ရေးသားသူ – အောင်ကောင်းထက်(GAD)
(၁၉၇၇)ခုနှစ်၊မတ်လ(၂၇)ရက်နေ့က ဘိုးရင်း ၇၄၇ အမျိုးအစား ခရီးသည်တင် ဂျက်လေယာဉ်တွေဖြစ်တဲ့ KLM Flight 4805 နဲ့ Pan Am Flight 1736 တို့ဟာဆိုရင် စပိန်နိုင်ငံပိုင်Tenerife တန်နယ်ရီဖေး ကျွန်းမှာတည်ရှိတဲ့ Los Rodes (ယခုTenerifeမြောက်ပိုင်း လေဆိပ်)ရဲ့လေယာဉ်ပြေးလမ်းအတွင်း မတော်တဆတိုက်မိခဲ့ပါတယ်။ ဒီမတော်တဆမှုကြောင့်လေယာဉ်(၂)စီးပေါ်မှာ ပါလာတဲ့ခရီးသည် (၅၈၃)ယောက်အထိ သေဆုံးခဲ့ကာ ကမ္ဘာလေကြောင်းသမိုင်းတလျှောက်အဆိုးရွားဆုံးသော လေယာဉ်မတော်တဆမှုကြီးအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။
ဘယ်လိုဖြစ်ပွားခဲ့တာလဲ
လေယာဉ်အမှုထမ်းအပါအဝင် ခရီးသည်(၂၄၈)ယောက်ကို သယ်ဆောင်လာတဲ့ KLM flight 4805 ဟာ လေယာဉ်ပြေးလမ်းကနေ ဝေဟင်ပေါ်ကိုပျံတက်ဖို့ကြိုးပမ်းနေချိန်မှာပဲ တူညီတဲ့ပြေးလမ်းအတွင်းမှာ လေယာဉ်ကိုဖြည်းဖြည်းချင်းမောင်းနှင်လာတဲ့ အမှုထမ်းနဲ့ ခရီးသည် ၃၉၆ယောက်ပါ Pan Am Flight 1736 နဲ့ တိုက်မိခဲ့ခြင်းဖြစ်ပါတယ်။ မတော်တဆမှုဖြစ်ပေါ်ချိန်မှာ ရာသီဥတုအခြေအနေဟာလည်းဆိုးရွားလွန်းနေခဲ့ပြီး လေယာဉ်တွေဟာ လေယာဉ်လမ်းကြောင်းဆိုင်ရာ သတင်းပေးစနစ်(ATC)တွေကိုပဲ မှီခိုနေခဲ့ကာ တစီးနဲ့ တစီးမြင် တွေ့ခဲ့ကြခြင်း မရှိခဲ့ကြပါဘူး။
ဒါကြောင့် Pan Am Flight 1736နဲ့ ပေ(၂၀၀၀)အကွာလောက်ကနေ ပျံသန်းလာတဲ့ KLM flight 4805 အနေနဲ့ရှောင်တိမ်းဖို့ နောက်ကျသွားခဲ့ရတာလည်းဖြစ်ပါတယ်။ လေယာဉ်ချင်းမတိုက်မိ စဉ်စက္ကန့်ပိုင်းအလိုမှာတော့ Pan Am Flight 1736 လေယာဉ်မှူး Victor Grubbs ရဲ့ဆဲဆိုသံကိုတော့ ပြန်လည်တွေ့ရှိတဲ့ အသံဖမ်းကိရိယာတွေကြောင့်ပြန်လည်ကြားသိခဲ့ပါတယ်။ မတိုက်ခင်အချိန်အနည်းငယ်အတွင်းမှာ လေယာဉ်(၂)စီးစလုံးထိခိုက်မှုကနေ လျော့နည်းအောင် အသီးသီးကြိုးပမ်းခဲ့ကြတဲ့အနေနဲ့ Pan Am Flight 1736 လေယာဉ် က လက်ယာရစ်အတိုင်းလှည့်ကာမြက်ခင်းပြင်ဘက်ကိုဦးတည်ခဲ့ပြီး KLM flight 4805 ကတော့အရှိန်ကို အတတ်နိုင်ဆုံးသတ်ဖို့ကြိုးပမ်းခဲ့ကြပေမဲ့ မတော်တဆတိုက်မိခဲ့တဲ့ဖြစ်စဉ်ကိုတော့မရှောင်လွှဲနိုင်ခဲ့ကြပါဘူး။
KLM လေယာဉ်ရဲ့ဘီးတွေနဲ့ အင်ဂျင်ဟာဆိုရင် Pan Am လေယာဉ်ရဲ့ထိပ်ပိုင်းကို အရှိန်နဲ့ဝင်တိုက်မိခဲ့ပြီး ကမ္ဘာအဆိုးရွားဆုံး သောလေယာဉ်မတော်တဆတိုက်ခဲ့မှုကြီးဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ယင်းမတော်တဆမှုမှာအသက်ရှင်ကျန်ရစ်ခဲ့တဲ့ Pan Amလေယာဉ်ရဲ့လက်ထောက်ပိုင်းလော့ Robert Bragg( ၂၀၁၇ တွင်ကွယ်လွန်)က ၂၀၁၆ ခုနှစ်ဘီဘီစီအင်တာဗျူးမှာ သူတို့ကျတော်လေယာဉ်ကိုတိုက်လိုက်ချိန်မှာ ဝုန်းခနဲမြည်သံနဲ့အတူ အရာအားလုံးကပျောက်ကွယ်ကုန်တော့တာလို့ ဖြေကြားခဲ့ဖူးပါတယ်။ သူကပဲ လေယာဉ် အမိုးအပေါ်ဘက်ကိုမော့ကြည့်လိုက်စဉ်မှာပဲလေယာဉ်ရဲ့ခေါင်းပိုင်းဟာ ရုတ်တရက် ပျက်စီးသွားခဲ့ပြီလို့သူတွေ့ကြုံရတဲ့အခြေအနေကိုပြန်ပြောင်းပြောဆိုခဲ့ပါတယ်။
ယင်းလေယာဉ်မတော်တဆမှုကနေ အသက်ရှင်လျက်ပြန်လည်လွတ်မြောက်လာခဲ့သူဟာ Robert တယောက်တည်းတော့မဟုတ်ပါဘူး။ Robert ရဲ့အဆိုရအဆိုရင် သူဟာ လေယာဉ်မှူးအခန်းကနေ ပေ(၄၀)လောက်အမြင့်ရှိတဲ့ မြေပြင်ပေါ်ကိုခုန်ချခဲ့ပြီး ကံကောင်းထောက်မစွာမြက်ခင်းပေါ်ကိုသာကျရောက်ခဲ့ပါတယ်။
လေယာဉ်ပေါ်ကနေပထမဆုံးခုန်ချတဲ့ အမျိုးသမီးတယောက်ကတော့ မြေပေါ်ကိုဆိုးရွားစွာကျရောက်ခဲ့ပြီး နောက်ထပ်ခုန်ချသူတွေဟာလည်းသူအပေါ်ကိုသာ ကျရောက်ခဲ့တာကြောင့် သူမဟာခြေနှစ်ချောင်း၊ လက်နှစ်ချောင်းလုံးအပြင် ကျောရိုးပါကျိုးသွား ခဲ့ပါတယ်။ လေယာဉ်အချင်းချင်းတိုက်ခဲ့မှုအပြီး နောက်ထပ်(၅)မိနစ် ကြာချိန်မှာတော့ လေယာဉ်ဆီအိမ်ဟာပေါက်ကွဲသွားခဲ့ပြီး မီးတောက်တွေဟာအမြင့်ပေ(၂၅၀)လောက်အထိကို မြင်တက်သွားခဲ့ပါတယ်။ ယင်းဖြစ်ရပ်ကြောင့် သေဆုံးသူ(၅၈၃)ဦး၊ ဒဏ်ရာရ အသက်ရှင်ကျန်ရစ်သူ (၆၁)ဦးရှိခဲ့ပါတယ်။
မတော်တဆမှု ဘာကြောင့်ဖြစ်ခဲ့ရသလဲ
ယင်းမတော်တဆလေယာဉ်တိုတ်ခဲ့မှုနဲ့ပတ်သက်ပြီး ထွက်ပေါ်လာတဲ့သတင်းပေါင်းကတော့များစွာရှိခဲ့ပါတယ်။ ယင်းဖြစ်ရပ်မတိုင်ခင်အစောပိုင်းကာလတွေမှာဆိုရင် Gran Canaria လေဆိပ်မှဗုံးပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီး လူ(၈)ဦးအထိသေဆုံးခဲ့ရပါတယ်။ယင်း နောက်မှာဆိုရင်လည်း စပိန်ကနေခွဲထွက်ခွင့်လှုပ်ရှားမှုတွေပြုလုပ်တဲ့ Canary ကျွန်းရဲ့ လုံခြုံရေးကို ပျက်ပြားစေဖို့ရည်ရွယ်တဲ့ဒုတိယမြောက်ဗုံးပေါက်ကွဲမယ်ဆိုတဲ့သတင်းကြောင့်လည်း ခရီးသည်တင်လေယာဉ်အများစုဟာ Tenerife မှာရှိတဲ့လေဆိပ်တွင်းကို လမ်းကြောင်းပြောင်းဝင်ရောက်လာမှုတွေလည်းရှိခဲ့ပါတယ်။
အရေအတွက်များစွာသော ခရီးသည်တင် လေယာဉ်တွေဝင်ရောက်လာမှုအခြေအနေကြောင့်လည်းTenerifeလေ ဆိပ်ဟာ သူရဲ့အဓိကဝင်ပေါက်ပြေးလမ်းကို ပိတ်ပင်ခဲ့ပါတယ်။ဒါကြောင့်ခရီးသည်တင် လေယာဉ်တွေဟာ ပျံတက်ဖို့အတွက် (၁၈၀)ဒီဂရီအထိမရောက်ခင်ပြေးလမ်းကြောင်းတိုလေးမှာပဲ အားယူဖြေးဖြေးချင်းမောင်းနှင် ပျံတက်မှုတွေပြုလုပ်ခဲ့ရတဲ့ အချိန်လည်းဖြစ်ပါတယ်။ တဖက်မှာဆိုရင်လည်း ယင်းမတော်တဆမှုဖြစ်ပွားတဲ့နေ့ရက်ဟာ မြူများစွာ အုပ်ဆိုင်းနေတဲ့ရာသီဥတုအခြေအနေဖြစ်တာကြောင့်လည်း ပတ်ဝန်းကျင်မြင်ကွင်းမရှင်းလင်းတာနဲ့အတူ လေယာဉ်တွေဟာတစီးနဲ့ တစီးမြင်တွေ့ဖို့ခဲယဉ်းတဲ့အခြေအနေမှာလည်းရှိနေခဲ့တာကိုတွေ့ရပါတယ်။ ယင်းနေ့ကဖြစ်စဉ်တွေကိုမှတ်တမ်းတင်ထားတဲ့ရုပ်၊ သံဖိုင်တွေမှာဆိုရင်လည်း အဆင်ပြေမှာပါ၊ ပျံတက်မယ်ဆိုတဲ့စကားလုံးတွေ၊အော်ဟစ် ဆူညံသံတွေနဲ့ ကွဲပြားတဲ့ ဘာသာစကားများစွာကိုကြားခဲ့ရပါတယ်။
ယင်းအချိန်မှာလေယာဉ်ပြေးလမ်းကြောင်းဆိုင်ရာ သတင်းပေးပို့မှုတွေမှာဆိုရင်လည်း အဆင်ပြေတယ်၊ ပျံတက်ဖို့ပြင်ဆင်၊ ငါမင်းကိုပြောမယ်စတဲ့ ပုံမှန်လေယာဉ်ထွက်ခွာစဉ်ပြောဆိုတဲ့ ဆက်သွယ်ရေးစကားတွေကိုသာဖော်ပြတွေ့ရှိခဲ့ကြတာကိုလည်းတွေ့ရပါ တယ်။ အချုပ်ဆိုရရင်တော့ အဆင်ပြေတယ် လေယာဉ်ပျံတက်ဖို့ဆိုတဲ့အဓိပ္ပါယ်ပါတဲ့ Okay ဆိုတဲ့စကားလုံးကပဲ လူအသတ်ပေါင်းများစွာကိုဖဲ့ချွေသွားခဲ့တာဖြစ်ပါတယ်။
ယင်းဖြစ်ရပ်ဟာ ကမ္ဘာ့လေကြောင်းထိန်းချုပ်မှုစနစ်ကို ဘာတွေပြောင်းလဲသွားစေလဲ
လေယာဉ်မောင်းသူတွေ Radiotelephony တွေကိုသင်ယူဖို့ လိုအပ်နေပြီဖြစ်ကြောင်း ထောက်ပြခဲ့ပါတယ်။ Radiotelephony ကိုတော့ Aviation English လို့သိကြပြီးခက်ခဲတဲ့ အင်္ဂလိပ်စာလုံးပေါင်း(၃၀၀)လောက်ပါဝင်တဲ့ ဘယ်အချိန်မှာဘယ်လိုပြုမှုရတာနဲ့ပတ်သက်တဲ့ညွှန်ကြားချက်နည်းစဉ်တွေဖြစ်ပါတယ်။ အသက်ရှင်ကျန်ခဲ့သူလေယာဉ်မှူးရော်ဂျာရဲ့ပြောကြားမှုအရဆိုရင်သူ့အနေနဲ့ လေယာဉ် မောင်းနှင်နေစဉ်ညွှန်ကြားချက်မက်ဆေ့တွေကို ဖတ်ခဲ့ရပေမဲ့ ဘာကိုဆိုလိုတယ်ဆိုတာ နားမလည်တာကြောင့် သူတို့ရဲ့ပျံသန်းခြင်းအစီစဉ်ကိုရပ်နားခဲ့ခြင်းမျိုး မပြုလုပ်ခဲ့ရတာလို့ဆိုပါတယ်။
ယင်းအစားလေယာဉ်မှူးထံကနေ ATC ရဲ့လမ်းပြစနစ်တွေမှာ(၂)ဘက် စလုံး အခြားလေယာဉ်မရှိလို့ညွှန်ပြချက်ကိုအတည်ပြုဖို့သာ အာရုံစိုက်ခဲ့ပုံပေါ်ပြီးရော်ဂျာရရှိတဲ့မက်ဆေ့ တွေကိုလည်း အဓိပ္ပါယ်နားလည်ခြင်းမရှိတာကြောင့် အလေးထားလိုက်နာဖို့အာရုံမရှိခဲ့တဲ့ ပုံဖြစ်နိုင်ကောင်းဖြစ်ခဲ့ပါလိမ့်မယ်။ Aviation English ကနေ ညွှန်ကြားတဲ့မက်ဆေ့ရဲ့အဓိပ္ပါယ် ကိုသတိပြုနားလည်ခြင်းမရှိဘဲ Okay ဆိုတဲ့စကားလုံးသာဖြစ်နိုင်တဲ့အကြောင်း တထစ်ချ ယုံကြည်သွားခဲ့ကြပုံပါ။
လေယာဉ်မတော်တဆမှုနဲ့ပတ်သက်ပြီးနောက်ထပ်ထွက်ပေါ်လာတဲ့ အကြောင်းအရာတခုကတော့ KLM ခရီးသည်တင်လေယာဉ်ရဲ့လက်ထောက်လေယာဉ်မှူးဟာ အတွေ့အကြုံနုနယ်ပြီး လေယာဉ်မှူးရဲ့ဆုံးဖြတ်ချက်တွေအပေါ်ခြုငုံသုံးသပ်နိုင်ခြင်းမရှိ ခဲ့တာကိုလည်းစုံစမ်းစစ်ဆေးမှုတွေအရသိရပါတယ်။ ဒါကြောင့်သူအနေနဲ့ ပြေးလမ်းကြောင်းအတွင် းအခြားသောလေယာဉ်တွေရှိနိုင်ချင်/ရှိနိုင်ကြောင်းဆင်ခြင်မိကာအကြံပေးမှုတွေရှိပေမဲ့ လေယာဉ်မှူးကတော့ လျစ်လျူခဲ့ပါတယ်။ အထက်ပါဖော်ပြတဲ့အချက်တွေဟာဆိုရင် Tenerife လေဆိပ်မတော်တဆမှုဖြစ်စဉ်ပြီးတဲ့နောက် ထွက်ပေါ်လာတဲ့ လေယာဉ်မောင်းတွေရဲ့အားနည်းချက်တွေဖြစ်ပြီး ယင်းနောက်ပိုင်းလေယာဉ်မှူးထရိန်နင်တွေမှာဆိုရင် အရေးပါတဲ့သင်ရိုးအဖြစ်ထည့်သွင်း၊သင်ကြားခဲ့ရပါတယ်။
ယနေ့အချိန်မှာဆိုရင်တော့ လေယာဉ် ပျက်ကျမှု၊မတော်တဆမှုဖြစ်စဉ်တွေရဲ့ အသေးစိတ်ကိုသိနိုင်ဖို့ black boxလိုနည်းပညာမြင့် ပစ္စည်းကိရိယာတွေပေါ်ပေါက်လို့ လာခဲ့ပြီလည်းဖြစ်ပါတယ်။ Sun Online Travel ကတော့ လေယာဉ်မတော်တဆမှုတွေကြောင့် လူသေဆုံးမှုအရေအတွက်နည်းပါးအောင်လုပ်ဖို့ဆိုရင်တော့ စီးနင်းသူခရီးသည်တွေ ကြုံတွေ့ခဲ့ရတဲ့ဆိုးရွားတဲ့မတော်တဆမှုဖြစ်စဉ်တွေကနေပဲ သင်ခန်းယူခြင်းမျိုးတွေနဲ့ ခရီးသည်တယောက်ချင်းစီရဲ့လုံခြုံရေး/ဘေးကင်းရေးဆိုင်ရာ အကြံပြုချက်များအပေါ် ခြုံငုံသုံးသပ်ဖို့လိုမယ်လို့ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
—– —- ——
(Zawgyi)
ေလယာဥ္သမုိင္းတေလွ်ာက္ အႀကီးမားဆုံး မေတာ္တဆမႈ
ေရးသားသူ – ေအာင္ေကာင္းထက္(GAD)
(၁၉၇၇)ခုႏွစ္၊မတ္လ(၂၇)ရက္ေန႔က ဘိုးရင္း ၇၄၇ အမ်ိဳးအစား ခရီးသည္တင္ ဂ်က္ေလယာဥ္ေတြျဖစ္တဲ့ KLM Flight 4805 နဲ႔ Pan Am Flight 1736 တို႔ဟာဆိုရင္ စပိန္ႏိုင္ငံပိုင္Tenerife တန္နယ္ရီေဖး ကြၽန္းမွာတည္ရွိတဲ့ Los Rodes (ယခုTenerifeေျမာက္ပိုင္း ေလဆိပ္)ရဲ႕ေလယာဥ္ေျပးလမ္းအတြင္း မေတာ္တဆတိုက္မိခဲ့ပါတယ္။ ဒီမေတာ္တဆမႈေၾကာင့္ေလယာဥ္(၂)စီးေပၚမွာ ပါလာတဲ့ခရီးသည္ (၅၈၃)ေယာက္အထိ ေသဆုံးခဲ့ကာ ကမာၻေလေၾကာင္းသမိုင္းတေလွ်ာက္အဆိုး႐ြားဆုံးေသာ ေလယာဥ္မေတာ္တဆမႈႀကီးအျဖစ္ မွတ္တမ္းဝင္သြားခဲ့ပါတယ္။
ဘယ္လိုျဖစ္ပြားခဲ့တာလဲ
ေလယာဥ္အမႈထမ္းအပါအဝင္ ခရီးသည္(၂၄၈)ေယာက္ကို သယ္ေဆာင္လာတဲ့ KLM flight 4805 ဟာ ေလယာဥ္ေျပးလမ္းကေန ေဝဟင္ေပၚကိုပ်ံတက္ဖို႔ႀကိဳးပမ္းေနခ်ိန္မွာပဲ တူညီတဲ့ေျပးလမ္းအတြင္းမွာ ေလယာဥ္ကိုျဖည္းျဖည္းခ်င္းေမာင္းႏွင္လာတဲ့ အမႈထမ္းနဲ႔ ခရီးသည္ ၃၉၆ေယာက္ပါ Pan Am Flight 1736 နဲ႔ တိုက္မိခဲ့ျခင္းျဖစ္ပါတယ္။ မေတာ္တဆမႈျဖစ္ေပၚခ်ိန္မွာ ရာသီဥတုအေျခအေနဟာလည္းဆိုး႐ြားလြန္းေနခဲ့ၿပီး ေလယာဥ္ေတြဟာ ေလယာဥ္လမ္းေၾကာင္းဆိုင္ရာ သတင္းေပးစနစ္(ATC)ေတြကိုပဲ မွီခိုေနခဲ့ကာ တစီးနဲ႔ တစီးျမင္ ေတြ႕ခဲ့ၾကျခင္း မရွိခဲ့ၾကပါဘူး။
ဒါေၾကာင့္ Pan Am Flight 1736နဲ႔ ေပ(၂၀၀၀)အကြာေလာက္ကေန ပ်ံသန္းလာတဲ့ KLM flight 4805 အေနနဲ႔ေရွာင္တိမ္းဖို႔ ေနာက္က်သြားခဲ့ရတာလည္းျဖစ္ပါတယ္။ ေလယာဥ္ခ်င္းမတိုက္မိ စဥ္စကၠန႔္ပိုင္းအလိုမွာေတာ့ Pan Am Flight 1736 ေလယာဥ္မႉး Victor Grubbs ရဲ႕ဆဲဆိုသံကိုေတာ့ ျပန္လည္ေတြ႕ရွိတဲ့ အသံဖမ္းကိရိယာေတြေၾကာင့္ျပန္လည္ၾကားသိခဲ့ပါတယ္။ မတိုက္ခင္အခ်ိန္အနည္းငယ္အတြင္းမွာ ေလယာဥ္(၂)စီးစလုံးထိခိုက္မႈကေန ေလ်ာ့နည္းေအာင္ အသီးသီးႀကိဳးပမ္းခဲ့ၾကတဲ့အေနနဲ႔ Pan Am Flight 1736 ေလယာဥ္ က လက္ယာရစ္အတိုင္းလွည့္ကာျမက္ခင္းျပင္ဘက္ကိုဦးတည္ခဲ့ၿပီး KLM flight 4805 ကေတာ့အရွိန္ကို အတတ္ႏိုင္ဆုံးသတ္ဖို႔ႀကိဳးပမ္းခဲ့ၾကေပမဲ့ မေတာ္တဆတိုက္မိခဲ့တဲ့ျဖစ္စဥ္ကိုေတာ့မေရွာင္လႊဲႏိုင္ခဲ့ၾကပါဘူး။
KLM ေလယာဥ္ရဲ႕ဘီးေတြနဲ႔ အင္ဂ်င္ဟာဆိုရင္ Pan Am ေလယာဥ္ရဲ႕ထိပ္ပိုင္းကို အရွိန္နဲ႔ဝင္တိုက္မိခဲ့ၿပီး ကမာၻအဆိုး႐ြားဆုံး ေသာေလယာဥ္မေတာ္တဆတိုက္ခဲ့မႈႀကီးျဖစ္ပြားခဲ့တာျဖစ္ပါတယ္။ ယင္းမေတာ္တဆမႈမွာအသက္ရွင္က်န္ရစ္ခဲ့တဲ့ Pan Amေလယာဥ္ရဲ႕လက္ေထာက္ပိုင္းေလာ့ Robert Bragg( ၂၀၁၇ တြင္ကြယ္လြန္)က ၂၀၁၆ ခုႏွစ္ဘီဘီစီအင္တာဗ်ဴးမွာ သူတို႔က်ေတာ္ေလယာဥ္ကိုတိုက္လိုက္ခ်ိန္မွာ ဝုန္းခနဲျမည္သံနဲ႔အတူ အရာအားလုံးကေပ်ာက္ကြယ္ကုန္ေတာ့တာလို႔ ေျဖၾကားခဲ့ဖူးပါတယ္။ သူကပဲ ေလယာဥ္ အမိုးအေပၚဘက္ကိုေမာ့ၾကည့္လိုက္စဥ္မွာပဲေလယာဥ္ရဲ႕ေခါင္းပိုင္းဟာ ႐ုတ္တရက္ ပ်က္စီးသြားခဲ့ၿပီလို႔သူေတြ႕ႀကဳံရတဲ့အေျခအေနကိုျပန္ေျပာင္းေျပာဆိုခဲ့ပါတယ္။
ယင္းေလယာဥ္မေတာ္တဆမႈကေန အသက္ရွင္လ်က္ျပန္လည္လြတ္ေျမာက္လာခဲ့သူဟာ Robert တေယာက္တည္းေတာ့မဟုတ္ပါဘူး။ Robert ရဲ႕အဆိုရအဆိုရင္ သူဟာ ေလယာဥ္မႉးအခန္းကေန ေပ(၄၀)ေလာက္အျမင့္ရွိတဲ့ ေျမျပင္ေပၚကိုခုန္ခ်ခဲ့ၿပီး ကံေကာင္းေထာက္မစြာျမက္ခင္းေပၚကိုသာက်ေရာက္ခဲ့ပါတယ္။
ေလယာဥ္ေပၚကေနပထမဆုံးခုန္ခ်တဲ့ အမ်ိဳးသမီးတေယာက္ကေတာ့ ေျမေပၚကိုဆိုး႐ြားစြာက်ေရာက္ခဲ့ၿပီး ေနာက္ထပ္ခုန္ခ်သူေတြဟာလည္းသူအေပၚကိုသာ က်ေရာက္ခဲ့တာေၾကာင့္ သူမဟာေျခႏွစ္ေခ်ာင္း၊ လက္ႏွစ္ေခ်ာင္းလုံးအျပင္ ေက်ာ႐ိုးပါက်ိဳးသြား ခဲ့ပါတယ္။ ေလယာဥ္အခ်င္းခ်င္းတိုက္ခဲ့မႈအၿပီး ေနာက္ထပ္(၅)မိနစ္ ၾကာခ်ိန္မွာေတာ့ ေလယာဥ္ဆီအိမ္ဟာေပါက္ကြဲသြားခဲ့ၿပီး မီးေတာက္ေတြဟာအျမင့္ေပ(၂၅၀)ေလာက္အထိကို ျမင္တက္သြားခဲ့ပါတယ္။ ယင္းျဖစ္ရပ္ေၾကာင့္ ေသဆုံးသူ(၅၈၃)ဦး၊ ဒဏ္ရာရ အသက္ရွင္က်န္ရစ္သူ (၆၁)ဦးရွိခဲ့ပါတယ္။
မေတာ္တဆမႈ ဘာေၾကာင့္ျဖစ္ခဲ့ရသလဲ
ယင္းမေတာ္တဆေလယာဥ္တိုတ္ခဲ့မႈနဲ႔ပတ္သက္ၿပီး ထြက္ေပၚလာတဲ့သတင္းေပါင္းကေတာ့မ်ားစြာရွိခဲ့ပါတယ္။ ယင္းျဖစ္ရပ္မတိုင္ခင္အေစာပိုင္းကာလေတြမွာဆိုရင္ Gran Canaria ေလဆိပ္မွဗုံးေပါက္ကြဲမႈျဖစ္ေပၚခဲ့ၿပီး လူ(၈)ဦးအထိေသဆုံးခဲ့ရပါတယ္။ယင္း ေနာက္မွာဆိုရင္လည္း စပိန္ကေနခြဲထြက္ခြင့္လႈပ္ရွားမႈေတြျပဳလုပ္တဲ့ Canary ကြၽန္းရဲ႕ လုံၿခဳံေရးကို ပ်က္ျပားေစဖို႔ရည္႐ြယ္တဲ့ဒုတိယေျမာက္ဗုံးေပါက္ကြဲမယ္ဆိုတဲ့သတင္းေၾကာင့္လည္း ခရီးသည္တင္ေလယာဥ္အမ်ားစုဟာ Tenerife မွာရွိတဲ့ေလဆိပ္တြင္းကို လမ္းေၾကာင္းေျပာင္းဝင္ေရာက္လာမႈေတြလည္းရွိခဲ့ပါတယ္။
အေရအတြက္မ်ားစြာေသာ ခရီးသည္တင္ ေလယာဥ္ေတြဝင္ေရာက္လာမႈအေျခအေနေၾကာင့္လည္းTenerifeေလ ဆိပ္ဟာ သူရဲ႕အဓိကဝင္ေပါက္ေျပးလမ္းကို ပိတ္ပင္ခဲ့ပါတယ္။ဒါေၾကာင့္ခရီးသည္တင္ ေလယာဥ္ေတြဟာ ပ်ံတက္ဖို႔အတြက္ (၁၈၀)ဒီဂရီအထိမေရာက္ခင္ေျပးလမ္းေၾကာင္းတိုေလးမွာပဲ အားယူေျဖးေျဖးခ်င္းေမာင္းႏွင္ ပ်ံတက္မႈေတြျပဳလုပ္ခဲ့ရတဲ့ အခ်ိန္လည္းျဖစ္ပါတယ္။ တဖက္မွာဆိုရင္လည္း ယင္းမေတာ္တဆမႈျဖစ္ပြားတဲ့ေန႔ရက္ဟာ ျမဴမ်ားစြာ အုပ္ဆိုင္းေနတဲ့ရာသီဥတုအေျခအေနျဖစ္တာေၾကာင့္လည္း ပတ္ဝန္းက်င္ျမင္ကြင္းမရွင္းလင္းတာနဲ႔အတူ ေလယာဥ္ေတြဟာတစီးနဲ႔ တစီးျမင္ေတြ႕ဖို႔ခဲယဥ္းတဲ့အေျခအေနမွာလည္းရွိေနခဲ့တာကိုေတြ႕ရပါတယ္။ ယင္းေန႔ကျဖစ္စဥ္ေတြကိုမွတ္တမ္းတင္ထားတဲ့႐ုပ္၊ သံဖိုင္ေတြမွာဆိုရင္လည္း အဆင္ေျပမွာပါ၊ ပ်ံတက္မယ္ဆိုတဲ့စကားလုံးေတြ၊ေအာ္ဟစ္ ဆူညံသံေတြနဲ႔ ကြဲျပားတဲ့ ဘာသာစကားမ်ားစြာကိုၾကားခဲ့ရပါတယ္။
ယင္းအခ်ိန္မွာေလယာဥ္ေျပးလမ္းေၾကာင္းဆိုင္ရာ သတင္းေပးပို႔မႈေတြမွာဆိုရင္လည္း အဆင္ေျပတယ္၊ ပ်ံတက္ဖို႔ျပင္ဆင္၊ ငါမင္းကိုေျပာမယ္စတဲ့ ပုံမွန္ေလယာဥ္ထြက္ခြာစဥ္ေျပာဆိုတဲ့ ဆက္သြယ္ေရးစကားေတြကိုသာေဖာ္ျပေတြ႕ရွိခဲ့ၾကတာကိုလည္းေတြ႕ရပါ တယ္။ အခ်ဳပ္ဆိုရရင္ေတာ့ အဆင္ေျပတယ္ ေလယာဥ္ပ်ံတက္ဖို႔ဆိုတဲ့အဓိပၸါယ္ပါတဲ့ Okay ဆိုတဲ့စကားလုံးကပဲ လူအသတ္ေပါင္းမ်ားစြာကိုဖဲ့ေခြၽသြားခဲ့တာျဖစ္ပါတယ္။
ယင္းျဖစ္ရပ္ဟာ ကမာၻ႔ေလေၾကာင္းထိန္းခ်ဳပ္မႈစနစ္ကို ဘာေတြေျပာင္းလဲသြားေစလဲ
ေလယာဥ္ေမာင္းသူေတြ Radiotelephony ေတြကိုသင္ယူဖို႔ လိုအပ္ေနၿပီျဖစ္ေၾကာင္း ေထာက္ျပခဲ့ပါတယ္။ Radiotelephony ကိုေတာ့ Aviation English လို႔သိၾကၿပီးခက္ခဲတဲ့ အဂၤလိပ္စာလုံးေပါင္း(၃၀၀)ေလာက္ပါဝင္တဲ့ ဘယ္အခ်ိန္မွာဘယ္လိုျပဳမႈရတာနဲ႔ပတ္သက္တဲ့ၫႊန္ၾကားခ်က္နည္းစဥ္ေတြျဖစ္ပါတယ္။ အသက္ရွင္က်န္ခဲ့သူေလယာဥ္မႉးေရာ္ဂ်ာရဲ႕ေျပာၾကားမႈအရဆိုရင္သူ႔အေနနဲ႔ ေလယာဥ္ ေမာင္းႏွင္ေနစဥ္ၫႊန္ၾကားခ်က္မက္ေဆ့ေတြကို ဖတ္ခဲ့ရေပမဲ့ ဘာကိုဆိုလိုတယ္ဆိုတာ နားမလည္တာေၾကာင့္ သူတို႔ရဲ႕ပ်ံသန္းျခင္းအစီစဥ္ကိုရပ္နားခဲ့ျခင္းမ်ိဳး မျပဳလုပ္ခဲ့ရတာလို႔ဆိုပါတယ္။
ယင္းအစားေလယာဥ္မႉးထံကေန ATC ရဲ႕လမ္းျပစနစ္ေတြမွာ(၂)ဘက္ စလုံး အျခားေလယာဥ္မရွိလို႔ၫႊန္ျပခ်က္ကိုအတည္ျပဳဖို႔သာ အာ႐ုံစိုက္ခဲ့ပုံေပၚၿပီးေရာ္ဂ်ာရရွိတဲ့မက္ေဆ့ ေတြကိုလည္း အဓိပၸါယ္နားလည္ျခင္းမရွိတာေၾကာင့္ အေလးထားလိုက္နာဖို႔အာ႐ုံမရွိခဲ့တဲ့ ပုံျဖစ္ႏိုင္ေကာင္းျဖစ္ခဲ့ပါလိမ့္မယ္။ Aviation English ကေန ၫႊန္ၾကားတဲ့မက္ေဆ့ရဲ႕အဓိပၸါယ္ ကိုသတိျပဳနားလည္ျခင္းမရွိဘဲ Okay ဆိုတဲ့စကားလုံးသာျဖစ္ႏိုင္တဲ့အေၾကာင္း တထစ္ခ် ယုံၾကည္သြားခဲ့ၾကပုံပါ။
ေလယာဥ္မေတာ္တဆမႈနဲ႔ပတ္သက္ၿပီးေနာက္ထပ္ထြက္ေပၚလာတဲ့ အေၾကာင္းအရာတခုကေတာ့ KLM ခရီးသည္တင္ေလယာဥ္ရဲ႕လက္ေထာက္ေလယာဥ္မႉးဟာ အေတြ႕အႀကဳံႏုနယ္ၿပီး ေလယာဥ္မႉးရဲ႕ဆုံးျဖတ္ခ်က္ေတြအေပၚျခဳငုံသုံးသပ္ႏိုင္ျခင္းမရွိ ခဲ့တာကိုလည္းစုံစမ္းစစ္ေဆးမႈေတြအရသိရပါတယ္။ ဒါေၾကာင့္သူအေနနဲ႔ ေျပးလမ္းေၾကာင္းအတြင္ းအျခားေသာေလယာဥ္ေတြရွိႏိုင္ခ်င္/ရွိႏိုင္ေၾကာင္းဆင္ျခင္မိကာအႀကံေပးမႈေတြရွိေပမဲ့ ေလယာဥ္မႉးကေတာ့ လ်စ္လ်ဴခဲ့ပါတယ္။ အထက္ပါေဖာ္ျပတဲ့အခ်က္ေတြဟာဆိုရင္ Tenerife ေလဆိပ္မေတာ္တဆမႈျဖစ္စဥ္ၿပီးတဲ့ေနာက္ ထြက္ေပၚလာတဲ့ ေလယာဥ္ေမာင္းေတြရဲ႕အားနည္းခ်က္ေတြျဖစ္ၿပီး ယင္းေနာက္ပိုင္းေလယာဥ္မႉးထရိန္နင္ေတြမွာဆိုရင္ အေရးပါတဲ့သင္႐ိုးအျဖစ္ထည့္သြင္း၊သင္ၾကားခဲ့ရပါတယ္။
ယေန႔အခ်ိန္မွာဆိုရင္ေတာ့ ေလယာဥ္ ပ်က္က်မႈ၊မေတာ္တဆမႈျဖစ္စဥ္ေတြရဲ႕ အေသးစိတ္ကိုသိႏိုင္ဖို႔ black boxလိုနည္းပညာျမင့္ ပစၥည္းကိရိယာေတြေပၚေပါက္လို႔ လာခဲ့ၿပီလည္းျဖစ္ပါတယ္။ Sun Online Travel ကေတာ့ ေလယာဥ္မေတာ္တဆမႈေတြေၾကာင့္ လူေသဆုံးမႈအေရအတြက္နည္းပါးေအာင္လုပ္ဖို႔ဆိုရင္ေတာ့ စီးနင္းသူခရီးသည္ေတြ ႀကဳံေတြ႕ခဲ့ရတဲ့ဆိုး႐ြားတဲ့မေတာ္တဆမႈျဖစ္စဥ္ေတြကေနပဲ သင္ခန္းယူျခင္းမ်ိဳးေတြနဲ႔ ခရီးသည္တေယာက္ခ်င္းစီရဲ႕လုံၿခဳံေရး/ေဘးကင္းေရးဆိုင္ရာ အႀကံျပဳခ်က္မ်ားအေပၚ ၿခဳံငုံသုံးသပ္ဖို႔လိုမယ္လို႔ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။