Thursday, April 15, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဂရိအတွေးအခေါ်ပညာရှင်ကြီး အရစ္စတိုတယ် ဆိုသည်မှာ

by Thutamm
August 10, 2019
Reading Time: 1min read
0
ဂရိအတွေးအခေါ်ပညာရှင်ကြီး အရစ္စတိုတယ် ဆိုသည်မှာ
Share on FacebookShare on Twitter

ရှေးခေတ်ကမ္ဘာတွင် အကြီးကျယ်ဆုံးသော ဂရိ တွေးခေါ်ပညာရှင်နှင့် သိပ္ပံပညာရှင်တစ်ယောက်ဖြစ်သူ အရစ္စတိုတယ်သည် မိမိတို့ခေတ်ကထွန်းကာလျှက်ရှိသော ပညာအရပ်ရပ်တို့မှ အမှန်သဘောတရားကိုရရှိအောင် စူးစမ်းရှာဖွေခဲ့သော ဂရိဒဿန ဗေဒပညာရှင်တစ်ယောက်လည်း ဖြစ်သည်။ ရိုးရိုးယုတ္တိဗေဒ (Formal Logic) ဖြင့် ဒဿနိကဗေဒ ကို ရှုထောင့်ပေါင်းစုံမှ အသက်သွင်းသူအဖြစ် ကျော်ကြားသည်။ ဒဿနိကဗေဒပညာအရာ၌ ကဝိ တစ်ဆူဖြစ်သော ပလေတို၏ တပည့်လည်းဖြစ်သည်။

အလက်ဇန္ဒားသည်ဂရိတ်ဘုရင်၏ဆရာလည်း ဖြစ်သည်။ သူသည် ယုတ္တိဗေဒ၊ စကားပြောအတတ်၊ ကဗျာဖွဲ့နည်းစံနစ်၊ တိရစ္ဆာန်လောက အနုမာန ယထာဘူတ၊ ရူပဗေဒ၊ စိတ်ပညာ၊ လူ့ကျင့်ဝတ်ပညာ၊ နိုင်ငံရေး၊ အေသင်မြို့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ စသောပညာရပ်များဆိုင်ရာ စာပေတို့ကို ပြုစုရေးသားခဲ့ရာ၊ ဝိဇ္ဇာပညာရပ်နှင့် သိပ္ပံပညာရပ် ဟူသော ပညာရပ်နှစ်ဖက်စလုံးတွင် နှံ့စပ်သောကြောင့် စွယ်စုံပညာရှင်ဟု ခေါ်ဆိုထိုက်ပေသည်။

အရစ္စတိုတယ် အား ဘီစီ ၃၈၄တွင် ယနေ့ မက်စီဒိုးနီးယားနိုင်ငံ၊ စတာဂီရာ (Stagira) တွင် ဖွားမြင်သည်။ ဖခင် နီကိုးမက်ကပ်သည် မက်ဆီဒိုးနီးယားပြည့်ရှင် ဒုတိယအမင်းတပ်ထံ၌ ဘုရင်၏သမားတော်အဖြစ် အမှုထမ်းရသူဖြစ်သည်။ ငယ်စဉ်ကပင် ဖခင်ထံ၌ ဆေးပညာကို လေ့လာဆည်းပူး ခဲ့သည်။ သို့ရာတွင် သူသည် ဒဿနိကဗေဒပညာနှင့် အနုပညာ ထွန်းကားရာဖြစ်သော အေသင်မြို့တွင် နာမည်ကျော်ဆရာကြီး ပလေတိုထံ၌ ပညာဆည်းပူးလိုသောဆန္ဒ ပြင်းပြခဲ့သည်။

ဖခင်ကွယ်လွန်သောအခါ အသက် ၁၇ နှစ် အရွယ်ရှိသော အရစ္စတိုတယ်သည် မိမိ၏ ရည်မှန်းချက်အတိုင်း အေသင်မြို့သို့ ထွက်ခွာခဲ့လေသည်။ အေသင်မြို့သို့ရောက်သော် ပလေတိုသည် တိုင်းတစ်ပါးတွင် ခရီးလွန်နေခိုက် ဖြစ်သောကြောင့် ဆရာကြီးကို သုံးနှစ်မျှစောင့်ဆိုင်း နေခဲ့ရသည်။ ထို့နောက် ပလေတို(Plato)၏ အကယ်ဒမီကျောင်းတွင် တက်ရောက်ကာ ထိုခေတ်က အထက်တန်းကျသည့် ပညာရပ်များကို နှစ်ပေါင်း ၂ဝ မျှ ဆည်းပူးသည်။ ပလေးတိုးကလည်း တပည့်သစ်၏ ထက်မြက်သော ဉာဏ်စွမ်း ဉာဏ်စကို သိမြင်လာလေသည်။ ဘီစီ ၃၄၇ ခုနှစ် တွင် ပလေတိုကွယ်လွန်သည်။

ဖခင်ထံမှ ဇီဝဗေဒ သဘောတရားများကို သဘောကျသည့်အလျှောက် လက်တွေ့သိပ္ပံကို ဦးစားပေးရန် အတွေးရခဲ့ဟန်တူသည်။ ပလေတိုထံတွင် တပည့်ခံစဉ်ကလည်း ဒဿနိကဗေဒဆိုင်ရာ ဈေးကစားခြင်း (Philosophical Specylation)ကို အထုံရခဲ့သည်။

ဘီစီ ၃၄၂ တွင် မက်စီဒိုးနီးယားသို့ ပြန်ရောက်လျှင် ဘုရင်ဖိလစ်၏ဖိတ်ကြားမှုကြောင့် ထိုစဉ်က အသက် ၁၃ နှစ်သာရှိသေးသည့် အလက်ဇန္ဒား ၏ဆရာအဖြစ် တာဝန်ယူ သင်ကြားပေးခဲ့သည်။ နောင် ၇နှစ်ကျော်အကြာ အလက်ဇန္ဒားဘုရင်ဖြစ်လျှင် အေသင်သို့ ပြန်လာပြီး လီစီယမ် (Lyceum) အမည်ရှိ ကိုယ်ပိုင်ကျောင်းတော်ကို တည်ထောင်ကာ ၁၂ နှစ် နေထိုင်ပြန်သည်။ အယ်ရစ္စတိုတယ်သည် ကျောင်းအနီးရှိတောအုပ်တောတန်းအကြားတွင် လမ်းလျှောက် ရင်း တပည့်တို့အား ပညာရပ်များကို သင်ကြားပို့ချလေ့ရှိသည်။ နောင်အခါ၌ ထိုကဲ့သို့လမ်းလျှောက်သင် ကြားခြင်းကို အစွဲပြု၍ အရစ္စတိုတယ် သင်ကြားပို့ချသော ဒဿနိကဗေဒပညာကို ပယ်ရီပတက်တစ် ဒဿနိကဗေဒဟု ခေါ်စမှတ်ပြုကြသည်။

ထို ၁၂နှစ်အတွင်း အလက်ဇန္ဒားက တိုက်သမျှစစ်ပွဲတိုင်းနိုင်၍ တွေ့သမျှသော အရှေ့တိုင်းမှ တိရစ္ဆာန်၊ အပင်၊ ပစ္စည်းပစ္စယတို့ကို ကျောင်းအတွက် သုတေသန လုပ်ရန် ထောက်ပံ့ပေးသည်။ တစ်ကြိမ်က အရစ္စတိုတယ်၏ တူတစ်ယောက်က အလက်ဇန္ဒားကို လုပ်ကြံရန် စီစဉ်ကြောင်း ပေါ်သဖြင့် အရစ္စတိုတယ်ကိုပါ သတ်ရန်စဉ်းစားသေးသည် ဟုဆိုသည်။

အလက်ဇန္ဒားဘုရင် ကွယ်လွန်သောအခါ အေသင် မြို့သားတို့သည် မက်ဆီဒိုးနီးယား၏ စိုးမိုးမှုကို ပုန်ကန်ကြ၏။ အေသင်တွင် မက်စီဒိုးနီးယားဆန့်ကျင်ရေးသမား ဂရိမျိုးချစ်တို့ အာဏာရလာပြန်သည့်အတွက် မက်စီဒိုးနီးယားလူမျိုး ဖြစ်သည့် အရစ္စတိုတယ်မှာ အနေအထိုင် ခက်ခဲလာသည်။ မက်ဆီဒိုးနီးယားထီးနန်းနှင့် အဆက်အသွယ်ရှိခဲ့ဖူးသော အရစ္စတိုတယ်ကိုလည်း ကိုယ်ကျင့်တရား ပျက်ပြားသူဖြစ်သည်ဟု စွပ်စွဲကြ၏။ ထို့ကြောင့် ဘီစီ ၃၂၃ ခုနှစ်တွင် သူသည် ယူဗီးယားကျွန်းရှိ ကားလစစ်မြို့သို့ ထွက်ပြေးတိမ်းရှောင်ရသည်။ နောင်တစ်နှစ်အကြာ ဘီစီ ၂၂ ၊ အသက် ၆၂နှစ်အရွယ်တွင် ကွယ်လွန်ရှာသည်။

ကွယ်လွန်ချိန်တွင် ကျမ်းစာပေါင်း ၄၇ကျမ်းတိတိ ကျန်ရစ်သည်။ စွယ်စုံကျမ်းများဟု ဆိုရလောက်အောင်ပင် ဂန္ဓဝင်စာပေ၊ နက္ခတ္တဗေဒ၊ ဇီဝဗေဒ၊ သတ္တဗေဒ၊ ပထဝီဝင်၊ ရူပဗေဒ၊ ခန္ဓာဗေဒ (Anatomy)၊ ဇီဝကမ္မဗေဒ (physiology) တို့အပြင် အခြားအခြားသော သူ၏သိပ္ပံတွေ့ရှိချက် များစွာတို့ကို ရေးသား ချန်ရစ်ပေးခဲ့သည်။

အတွေးအခေါ်ပိုင်းဆိုင်ရာတွင်လည်း အဖိုးတန် ယုတ္တိဗေဒသီအိုရီ (Theory of Logic) ကို ရေးသားခဲ့ပြီး လူ့ကျင့်ဝတ် (Ethics)၊ တက္ကိကဗေဒ (metaphysic)၊ စိတ်ပညာ၊ ဘောဂဗေဒ၊ ဘာသာရေး (Theology)၊ နိုင်ငံရေး၊ နှုတ်မှုစွမ်းရည် (Rhetoric) ၊ ရသပညာ (Aesthetics)၊ ပညာရေး၊ ကဗျာ အစရှိသည့် အကြောင်းများလည်း ကျမ်းပြုခဲ့သည်။ ထူးခြားမှုအချို့မှာ ဘာဘေးရီးယန်းယဉ်ကျေးမှု (Barbartian Custom) နှင့် အေသင်ဖွဲ့စည်းပုံအခြေခံဥပဒေ (Athenian Consittution) ကိုလည်း ရေးသားခဲ့သေးသည်။

အရစ္စတိုတယ်၏ ကျေးဇူးမှာ၎င်းသက်ရှိထင်ရှားနေစဉ် များစွာမသိသာသော်လည်း နှောင်းလူတို့အပေါ်တွင်မူ များစွာ အကျိုးကျေးဇူး ကြီးသည်ဟု ဆိုနိုင်သည်။ သိပ္ပံပညာရပ်ဆိုင်ရာများကို အကြောင်းအရာအလိုက် အပိုင်းလိုက် ခွဲခြားပြသပြီး၊ တူရာစုပေါင်းပေးခဲ့သဖြင့် နှောင်းလူတို့အတွက် လေ့လာရန် များစွာလွယ်ကူသွားပြီဖြစ်သည်။ သူ၏ ဒဿနများမှာလည်း နှောင်းခေတ်များတွင် အရှိန်အဟုန်ဖြင့် လွမ်းမိုးနိုင်သဖြင့် များစွာဩဇာကြီးလှသည်။ သူ၏ပြောစကား၊ ရေးသားခဲ့သည့်ကျမ်း၊ သီအိုရီ၊ ဒဿန၊ စာပေ အစရှိသည်တို့ကို နှောင်းခေတ်လူတို့က စံနှုန်းအဖြစ်သတ်မှတ်ကာ ကျင့်သုံးနေကြရဆဲ ဖြစ်လေသည်။

ကျော်စွာ(၁၀၀)-ဒေါက်တာသန်းထွန်း
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)
Myanmar Wikipedia

Tags: world historyworld people

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်
People

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်

၉.၁.၂၀၂၁ ရက်နေ့ Forbes ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ စာရင်းကို ကိုးကားထားခြင်းဖြစ်ပါတယ်။ ၁၀။ ဆာဂေးဘရင် ပြီးခဲ့တဲ့နှစ်က အဆင့် ၁၀ နေရာမှာရှိခဲ့တဲ့ အိန္ဒိယသူဌေးကြီး မာခက်ရှ် အမ်ဘန်နီက အဆင့် ၁၃ နေရာကိုရောက်သွားပြီး ဂိုဂဲရဲ့ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့...

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ
People

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ

ကျည်ကာအင်္ကျီတွေကိုတော့ စစ်ဘက်ဆိုင်ရာနဲ့ တကိုယ်ရေ ကာကွယ်မှုဆိုင်ရာ ကဏ္ဍတွေမှာအသုံးပြုကြပါတယ်။ ကျည်ကာအင်္ကျီတွေကိုတော့ အပူခံနိုင်ပြီး အလွန်မာကြောခိုင်ခံ့တဲ့ Kevlar လူလုပ်ဖိုက်ဘာမျှင်နဲ့ ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။ Kevlar ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ဝန်းကျင်ကတည်းက ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး တီထွင်ခဲ့သူကတော့ အမျိုးသမီးတဦးဖြစ်ပါတယ်။ သူအမှန်တကယ်တီထွင်ခဲ့တာက...

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု
Knowledge

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု

မိုနာလီဇာပန်းချီကားနဲ့ ကျော်ကြားတဲ့ လီယိုနာဒိုဒါဗင်ချီဟာ ပုံမှန်လူသားတယောက်ထက် ထူးကဲကာ အံ့ဖွယ်အနုသုခုမ ရှေးဦးပညာရှင်၊ ဆေးဘက်ဆိုင်ရာ စွန့်ဦးတီထွင်သူ နဲ့ ဖန်တီးမှုနည်းပညာ စတဲ့နယ်ပယ်ပေါင်းစုံမှာ ကြီးကျယ်တဲ့ တီထွင်မှုတွေကို ပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း သမိုင်းတလျှောက် အတော်ဆုံး တီထွင်သူတွေကို...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!