Friday, April 16, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ရေအကြောင်း သိကောင်းစရာ

by Thutamm
July 25, 2019
Reading Time: 1min read
0
ရေအကြောင်း သိကောင်းစရာ
Share on FacebookShare on Twitter

ရေသည် လူတို့၏ အသက်ရှင် ရပ်တည်ရေးအတွက် မရှိမဖြစ် လိုအပ်လှပါသည်။ ထို့ကြောင့်လည်း ရေအသက် တစ်မနက်လို့ ပြောကြတယ်ထင်ပါတယ်။ သို့ပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်ဖို့ ဆိုရင်တော့ ရေကို စနစ်တကျ သောက်တတ်ဖို့လိုပါတယ်။ သောက်သင့်သည့် အချိန်တွင် သောက်သင့်သည့် ပမာဏကို သောက်သုံးပါက ခန္ဓာကိုယ်ကို အထိရောက်ဆုံး အကျိုးပြုနိုင်မှာ ဖြစ်ပါတယ်။

ရေသောက်သုံးသင့်သော အချိန်များ
* နံနက်အိပ်ယာ ထထချင်းတွင် ရေ ၂-ဖန်ခွက်သောက်ပါ။ ကိုယ်အတွင်းရှိ ကလီစာများအား နိုးရာတွင် အဆင်ပြေပါသည်။
* အစာမစားမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက်သောက်ပါ။ အစာကြေလွယ်သည်။
* ရေမချိုးမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက် သောက်ပါ။ သွေးပေါင်ချိန်ကျစေပါသည်။
* မအိပ်မီ ရေ တစ်ဖန်ခွက်သောက်ပါ။ လေဖြတ်ခြင်းနှင့် နှလုံးရောဂါကြောင့် လေဖြတ်ခြင်းတို့ကို လျော့နည်းစေပါသည်။

ကျန်းမာရေးအတွက် မရှိမဖြစ်ရေ
* ရေသည် ကျောက်ကပ်တွင် ကျောက်တည်ခြင်းအား တားဆီးနိုင်ပါသည်။ ကျောက်ကပ်တွင် ကျောက်တည်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ခန္ဓာကိုယ်တွင် ရေဓာတ်နည်းပါးသောကြောင့် ဖြစ်ပါသည်။ ရေသောက်များပါက ဆီးတွင် အနယ်ထိုင်နှုန်း နည်းသွားသည်။ ထို့ကြောင့် ကျောက်ကပ်တွင် ကျောက်တည်ဝေဒနာသည်များပါမက ရောဂါ မဖြစ်ပွားလိုသူများပါ တစ်နေ့ကို ရေ ၁၂-ဖန်ခွက်လောက် အနည်းဆုံးသောက်သင့်ပါသည်။

* ရေသည် ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို ကုသပေးနိုင်ပါသည်။ ရေများများသောက်လေလေ ဆီးများများသွာလေလေဖြစ်ပါသည်။ ဆီးခဏခဏသွားနေပါက ဆီးအိမ်အတွင်းရှိ bacteria ပိုးများ ဆီးနှင့်အတူပါသွားသောကြောင့် မြန်မြန်သက်သာနိုင်ပါသည်။

* ရေသည် ဝမ်းလျောသည့်အခါတွင် ဆုံးရှုံးသွားသော ရေဓာတ်ကို ပြန်လည်ဖြည့်တင်းရာတွင် အထောက်အကူပြုပါသည်။ သို့သော် ရိုးရိုးရေထက် ဓာတ်ဆားရည်က ပိုမိုထိရောက်ပါသည်။

* ရေသည် အဖျားကို လျော့ချရာတွင် အထောက်အကူပြုပါသည်။ ကိုယ်အပူချိန်တက်လျင် ရေဓာတ်ဆုံးရှုံးမှု ပိုမိုများပြားပါသည်။ ရေများများသောက်ပါက ကိုယ်အပူချိန်ကျသည့်အပြင် ဆီးများများသွားသောကြောင့်လည်း ကိုယ်ပူကျ ပိုမြန်ပါသည်။

* ရေများများသောက်ပါက တုတ်ကွေးမိသောအခါ သို့မဟုတ် နှာစေးချောင်းဆိုးဖြစ်သောအခါ အထောက်အကူပြုပါသည်။ ရေဓာတ်များပါက လည်ခေါင်းအတွင်းရှိ သလိပ်များ ပိုမိုကျဲသွားပြီး ဟတ်ထုတ်ရာတွင် လွယ်ကူစေပါသည်။ ထို့အတူ နှာခေါင်းပိတ်ခြင်းကိုလည်း သက်သာစေပါသည်။

* ရေသည် အစာစားနောက်ကျသောကြောင့် ဖြစ်ပေါ်လာသည့် ရင်ပူခြင်း (acid ကြောင့် ဗိုက်အောင့်ခြင်း) ကို သက်သာစေပါသည်။ ရေ ၂ ခွက်နှင့် ငှက်ပျောသီး တစ်လုံးသည် Antacid တစ်လုံးကဲ့သို့ စွမ်းဆောင်နိုင်ပါသည်။

* ရေများများသောက်ပါက ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပါသည်။ ရေသောက်နည်းပါက မစင်တုံးများသည် ပိုမိုမာကျောသွားပြီး ဝမ်းချုပ်စေပါသည်။ ထို့ကြောင့် ဝမ်းချုပ်၍ မရသည့် လိပ်ခေါင်းနှင့် စအိုဝကွဲနာ ဝေဒနာသည်များအတွက် ရေသည် ဆေးတစ်ခွက်ပင် ဖြစ်ပါသည်။* ရေသည် လူကို လန်းဆန်းတက်ကြွစေပါသည်။ ရေဓာတ်နည်းပါးလာပါက သွေးသည် အလိုလို စေးပျစ်လာတတ်သည်။ ထိုအခါ ဦးနှောက်သို့ သွေးစီးနှုန်း နည်းသွားပြီး ခေါင်းနောက်ခြင်းနှင့် ပင်ပန်းခြင်းတို့ကို ခံစားရနိုင်ပါသည်။

* အစာမစားမီ ရေသောက်လေ့ရှိပါက ဗိုက်ပိုတင်းပြီး အစာသိပ်မစားဖြစ်တော့ချေ။ ထို့ကြောင့် ကိုယ်အလေးချိန်လျှော့ရာတွင် ရေသည် အရေးကြီးပါသည်။

* ရေသည် အရေပြားနှင့် အသားအရေကို စိုစွတ်အေးမြစေပါသည်။ အသားအရေကိုလည်း လှပစေပါသည်။( ရေသောက်ရာတွင် လိုက်နာသင့်သည် အချက် ဆယ်ချက် )

* အိပ်ယာနိုးနိုးချင်း ရေသောက်ပါ။

* တစ်နေ့ကို အနည်းဆုံး ရေဖန်ခွက် ၈-ခွက်မှ ၁၂-ခွက် အထိ သောက်ပါ။

* ရေကို နည်းနည်း ဖြင့် ခဏခဏ သောက်ခြင်းက တစ်ခါတည်း အများကြီးသောက်ခြင်းထက် ပိုမို အကျိုးရှိပါသည်။

* ရေငတ်မှ ရေသောက်ခြင်းကို ရှောင်ကြဉ်ပါ။ အထူးသဖြင့် အသက်ကြီးသူများတွင် ခန္ဓာကိုယ်အတွက် ရေဓာတ်နည်းပါးနေသည်ကို အာရုံခံစွမ်းအား နည်းသွားပါသည်။

* ရေသောက်ရာတွင် ရိုးရိုးရေကိုသာသောက်ပါ။ အအေး၊ ကော်ဖီ၊ ဘီယာ နှင့် အရက်သောက်ခြင်းများ ရှောင်ကြဉ်ပါ။ အဆိုပါ အရေများသောက်ပါက ရေဓာတ်ဆုံးရှုံးမှု ပိုမို များပြားသွားပါလိမ့်မည်။

* ကလေးများကို ရေများများသောက်ရန် ကျင့်ပေးပါ။ မိမိကိုယ်တိုင် စံပြအဖြစ်လုပ်ပြပါ။

* ကစားပြီး လေ့ကျင့်ခန်းများ လုပ်ပြီးပါက ရေပိုသောက်ပါ။

* ဖျားနာပြီး ကိုယ်ပူနေပါက ရေပိုသောက်ပါ။ ရေဓာတ်ဆုံးရှုံးမှု များသောကြောင့် ဖြစ်ပါသည်။

* ကိုယ်ဝန်ဆောင်သည်များအနေဖြင့် ရေပိုသောက်ပါ။ ပုံမှန်သောက်နေကျထက် ၃-၄ ခွက်ခန့် ပိုသောက်သင့်သည်။

Via : Forward Mail

 

Tags: health knowledge

Related Posts

ဒေါ်လာ သန်း ၄၀ အကုန်အကျခံကာ အီဂျစ်အမွေအနှစ်များကို ကယ်တင်ခဲ့ကြခြင်း
History

ဒေါ်လာ သန်း ၄၀ အကုန်အကျခံကာ အီဂျစ်အမွေအနှစ်များကို ကယ်တင်ခဲ့ကြခြင်း

အီဂျစ်နိုင်ငံရဲ့ လူသိအများဆုံးနေရာတွေလို့ ပြောလိုက်တာနဲ့ ပိရမစ်ကြီးတွေနဲ့ အတူ ပါဝင်လာလေ့ရှိတာကတော့ Abu Simbel အဘူစင်ဘယ် ဆိုတဲ့နေရာပါ။ အဘူစင်ဘယ် ဆိုတာကတော့ အီဂျစ်နိုင်ငံတောင်ပိုင်း ဆူဒန်နိုင်ငံရဲ့နယ်စပ်အနီး နူဘီးယားဒေသမှာ တည်ရှိတဲ့ ရွာတရွာဖြစ်ပြီး အဲဒီမှာရှိတဲ့ ရှေးဟောင်းဘုရားကျောင်းတွေကြောင့် အဘူစင်ဘယ်...

History

အသားအဝါရောင်ပြောင်းခဲ့ရတဲ့ မိန်းကလေးများ

ကနေရီ မိန်းကလေးများ Canary Girls ဆိုတာကတော့ ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်ကာလအတွင်းက ဗြိတိန်တပ်မတော်အတွက် လက်နက်ခဲယမ်း တွေထုတ်လုပ်ပေးရတဲ့ အမျိုးသမီးတွေဖြစ်ကြပါတယ်။ Canary ငှက်ဆိုတာ အဝါရောင်ငှက်ဖြစ်တာကြောင့် Canary Girls ဟာ အဝါရောင်အမျိုးသမီးများလို့ အဓိပ္ပါယ်ရမှာဖြစ်ပါတယ်။ ယင်းအမျိုးသမီးတွေဟာဆိုရင်...

တချိန်တုန်းက စိတ်ဝင်စားစရာ နည်းပညာပုံရိပ်များ
History

တချိန်တုန်းက စိတ်ဝင်စားစရာ နည်းပညာပုံရိပ်များ

နည်းပညာ တိုးတက်ပြောင်းလဲမှုတွေဟာ တနှစ်ထက်တနှစ် အလွန်လျှင်မြန်တဲ့ အမြန်နှုန်းနဲ့ ပြောင်းလဲလျက်ရှိပါတယ်။ တိုးတက်တဲ့ နိုင်ငံကြီးတွေကို မဆိုထားနဲ့ ၊ ကျွန်တော်တို့ မြန်မာနိုင်ငံကို ကြည့်ရင်ပဲ လွန်ခဲ့တဲ့ ၁၀ နှစ်နဲ့ အခုအချိန်နဲ့ဟာ လုံး၀ ပြောင်းလဲသွားပါပြီ။ လွန်ခဲ့တဲ့...

လမ်းခင်းပစ်ခံလိုက်ရသော မြကန် ပိဋကတ်တိုက် နှင့် ပုဂံ နှစ်ထပ်အုတ်ကျောင်းများ
History

လမ်းခင်းပစ်ခံလိုက်ရသော မြကန် ပိဋကတ်တိုက် နှင့် ပုဂံ နှစ်ထပ်အုတ်ကျောင်းများ

ရေးသားသူ - ဘိက္ခု ကေသရ ပုဂံခေတ်ဦးပိုင်းတွင် ထင်ရှားသော ပိဋကတ်တိုက် (၂) လုံးရှိသည် ဟု ဆိုကြပေသည်။ ပထမ ပိဋကတ်တိုက်မှာ ပုဂံ မြို့ တံတိုင်းအတွင်း မှ အနော်ရထာမင်း၏ ပိဋကတ်တိုက်ဖြစ်၍ ဒုတိယ...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!