Sunday, April 11, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ရှေးတရုတ်လူမျိုးတို့၏ မဟာ တီထွင်မှုကြီး ၄ ရပ်

by Thutamm
August 7, 2019
Reading Time: 1min read
0
ရှေးတရုတ်လူမျိုးတို့၏ မဟာ တီထွင်မှုကြီး ၄ ရပ်
Share on FacebookShare on Twitter

ရှေးတရုတ်တို့၏ တီထွင်မှုကြီး ၄ ရပ် မှာ စက္ကူ၊ သံလိုက်အိမ်မြှောင်၊ ယမ်းနှင့် ပုံနှိပ်ခြင်းတို့ ဖြစ်သည်။ဤတီထွင်မှုကြီး ၄ ရပ်သည် တရုတ်ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်မှုတွင် သာမက ကမ္ဘာတလွှား၌ ကြီးမားသည့် လွှမ်းမိုးမှုများရှိသည်။သို့သော်လည်း ခေတ်သစ် တရုတ်ပညာရှင်များက အဆိုပါ တီထွင်မှုကြီး ၄ ရပ်သည် အရှေ့တိုင်းနှင့် အနောက်တိုင်း နည်းပညာထိတွေ့မှု ရှိခဲ့သည်ကို မြင်သာထင်ရှားစေသည့် အချက်တချက်သာဖြစ်ပြီး တရုတ်တို့၏ အခြားသော တီထွင်မှုများသည် ပိုမိုတိုးတက် ရှုပ်ထွေးပြီး သက်ရောက်မှုလည်း ပိုမိုကြီးမားသည်ဟု ထောက်ပြထားကြသည်။

၁။ စက္ကူ

စက္ကူကို တရုတ် ဟန်မင်းဆက်သမိုင်းတွင် မှတ်တမ်းတင်ထားသည့် ဂါဒီဂီလက်စ်ကိုင်လွန်(Ts’ai Lun)က တီထွင်ခဲ့သည်။ တရုတ်ပြည်တွင် ဆိုင်းလွန်းမတိုင်မီ ယခင်ကာလက စာအုပ်ကို ဝါးနှင့်လုပ်ကြရသောကြောင့် ယင်းသို့သောစာအုပ်များမှာ လေးလံပြီး ကို့ယို့ကားယားနိူင်လွန်းလှ၏။ အချို့သောစာအုပ်မျိုးများကိုမှုုပိုးထည်တွင်ရေးသားစီရင်ခဲ့ကြ၍ ၎င်းပိုးထည်စာအုပ်မျိုးမှာ တန်ဖိုးများလွန်းလှပါသည်။

အနောက်တိုင်းတွင်မူ စက္ကူမထွက်မှီယခင်ကာလက သားရေချပ်များတွင်ရေးသား ခဲ့ကြသည်။ ဤသားရေ ချပ်များကို သိုးရေ၊ဆိတ်ရေနှင့်ပြလုပ်ခဲ့ကြ၍ ဂရိ၊ရောမနှင့်အီဂျစ်တွင်မှူ ပါပါရပ်စ်ခေါ်ကျူချပ်ကို အသုံးပြုခဲ့ကြသည်။ သို့သော် သားရေချပ်နှင့် ကျူချပ်နှစ်မျိုးလုံးမှာရှားပါးရုံသာမကပဲ ထုတ်လုပ်မှုစားရိတ်လည်းကြီးမြင့်လှပါသည်။

စက္ကူကို တရုတ် ဟန်မင်းဆက်သမိုင်းတွင် မှတ်တမ်းတင်ထားသည့် ဂါဒီဂီလက်စ်ကိုင်လွန်က တီထွင်ခဲ့သည်။ ကိုင်လွန်ကို အေဒီ(၅၀)က တရုတ်ပြည်အရှေ့ပိုင်း၊ ဂွိုင်ယန်စီရင်စု၌ မွေးဖွားသည်။ သူသည် သစ်ခေါက် ပိုက်ဆံလြှောျပင်၊ ပိုးချည်မြှင်တို့မှ စက္ကူထုတ်လုပ်ရန် ကြိုးစားသည့်အပြင် ငါးဖမ်းပိုက်များမှပင် စက္ကူထုတ်လုပ်ရန် ကြိုးစားအားထုတ် ခဲ့သည်။ ကိုင်လွန်အနေနှင့် စက္ကူတီထွင်ရန် ကြိုးစားရခြင်း အကြောင်းမှာ တရုတ်ဘုရင် ဟီဒီက ၎င်းအား စက္ကူထုတ်လုပ်ရေး တာဝန်ခံအဖြစ် တာဝန်ပေးခဲ့သောကြောင့် ဖြစ်သည်။

စက္ကူကိုတီထွင်သူအဖြစ်ဆိုင်းလွန်းကိုမှတ်တမ်းတင်ထားခဲ့ကြ၍ယင်း၏အမည်မှာတရုတ်ပြည်တွင် အလွန်အင်မတန်ပင် ကျော်ကြားလှသည်။ ဆိုင်းလွန်းသည် တရုတ်တို့၏မှတ်တမ်းများအရ သင်းကွပ်ထားသူတစ်ဦးဖြစ်သည်။

အင်ပါယာရှင်ကြီးမှာဆိုင်းလွန်း၏ တီထွင်မှုကိုသဘောကျနှစ်ခြိုက်ခဲ့၍ ဆိုင်းလွန်းအားရာထူးတိုးမြှင့် ပေးခဲ့ပြီးဘုရင့်ဘွဲ့တံဆိပ်အား ပေးအပ်ခဲ့ရာ ဆိုင်းလွန်းမှာချမ်းသာကြွယ်ဝလာခဲ့သည်။သို့ရာတွင်သူသည်နောက်ပိုင်းနန်းတွင်းလုပ်ကြံမှု တစ်ခု၌မလွှဲမရှောင် သာပါဝင်ခဲ့သောကြောင့် ကျဆုံးမှုသို့ဦးတည်ခဲ့ရပြီးသိက္ခာ ဆုံးပါးသွားသောကြောင့် သူသည်ရေမိုးချိုး၊ အဝတ်အစားသစ်များဝတ်ဆင်၍ အဆိပ်သောက်သေခဲ့သည်ဟု တရုတ်တို့က မှတ်တမ်းတင်ခဲ့သည်။

ဒုတိယရာစုနှစ်တွင် တရုတ်ပြည်၌ စက္ကူအသုံးတွင်းကျယ်လာခဲ့ပြီး ရာစုနှစ်အနည်းငယ်အတွင်းတွင် တရုတ်တို့မှ အာရှတိုက်၏ အခြားဒေသများ သို့စက္ကူကိုတင်ပို့ခဲ့သည်။ ကာလအတန်ကြာသည်အထိ တရုတ်တို့က စက္ကူလုပ်နည်းကိုလျှို့ဝှက်ခဲ့သော်လည်း ၇၅၁ ခုနှစ်တွင် တရုတ်စက္ကူ အလုပ်သမားအချို့အား အာရပ်တို့မှဖမ်းဆီးမိသွားရာမှ များမကြာမီပင် ဘဂ္ဂဒက်မြို့နှင့် ဆမာရ်ကန်မြို့တွင် စက္ကူကို ထုတ်လုပ်လာနိုင်ခဲ့ကြသည်။

စက္ကူလုပ်နည်းအတတ်မှာ အာရပ်ကမ္ဘာသို့ တဖြည်းဖြည်းပျံ့နှံ့သွားခဲ့ရာ ဆယ့်နှစ်ရာစုနှစ်တွင် ဥရောပသားတို့ကထိုအတတ်အား အာရပ်တို့ထံမှ သင်ယူတတ်မြောက်ခဲ့ကြပါသည်။ ၎င်းနောက်စက္ကူအသုံးမှာ တဖြည်းဖြည်းတွင်ကျယ်လာခဲ့ရာ ဂူတင်ဘတ်က ပုံနှိပ်စက်ကိုတီထွင်ပြီးနောက်ပိုင်း အနောက်တိုင်းတွင်သားရေချပ်၏နေရာ၌ အဓိကစာရေးကိရိယာအဖြစ် စက္ကူကနေရာယူပြီး အစားထိုး အသုံးချခဲ့ကြသည်။

၂။ သံလိုက်အိမ်မြှောင်

ဟန်မင်းဆက်လက်ထက် (၂၀၆ဘီစီ – ၂၂၀ အေဒီ) ကြား အသုံးပြုခဲ့သော သံလိုက်အိမ်မြှောင်

သံလိုက်အိမ်မြှောင်ဆိုသည်မှာ ကမ္ဘာကြီး၏ ဝင်ရိုးစွန်းများတွင် ဖြစ်ပေါ်လျက်ရှိသော သံလိုက်စက်ကွင်း များနှင့် သံလိုက်တို့ အပြန်အလှန် အကျိုးသက်ရောက်ရာမှ မြောက်အရပ်ကို ညွှန်ပြနိုင်သော လမ်းညွှန် သံလိုက်ကို ခေါ်သည်။ ၎င်းကိရိယာအား တရုတ်လူမျိုးများ တီထွင်ခဲ့ကြသည်။

သံလိုက်အိမ်မြှောင်သည် ကမ္ဘာမြေကြီး၏ သံလိုက်စက်ကွင်းကို အမှီပြုပြီး အရပ်လေးမျက်နှာကို ရှာဖွေနိုင်သည့် လမ်းညွှန်၊ လမ်းပြ ကိရိယာတစ်မျိုးဖြစ်သည်။ ၎င်းတွင် သံလိုက်ဓာတ်ရှိသည့် မျှားတံတစ်ခုပါဝင်ပြီး များသောအားဖြင့် မြောက်အရပ်ကို ညွှန်ပြလေ့ ရှိသည်။ သံလိုက်အိမ်မြှောင် ပေါ်ပေါက်လာခြင်းသည် ခရီးသွားလာခြင်း အထူးသဖြင့် ပင်လယ်ခရီးနှင်ရာတွင် များစွာ အထောက်အကူ ဖြစ်စေသည်။

၁၇၆၀ ခုနှစ်ဝန်းကျင်က တရုတ်တွင် အသုံးပြုခဲ့သော သံလိုက်အိမ်မြှောင်

သံလိုက်အိမ်မြှောင်ကို တရုတ်တို့သည် ၂ ရာစုမတိုင်မီခေတ်တွင် တီထွင်ခဲ့ပြီး ၁၁ ရာစုမှစ၍ ရေကြောင်းခရီး သွားလာရေးတွင် အသုံးပြုလာကြသည်။ ခေတ်သစ် သံလိုက်အိမ်မြှောင်များ၏ မူလပုံသဏ္ဍာန်ကို ၁၄ ရာစုနှစ်ခန့်တွင် ဥရောပသားများက တီထွင်ခဲ့သည်။ ၂၀ ရာစုခန့်တွင် အတွင်း၌ အရည်ဖြည့်ထားသည့် သံလိုက်အိမ်မြှောင်များ အစားထိုး နေရာယူလာကြသည်။

၃။ ယမ်း

ယမ်းကို မည်သည့်အခါကစ၍ တီထွင်ခဲ့သည်ကို မည်သူမျှ မပြောနိုင်ချေ။ အမှန်မှာ ယမ်းကို မည်သူတစ်ဦး တစ်ယောက်ကမျှ မတီထွင်နိုင်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ယမ်းကို စစ်ဘက်နှင့် အခြားဘက်များ၌ မီးကို ဖြစ်ပေါ်လာစေ ခဲ့ခြင်းကြောင့် ဖြစ်ပေသည်။

ရှေးခေတ် တရုတ်လူမျိုးတို့သည် ထိုကဲ့သို့သော မီးလောင် စေနိုင်သည့် သတ္တိရှိသောပစ္စည်း၏ အကြောင်းကို သိခဲ့ကြလေ သည်။ ခရစ် ၆၇၃ ခုနှစ်တွင် ကွန်စတန်တီနိုပယ်မြို့ကို ကာကွယ်သူများက ဆာရဆင်တို့ အား တိုက်ခိုက်ရာ၌ ပထမ စ၍ အသုံးပြုခဲ့ကြသည့် ဂရိမီးသည် မျက်မှောက်ခေတ် ယမ်းနှင့် အတူတူပင် ဖြစ်သည်ဟု ယုံကြည်ကြသည်။ သို့သော် ထိုစဉ်က ယမ်းကို အမြောက်ဆံ၊ သို့မဟုတ် သေနတ်ကျည်ဆံ များကို ပစ်ခတ်သည့်ပစ္စည်းအဖြစ် အသုံးမပြုနိုင်ခဲ့ချေ။ ယမ်း များကို မီးရှို့ပြီးလျှင် နံရံတံတိုင်းကြီးများ၏ အောက်ခြေ၌ဝိုင်းရံ ထားသော ရန်သူများအပေါ်သို့ လောင်းချခြင်းကိုသာ ပြုလုပ်နိုင် ခဲ့လေသည်။

ရော်ဂျာဗေကင်အမည်ရှိ အင်္ဂလိပ်လူမျိုး ဘုန်းကြီး တစ်ပါးနှင့် ဗာထိုးရှဗာ့အမည်ရှိ ဂျာမန်လူမျိုး ဘုန်းကြီးတစ်ပါး တို့က ၁၃ ရာစုနှစ် နောက်ပိုင်းနှင့် ၁၄ ရာစုနှစ် စောစောပိုင်း တွင် ယမ်း၌ မည်သည့်ဓာတ်ပစ္စည်းများ ပါဝင်ကြောင်း အသီး အသီး ဖော်ပြနိုင်ခဲ့ကြလေသည်။ ယမ်းကို အမြောက်၌ စတင်၍ အသုံးပြုနိုင်ခဲ့ကြလေသည်။ ယမ်းကို အမြောက်၌ စတင်၍ အသုံးပြုနိုင်ခဲ့သည်မှာ ၁၃၂၆ ခုနှစ်တွင် ဖြစ်သည်ဟု ဖလော် ရင့်မြို့ မှတ်တမ်းများတွင် တွေ့ရသည်။ သမိုင်းဆရာတစ်ဦးကမူ ကရေးဆီးတိုက်ပွဲ (၁၃၄၆ ခုနှစ်)တွင် အမြောက်များကို အသုံး ပြုသည်ဟု ဖော်ပြထားသည်။ သို့သော် ထိုအမြောက်များသည် မြင်းများနှင့် လူများကို ခြောက်လှန့် ရုံသာသာမျှသာ ဖြစ်ပေ လိမ့်မည်။

ယမ်းကို အရေးပါစွာ အသုံးပြုနိုင်ခဲ့ခြင်းမှာ ပုန်ကန် လျက်ရှိသော ဗဲရွန်မှူးမတ်များ၏ ရဲတိုက်နံရံကြီးများကို ဖြိုခွဲ ပစ်ရာတွင် ဖြစ်သည်။ သို့ဖြင့် ပုန်ကန်နေကြသော မှူးမတ်များ သည် ရဲတိုက်ကြီးများတွင် ကောင်းစွာနေထိုင်ကာ ဘုရင်နှင့် တိုင်းပြည်ရှိ လူများကို အာခံ၍ မနေနိုင်ကြတော့ချေ။ ထို့ နောက်တွင် ယမ်းကို လက်နက်ငယ်များတွင် အသုံးပြုလာနိုင်ခဲ့ ကြသဖြင့် သေနတ်တစ်လက်ရှိသော သာမန်လူတစ်ယောက် သည် သံချပ်ကာအင်္ကျီများ ဝတ်ဆင်ထားသည့် မြင်းစီးသူရဲ ကောင်းကြီးတစ်ဦးထက် စစ်ပွဲတွင် ပို၍ ကြောက်စရာ ကောင်း လာခဲ့လေသည်။

ရှေးခေတ် ယမ်းသည် ယခုခေတ်ရှိ သာမန်ယမ်းမှုန့် အနက်နှင့် မထူးခြားလှချေ။ ထိုယမ်းတွင် ယမ်းစိမ်း (ပိုတက် ဆီယမ် နိုက်ထရိတ်)၊ မီးသွေးနှင့် ကန့်တို့ကို ရောစပ်ထား သည်။ ထိုဓာတ်ပစ္စည်းများကို ရောစပ်သည့် အချိုးများသည် တစ်ချိန်နှင့် တစ်ချိန်တွင် မတူကြချေ။ ယခုအခါတွင် အသုံးပြု နေကြသည့် အချိုးမှာ ယမ်းစိမ်း ၇၅ ရာခိုင်နှုန်း၊ မီးသွေး ၁၅ ရာခိုင်နှုန်းနှင့် ကန့် ၁ဝ ရာခိုင်နှုန်း ဖြစ်သည်။ ထိုဓာတ်ပစ္စည်း များကို ညက်အောင် ကြိတ်၍ သမအောင် အခြောက်ခံရသည်။ ထို့နောက် ဒလိမ့်များဖြင့် လိုသည့်အရွယ်များဖြစ်အောင် ကြိတ် ခွဲထားကြသည်။

ယခုခေတ်တွင် မီးပန်းများနှင့် ပေါက်ကွဲစေသော ပစ္စည်း များ ပြုလုပ်သောအခါ၌သာလျှင် ထိုယမ်းမျိုးကို အသုံးပြုကြ တော့သည်။ စစ်ဘက်တွင် အသုံးပြုသည့် ယမ်းများသည် မီးခိုး မထွက်သော ယမ်းမှုန့်များနှင့် အလွန်ပေါက်ကွဲစေသော ပစ္စည်း များသာ ဖြစ်ကြသည်။ ထိုမီးခိုးမထွက်သော ယမ်းမှုန့်ကို ၁၈၈၄ ခုနှစ်တွင် ပြင်သစ်လူမျိုးတို့က စစ်ဘက်တွင် ပထမစ၍ အသုံးပြုနိုင်ခဲ့ကြလေသည်။

၄။ ပုံနှိပ်ခြင်း

ပုံနှိပ်ခြင်းဆိုသည်မှာ စာသား၊ ရုပ်ပုံ၊ ဓာတ်ပုံတို့ကို စက္ကူ၊ ပလပ်စတစ်၊ သံပြား၊ သစ်သား စသည့်တို့တွင် မှင်ဖြင့် ပုံနှိပ်သောလုပ်ငန်းစဉ်ကို ခေါ်ဆိုခြင်းဖြစ်သည်။

ပုံနှိပ်ခြင်းနှင့်ပတ်သတ်လျှင် အများစုသိကြသည်မှာ ဂူတင်ဘတ်(Johannes Gutenberg) ဖြစ်သော်လည်း ဂူတင်ဘတ်သည် ပုံနှိပ်ခြင်း ကို တီထွင်သူမဟုတ်ပဲ ခေတ်သစ်ပုံနှိပ်စက်ကို တီထွင်ခဲ့သူသာဖြစ်သည်။ ဂူတင်ဘတ်သည် ပုံနှိပ်ခြင်းသမိုင်း၏ အစိတ်အပိုင်းတစ်ခုသာဖြစ်ခဲ့ပြီး ပုံနှိပ်ခြင်းသည် လွန်ခဲ့သောနှစ်ပေါင်း ၅၀၀၀ခန့်(ဘီစီ ၃၀၀၀) ကတည်းက ပေါ်ပေါက်နေခဲ့ပြီဖြစ်သည်။

မတ်ဆိုပိုတေးမီးယား ၊ အီရတ် နှင့် တရုတ်တို့တွင် ထိုအချိန်တည်းက ပုံနှိပ်ခြင်းအတတ်ပေါ်နေပြီဖြစ်ပြီး တရုတ်နိုင်ငံသည် အစောဆုံးဟုဆိုနိုင်သည်။ သို့သော် ယနေ့ခေတ်ကဲ့သို့ စာကိုပုံနှိပ်ခြင်းမဟုတ်ပဲ အဝတ်အစားများတွင် ရုပ်ပုံများကို နှိပ်ခြင်းသာဖြစ်သည်။ တရုတ်တို့သည် ပိုးထည်များပေါ်တွင် ရုပ်ပုံများကို ပုံနှိပ်ရန် သစ်သားဘလောက်တုံးများကို စတင်အသုံးပြုခဲ့ကြသည်။

ဟန်မင်းဆက်လက်ထက်(အေဒီ ၂၂၀ခန့်) တွင် မူလအနက်ရောင်တစ်မျိုးတည်းသာမက အပြာ ၊ အနီ နှင့် အဝါ အရောင်သုံးမျိုး နှိပ်ခေတ်နိုင်သည် အထိ တိုးတက်လာခဲ့သည်။ အေဒီ ၇ရာစုဝန်းကျင်တွင် သစ်သားဘလောက်တုံးများဖြင့် စာအုပ်များ၏ အစဖြစ်လာမည့် စာသားတိုလေးများကို ရိုက်နှိပ်လာနိုင်ခဲ့ကြသည်။ ဆွန့်မင်းဆက်လက်ထက် တွင်မူ ဈေးသက်သာသော စာအုပ်ပါးလေးများကို ကျယ်ပြန့်စွာရိုက်နှိပ်လာနိုင်ခဲ့သည်။

အေဒီ ၉ရာစုတွင် ရှုပြည်နယ်(ယခု Szechuan ပြည်နယ်) တွင် မင်ရိုက်နှိပ်ထားသော ပုံနှိပ်စာအုပ်များကို အလွယ်တကူဝယ်ယူလာနိုင်ခဲ့သည်။ မကြာမီပင် ထိုပုံနှိပ်ပညာသည် တရုတ်နိုင်ငံ၏ အခြားပြည်နယ်များသို့ ပြန့်နှံ့သွားတော့သည်။ ၉ရာစု အကုန်ခန့်တွင် တရုတ်ပြည်တလွှားတွင် ကွန်ဖြူးရှပ်ဝါဒ ၊ ဗုဒ္ဓတရား ၊ အဘိဓာန် ၊ သင်္ချာ နှင့် အခြားစာအုပ်အမျိုးမျိုးကို ပုံနှိပ်ထုတ်ဝေလာနိုင်ခဲ့ကြသည်။ အေဒီ ၁၀၀၀ ခန့်တွင်မူ ရွှေ့ပြောင်းနိုင်သော ဘလောက်တုံးများဖြင့် ပုံနှိပ်နိုင်ခဲ့သည်။ ၁၃၄၀ တွင်မူ လွယ်ကူမြန်ဆန်သော နှစ်ရောင်စပ်(အနီ၊အနက်) ပုံနှိပ်ပညာသည် အကျော်ကြားဆုံးဖြစ်ခဲ့သည်။

တရုတ်မှ ပုံနှိပ်အတတ်သည် ၁၃၀၀ပြည့်နှစ်ဝန်းကျင်ကတည်းက ဥရောပသို့ရောက်ရှိ ပျံနှံ့ခဲ့ပြီဖြစ်သည်။ ၁၄၅၀ခုနှစ်တွင်မူ ဒတ်ချ်လူမျိုး ဂူတင်ဘတ်က ရွှေ့ပြောင်းတပ်ဆင်နိုင်သည့် စာလုံးပုံဆောင်ခွက် (movable type) ကိုတီထွင်နိုင်ခဲ့သည်။ ထိုပုံစံမျိုးကို တရုတ်လူမျိုး ပိရှန်က ၁၁ရာစုကတည်းက တီထွင်ခဲ့ပြီးဖြစ်သည်။ သို့သော် ပီရှန်၏ စက်မှာ ရွံ့ပြားဖြင့်ပြုလုပ်ထားသဖြင့် ရေရှည်မသုံးစွဲနိုင်ပေ။ ဂူတင်ဘတ်၏ စက်မှာမူ သတ္တုဖြင့်ပြုလုပ်ထားသဖြင့် ခိုင်ခန့်သေသပ်ပြီး ကြာရှည်သုံးစွဲနိုင်သည်။ အရေအတွက်များများကို အချိန်တိုအတွင်းရိုက်နှိပ်နိုင်သဖြင့် ဥရောပတိုက်တွင် အသိပညာပြန့်ပွားရေးအတွက် အထောက်အကူပြုခဲ့သည်။ သို့ကြောင့်လည်း ခေတ်သစ်ပုံနှိပ်စက်တီထွင်သူအဖြစ် ဂူတင်ဘတ်အား ကျေးဇူးရှင်ကြီးသဖွယ် ညွှန်းဆိုကြခြင်းဖြစ်လေသည်။

ဂူတင်ဘတ်

History of Chinese Invention
Myanmar Wikipedia
သုတဇုန်

Tags: inventionsknowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!