Saturday, April 17, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ရှေးဟောင်း အီဂျစ်ရာဇဝင်ထဲက အနူးဘစ် ဆိုတာ

by Thutamm
July 27, 2019
Reading Time: 1min read
0
ရှေးဟောင်း အီဂျစ်ရာဇဝင်ထဲက အနူးဘစ် ဆိုတာ
Share on FacebookShare on Twitter

မူရင်း ရေးသားသူ – Honey Soe

မံမီ စီရင်သူများထဲမှ ခွေးအ ပုံသွင်ရှိတဲ့ အီဂျစ် နတ်ဘုရား အနူးဘစ်ဟာ ငရဲကို ပို့ဆောင်ခံရမယ့် သေသူရဲ့ဝိဉာဉ်ကို စီးနင်းပြီး လားရာကို အရောက် ပို့ပေးတဲ့ နတ် ဖြစ်ပါတယ်။ အနူးဘစ်ဆိုတာ အလောင်းကို မပုပ်သိုးအောင် ဆေးစိမ်တဲ့ အခါမှာ ပသခံရတဲ့ နတ်တစ်ပါးဖြစ်ပါတယ်။

Osiris ရဲ့ အလောင်းကို မပုပ်သိုးအောင် စီရင်ပြီးနောက် ဒုတိယအကြိမ် ရှင်သန်ထမြောက်အောင် အနူးဘစ်က ပြုလုပ်ပေးခဲ့ပါတယ်။ အဲဒီ နောက်မှာတော့ Osiris က အနူးဘစ်ကို နတ်ဘုရားအဖြစ် သတ်မှတ်ပေးပြီး ကိုးကွယ်စေခဲ့ပါတယ်။ သူဟာ Osiris ရဲ့မြေးတော် Nephthys ရဲ့ သားတော် ဖြစ်ပါတယ်။

အနူးဘစ်ရဲ့ ပုံသဏ္ဌာန်ကို ရှေးခေတ် ဘုရင်နဲ့ ဘုရားများ ကိုင်ဆောင်တဲ့ အာဏာစီရင်ခွင့်ရ တောင်ဝှေးကို ကိုင်ထားတဲ့ ခွေးအ,ခေါင်းနဲ့ လူကိုယ်အဖြစ် သရုပ်ဖော်ပြပါတယ်။

တချို့ဒေသတွေမှာတော့ တံကျင် လျှိုခံထားရလို့ သွေးတစ်စက်စက် ယိုကျနေတဲ့ အဖြူ အနက်စပ် နွားထီးကို စီးတဲ့ နတ်အဖြစ်လည်း ပုံဖော်တတ်ပါတယ်။ (အဲဒီ့ နွားစီးတာကတော့ ဘာအဓိပ္ပါယ်မှန်း မသိကြပါ။)

အလောင်းများကို ဆေးစိမ်တဲ့ နေရာမှာ အနူးဘစ်က အထူးကြီးကြပ်သူ ဖြစ်ပါတယ်။ အနူးဘစ်မှာ အရေးကြီးတဲ့ တာဝန် (၃) ခု ရှိပါတယ်။

( ၁) ရွတ်ဖတ်သူရဲ့ အဟန့်ထဲကို မံမီအဟုန်ထည့်ပေးရခြင်း၊
( ၂) နှုတ်ခပတ်တော် ဟခြင်း အခမ်းအနားကို စီရင်ရခြင်း၊
( ၃) ဝိဉာဉ်ကို ကောင်းကင်ဘုံ အမှာကမ်းတဲ့ကွင်းပြင်ဖြစ်စေ၊ ငရဲကိုဖြစ်စေ ပို့ပေးရခြင်း
-တို့ ဖြစ်ပါတယ်။

အရေးအကြီးဆုံးကတော့ အနူးဘစ်ဟာ သေပြီးသူတို့ရဲ့ အမှန်တရားနဲ့ တမလွန်ကို ကြီးကြပ်ရခြင်းပဲ ဖြစ်ပါတယ်။

စီရင်ဆေးစိမ်ထားတဲ့ အလောင်းနားမှာ အမွှေးနံ့သာများ၊ သစ်မွှေးနဲ့ အခြားသဘာဝ အမွှေးနံ့ထွက်တဲ့ အရာတွေ ထားခြင်းဟာ သေသူဝိဉာဉ်ကို စိတ်အာရုံထွေပြားပြီး သူသွားရမယ့် နေရာကို မေ့စေတယ်လို့ ရှေးခေတ် အီဂျစ်များက ယုံကြည်ကြပါတယ်။

အနူးဘစ်က အဲဒီ့လို မေ့မသွားအောင် အထူးကြပ်မတ်ရတဲ့ နတ်ဘုရား ဖြစ်ပါတယ်။

အနူးဘစ်ရဲ့ တာဝန်ဟာ သေပြီးသူရဲ့ ဝိဉာဉ်နဲ့သာ ဆိုင်ပါတယ်။ ရှင်သန်သူများ အနေနဲ့ အနူးဘစ် ရှိကြောင်းကို မံမီ စီရင်နေချိန်မှာပဲ ခံစားရမှာဖြစ်ပြီး မြင်နိုင်စွမ်း မရှိကြပါဘူး။

သေသူတို့၏ ဝိဉာဉ်တွေကို သူတို့ ပြုခဲ့ကြတဲ့ ကောင်းမှု မကောင်းမှု အကျိုး အပြစ်တွေအတွက် စီရင်ခြင်းခံရဖို့ တရား စစ်ဆေးတဲ့ နတ်တရားသူကြီး Osiris ရဲ့ မျက်မှောက် သစ္စာမဏ္ဍိုင် ခန်းမကြီးထဲကို အနူးဘစ်က ခေါ်ဆောင်သွားရပါတယ်။

အဲဒီ့မှာ သေသူရဲ့ ဝိဉာဉ်က မိမိရဲ့ ကောင်းမှု မကောင်းမှုတွေကို လျှောက်ထားပြီးတဲ့အခါ အနူးဘစ်က သေသူရဲ့ အသည်းနှလုံးကို ငှက်ကုလားအုတ် အမွေးနဲ့ ချိန်ခွင်ကို ကိုင်ပြီး ချိန်ရပါတယ်။

အသည်းနှလုံးက ကောင်းမှုတန်ခိုးကြောင့် ပေါ့ပါးနေရင်၊ ချိန်ခွင်မှာ အလေးစီးပြီး စောင်းမသွားရင် ဉာဏ်ပညာနတ် Thoth က မှတ်တမ်းတင်ပြီး Osiris ထံ အစီရင်ခံကာ Osiris က အမတ သုခဘုံထဲကို ဝင်ခွင့်ပြုပါတယ်။

ချိန်ခွင်က သေသူမှာ အပြစ်လေးလံကြောင်း ဖော်ပြရင်တော့ အဲဒီ့အပြစ်အတွက် ပေးဆပ်ရပါတယ်။

အချို့ အယူအဆတွေအရ အဲဒီ့ မကောင်းမှု ပြုခဲ့သူရဲ့ ဝိဉာဉ်ကို ထူးဆန်းတဲ့ သတ္တဝါကြီး Devouress က ဖျက်ဆီးပစ်တယ်လို့ ဆိုပါတယ်။ Devouress ဆိုတာက မိကျောင်းခေါင်း၊ မိကျောင်းပါးစပ်နဲ့၊ ရှေ့ပိုင်းက ခြင်္သေ့ကိုယ်၊ ဖင်ပိုင်းက ရေမြင်းကိုယ် ရှိပြီး Osiris တရားစီရင်တဲ့နားမှာ ဆာလောင်မွတ်သိပ်စွာ စောင့်နေလေ့ရှိပါတယ်။

အပြစ်စီရင်ခံရသူတွေကို ခုန်အုပ်ပြီး ကိုက်စားတတ်ပါတယ်။

အခြား အယူအဆ အရကတော့ အပြစ်ရှိသူရဲ့ ဝိဉာဉ်ဟာ ငရဲကို ပစ်ချခံရပြီး ငရဲမှာ အပြင်းအထန် နှိပ်စက်ခံကြရပါတယ်။

Edited by Ko Kyel Sin (ဗဟုသုတကြယ်စင် ဂရု)

Tags: amazingancient knowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!