခဲ့ပါတယ်။ သူမရဲ့ဘဝကတော့ အတော်လေးဆိုးရွားခဲ့ပြီး သူမရဲ့သခင်ဖြစ် သူကွယ်လွန်ချိန်မှာတော့ သခင်ရဲ့ရုပ်အလောင်းနဲ့အတူ အရှင်လတ်လတ်မြေမြုပ် ခြင်းခံခဲ့ရရှာပါတယ်။ သူမရဲ့အရိုးစုကိုမူတည်ပြီး ပညာရှင်တွေရဲ့တွေ့ရှိမှုကတော့ မချိမဆံ့ အနေအထားနဲ့သေဆုံးခဲ့ရတဲ့ နန်းတွင်းသူအမျိုးသမီးငယ်လေးဟာ အောက်ဆီဂျင် ပြတ်လပ်ပြီးသေဆုံးခဲ့ရတယ်လို့ အဖြေထွက်ပါတယ်။

(၆)ရာစုအတွင်းက အရှေ့အာရှ မှာတန်ခိုးထွားခဲ့တဲ့ ဂျပန်နိုင်ငံရဲ့မင်းဆက်တစ်ခုဖြစ်တဲ့ Gaya တွေရဲ့ထုံးထမ်းစဉ်လာမှာ သခင်ဖြစ်သူသေဆုံးပါက သူပိုင်ဆိုင်တဲ့ သက်ရှိ၊သက်မဲ့ပစ္စည်းတွေကိုပါ အတူမြုပ်နှံတဲ့ အလေ့အထရှိတယ်လို့ ဆိုပါတယ်။ ဒီဓလေ့ကို အီဂျစ်ပြည်ကဖာရိုးမင်းဆက်တွေလည်း ကျင့်သုံးခဲ့တယ်လို့ မှတ်တမ်းတွေအရသိရပါတယ်။

(၃) Angelo Hays

(၁၉၃၇)ခုနှစ်လောက်ကတော့ ပြင်သစ်လူငယ်တီထွင်သူတစ်ဦးဖြစ်တဲ့ Angelo Hays ဟာ မော်တော်ဆိုင်ကယ်စီးနင်းရင်း မတော်တဆထိခိုက်မှုဖြစ်ပွားခဲ့နောက် မေ့မြောသွားခဲ့ပါတယ်။ ဆရာဝန်ရဲ့ဆန်းစစ်ချက်တွေမှာတော့ သေဆုံးခဲ့ပြီလို့ အတည်ပြုခဲ့တာကြောင့် Angelo Haysရဲ့ရုပ်အလောင်းကို မြုပ်နှံသဂြိုလ်ခဲ့ပါတယ်။ ဖြစ်ချင်တော့ Angelo Haysရဲ့ဖခင်ဟာ သူသားအတွက် အသက်အာမခံကို ဖရန့်ငွေ ၂၀၀၀၀၀ ခန့်နဲ့ပြုလုပ်ထားခဲ့တာကြောင့် အာမခံကုမ္ပဏီအနေနဲ့ ယင်းငွေကြေးကို ထုတ်ပေးရန်လိုလာပါတယ်။

ကုမ္ပဏီရဲ့စည်းမျဉ်းတွေအရ အသက်အာမခံပြုလုပ်ထားတဲ့ သူအမှန်တကယ်သေဆုံးကြောင်းခိုင်လုံတဲ့ အထောက်အထားလိုလာတာကြောင့် Angelo Haysရဲ့ရုပ်အလောင်းကို တူးဖော်ရမဲ့အခြေအနေဖြစ်လာခဲ့ပါတယ်။ အစပိုင်းက တော့ Angelo Hays ရဲ့မိဘအပါအဝင်ဆွေမျိုးတွေက အလောင်းကိုတူးဖော်စစ်ဆေးခြင်း ကိုအပြင်းအထန်ကန့်ကွတ်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ဖြေလျော့ပြီးတူးဖော်ခွင့်ပေးခဲ့ ရပါတယ်။ ဒီလိုနဲ့ မြုပ်နှံထားတာ(၂)ရက်ကြာပြီဖြစ်တဲ့ Angelo Haysရဲ့ရုပ်အလောင်း ကိုပြန်လည်စစ်ဆေးရာမှာတော့ Angelo Haysရဲ့ ခန္ဓာကိုယ်ဟာနွေးထွေးလျက်ရှိနေပြီး သူဟာသတိမေ့နေတာဖြစ်ပြီး သေဆုံးသွားတာမဟုတ်ကြောင်း သိခဲ့ရပါတယ်။

ကံကောင်းထောက်မစွာပဲ Angelo Hays ဟာသေဘေးကနေလွတ်ခဲ့ပါတယ်။ သူရဲ့မိဘတွေကတော့ ဆိုင်ကယ်တိုက် မှုဖြစ်ပွားစဉ်က သူသေဆုံးပြီလို့မှားယွင်းအဖြေထုတ်ပေးခဲ့တဲ့ ဆရာဝန်ကိုတော့ တရားစွဲဆိုခြင်းတောင်မပြုခဲ့ပါဘူး။ သူဟာ ဒီဖြစ်စဉ်ကိုထောက်ရှုပြီး ထူးဆန်းတဲ့ ခေါင်းတလားတွေကို တီထွင်ရောင်းချခဲ့ပါတယ်။ သူတီထွင်တဲ့ခေါင်းတလားမှာ အသက်ရှူနိုင်တဲ့ ပြွန်၊ အိမ်သာစနစ်၊ ရေဒီယိုစနစ်တွေနဲ့ မြေပြင်ထက်ကိုအချက်ပေးနိုင် တဲ့ခေါင်းလောင်းစနစ်တွေကိုပါ ဒီဇိုင်းဆွဲတည်ဆောက်ခဲ့ပါတယ်။

(၂) Josef Guzy

ယနေ့ခေတ်ဆရာဝန်တွေကတော့ လူနာတစ်ယောက် အမှန်တကယ်သေဆုံးခြင်းရှိ မရှိကိုအတည်ပြုပေးနိုင်ဖို့Automated external defibrillator (AED)တွေကိုအသုံးပြု လာကြပါတယ်။ ဘယ်လို့ပဲ ခေတ်မီကိရိယာတွေကိုအသုံးပြုနေပါစေ လူသားတွေရဲ့ အမှားကြောင့် မှားယွင်းစွာဆုံးဖြတ်ခဲ့တဲ့ဖြစ်စဉ်တွေလည်း များစွာရှိနေဆဲပါ။ (၂၀၁၀) ခုနှစ်က ပျားမွေးခြံလုပ်သားတစ်ယောက်ဖြစ်တဲ့ Josef Guzyဟာ သူရဲ့ပျားခြံမှာအလုပ်လုပ်နေစဉ် နှလုံးရောဂါထဖောက်တာကြောင့် ရုတ်တရက်လဲကျ သွားခဲ့ပါတယ်။

လူနာတင်ကားနဲ့ Josef Guzyကိုတင်ဆောင်ပြီး နီးစပ်ရာဆေးရုံကို ပို့ဆောင်စေပြီး ကုသချိန်မှာတော့ Josefဟာအသက်ရှူခြင်းရပ်တံ့သွားတဲ့အပြင် သွေးခုန်နှုန်းလည်း မရှိတော့ပါဘူး။ ဒါအပြင် Josef Guzyရဲ့ခန္ဓာကိုယ်ဟာ တစ်ဖြည်း ဖြည်းအေးလာတာကြောင့် ဆရာဝန်ကသေဆုံးခဲ့ပြီဖြစ်ကြောင်း အတည်ပြုပေးခဲ့ပါတယ် Josef Guzy ရဲ့အမျိုးသမီး Ludmilla ကိုယ်တိုင်ဦးဆောင်ခဲ့ သူရဲ့ခန္ဓာကိုယ်ကို ရေခဲတိုက်ကိုသယ်ဆောင်ခဲ့ပြီး ခေါင်းတလားအတွင်းမှာ နေရာချထားခဲ့ပါတယ်။

သဂြိုလ်ခံနီးအချိန်မှာတော့ Josef Guzyရဲ့ဇနီးဖြစ်သူဟာ သေဆုံးသူလက်မှာပတ်ထား တဲ့နာရီကို ချွတ်ပေးရန် သုဘရာဇာ Wysluchato ကိုတောင်းဆိုခဲ့ပါတယ်။ သုဘရာဇာ က Josef Guzy ရဲ့လတ်ကောတ်ဝတ်ကိုထိတွေ့လိုက်ချိန်မှာတော့ သွေးခုန်နှုန်းရှိနေဆဲ ဖြစ်ကြောင်းနဲ့ Josef Guzy ဟာမသေဆုံးသေးကြောင်း ကျန်ရစ်သူမိသားစုကို အသိပေးခဲ့ပါတယ်။ ဒါကြောင့် အသက်(၇၆)နှစ်အရွယ်ရှိပြီဖြစ်တဲ့ Josef Guzy ဟာ အရှင်လတ်လတ်မီးသဂြိုလ်ခံရမဲ့ဘေးကနေ ကင်းလွတ်ခွင့်ရခဲ့ပြီး သူရဲ့ကျေးဇူးရှင်ဖြစ်တဲ့ သုဘရာဇာ Wysluchato ကို သူခြံထွက်ပျားရည်နဲ့ဂုဏ်ပြုခဲ့ပါတယ်။

(၁) Lava

(၂၀၁၅)ခုနှစ်က အီရတ်နိုင်ငံသူ ကာဒ်အမျိုးသမီးဖြစ်တဲ့ Lava ဟာသူမရဲ့အိမ်နဲ့ မိသားစုပိုင် စာပုံနှိပ်တိုက်ရှိရာကိုအသွားအပြန်ခရီးအတွက် အမျိုးသား ဒရိုင်ဘာတစ်ယောက်ကို ခန့်အပ်ဖို့သဘောတူခဲ့ပါတယ်။ အီရတ်နိုင်ငံရဲ့ ဥပဒေတွေအရ အမျိုးသမီးတွေဟာ မိသားစုအဖော်တစ်ယောက်မပါရှိပဲ အပြင်ကိုထွက်ခွင့်ပြုထားခြင်း မရှိပါဘူး။ ဒါကြောင့် သူစိမ်းအမျိုးသားတစ်ယောက်ကို ဒရိုင်ဘာအဖြစ် ခန့်ထားပြီၤး အလုပ်နဲ့အိမ်ကိုနေ့စဉ်သွားလာနေတဲ့ Lava အတွက်တော့ ဥပဒေကိုချိုးဖောက်နေသလိုဖြစ်နေခဲ့ပါတယ်။

ဒီအကြောင်းကိုကြားသိတဲ့ သူမရဲ့အကိုတွေဟာ Lava ဆီကိုရောက် ရှိလာခဲ့ပြီး မိသားစုကိုအရှက်ရအောင်လုပ်တဲ့သူအဖြစ် စွပ်စွဲကြပါတော့တယ်။ ဒါအပြင် Lava ကို သေနတ်ပြခြိမ်းခြောက်ပြီး တစ်ခုသောတောင်တန်းတစ်ခုအနီးကို ခေါ်ဆောင် သွားခဲ့ပါတယ်။ ယင်းနောက် မြေတွင်းတူးကာ Lavaကို အရှင်လတ်လတ်မြေမြုပ်ခဲ့ပါတယ်။ Lava အနေနဲ့ယင်းသို့အမြုပ်မခံခရစဉ်တည်းက ကြမ်းတမ်းစွာရိုက်နက်ခြင်းကို ခံရပြီး အသက်ကိုချမ်းသာပေးဖို့ တောင်းဆိုခဲ့ပေမဲ့ အောင်မြင်မှုတော့မရခဲ့ရှာပါဘူး။

ကံကောင်းထောက်မစွာနဲ့ Lavaရဲ့ခဲအိုဖြစ်သူဟာ ဒီသတင်းကိုကြားသိခဲ့ပြီး သူရဲ့အမျိုးသမီးကိုခေါ်ဆောင်ကာ Lava ကို နာရီများစွာကြာအောင်မြုပ်နှံထားတဲ့ တွင်းကိုပြန်လည် တူးဖော်ခဲ့ရာမှာတော့ အောက်ဆီဂျင်ပြတ်လတ်ပြီး မေ့မျောနေတဲ့ Lava ကိုပြန်လည် ကယ်တင်နိုင်ခဲ့ပါတယ်။ သေရွာကနေပြန်လာနိုင်ခဲ့ပေမဲ့ Lava အတွက်ခြိမ်းခြောက်မှုတွေဟာ ဆက်လက်ကြုံတွေ့ နေရတာကြောင့် Lava ဟာအီရတ်နိုင်ငံကို စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။

Tags: amazing

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

၁ ဂါလန်ကို ဒေါ်လာ ၃၉သန်း တန်တဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးအရည်
Amazing

၁ ဂါလန်ကို ဒေါ်လာ ၃၉သန်း တန်တဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးအရည်

ကမ္ဘာပေါ်မှာ ကင်းမြီးကောက်မျိုးစိတ်ပေါင်း ၂၀၀၀ ခန့်ရှိပေမယ့် ဒီအထဲက မျိုးစိတ် ၄၀ ခန့်ကသာ အဆိပ်ပြင်းထန်ပါတယ်။ တချို့ကင်းမြီးကောက်တွေရဲ့ အဆိပ်ကတော့ လူကို အသက်အန္တရာယ် ရှိစေနိုင်တဲ့အထိပြင်းထန်ပြီး ဒီအထဲမှာ deathstalker ကင်းမြီးကောက်တွေလည်း ပါဝင်ပါတယ်။ သူတို့ရဲ့အဆိပ်ရည်က အလွန်တန်ဖိုးရှိပြီး...

မြင်ရခဲတဲ့ ကမ္ဘာတလွှားက ရောင်စုံပုံရိပ်များ
Amazing

မြင်ရခဲတဲ့ ကမ္ဘာတလွှားက ရောင်စုံပုံရိပ်များ

ဒီတခါမှာလည်း လွန်ခဲ့တဲ့ ၁၀ စုနှစ်များစွာက ကမ္ဘာတလွှားမှာ ရိုက်ကူးခဲ့တဲ့ ရှားပါးပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ်။ ဒီဓာတ်ပုံတွေဟာ မူရင်းက အဖြူအမည်းသာဖြစ်ပေမယ့် ဒီဘက်ခေတ်ဓာတ်ပုံနည်းပညာတွေနဲ့ မွမ်းမံလိုက်တဲ့အခါမှာတော့ ရောင်စုံဓာတ်ပုံတွေဖြစ်လာပါတယ်။ အဖြူ အမည်းနဲ့ ဆိုရင် ထင်ထင်ရှားရှား မြင်ရမှာ မဟုတ်ပဲ...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!