Monday, March 8, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ရွှေ နဲ့ ငွေ ဘယ်ဟာ ပိုတန်ဖိုး ရှိသလဲ

by Thutamm
August 10, 2019
Reading Time: 1min read
0
ရွှေ နဲ့ ငွေ ဘယ်ဟာ ပိုတန်ဖိုး ရှိသလဲ
Share on FacebookShare on Twitter

ရေးသားသူ – သိင်္ဂါကျော်( နှင်းဆီတစ်ခင်း ပန်းတစ်ခြင်း)

တစ်ခါက ရွာတစ်ရွာမှာ သင်္ချာပညာရှင် တစ်ယောက် နေထိုင်ခဲ့ပါတယ်။ အဲဒီနယ်ရဲ့ အကြီးအကဲ ဘုရင် ကိုယ်တိုင် သူ့ကို မကြာခဏ ခေါ်ပြီး စီးပွားရေးနဲ့ ပတ်သတ်တဲ့ ကိစ္စရပ်တွေမှာ အကြံဉာဏ် တောင်းတတ်ပါတယ်။ သူ့ရဲ့ နာမည် ဂုဏ်သတင်းက အရပ်လေးမျက်နှာထိ ပြန့်နှံ့ကျော်ဇော နေပါတယ်။ ဒါပေမယ့် ရွာ အကြီးအကဲ က သူ့ကို ပြောတဲ့ စကားတစ်ခွန်းက သူ့ကို အတော် ထိခိုက် နာကျင်စေပါတယ်။
“ခင်ဗျားကသာ ဘုရင်ကြီးရဲ့ စီးပွားရေး အတိုင်ပင်ခံ ဖြစ်နေတာ၊ ခင်ဗျား သားကတော့ ရွှေ နဲ့ ငွေ မှာ ဘယ်ဟာ ပိုပြီး တန်ဖိုး ရှိတယ် ဆိုတာကိုတောင် မသိဘူးနော်”

သင်္ချာပညာရှင်လည်း သူ့သားကို ခေါ်ပြီး မေးရတော့တယ်။
“ရွှေ နဲ့ ငွေ မှာ ဘယ်ဟာက ပိုပြီး တန်ဖိုး ရှိသလဲ သား” ဆိုတော့ “ရွှေ ပေါ့ အဖေရာ” လို့ သူ့သားက ချက်ချင်း ပြန်ပြောပါတယ်။

“ဒါ အမှန်ပဲလေ၊ ဘာဖြစ်လို့ ရွာသူကြီးက မင်းကို ရွှေနဲ့ ငွေရဲ့ တန်ဖိုးကိုတောင် မသိတဲ့လူလို့ ထင်ပြီး ရယ်စရာ ဖြစ်အောင် လုပ်နေရတာလဲ၊ သူက ငါ့ကို နေ့တိုင်း ရိတယ်၊ တခြား ရွာလူကြီး တွေ ရှေ့မှာ ငါ့ကို ကိုယ့်သားကိုယ် ဂရုမစိုက်တဲ့လူလို့ မလေးမစား နောက်ပြောင်ချင်တယ်၊ ဒါက ငါ့ကို နာကျင်စေတာပေါ့၊ ငါ့သားက ရွှေ နဲ့ ငွေမှာ ဘယ်ဟာ ပိုပြီး တန်ဖိုး ရှိမှန်းတောင် မသိဘူး ဆိုပြီး ရွာက လူအားလုံးက ငါ့နောက်ကွယ်မှာ ပြောင်လှောင် နေကြတယ်လို့ ခံစားရတယ်၊ မင်း ဘာလို့ အဲလို လုပ်ရတယ် ဆိုတာ ငါ့ကို ရှင်းစမ်းပါဦး”

သင်္ချာပညာရှင်ရဲ့ သားက ရွာသူကြီး သူ့ကို အထင်အမြင်သေးအောင် လုပ်မိတဲ့ အကြောင်းပြချက်ကို ခုလို ပြောပြပါတယ်။
“နေ့တိုင်း ကျွန်တော် ကျောင်းသွားတဲ့လမ်းမှာ ရွာသူူကြီးက သူ့အိမ်ကို ခေါ်တယ်။ ရွာက တစ်ခြား လူကြီးတွေရဲ့ ရှေ့မှာပဲ သူ့လက်ထဲမှာ ငွေပြား တစ်ပြား နဲ့ ရွှေပြား တစ်ပြား ကိုင်ထားပြီး ကျွန်တော့်ကို ဘယ်ဟာ ပိုပြီး တန်ဖိုးရှိသလဲ လို့ မေးတယ်လေ။ ကျွန်တော်က ငွေပြားကိုပဲ ကောက်လာတယ်။ သူက ရယ်တယ်။ တစ်ခြားလူတွေလည်း ရယ်ကြတယ်။ အဲလို နေ့တိုင်းပဲ…။ အဲဒါကြောင့် သူက အဖေ့ကို ကျွန်တော်က ငွေ နဲ့ ရွှေ ဘယ်ဟာ ပိုတန်ဖိုးကြီးမှန်းတောင် မသိဘူး လို့ ပြောတာပေါ့”

သူသားပြောတာကို ကြားတဲ့အခါ အဖေလည်း စိတ်ရှုပ်သွားပါတယ်။ သူ့သားဟာ ရွှေနဲ့ ငွေရဲ့ တန်ဖိုးကို သိရဲ့သားနဲ့ ဘာလို့ အမြဲတမ်း ငွေပြားကိုပဲ ကောက်လာရသလဲ ဆိုတာပဲ…။

“ဘာလို့ မင်းက ရွှေပြားကို မရွေးရတာလဲ” သူကမေးတော့ သူ့သားက အဖေကို အခန်းထဲ ခေါ်သွားပြီးတော့ သေတ္တာလေး တစ်လုံးကို ဖွင့်ပြပါတယ်။ သေတ္တာထဲမှာတော့ ငွေပြား တစ်ရာလောက် အနည်းဆုံး ရှိနေပါတယ်။ သူ့အဖေဘက် ပြန်လှည့်ပြီးတော့ သင်္ချာပညာရှင်ရဲ့ သားက ပြောပါတယ်။

“ကျွန်တော်က ရွှေပြားကို ရွေးလိုက်တဲ့ နေ့မှာ ကစားပွဲက ပြီးသွားမှာပေါ့ အဖေရဲ့၊ သူတို့က ကျွန်တော့်ကို ရယ်စရာ လုပ်နေတာ ရပ်သွားလိမ့်မယ်၊ ကျွန်တော်လည်း ပိုက်ဆံ မရတော့ပဲ နေမှာပေါ့”

တစ်ခါတရံ ဘဝမှာ ကျွန်တော်တို့ဟာ အရူးလိုပဲ ကစားရပါတယ်။ ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ Senior တွေ၊ Junior တွေ၊ ကြားမှာပေါ့…။ ဒါဟာ ဘဝရဲ့ ကစားပွဲမှာ ရှုံးနိမ့်တယ်လို့ မဆိုလိုပါဘူး။ ဒါက တစ်ခြား လူတွေကို ကစားပွဲရဲ့ နယ်ပယ် တစ်ခုမှာ အနိုင်ပေးလိုက်ပြီး ကျွန်တော်တို့က ကစားပွဲရဲ့ တစ်ခြား တစ်ဖက်မှာ အနိုင်ယူလိုက်တာပါပဲ။ ဘယ်လို နယ်ပယ်မျိုးမှာ အနိုင်ရအောင် လုပ်ပြီး ဘယ်လို နယ်ပယ်မျိုးမှာ မလုပ်ပဲနေမလဲ ဆိုတာတော့ ကျွန်တော်တို့ ရွေးချယ်ရမှာပါ။

သိင်္ဂါကျော်
နှင်းဆီတစ်ခင်း ပန်းတစ်ခြင်းဘလော့

The Smart Game – Gold or Silver? ကို ပြန်ဆိုပါသည်။

 

Tags: thinking

Related Posts

သက်ကြီး ပင်စင်စား တဦးရဲ့ အကြံပေး ပြောစကားများ
Successful

သက်ကြီး ပင်စင်စား တဦးရဲ့ အကြံပေး ပြောစကားများ

ရေးသားသူ - Saya Aung Ko Latt သင်ပင်စင်စားပြီဖြစ်စေ၊ အလုပ်လုပ်နေသေးသည်ဖြစ်စေ၊ အသက် ၆၀ နှီးသူတိုင်း ဒီစာလေးတော့ ဖတ်ကြည့်စေချင်ပါတယ်။ ၁။ ရေဆိုတာ အစုန်ပဲ စီးဆင်းပါတယ်၊ အဆန် စီးဆင်းရိုး မရှိပါ။...

စောင်းနေသော အုတ်နီခဲ ၂လုံး
Thinking

စောင်းနေသော အုတ်နီခဲ ၂လုံး

ရေးသားသူ - ဦးဝင်းအောင်(ရေကြောင်းကျောင်းဆရာ) (CTPE) ဒီစာကို ရေးသူ က အင်္ဂလိပ်လူမျိုး Ajahn Brahm လို့ အမည်ရှိတဲ့ ဗုဒ္ဓဘာသာ ဆရာတော်ပါ။ သြစတြေလျမှာ သီတင်းသုံးခဲ့ပါတယ်။ Cambridge တက္ကသိုလ်က ရူပဗေဒနဲ့ ဘွဲ့ရခဲ့ပြီး ထိုင်းနိုင်ငံမှာ...

အချိန်ဆွဲတတ်တဲ့ အကျင့်ကို ကုစားကြမလား
Thinking

အချိန်ဆွဲတတ်တဲ့ အကျင့်ကို ကုစားကြမလား

ရေးသားသူ - TMK(သမန်းကျား) လူကြီးနဲ့လူငယ်အကြား ပြဿနာခဏခဏဖြစ်စေတဲ့အကြောင်းရင်းတွေထဲမှာ လူငယ်တွေအချိန်ဆွဲတာ လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ တကယ်တော့ လူငယ်တွေပဲ အချိန်ဆွဲကြတာမဟုတ်ပါဘူး။ လူကြီး တွေလည်း ပါတာပါပဲ။ သို့သော် လူကြီးတွေက သူတို့အချိန်ဆွဲရတဲ့အကြောင်းရင်းကို လိမ္မာပါးနပ်စွာ ပြောပြတတ်ကြလေတော့ အပြစ်ဆိုရခက်နေတတ်ပါတယ်။...

မြန်မာ လူငယ်များသို့ ဖတ်စေချင်တဲ့စာ
Successful

မြန်မာ လူငယ်များသို့ ဖတ်စေချင်တဲ့စာ

ရေးသားသူ - Saya Aung Ko Latt(AIS) A ။ အောင်မြင်ခြင်းနဲ့ သတ္တိ ၁။ အောင်မြင်တဲ့ လုပ်ငန်းရှင်များဟာ ပိုက်ဆံ အရင်ရှိတာမဟုတ်ပါ။ သတ္တိအရင်ရှိတာပါ။ ၂။ သူများမစဉ်းစားရဲတာကို စဉ်းစားရဲတယ်၊ သူများမလုပ်ရဲတာကို...

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!