ရေးသားသူ – ဆရာမောင်ဝံ့သ
လူတိုင်းရဲ့ဘဝမှာ အခက်အခဲ အကျပ်အတည်းပေါင်းစုံနဲ့ ကြုံတွေ့ရတတ်စမြဲပါ။ အဲသလို ကြုံရတဲ့အခါများမှာ မိမိထက်ပိုပြီး ကြီးကျယ်တဲ့ လူသားကြီးတွေလည်း အခက်အခဲတွေနဲ့ ကြုံခဲ့ကြတာပဲ၊ သူတို့ဟာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို မလျှော့သော ဇွဲလုံ့လဝီရိယနဲ့ ကျော်လွှားနိုင်ခဲ့ကြလို့ အောင်မြင်မှုပန်းတိုင်ကို တက်လှမ်းနိုင်ခဲ့ကြတယ် မဟုတ်ပါလားဆိုတဲ့ ဇွဲတင်းစိတ်ကို မွေးနိုင်ကြဖို့ အရေးကြီးတယ်။ ဇွဲတင်းစိတ်ကို စံနမူနာပြခဲ့ကြတဲ့ ပုဂ္ဂိုလ်ကြီး (၉) ယောက် အကြောင်းကို လူငယ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။ ထိုပုဂ္ဂိုလ်များကတော့-
(၉) ရစ်ချတ် ဘက် (Richard Bach)
၁၉၇၀ ပြည့်နှစ်က ထုတ်ဝေတဲ့ ယောနသန်ဇင်ယော် (Jonathan Livingston Seagull) ပုံပြင်စာအုပ်ကလေးကို ရေးခဲ့သူ စာရေးဆရာ။ သူရေးထားတဲ့ ဇင်ယော်ပုံပြင်ကို ထုတ်ဝေသူပေါင်းများစွာက ပယ်ချခဲ့ကြတယ်။ စုစုပေါင်း ၂၆ကြိမ်အပယ်ခံခဲ့ရတာပါ။ ဒါပေမယ့် သူစိတ်မပျက်ဘူး။ စာအုပ်တိုက် တစ်တိုက်ပြီးတစ်တိုက်ကို ဆက်သွယ်ပြီး ကြိုးစားခဲ့တယ်။ နောက်ဆုံးတော့ မက္ကမီလန် စာအုပ်တိုက်က ယောနသန် ဇင်ယော်ကို ၁၉၇၀ မှာ ထုတ်ဝေခဲ့တယ်။ ပထမဆုံးအကြိမ်မှာ အုပ်ရေ ၇၅၀၀ပဲ ထုတ်ပေးခဲ့တယ်။ ဒါပေမယ့် လူကြိုက်များလွန်းတဲ့အတွက် ၂နှစ်အကြာမှာ သူ့ရဲ့စာအုပ်ဟာ အရောင်းရဆုံးစာအုပ်ဖြစ်ခဲ့တယ်။ ပထမနေရာမှာ ရက်သတ္တပတ်ပေါင်း ၃၈ပတ် ရပ်တည်နိုင်ခဲ့တယ်။ ၁၉၇၅ ခုနှစ်ရောက်တော့ အဲဒီစာအုပ်ကလေးဟာ အုပ်ရေပေါင်း (၇)သန်း ထုတ်ဝေခဲ့ရပြီးပါပြီ။
(၈) အက်ဖ် ဒဗလျူ ဝူးလ်ဝပ် (F.W.Woolworth)
အမေရိကန်က ၁၀ ပြားဆိုင်များရဲ့ သူဌေးကြီး ဝူးလ်ဝပ် (၁၈၅၂-၁၉၁၉) ဟာ ကုန်ခြောက်ဆိုင် လုပ်သားလေးဘဝမှာ အလုပ်ရှင်သူဌေးက သူ့ကို ဖောက်သည်တွေနဲ့ စကားပြောခွင့်တောင် မပေးခဲ့ဘူး။ သူ့မှာ ဈေးဝယ်တွေနဲ့ စကားပြောတတ်တဲ့ အရည်အချင်းတောင် မရှိဘူးလို့ အထင်ခံခဲ့ရတာပါ။ ဒါပေမယ့် သူအရှုံးမပေးခဲ့ပါဘူး။ ဒါကြောင့်လည်း အဲသလောက် သူရာမဝင်ခဲ့သူ ဝူးလ်ဝပ်ဟာ ၁၉၁၁ ခုနှစ် ရောက်တော့ အမေရိကန်တစ်နိုင်ငံလုံးမှာ ကုန်စုံဆိုင်ကြီးပေါင်း ၅၈၆ ဆိုင်ရဲ့ ပိုင်ရှင်ဖြစ်လာတယ်။
(၇) အေဘရာဟမ် လင်ကွန်း (Abraham Lincoln)
စစ်တပ်ထဲ ဝင်တော့လည်း မအောင်မြင်၊ စီးပွားရေးလုပ်တော့လည်း ကုန်ရှုံး ကြွေးတင်၊ ချစ်သူရည်းစား ထားပြန်တော့လည်း အိမ်ထောင်သည်ဘ၀ မရောက်ခင် ချစ်သူက ကွယ်လွန်၊ သူကိုယ်တိုင်လည်း ဘဝရဲ့ ထုထောင်းချက်တွေကြောင့် စိတ်ဓာတ်တွေ ကျခဲ့ရတဲ့ လင်ကွန်း။ နိုင်ငံရေးလုပ်ပြန်တော့လည်း ပါဝင်အရွေးခံသမျှ ရွေးကောက်ပွဲတွေမှာ ရှုံးပြီးရင်း ရှုံး။ ကွန်ဂရက်လွှတ်တော်အမတ် ဝင်အရွေးခံတယ်။ ရှုံးတယ်။ ဆီနိတ်ခေါ် အထက်လွှတ်တော်အမတ် ဝင်အရွေးခံတယ်။ ရှုံးပြန်တယ်။ ၁၈၅၆ ကျတော့ ဒုတိယသမ္မတလောင်းဖြစ်ဖို့ ဝင်ပြိုင်တယ်။ ရှုံးတာပါပဲ။ သည်လိုနဲ့ ဇွဲခတ်ပြီး ၁၈၆၀ မှာ သမ္မတလောင်းအဖြစ် ဝင်အရွေးခံတော့ အနိုင်ရခဲ့တယ်။ အမေရိကန်သမိုင်းမှာ အကြီးမြတ်ဆုံး သမ္မတကြီးလို့ ကမ္ပည်းထိုးခံရတယ်။
(၆) ဝင်စတန်ချာချီ (Winston Churchill)
ဒုတိယကမ္ဘာစစ်မှာ ဂျာမနီကို အနိုင်တိုက်ကာ ဗြိတိန်နိုင်ငံကို နာဇီတို့လက်အောက် မကျရောက်အောင် ကယ်တင်ခဲ့သူဖြစ်တယ်။ ချာချီဟာ ဘဝတစ်လျှောက်လုံး အမြဲတမ်း အောင်မြင်ခဲ့သူ မဟုတ်ဘူး။ ၆ တန်း ကျောင်းသားဘဝမှာ စာမေးပွဲ ကျရှုံးခဲ့တယ်။ နိုင်ငံရေးထဲ ဝင်တော့လည်း ရွေးကောက်ပွဲဝင်တိုင်း ရှုံးခဲ့တာ အသက် ၆၂ နှစ် အထိတိုင်ဖြစ်တယ်။ နောက်ဆုံးမှာ ရွေးကောက်ပွဲနိုင်ပြီး ဝန်ကြီးချုပ်ဖြစ်လို့ သူ့တိုင်းပြည်ကို ကယ်ဆယ်ခွင့် ရခဲ့တယ်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသွားတဲ့နောက် ပထမဆုံးကျင်းပတဲ့ ရွေးကောက်ပွဲမှာ ချာချီကြီး ရှုံးပြန်တယ်။ သူ့တိုင်းပြည်က သူ့ကို လိုတဲ့အချိန်မှာ သုံးပြီး မလိုတဲ့အချိန်မှာ ဖယ်လိုက်တာလို့ ပြောစမှတ် ဖြစ်ခဲ့တယ်။ သို့ပေမယ့် ချာချီဟာ နိုင်ငံရေးကို မစွန့်ခွာဘဲ ဖက်တွယ်နေခဲ့တယ်။ ၁၉၅၁ မှာ ဝန်ကြီးချုပ် ပြန်ဖြစ်တယ်။
(၅) အိုင်းစတိုင်း (Einstein)
၂၀ ရာစုရဲ့ အကြီးကျယ်ဆုံး ပညာရှင်ကြီး ဖြစ်ပါတယ်။ အိုင်းစတိုင်းရဲ့ ရီလေတီဗီတီ သီဝရီဟာ သိပ္ပံလောကကြီး တစ်ခုလုံးကို လှုပ်ရှားသွားစေခဲ့တယ်။ သူဟာ တက္ကသိုလ်ကျောင်း မနေခဲ့ဖူးဘူး။ မှတ်ပုံတင်ရုံးက စာရေးလေးဘဝကနေ ကိုယ်ထူကိုယ်ထ လေ့လာဆည်းပူးပြီး သိပ္ပံပညာရှင်ကြီး ဖြစ်လာခဲ့တယ်။ အိုင်းစတိုင်း ကလေးဘဝက တော်တော်နဲ့ စာသင်လို့ မရဘူး။ အသက် ၂ နှစ်ကျော်အထိ စကားမပြောခဲ့ဘူး။ အိုင်းစတိုင်းက “စိတ်ကူးဟာ သုတပညာထက် ပို အရေးကြီးတယ်” လို့ ပြောခဲ့တယ်။ သည်စကားဟာ ကိုယ့်ဘဝကိုယ် အားငယ်နေသူတွေအတွက် ဘယ်လောက်ကောင်းတဲ့ အားဆေးကြီးလဲ။ ပညာ ကောင်းကောင်း မသင်ခဲ့ရလို့ စိတ်ငယ်နေသူတွေအတွက် ဇွဲတင်းစရာ ဖြစ်လာပါတယ်။
(၄) သောမတ် အက်ဒီဆင် (Thomas Edison)
တစ်စုံတစ်ခုကို မဖြစ်ဖြစ်အောင် လုပ်မယ်ဆိုတဲ့ ဇွဲရှိရင် အဆုံးတစ်နေ့မှာ အောင်မြင်နိုင်တာပဲဆိုတာကို သက်သေထူသွားသူ ဖြစ်တယ်။ ငယ်စဉ်ကတည်းက အကြားအာရုံချွတ်ယွင်းလို့ ကျောင်းကနေထွက်ခဲ့ရပြီး မိခင်ဖြစ်သူကိုယ်တိုင်သင်ပေးခဲ့ရတယ်။ ရထားဘူတာမှာ သကြားလုံး ၊ သတင်းစာနဲ့ မုန့်ပဲသရေစာရောင်းခဲ့တယ်။ သိလိုသမျှကို ကိုယ့်အားကိုယ်ကိုးကာ လေ့လာစမ်းသပ်ခဲ့တယ်။ လျှပ်စစ်မီးလုံးကို တီထွင်ခဲ့ရာမှာ အကြိမ်ပေါင်း တစ်သောင်း မအောင်မမြင် ဖြစ်ခဲ့ပြီး နောက်ဆုံးကျတော့ အောင်မြင်သွားခဲ့တယ်။ အက်ဒီဆင်က ဆုံးရှုံးခဲ့တဲ့ အကြိမ်တိုင်းဟာ အောင်မြင်မှုပန်းတိုင်ဆီကို တစ်လှမ်းချင်း နီးကပ်လာတာပဲလို့ ပြောခဲ့ပါတယ်။
(၃) မဟတ္တမ ဂန္ဒီ (Mahatma Gandhi)
ဗြိတိသျှအင်ပါယာကြီးကို အကြမ်းမဖက် နှလုံးရည်တိုက်ပွဲဖြင့် နှစ်ပေါင်းများစွာ နောက်မဆုတ်ပဲ တော်လှန်ပြီး အိန္ဒိယပြည်ကြီးကို လွတ်လပ်စေခဲ့သူ။ အသားအရောင် ခွဲခြားမှုမရှိ၊ ဇာတ်နိမ့် ဇာတ်မြင့် ခွဲခြားမှုမရှိ၊ ဘာသာရေး၊ လူမျိုးရေး ခွဲခြားမှုမရှိ၊ ငြိမ်းချမ်းရေးသမားသက်သက် ဖြစ်ပါတယ်။ သူ့ကို တစ်ကမ္ဘာလုံးက ကြည်ညိုလေးစားကြတယ်။ သူသေတော့ ပိုင်ဆိုင်မှုဆိုလို့ မဆိုစလောက် အသေးအဖွဲ ပစ္စည်းကလေးတွေပဲ ကျန်ရှိတယ်။ မြင့်မြတ်သော စိတ်ဓာတ်ကို အစွဲပြု၍ အိန္ဒိယနိုင်ငံ လူထုတစ်ရပ်လုံးက ‘မဟတ္တမ’ဟု ဘွဲ့ထူးကို အပ်နှင်းခဲ့တယ်။
(၂) မာတင်လူသာကင်း (Martin Luther King)
လူမျိုးနဲ့ အသားအရောင်ခွဲခြားမှုနဲ့ ဆင်းရဲငတ်မွတ်မှုတို့ကို ကြံ့ကြံ့ခံ ရပ်တည်ခဲ့သူ၊ အမေရိကမှာ လူလူချင်း တန်းတူညီမျှရေး လမ်းဖွင့်ပေးခဲ့သူ။ အမေရိကန် လူ့အခွင့်အရေးကို ပိုမိုထိရောက်သော အဆင့်အဖြစ်သို့ ဖိနှိပ်မှုတွေကြားက လုံးလုံးဇွဲမလျှော့ပဲ ပို့ဆောင်ပေးနိုင် ခဲ့တဲ့သူဖြစ်တယ်။ လူတစ်ယောက်ဟာ ကမ္ဘာကြီးမှာ အပြောင်းအလဲတွေဖြစ်အောင် မလုပ်နိုင်ဘူးလို့ ဘယ်သူပြောနိုင်မလဲ။ ကျွန်တော်တို့ အားလုံးဟာ အပြောင်းအလဲကို ဖြစ်စေနိုင်ကြတာပဲ။ လိုအပ်တာ တစ်ခုတည်းရှိတယ်။ အဲဒါကတော့ မွတ်သိပ်ခြင်းပဲ။ တစ်ခုခုကို ပြင်းပြင်းပြပြ လိုလားမွတ်သိပ်နေဖို့ပဲ ဖြစ်တယ်။
(၁) ဟယ်လင်ကဲလား (Helen Keller)
အသက် ၂ နှစ်သမီးအရွယ်ကတည်းက မျက်မမြင်၊ ဆွံ့အနားမကြား ဖြစ်ခဲ့တယ်။ သို့ပေမယ့် သူမဟာ ပညာတတ်တစ်ယောက်ဖြစ်အောင် ကြိုးစားနိုင်ခဲ့ပြီး ကမ္ဘာအနှံ့ ခရီးလှည့်လည်ကာ လူတွေကို အားပေးစကား ပြောခဲ့သေးတယ်။ ဟယ်လင်ကဲလား (၁၈၈၀-၁၉၆၈) ရဲ့ လက်သုံးဆောင်ပုဒ်က “ကမ္ဘာကြီးဟာ ဒုက္ခသုက္ခတွေနဲ့ ပြည့်ကောင်းပြည့်နေမယ်၊ ဒါပေမယ့် အဲသည် ဒုက္ခတွေကို ကျော်လွှားလွန်မြောက်နိုင်မှုတွေကလည်း အပြည့်ပါပဲ” “The world may be full of suffering but it is also full of overcoming” တဲ့။ ဘဝမှာ ကြီးမားလှပါတယ်ဆိုတဲ့ ပြဿနာနဲ့ ရင်ဆိုင်ခဲ့ရသူတွေဟာ ဟယ်လင်ကဲလားအကြောင်းကို သိလာပြီး သူမနဲ့ ယှဉ်ကြည့်လိုက်တော့မှ သူတို့ကြုံနေရတဲ့ ပြဿနာဆိုတာ ပြောပလောက်စရာ မဟုတ်တော့ဘူးလို့ နားလည်သွားကြတယ်။ ဟယ်လင်ကဲလားတောင် ပြဿနာတွေကို ကျော်လွှားနိုင်သေးတာပဲ မိမိက ဘာကြောင့် မကျော်လွှားနိုင်ရမလဲ။ မုချ ကျော်လွှားနိုင်ရမယ်လို့ ဇွဲတင်းနိုင်ခဲ့ကြပါတယ်။
ကိုင်း…. သင် ဘယ်လောက် ကံဆိုးနေသလဲ။ ဘယ်လောက် အဆင်မပြေဖြစ်နေသလဲ။ ဘယ်လောက် အခက်အခဲတွေ တွေ့နေရသလဲ။ အထက်ပါ လူဆယ်ယောက်အကြောင်းကို လေ့လာကြည့်လိုက်ပါ။ သူတို့ဆီက ဇွဲ သတ္တိတွေကို ဓာတ်ကူးလိုက်စမ်းပါ။ သင်လည်း မုချ အောင်မြင်တော့မည် အသေအချာ။
[မောင်ဝံသ၊ ရှာမှရှားတဲ့ နိုင်ငံရေးသမားနှင့် နိုင်ငံရေးဆောင်းပါးများ]
MyanmarThway Blog
——- —- ———–
(Zawgyi)
ေလာကဓံကို အားတင္းကာ ေက်ာ္ျဖတ္ၾကသူမ်ား (သို႔) ဇြဲတင္းနမူနာ လူသား ကိုးေယာက္
ေရးသားသူ – ဆရာေမာင္ဝံ့သ
လူတိုင္းရဲ႕ဘဝမွာ အခက္အခဲ အက်ပ္အတည္းေပါင္းစုံနဲ႔ ႀကဳံေတြ႕ရတတ္စၿမဲပါ။ အဲသလို ႀကဳံရတဲ့အခါမ်ားမွာ မိမိထက္ပိုၿပီး ႀကီးက်ယ္တဲ့ လူသားႀကီးေတြလည္း အခက္အခဲေတြနဲ႔ ႀကဳံခဲ့ၾကတာပဲ၊ သူတို႔ဟာ ႀကဳံေတြ႕ရတဲ့ အခက္အခဲေတြကို မေလွ်ာ့ေသာ ဇြဲလုံ႔လဝီရိယနဲ႔ ေက်ာ္လႊားႏိုင္ခဲ့ၾကလို႔ ေအာင္ျမင္မႈပန္းတိုင္ကို တက္လွမ္းႏိုင္ခဲ့ၾကတယ္ မဟုတ္ပါလားဆိုတဲ့ ဇြဲတင္းစိတ္ကို ေမြးႏိုင္ၾကဖို႔ အေရးႀကီးတယ္။ ဇြဲတင္းစိတ္ကို စံနမူနာျပခဲ့ၾကတဲ့ ပုဂၢိဳလ္ႀကီး (၉) ေယာက္ အေၾကာင္းကို လူငယ္ေတြအတြက္မွ်ေဝေပးလိုက္ပါတယ္။ ထိုပုဂၢိဳလ္မ်ားကေတာ့-
(၉) ရစ္ခ်တ္ ဘက္ (Richard Bach)
၁၉၇၀ ျပည့္ႏွစ္က ထုတ္ေဝတဲ့ ေယာနသန္ဇင္ေယာ္ (Jonathan Livingston Seagull) ပုံျပင္စာအုပ္ကေလးကို ေရးခဲ့သူ စာေရးဆရာ။ သူေရးထားတဲ့ ဇင္ေယာ္ပုံျပင္ကို ထုတ္ေဝသူေပါင္းမ်ားစြာက ပယ္ခ်ခဲ့ၾကတယ္။ စုစုေပါင္း ၂၆ႀကိမ္အပယ္ခံခဲ့ရတာပါ။ ဒါေပမယ့္ သူစိတ္မပ်က္ဘူး။ စာအုပ္တိုက္ တစ္တိုက္ၿပီးတစ္တိုက္ကို ဆက္သြယ္ၿပီး ႀကိဳးစားခဲ့တယ္။ ေနာက္ဆုံးေတာ့ မကၠမီလန္ စာအုပ္တိုက္က ေယာနသန္ ဇင္ေယာ္ကို ၁၉၇၀ မွာ ထုတ္ေဝခဲ့တယ္။ ပထမဆုံးအႀကိမ္မွာ အုပ္ေရ ၇၅၀၀ပဲ ထုတ္ေပးခဲ့တယ္။ ဒါေပမယ့္ လူႀကိဳက္မ်ားလြန္းတဲ့အတြက္ ၂ႏွစ္အၾကာမွာ သူ႔ရဲ႕စာအုပ္ဟာ အေရာင္းရဆုံးစာအုပ္ျဖစ္ခဲ့တယ္။ ပထမေနရာမွာ ရက္သတၱပတ္ေပါင္း ၃၈ပတ္ ရပ္တည္ႏိုင္ခဲ့တယ္။ ၁၉၇၅ ခုႏွစ္ေရာက္ေတာ့ အဲဒီစာအုပ္ကေလးဟာ အုပ္ေရေပါင္း (၇)သန္း ထုတ္ေဝခဲ့ရၿပီးပါၿပီ။
(၈) အက္ဖ္ ဒဗလ်ဴ ဝူးလ္ဝပ္ (F.W.Woolworth)
အေမရိကန္က ၁၀ ျပားဆိုင္မ်ားရဲ႕ သူေဌးႀကီး ဝူးလ္ဝပ္ (၁၈၅၂-၁၉၁၉) ဟာ ကုန္ေျခာက္ဆိုင္ လုပ္သားေလးဘဝမွာ အလုပ္ရွင္သူေဌးက သူ႔ကို ေဖာက္သည္ေတြနဲ႔ စကားေျပာခြင့္ေတာင္ မေပးခဲ့ဘူး။ သူ႔မွာ ေဈးဝယ္ေတြနဲ႔ စကားေျပာတတ္တဲ့ အရည္အခ်င္းေတာင္ မရွိဘူးလို႔ အထင္ခံခဲ့ရတာပါ။ ဒါေပမယ့္ သူအရႈံးမေပးခဲ့ပါဘူး။ ဒါေၾကာင့္လည္း အဲသေလာက္ သူရာမဝင္ခဲ့သူ ဝူးလ္ဝပ္ဟာ ၁၉၁၁ ခုႏွစ္ ေရာက္ေတာ့ အေမရိကန္တစ္ႏိုင္ငံလုံးမွာ ကုန္စုံဆိုင္ႀကီးေပါင္း ၅၈၆ ဆိုင္ရဲ႕ ပိုင္ရွင္ျဖစ္လာတယ္။
(၇) ေအဘရာဟမ္ လင္ကြန္း (Abraham Lincoln)
စစ္တပ္ထဲ ဝင္ေတာ့လည္း မေအာင္ျမင္၊ စီးပြားေရးလုပ္ေတာ့လည္း ကုန္ရႈံး ေႂကြးတင္၊ ခ်စ္သူရည္းစား ထားျပန္ေတာ့လည္း အိမ္ေထာင္သည္ဘ၀ မေရာက္ခင္ ခ်စ္သူက ကြယ္လြန္၊ သူကိုယ္တိုင္လည္း ဘဝရဲ႕ ထုေထာင္းခ်က္ေတြေၾကာင့္ စိတ္ဓာတ္ေတြ က်ခဲ့ရတဲ့ လင္ကြန္း။ ႏိုင္ငံေရးလုပ္ျပန္ေတာ့လည္း ပါဝင္အေ႐ြးခံသမွ် ေ႐ြးေကာက္ပြဲေတြမွာ ရႈံးၿပီးရင္း ရႈံး။ ကြန္ဂရက္လႊတ္ေတာ္အမတ္ ဝင္အေ႐ြးခံတယ္။ ရႈံးတယ္။ ဆီနိတ္ေခၚ အထက္လႊတ္ေတာ္အမတ္ ဝင္အေ႐ြးခံတယ္။ ရႈံးျပန္တယ္။ ၁၈၅၆ က်ေတာ့ ဒုတိယသမၼတေလာင္းျဖစ္ဖို႔ ဝင္ၿပိဳင္တယ္။ ရႈံးတာပါပဲ။ သည္လိုနဲ႔ ဇြဲခတ္ၿပီး ၁၈၆၀ မွာ သမၼတေလာင္းအျဖစ္ ဝင္အေ႐ြးခံေတာ့ အႏိုင္ရခဲ့တယ္။ အေမရိကန္သမိုင္းမွာ အႀကီးျမတ္ဆုံး သမၼတႀကီးလို႔ ကမၸည္းထိုးခံရတယ္။
(၆) ဝင္စတန္ခ်ာခ်ီ (Winston Churchill)
ဒုတိယကမာၻစစ္မွာ ဂ်ာမနီကို အႏိုင္တိုက္ကာ ၿဗိတိန္ႏိုင္ငံကို နာဇီတို႔လက္ေအာက္ မက်ေရာက္ေအာင္ ကယ္တင္ခဲ့သူျဖစ္တယ္။ ခ်ာခ်ီဟာ ဘဝတစ္ေလွ်ာက္လုံး အၿမဲတမ္း ေအာင္ျမင္ခဲ့သူ မဟုတ္ဘူး။ ၆ တန္း ေက်ာင္းသားဘဝမွာ စာေမးပြဲ က်ရႈံးခဲ့တယ္။ ႏိုင္ငံေရးထဲ ဝင္ေတာ့လည္း ေ႐ြးေကာက္ပြဲဝင္တိုင္း ရႈံးခဲ့တာ အသက္ ၆၂ ႏွစ္ အထိတိုင္ျဖစ္တယ္။ ေနာက္ဆုံးမွာ ေ႐ြးေကာက္ပြဲႏိုင္ၿပီး ဝန္ႀကီးခ်ဳပ္ျဖစ္လို႔ သူ႔တိုင္းျပည္ကို ကယ္ဆယ္ခြင့္ ရခဲ့တယ္။ ဒုတိယကမာၻစစ္ႀကီး ၿပီးဆုံးသြားတဲ့ေနာက္ ပထမဆုံးက်င္းပတဲ့ ေ႐ြးေကာက္ပြဲမွာ ခ်ာခ်ီႀကီး ရႈံးျပန္တယ္။ သူ႔တိုင္းျပည္က သူ႔ကို လိုတဲ့အခ်ိန္မွာ သုံးၿပီး မလိုတဲ့အခ်ိန္မွာ ဖယ္လိုက္တာလို႔ ေျပာစမွတ္ ျဖစ္ခဲ့တယ္။ သို႔ေပမယ့္ ခ်ာခ်ီဟာ ႏိုင္ငံေရးကို မစြန႔္ခြာဘဲ ဖက္တြယ္ေနခဲ့တယ္။ ၁၉၅၁ မွာ ဝန္ႀကီးခ်ဳပ္ ျပန္ျဖစ္တယ္။
(၅) အိုင္းစတိုင္း (Einstein)
၂၀ ရာစုရဲ႕ အႀကီးက်ယ္ဆုံး ပညာရွင္ႀကီး ျဖစ္ပါတယ္။ အိုင္းစတိုင္းရဲ႕ ရီေလတီဗီတီ သီဝရီဟာ သိပၸံေလာကႀကီး တစ္ခုလုံးကို လႈပ္ရွားသြားေစခဲ့တယ္။ သူဟာ တကၠသိုလ္ေက်ာင္း မေနခဲ့ဖူးဘူး။ မွတ္ပုံတင္႐ုံးက စာေရးေလးဘဝကေန ကိုယ္ထူကိုယ္ထ ေလ့လာဆည္းပူးၿပီး သိပၸံပညာရွင္ႀကီး ျဖစ္လာခဲ့တယ္။ အိုင္းစတိုင္း ကေလးဘဝက ေတာ္ေတာ္နဲ႔ စာသင္လို႔ မရဘူး။ အသက္ ၂ ႏွစ္ေက်ာ္အထိ စကားမေျပာခဲ့ဘူး။ အိုင္းစတိုင္းက “စိတ္ကူးဟာ သုတပညာထက္ ပို အေရးႀကီးတယ္” လို႔ ေျပာခဲ့တယ္။ သည္စကားဟာ ကိုယ့္ဘဝကိုယ္ အားငယ္ေနသူေတြအတြက္ ဘယ္ေလာက္ေကာင္းတဲ့ အားေဆးႀကီးလဲ။ ပညာ ေကာင္းေကာင္း မသင္ခဲ့ရလို႔ စိတ္ငယ္ေနသူေတြအတြက္ ဇြဲတင္းစရာ ျဖစ္လာပါတယ္။
(၄) ေသာမတ္ အက္ဒီဆင္ (Thomas Edison)
တစ္စုံတစ္ခုကို မျဖစ္ျဖစ္ေအာင္ လုပ္မယ္ဆိုတဲ့ ဇြဲရွိရင္ အဆုံးတစ္ေန႔မွာ ေအာင္ျမင္ႏိုင္တာပဲဆိုတာကို သက္ေသထူသြားသူ ျဖစ္တယ္။ ငယ္စဥ္ကတည္းက အၾကားအာ႐ုံခြၽတ္ယြင္းလို႔ ေက်ာင္းကေနထြက္ခဲ့ရၿပီး မိခင္ျဖစ္သူကိုယ္တိုင္သင္ေပးခဲ့ရတယ္။ ရထားဘူတာမွာ သၾကားလုံး ၊ သတင္းစာနဲ႔ မုန႔္ပဲသေရစာေရာင္းခဲ့တယ္။ သိလိုသမွ်ကို ကိုယ့္အားကိုယ္ကိုးကာ ေလ့လာစမ္းသပ္ခဲ့တယ္။ လွ်ပ္စစ္မီးလုံးကို တီထြင္ခဲ့ရာမွာ အႀကိမ္ေပါင္း တစ္ေသာင္း မေအာင္မျမင္ ျဖစ္ခဲ့ၿပီး ေနာက္ဆုံးက်ေတာ့ ေအာင္ျမင္သြားခဲ့တယ္။ အက္ဒီဆင္က ဆုံးရႈံးခဲ့တဲ့ အႀကိမ္တိုင္းဟာ ေအာင္ျမင္မႈပန္းတိုင္ဆီကို တစ္လွမ္းခ်င္း နီးကပ္လာတာပဲလို႔ ေျပာခဲ့ပါတယ္။
(၃) မဟတၱမ ဂႏၵီ (Mahatma Gandhi)
ၿဗိတိသွ်အင္ပါယာႀကီးကို အၾကမ္းမဖက္ ႏွလုံးရည္တိုက္ပြဲျဖင့္ ႏွစ္ေပါင္းမ်ားစြာ ေနာက္မဆုတ္ပဲ ေတာ္လွန္ၿပီး အိႏၵိယျပည္ႀကီးကို လြတ္လပ္ေစခဲ့သူ။ အသားအေရာင္ ခြဲျခားမႈမရွိ၊ ဇာတ္နိမ့္ ဇာတ္ျမင့္ ခြဲျခားမႈမရွိ၊ ဘာသာေရး၊ လူမ်ိဳးေရး ခြဲျခားမႈမရွိ၊ ၿငိမ္းခ်မ္းေရးသမားသက္သက္ ျဖစ္ပါတယ္။ သူ႔ကို တစ္ကမာၻလုံးက ၾကည္ညိဳေလးစားၾကတယ္။ သူေသေတာ့ ပိုင္ဆိုင္မႈဆိုလို႔ မဆိုစေလာက္ အေသးအဖြဲ ပစၥည္းကေလးေတြပဲ က်န္ရွိတယ္။ ျမင့္ျမတ္ေသာ စိတ္ဓာတ္ကို အစြဲျပဳ၍ အိႏၵိယႏိုင္ငံ လူထုတစ္ရပ္လုံးက ‘မဟတၱမ’ဟု ဘြဲ႕ထူးကို အပ္ႏွင္းခဲ့တယ္။
(၂) မာတင္လူသာကင္း (Martin Luther King)
လူမ်ိဳးနဲ႔ အသားအေရာင္ခြဲျခားမႈနဲ႔ ဆင္းရဲငတ္မြတ္မႈတို႔ကို ႀကံ့ႀကံ့ခံ ရပ္တည္ခဲ့သူ၊ အေမရိကမွာ လူလူခ်င္း တန္းတူညီမွ်ေရး လမ္းဖြင့္ေပးခဲ့သူ။ အေမရိကန္ လူ႔အခြင့္အေရးကို ပိုမိုထိေရာက္ေသာ အဆင့္အျဖစ္သို႔ ဖိႏွိပ္မႈေတြၾကားက လုံးလုံးဇြဲမေလွ်ာ့ပဲ ပို႔ေဆာင္ေပးႏိုင္ ခဲ့တဲ့သူျဖစ္တယ္။ လူတစ္ေယာက္ဟာ ကမာၻႀကီးမွာ အေျပာင္းအလဲေတြျဖစ္ေအာင္ မလုပ္ႏိုင္ဘူးလို႔ ဘယ္သူေျပာႏိုင္မလဲ။ ကြၽန္ေတာ္တို႔ အားလုံးဟာ အေျပာင္းအလဲကို ျဖစ္ေစႏိုင္ၾကတာပဲ။ လိုအပ္တာ တစ္ခုတည္းရွိတယ္။ အဲဒါကေတာ့ မြတ္သိပ္ျခင္းပဲ။ တစ္ခုခုကို ျပင္းျပင္းျပျပ လိုလားမြတ္သိပ္ေနဖို႔ပဲ ျဖစ္တယ္။
(၁) ဟယ္လင္ကဲလား (Helen Keller)
အသက္ ၂ ႏွစ္သမီးအ႐ြယ္ကတည္းက မ်က္မျမင္၊ ဆြံ႕အနားမၾကား ျဖစ္ခဲ့တယ္။ သို႔ေပမယ့္ သူမဟာ ပညာတတ္တစ္ေယာက္ျဖစ္ေအာင္ ႀကိဳးစားႏိုင္ခဲ့ၿပီး ကမာၻအႏွံ႔ ခရီးလွည့္လည္ကာ လူေတြကို အားေပးစကား ေျပာခဲ့ေသးတယ္။ ဟယ္လင္ကဲလား (၁၈၈၀-၁၉၆၈) ရဲ႕ လက္သုံးေဆာင္ပုဒ္က “ကမာၻႀကီးဟာ ဒုကၡသုကၡေတြနဲ႔ ျပည့္ေကာင္းျပည့္ေနမယ္၊ ဒါေပမယ့္ အဲသည္ ဒုကၡေတြကို ေက်ာ္လႊားလြန္ေျမာက္ႏိုင္မႈေတြကလည္း အျပည့္ပါပဲ” “The world may be full of suffering but it is also full of overcoming” တဲ့။ ဘဝမွာ ႀကီးမားလွပါတယ္ဆိုတဲ့ ျပႆနာနဲ႔ ရင္ဆိုင္ခဲ့ရသူေတြဟာ ဟယ္လင္ကဲလားအေၾကာင္းကို သိလာၿပီး သူမနဲ႔ ယွဥ္ၾကည့္လိုက္ေတာ့မွ သူတို႔ႀကဳံေနရတဲ့ ျပႆနာဆိုတာ ေျပာပေလာက္စရာ မဟုတ္ေတာ့ဘူးလို႔ နားလည္သြားၾကတယ္။ ဟယ္လင္ကဲလားေတာင္ ျပႆနာေတြကို ေက်ာ္လႊားႏိုင္ေသးတာပဲ မိမိက ဘာေၾကာင့္ မေက်ာ္လႊားႏိုင္ရမလဲ။ မုခ် ေက်ာ္လႊားႏိုင္ရမယ္လို႔ ဇြဲတင္းႏိုင္ခဲ့ၾကပါတယ္။
ကိုင္း…. သင္ ဘယ္ေလာက္ ကံဆိုးေနသလဲ။ ဘယ္ေလာက္ အဆင္မေျပျဖစ္ေနသလဲ။ ဘယ္ေလာက္ အခက္အခဲေတြ ေတြ႕ေနရသလဲ။ အထက္ပါ လူဆယ္ေယာက္အေၾကာင္းကို ေလ့လာၾကည့္လိုက္ပါ။ သူတို႔ဆီက ဇြဲ သတၱိေတြကို ဓာတ္ကူးလိုက္စမ္းပါ။ သင္လည္း မုခ် ေအာင္ျမင္ေတာ့မည္ အေသအခ်ာ။
[ေမာင္ဝံသ၊ ရွာမွရွားတဲ့ ႏိုင္ငံေရးသမားႏွင့္ ႏိုင္ငံေရးေဆာင္းပါးမ်ား]
MyanmarThway Blog