မူရင်းရေးသားသူ – ထက်ဝန (Htet Wa Na)
Hrithik_Roshan (လက်ပွားမင်းသား)
၁၉၈၅-၉၅ ခုနှစ်ကြား အိန္ဒိယရုပ်ရှင် industry သမိုင်းကိုပြန်ကြည့်ရင် အပြောင်းအလဲများစွာကို အိန္ဒိယသားတွေလုပ်နိုင်ခဲ့ကြတယ်။ နိုင်ငံတွင်းမှာတောင် Film Industry တွေအောင်မြင်စွာခွဲပြီး အခြေကျလာခဲ့သလို Bollywoodနယ်ပယ်ဟာလည်း ခေတ်သစ်ရုပ်ရှင်လောကကိုတိုးဖို့စတင်မူတွေရှိလာခဲ့တယ်။ ယခင်ကပြည်တွင်းသာ targetထား ဈေးကွက်တည်ခဲ့ပေမယ့် အိန္ဒိယMovie ဈေးကွက်ကို နိုင်ငံတကာတန်းဝင်အောင်ပြောင်းလဲမူတွေစတင်ဖို့နဂိုမူတွေကနေခွဲထွက်လာခဲ့ကြတယ်။ ဒီအထဲ Bollywood ရဲ့လက်နက်ကြီးအဖြစ်ရော အိန္ဒိယကိုယ်စားပြုအနေနဲ့ပါပွဲထွက်လာခဲ့တာက Khan ၃ Khanပေါ့။
အမီတာဘဂျမ်းတို့လက်ထက်ဟာအိန္ဒိယအတွက်အတော်ကြီးကျယ်ခမ်းနားခဲ့တယ်။ Black&White ခေတ်အပြီး ကာလာစုံရုပ်ရှင်ခေတ်အစမှာတင် အိန္ဒိယ Film ဟာအတော်အားကောင်းခဲ့ပေမယ့် နိုင်ငံတကာကို လွှမ်းမိုးနိုင်တဲ့မင်းသားကတော့အများအပြားမရှိခဲ့ဘူး။ ရုပ်သံSeries လောကမှာ အိန္ဒိယဟာထိပ်တန်းဖြစ်ခဲ့ပေမယ့် ခေတ်သစ် Filmနယ်ပယ်မှာတော့လိုအပ်ချက်တွေရှိခဲ့တယ်။ Khan၃Khan အဖို့ခေတ်သစ်အပြောင်းအလဲစတင်မူမှာ ငွေကြေး အရမပြေလည်မူတွေ အမြတ်ရမူတွေနည်းပါးခဲ့မူကလည်းမေ့ထားလို့မရဘူး။ အဲဒီအချိန်က တရုတ်ဟာ ကမ္ဘာ့ဒုတိယအကြီးဆုံးFilm Industryဖြစ်လာခဲ့ပေမယ့် အိန္ဒိယကတော့ အာရှမှာတင်တိုင်ပတ်နေဆဲကာလတွေ ဖြစ်ခဲ့တယ်။
ရှာရွတ်ခန်း _ ဒီလူသားသာဘဝ နဲ့ရင်းပြီး ရုပ်ရှင်လောကထဲမဝင်ခဲ့ရင် အိန္ဒိယအဖို့ အားပျက်စရာတွေရှိခဲ့နိုင်တယ်။ Khan ၃ Khan မှာ အမီတာဘဂျမ်းခြေရာကိုထပ်တူနင်းနိူင်ခဲ့တာ ရှာရွတ်ခန်းလို့ပြောရမယ်။ Salman Khan နဲ့ Aamir Khan ကလည်း ရှာရွတ်ခန်းနဲ့မခြား အိန္ဒိယရုပ်ရှင်လောကကို ပုခုံးထမ်းတင်ပေးခဲ့ကြသူ တွေပါပဲ။ ဒီ ၃ယောက်ဟာ Bollywood ကို ကမ္ဘာ့ အင်အားကြီး Film Industry ၅ခုထဲ ပါဝင်ဖို့မရှိမဖြစ်ခဲ့ကြသူတွေပါ။ အိန္ဒိယအဖို့မင်းသားတစ်ဦး တက်လာဖို့ကလည်းတော်ရုံအနေအထားနဲ့မရ တဲ့နိုင်ငံတစ်ခုပါ။ %နဲ့ယှဉ်ရင်ကမ္ဘာ့မင်းသားဦးရေ အနည်းဆုံးFilm Industry ဟာ အိန္ဒိယဖြစ်သလို ဂျပန်လိုနိုင်ငံကို ယှဉ်နိုင်မူကလည်းတော်ရုံအနေ အထားနဲ့မဖြစ်လာနိုင်ခဲ့ပါဘူး။ ဂျပန်ဟာကမ္ဘာ့ရုပ် ရှင်လောကထိပ်တန်းထဲ ဝင်နိုင်ခဲ့ပြီး အမေရိကန် ထက် ပြည်တွင်းIncomeအသာစီးရနေတဲ့နိုင်ငံပါ။
Hollywood ကို တရုတ်နဲ့ဂျပန်ကယှဉ်ဖို့စော စီးစွာပြောင်းလဲမူတွေစခဲ့ချိန်အထိ အိန္ဒိယရုပ်ရှင် နယ်ပယ်ဟာအခက်အခဲတွေနဲ့ရင်ဆိုင်နေဆဲပါ။ နိုင်ငံရေး လူမျိုးရေး ဘာသာရေးပြသနာတွေ အစိုးရနဲ့ရုပ်ရှင်လောကကြားပဋိပက္ခတွေဖြစ်နေ ဆဲဖြစ်သလိုခေတ်ပျက်ထဲမင်းသားတစ်ဦးလုပ်ဖို့ backgroundအတော်လိုအပ်တဲ့ကာလတွေဖြစ် ခဲ့တယ်။ ရှာရွတ်ခန်းလိုလူအဖို့မင်းသားဖြစ်လာစရာဘာအကြောင်းမှမရှိတဲ့ဘဝပေးအခြေအနေမှာ တောင်ကမ္ဘာ့အချမ်းသာဆုံး ကမ္ဘာ့ပရဟိတအလုပ်ဆုံးအနုပညာရှင်ဖြစ်လာမူကလည်းမလေး စားပဲမနေနိုင်အောင်ပါပဲ။ တဖက်မှာလည်းလူမိုက် သာသာဘဝကိုဖြတ်သန်းရင်းမိဘပြေလည်မူတွေ ကြားကနေ ဆိုးမိုက်ခဲ့ကြတဲ့ Salman Khanနဲ့ Aamir Khan တို့လိုလူတွေအဖို့လည်းကိုယ့်ဘဝ ကိုယ်ရုပ်ရှင်သရုပ်ဆောင်ဖြစ်လာဖို့ပြောင်းလဲပြီး သုညဘဝကစတင်ခဲ့မူတွေကလည်းလေးစားရပြန်တယ်။
Akshay Kumar အဂျေးဒီဗန်တို့ကိုပါ မေ့ထားလို့မရပြန်တဲ့ Bollywood ရဲ့ပုခုံးထမ်း တင်မင်းသားတွေဖြစ်နေပြန်တယ်။ ဒီလိုမင်းသား တွေနဲ့ခေတ်သစ်ကမ္ဘာ့ရုပ်ရှင်လောကကိုအိန္ဒိယ တိုးဝင်ခဲ့တာ ၂၁ရာစုအစမှာတင်တည်ငြိမ်စွာနဲ့နိုင်ငံတကာကြားမျက်နှာပန်းလှခဲ့ကြတယ်။ အိန္ဒိယ ရုပ်ရှင်ဆို အထူးတလည်ပညာပေးမူတွေ နိုင်ငံရေး ချစားမူအသားပေးတွေ ကမ္ဘာ့အထင်ကရ drama ကားတွေရှိလာခဲ့တယ်။ အိန္ဒိယမှာKhan၃Khan ပြီးရင်ဘယ်သူကအလိုက်နိုင်ဆုံးမင်းသားလဲဆို တာကတော့အတော်ဖြေရခက်တယ်။ ဒါပေမယ့် တစ်ယောက်ပေါ်လာခဲ့တယ်။သူကတော့ဒုတိယ generation King လို့တောင်ပြောခဲ့ကြတဲ့ Khan၃Khan လိုပဲ ကမ္ဘာကျော်မင်းသားတွေနဲ့ levelယှဉ်နိုင်တဲ့သူပါပဲ။
ပိုထူးခြားတာက ရုပ်ရည်ပြေပြစ်ပြီး Body Structure အကြမ်းစားနဲ့ကမ္ဘာ့အမျိုးသမီးထုကြား ရေပန်းစားလာတဲ့သူပါ။ ဒါတင်မကပဲသူက အိန္ဒိယကကမ္ဘာကျော်မင်းသားဖြစ်လာသူတွေထဲ Khan၃Khanပြီးရင်နောက်ကရပ်တည်လာခဲ့သူ ဖြစ်ခဲ့ပါတယ်။သြော် ဒါဆိုသာသာယာယာနဲ့အချိန်တိုအတွင်းမင်းသားနေရာရလာသူလို့ ထင်ချင်စရာ ရှိတယ်။ ရုပ်ဗန်းပြပြီးမင်းသားမဖြစ်နိုင်တဲ့အိန္ဒိယလိုနိုင်ငံမှာ ရုပ်ရည် ငွေကြေးနဲ့မင်းသားမဖြစ်လာ နိုင်ပြန်ဘူး။သူကတော့Khan ၃Khanလိုပဲ ခက်ခက်ခဲခဲရုန်းကန်မူတွေနဲ့ ရုပ်ရှင်လောကထဲဝင်တိုးခဲ့တဲ့ ကမ္ဘာ့ Handsome Face Top10 ထဲပါ လာခဲ့တဲ့ Bollywood ရဲ့Top10 မင်းသားထဲဝင် ရောက်လာခဲ့တဲ့ မြန်မာ့ဗီဒီယိုရုံခေတ်ကာလမှာ လက်ပွားမင်းသားလို့မြန်မာကသိလာခဲ့တဲ့ Hrithik Roshan ပါပဲ။
Rakesh_Roshan
ဖခင်ဖြစ်သူဂီတသမား မျိုးရိုးစဉ်ဆက် ဂီတသမားတွေသာထွက်ခဲ့ကြတဲ့မိသားစုမှာ Rakesh Roshan ဆိုတဲ့လူငယ်တစ်ဦးဟာ ဖခင်ရဲ့ခြေရာနောက်မလိုက်ပဲ ၁၈နှစ်နဲ့ရုပ်ရှင်လော ကထဲဝင်ခဲ့တယ်။ ငယ်ဘဝမှာမိဘရဲ့အရှိန်အဝါနဲ့ ဆိုးချင်တိုင်းဆိုးခဲ့သလို ၁၈နှစ်အရွယ်မှာတင် ထောင်၆လကျဖူးတဲ့အထိမူးယစ်ဆေးရဲ့ကျေးကျွန် ဖြစ်ခဲ့ရာက ရုပ်ရှင်လောကထဲဝင်ခဲ့တယ်။ ၁၉၇၀ နောက်ပိုင်းကာလလိုအကျပ်အတည်းတွေရှိတဲ့ အိန္ဒိယရုပ်ရှင်နယ်ပယ်မှာ ဒီလူငယ်လေးဟာရုန်းကန်ရင်း ဖခင်ဖြစ်သူဂီတမှူး၊ အကိုဂီတမှူးတွေနဲ့မတူပဲမင်းသားအဖြစ်စတင်ခဲ့တယ်။
Ghar Ghar Ki Kahani ဆိုတဲ့ကားနဲ့ ရုပ်ရှင်လောကထဲဝင်ခဲ့ ပေမယ့် ထင်သလောက်တော့ နာမည်ကြီးလှသူမ ဟုတ်ခဲ့ဘူး။ မအောင်မြင်မူတွေကြားစိတ်ဓာတ်မကျ ခဲ့မူက Rakesh Roshan ကိုအိန္ဒိယရဲ့ထိပ်တန်း ရုပ်ရှင်အနုပညာရှင်တွေထဲပါလာစေခဲ့သလို ဒါရိုက်တာနဲ့ထုတ်လုပ်သူအထိပါဖြစ်လာခဲ့တယ်။ဇနီး ဖြစ်လာမယ့် Pinky Roshanနဲ့တွေ့ပြီးချိန်မှာ တော့ Rakesh Roshanဟာအတော် တည်ငြိမ်လာခဲ့တယ်။ မိသားစုထဲရုပ်ရှင်ဂီတသမားတွေများ တဲ့အတွက် Rakesh ဟာသူ့ခြေရာအဖိုးခြေရာ ကိုနင်းနိုင်မယ့်သားယောကျာ်းလေးတစ်ဦးကိုအိမ်ထောင်ကျခါစတည်းကလိုချင်ခဲ့သူပါ။ အောင်မြင်မြင်မအောင်မြင်မြင်သူဖြစ် ချင်တဲ့အနုပညာအလုပ်ကိုလုပ်နေရရင်ကျေနပ် နေခဲ့သူပါ။ ဒီလိုနဲ့သူတို့ဇနီးမောင်နှံဟာသမီးလေး တစ်ယောက်ကိုရရှိလာခဲ့တယ်။
သမီးဖြစ်သူ Sunainaကျောင်းနေအရွယ်မှာဘုံဘေမှာနေခဲ့ ကြပြီးမိသားစုစီးပွားရေးဟာဖခင်ဖြစ်သူRakesh ရဲ့စီးပွားရေးရှယ်ဟာရင်းနှီးမူအရှုံးတွေကြားကျ ဆင်းလာခဲ့ရတယ်။ ဇနီးဖြစ်သူ Pinky ကလည်း သာမာန်မိသားစုကတော့မဟုတ်ခဲ့ဘူး။ ဒါရိုက်တာ ကြီး J. Om Prakashရဲ့သမီးပါ။ မိသားစုမပြေ လည်မူတွေကြောင့်ဘုံဘေကအိမ်ကိုရောင်းခဲ့ပြီး မွန်ဘိုင်းက ဇနီးဖြစ်သူရဲ့မိသားစုရှိရာရပ်ကွက်ကို ပြောင်းခဲ့ကြရတယ်။မွန်ဘိုင်းကိုစပြောင်းလာချိန် Pinkyဟာသူ့ရဲ့ဒုတိယရင်သွေးလေးကိုလွယ် ထားခဲ့ချိန်ပါ။ မင်းသား ဒါရိုက်တာ ထုတ်လုပ်သူ ဖြစ်တဲ့ဖခင်အဖို့သမီးထက်သားယောကျာ်းလေး ကိုသာပိုလိုချင်ခဲ့တယ်။ Rakesh ရဲ့ဆန္ဒပြည့်ခဲ့ တယ်ပြောရမယ်။သူတို့ရဲ့ဒုတိယရင်သွေးလေးဟာ ယောကျာ်းလေးဖြစ်ခဲ့သလို သားဖြစ်သူနာမည်ကို Hrithik Roshanလို့ပေးခဲ့တယ်။ အဲဒီကလေးကို မိဘတွေကချစ်စနိုးနဲ့Hriလို့ခေါ်ခဲ့ကြပါတယ်။ Hri ကို အချိန်အားဖြင့် ၁၉၇၄ခုနှစ် ဇန်နဝါရီလ ၁၀ရက်နေ့မှာမွေးဖွားခဲ့ပါတယ်။
“မိမိကိုယ်ကိုယ်ယုံကြည်မူမရှိပဲ ဘယ်ဘုရားရဲ့အကူအညီနဲ့မှအောင်မြင်တဲ့အလုပ် တစ်ခုကိုမလုပ်နိုင်ဘူး။ ”
Hrithik Roshan
“မွေးဖွားမူ နဲ့သေဆုံးမူကြား အချိန်အကန့်အသတ်ကိုသင်မေ့ထားလိုက်ပြီး လုပ်စရာရှိတာကိုဆက်လုပ်လိုက်ပါ။ ”
Hrithik Roshan
သားယောကျာ်းလေးလိုချင်ခဲ့တဲ့ Rakesh အဖို့သားရင်သွေးလေးရခဲ့ပေမယ့် သူထင်သ လောက်မပျော်ခဲ့ရပါဘူး။ ပြသနာက Hriလေးဟာ အဖိုးဖြစ်သူလိုပဲ မျိုးရိုးလိုက်မွေးstammering ရောဂါပါခဲ့သလို စိတ်လှုပ်ရှားရင်စကားထစ်တတ်တဲ့ကလေးတစ်ဦးဖြစ်ခဲ့ပါတယ်။ မွေးရာပါ စိတ်ကစဉ်ကလျားရောဂါပါလာတဲ့ ဒီကလေးအဖို့ ဖခင်ရဲ့ရည်မှန်းချက် မင်းသားတစ်ဦးမဖြစ်လာနိုင် တော့တဲ့အတွက် Rakesh ဟာအတော်စိတ် ဓာတ်ကျခဲ့တယ်။ အမဖြစ်သူ Sunainaကလည်း နှလုံးအားနည်းတဲ့ရောဂါသည်အဖြစ်မွေးဖွားခဲ့သူ ဖြစ်တော့ Rakeshဟာ သူ့မျိုးဆက်အတွက် အတော်စိတ်အားလျော့ခဲ့ပါတယ်။ ဒါပေမယ့်မိခင်ဖြစ်သူ Pinkyကတော့သားဖြစ်သူHri ကို အတော်ချစ် ခဲ့တယ်။
Hriဟာ ၄နှစ်သားအထိစကားမပြော တတ်ခဲ့တဲ့ကလေးတစ်ယောက်ပါ။ ဒါတင်မကပဲ Hriဟာ မွေးရာပါညာဖက်လက်မအပို၁ချောင်းပါ ပါခဲ့သူပါ။ ဘယ်လိုကြည့်ကြည့်သာမာန်ကလေး တွေလိုမဟုတ်တဲ့Hri ဟာ ကျောင်းစနေတဲ့အ ရွယ်မှာပဲ ကျောင်းသားတွေကြား အဟားခံရအစခံရတဲ့ သင်းကွဲကလေးတစ်ဦးဖြစ်ခဲ့ပါတယ်။စကားထစ်တာကြောင့်စာမေးရင်ဖြေလို့မရသလိုစိတ် လှုပ်ရှားရင်အကြောလိုက်တတ်တဲ့အတွက် အတော်အဆင်မပြေတဲ့ငယ်ကျောင်းသားဘဝနဲ့စ တင်ခဲ့ရတယ်။ပါရမီရှင်တိုင်းဟာ သာမာန်လူတွေထက် ထူးခြားတတ်တယ်။Hriကကျောင်းမှာစာဖြေလို့သာမရ စိတ်ကစဉ်ကလျားရောဂါပျောက် ဆေးတွေသောက်ရလို့သာမာန်ကလေးတွေထက် ချူချာခဲ့ပေမယ့်ဖခင်ရေးတဲ့ဇာတ်ညွှန်းတွေကို ငယ်စဉ်တည်းက ဘေးကလိုက်ရေးနိုင်ခဲ့သူပါ။ ဖခင်ကသားဖြစ်သူရဲ့အနုပညာပါရမီပါမူကိုသိရှိပြီး သူရိုက်တဲ့ကားတွေမှာ ကလေးခန်းတွေထည့်ခဲ့တယ်။သာမာန်ကလေးသရုပ်ဆောင်ထက်ဒိုင်ယာ လော့ကို၆ဆပိုသင်ရသလို Hriရဲ့သရုပ်ဆောင်မူ အတွက်လူအုံနဲ့ကျင်းနဲ့ shooting တွေမှာဆို မထည့်ခဲ့ရပါဘူး။
ဖခင်ရဲ့အလုပ်ကြောင့်ဘုံဘေကို တခါပြန်ပြောင်းခဲ့ရပြန်တယ်။Hriအထက်တန်း ကျောင်းသားဘဝကိုလည် းBombay Scottish School မှာတက်ခဲ့ရပြန်တယ်။ ဒီကျောင်းကိုသူစရောက်ချိန် သူအားကျလာသူက အမီတာဘဂျမ်း။ ဖခင်မင်းသားကိုတောင်သူက အမီတာဘဂျမ်းလိုဖြစ်ချင်တယ်လို့ပြောခဲ့လို့ဖခင် ရဲ့အဆူအဆဲကိုခံရတယ်။ဒါပေမယ့်ဖခင်ဟာ သားဖြစ်သူဟာ အမီတာဘဂျမ်းလိုလူကိုအားကျလို့ပျော်ခဲ့ ရတယ်။သားဖြစ်သူရဲ့ဗီဇကြောင့်မင်းသားဖြစ်ဖို့ ခက်ခဲမှန်းသိပေမယ့်မပြောခဲ့ဘူး။သားဖြစ်သူကို မိသားစုကပညာတတ်သာဖြစ်စေချင်ခဲ့တယ်။Hri ဟာအထက်တန်းကျောင်းကိုပြီးခဲ့သလိုBcomနဲ့ ဘွဲ့ရခဲ့ပါတယ်။ ကောလိပ်မှာအမှတ်များခဲ့တာကြောင့် ပညာသင်ဆုရခဲ့ပေမယ့် Hriကတော့ပညာသင်ဆုအတွက် နိုင်ငံခြားကို အချိန်ပေးသွားဖို့ထက်သူ ဝါသနာပါရာ သရုပ်ဆောင်လောကကိုသာ ဝင်ဖို့ မိဘတွေကိုပြောလာခဲ့တယ်။ အဲဒီအချိန်မှာ ဖခင်နဲ့ အကြီးအကျယ်ပြသနာဖြစ်ခဲ့ပါတော့တယ်။ ဖခင် လိုဘဝနဲ့ပါရင်းပြီးအနုပညာလောကထဲဝင်ခဲ့သူအဖို့ရုပ်ရှင်လောကရဲ့ခက်ခဲမူတွေကိုသိတယ်။ သားဖြစ်သူရဲ့ပျော့ညံ့တဲ့ဗီဇနဲ့အောင်မြင်တဲ့မင်းသား ဖြစ်ဖို့ လုံးဝနီးပါးမလွယ်ကူမှန်းလည်းသိတယ်။ ဘယ်လိုမှ ပြောမရတဲ့အဆုံးဖခင်နဲ့ ပြသနာအကြီးအကျယ်ဖြစ်ခဲ့ရတယ်။
“အဲ့ဒီအရာတွေကနေ နာကျင်စရာတွေကို ယူပါ။ အဲ့ဒီနာကျင်မူတွေကနေပဲ သင်ယူမူတွေကိုယူပါ။ ”
Hrithik Roshan
ဖခင်ဖြစ်သူ ရုပ်ရှင်လောက က ဖြစ်နေပေမယ့် Roshan ရုပ်ရှင်လောကထဲကိုဝင်ဖို့ ဖခင်ရဲ့ပံ့ပိုး ပေးမူဘယ်လိုမှမရခဲ့ပါဘူး။ ဦးလေးဖြစ်သူတွေက တူဖြစ်သူ Roshan ကို မင်းသားတင်ရုံဖို့ငွေစိုက် ပေးမူတွေရှိခဲ့ပေမယ့် Roshanဟာဖခင်ကိုသူ့အစွမ်းအစနဲ့သာ ရုပ်ရှင်လောကထဲကိုရအောင်ဝင်ဖို့ အတွက်ဘယ်တစ်ဦးတစ်ယောက်ရဲ့ကူညီပေးမူကိုမှ မယူခဲ့တော့ပါဘူး။ Roshan ရဲ့ပထမဆုံးရုပ်ရှင် လောကထဲစတင်မူက ဒေလီစက်အဖွဲ့မှာဝင်ခဲ့မူပါပဲ။ စက်အဖွဲ့ထဲဝင်ရလို့အထင်ကရနေရာလို့တော့ မထင်လိုက်ပါနဲ့။ မှန်တွေထမ်းရတဲ့အလုပ် မိုက်စတန်းတွေ ထမ်းရပိုးရတဲ့အထမ်းသမားအဖြစ်ပါ။ ၁ရက်မှာ ၈နာရီ စက်အဖွဲ့မှာအထမ်းသမားလုပ်၊ ညဖက်တွေမှာသ ရုပ်ဆောင်ပညာကိုလေ့လာခဲ့တယ်။
ဖခင်နဲ့သူ့ ကြားကဆက်ဆံရေးမပြေလည်မူကြောင့်အိမ်က နေဆင်းခဲ့ပြီးဦးလေးဖြစ်သူအိမ်မှာနေခဲ့တယ်။ဒီလိုနဲ့လုပ်ရင်းကိုင်ရင်း Roshanသိရှိလာတာက သရုပ်ဆောင်ပညာဟာခက်ခဲနက်နဲမူတွေနဲ့ပြည့်နှက် နေမူကိုပါပဲ။ မိခင်ဆီကငွေတချို့ကိုတောင်းပြီး သရုပ်ဆောင်သင်တန်းအသေးလေးတစ်ခုမှာသူလိုချင်တဲ့ ပညာတွေကို လေ့လာခဲ့တယ်(သူတက်ခဲ့တဲ့ BEL သရုပ်ဆောင်သင်တန်းလေးဟာ Iranလို Jadiv လိုမင်းသားတွေထွက်ခဲ့တဲ့Hollywood မှာလူငယ်မင်းသားကောင်းတွေမွေးထုတ်ပေးလာမယ့် Stuntနည်းပြကြီး Ajav Gidiရဲ့သင်တန်း ပါပဲ။ Ajav ဟာ Roshan ရဲ့ကျေးဇူးရှင်ဖြစ်ခဲ့သလို Roshan ကို စိတ်ပိုင်းဆိုင်ရာအမွေတွေများစွာ ပေးခဲ့သူပါ။ ) အဖိုး အဖေ ဦးလေး အမေဖက်က အမျိုးတွေက နာမည်ကြီးရုပ်ရှင်အနုပညာရှင်တွေ ဒါရိုက်တာ ထုတ်လုပ်သူတွေဖြစ်နေပါလျက် ဒီဘဲကဘာကြောင့်သုညကစခဲ့သလဲလို့ထင်ကြလိမ့် မယ်။မြန်မာမှာအဖေမင်းသားဖြစ်ရင်သားမင်းသား ဖြစ်နေတာ ဒီလိုစက်အထမ်းသမားလုပ်ဖို့လူ၁၀၀ မှာ၁ယောက်လုပ်ကြမယ်မထင်။ ဒီအချက်ကိုသုံး သပ်ရရင် မိဘအကူအညီနဲ့ရတဲ့ အောင်မြင်မူက ကိုယ်တိုင်ရုန်းကန်ပြီးရတဲ့အောင်မြင်မူနဲ့အဆ များစွာကွာမူကို သိနိုင်တယ်။ အဖေ့ငွေနဲ့သူဌေး သားဖြစ်တာထက် ကိုယ်ရှာလို့ရတဲ့ငွေနဲ့သူဌေး သားဖြစ်လာသူ အဖေ့အရင်းအနှီးနဲ့သူဌေးသား ဖြစ်လာသူထက် ကိုယ့်အရင်းအနှီးနဲ့ကိုယ်သူဌေး သားဖြစ်လာသူ သူဌေးချင်းတူပေမယ့် တန်ဖိုးချင်း ကွာတယ် စိတ်ဓာတ်ချင်းကွာပါတယ်။
Roshan ရဲ့ ရုပ်ရှင်လောကအစဟာ စက်ထမ်းသမား ဒီကနေမှအဖေ့ရဲ့စက်အဖွဲ့မှာထပ်ဝင်တယ်။အဖေက ထုတ်လုပ်သူ ဒါရိုက်တာ ၊ သားကစက်အထမ်းသမား အတော်တော့ဂွကျတယ်။ ဒီကနေမှ ဇာတ်ညွှန်းရေးအကူဖြစ်လာခဲ့တယ်။ Roshanဟာဖခင် ရဲ့အဖွဲ့နဲ့လိုက်ခဲ့ရချိန်တလျှောက်လုံး ဖခင်ရဲ့ဒါရိုက်တာပညာ တခြားဒါရိုက်တာတွေဆီကပညာတွေ ကိုလေ့လာသင်ယူခဲ့သလို Roshanဟာ ၁ကား မှမရိုက်ရသေးခင်မှာတင် ဇာတ်ညွှန်းရေးပညာ ဒါရိုက်တာ သရုပ်ဆောင်ပညာတွေကိုဝမ်းစာပြည့် နေခဲ့ပါပြီ။ ဖခင်ကသားဖြစ်သူရဲ့ဇာတ်ညွှန်းရေးပညာကိုချီးကျူးလာခဲ့သလို သားဖြစ်သူနဲ့ဆက်ဆံရေးဟာလည်း အရင်ကထက်ပြေလည်စပြုလာခဲ့ တယ်။ ဒီလိုနဲ့၂၀၀၀ပြည့်နှစ်မှာRoshanရဲ့ဘဝ ကိုပြောင်းလဲစေဖို့ချိန်ကျလာခဲ့တယ်။ ဒါကတော့ ဖခင်ကိုသူကူရေးပေးနေတဲ့ Kaho Naa… Pyaar Hai ဆိုတဲ့ကားကြောင့်ပါပဲ။ ဒီဇာတ်ကို ဖခင်က ထုတ်လုပ်သူ ဒါရိုက်တာလုပ်ရိုက်ဖို့ ရည်ရွယ်ထားချိန် ခေါင်းဆောင်မင်းသားအတွက်ရွေး ချယ်ကြတယ်။Filmkraft က လူကြီးတွေနဲ့အတူ တိုင်ပင်လာချိန်မှာတော့ အဓိကမင်းသားနေရာရဲ့ ဇာတ်ရုပ်ကိုကျကျနနသိရှိထားတဲ့ Roshan ကို အားလုံးကမင်းသားတင်ဖို့ထောက်ခံကြတယ်။
ဖခင်ဖြစ်သူကလည်းသူ့ကို ဒီကားမှာမင်းသားလုပ်မလားပြောခဲ့ချိန်က Roshanဘဝမှာအပျော်ဆုံး အချိန်ဖြစ်ခဲ့ပါတယ်။ ဒီကားကိုရိုက်ဖို့သူတန်း လက်ခံခဲ့တာမဟုတ်ပဲ သူ့ဆရာ Ajav ကိုပါ ပါဝင်ခွင့်ပေးမှလက်ခံမယ်လို့တောင်းဆိုခဲ့တယ်။Ajav ရဲ့သင်ကြားမူနဲ့အတူ ဒီကားအတွက်ပြင်ဆင်မူများစွာလုပ်ခဲ့ပြီးမှစတင်ရိုက်ကူးခဲ့တယ်။ ဖခင်က ဒီကား ကိုသာမာန်သာခန့်မှန်းထားခဲ့ပေမယ့် ဒီကားဟာ Roshan ရဲ့ပထမဆုံးကားဖြစ်သလို ၂၀၀၀ပြည့် နှစ်Bollywood ရဲ့ ဝင်ငွေအမြင့်ဆုံးရကားကြီး ဖြစ်ခဲ့ပါတော့တယ်။ပထမဆုံးကားမှာတင် သူလုပ် ပြသွားတာလန့်စရာပါ။ နဂိုကသာ ဖခင်ရဲ့ဖေးမမူ နဲ့မင်းသားလုပ်ခဲ့ရင် အခုလိုရမယ်မထင်ဘူး။ ဒီကားဟာ Highest Grooser Film တင်မကပဲ Roshanဟာ Best Actorဆုအထိပါရခဲ့ပါ တယ်။ ဒီကားဟာဝင်ငွေအမြင့်ဆုံးကား ၊ ဆုပေါင်း ၁၀၀နီးပါးရခဲ့တဲ့ကား ၊ ထိပ်တန်းဆုအားလုံးကိုရရှိခဲ့တဲ့ Bollywoodကား၁၀၀ထဲသမိုင်းဝင်ခဲ့သလို ၊ ပထမဆုံးကားနဲ့ဆုအများဆုံးချိတ်တဲ့ကားရဲ့မင်းသားထဲ Bollywood ရုပ်ရှင်သမိုင်းမှာ အသက်အငယ်ဆုံးမင်းသားအဖြစ် သမိုင်းဝင်ခဲ့ပါတယ်။
” အောင်မြင်မူက ဘာမှမဟုတ်ဘူး။ ဒါပေမယ့် ခင်ဗျားပျော့ညံ့ရင်တော့ ကျရှုံးရမှာပဲ ”
Hrithik Roshan
ပထမဆုံးကားမှာတင် အောင်မြင်မူက ကြောက်စရာကောင်းလောက်အောင်ကြီးမားခဲ့သလိုနောက်ကွယ်က ပြသနာတွေလည်းရှိခဲ့ပါတယ်။ ဖခင်နဲ့မပြေလည်တဲ့ ထုတ်လုပ်ရေးတစ်ခုက ဒီကားဟာ သူတို့ဇာတ်လမ်းဖြစ်ကြောင်းတရားစွဲမူတွေရှိ ခဲ့သလို တမင်လုပ်ကြံမူတွေသာဖြစ်ခဲ့တယ်။ ဒါတင် မကပဲ Roshan ဟာ ဒီကားနဲ့အောင်မြင်မူကြီးမားခဲ့မူက ပရိတ်သတ်အင်အားထောင်ချီ သွားလေရာမှာ စုဝေးခံခဲ့ရသလို လုပ်ကြံခံရတဲ့အထိ လူမုန်းများမူတွေလည်းရှိခဲ့တယ်။ ဖခင်ရဲ့ပြန်တရားစွဲမူခံရတဲ့ ထုတ်လုပ်ရေးကလူတွေ Roshanကိုpromo ပွဲ တစ်ခုက အပြန်မှာ သေနတ်နဲ့၂ချက်ပစ်ခဲ့တဲ့အထိ ဖြစ်ခဲ့ရတယ်။ သေနတ်ပစ်ချက်ဟာ ဖခင်နဲ့driver ကိုသာထိခဲ့ပြီး အရေးပေါ်ခန်းမှာဖခင်ရဲ့အသက်ကို လုခဲ့ရတဲ့အထိဖြစ်ခဲ့တယ်။ ဒါတင်မကပါဘူး ဒီကား ရဲ့အောင်မြင်မူက ဒူဘိုင်းရဲ့အချမ်သာဆုံးစာရင်းဝင် သူဌေးကြီးရဲ့သမီးဖြစ်သူကပါ Roshan ကို တောင်းရမ်းခဲ့တဲ့အထိပါပဲ။
Roshanကငြင်းဆန်ခဲ့မူအ ပေါ်မကျေနပ်လို့Roshanကိုဒေါ်လာ၂၆သန်း အနုပညာကြေးပေးပြီးရုပ်ရှင်ကားတစ်ကားရိုက်လို ကြောင်းသူဌေးသမီးကထပ်ကမ်းလှမ်းပြန်တယ်။ ဒီကြေးနဲ့ဆိုBollywoodသမိုင်းတင်မကပဲ Hollywood အထိပါ အထင်ကရဖြစ်နိုင်ပေမယ့် Roshan ဟာ ငြင်းဆန်ခဲ့တယ်။သူလိုချင်တာငွေ ထက် အနုပညာသာဖြစ်ကြောင်းTV Show တစ်ခုကနေပြောကြားခဲ့မူအပေါ် ဒူဘိုင်းရုပ်ရှင်သားတွေ အတော်အရှက်ရခဲ့တယ်။၂၀၀၀ပြည့်နှစ်မှာ တစ်ကားထဲနဲ့အောင်မြင်မူ ဆုပေါင်း၁၀၀နီးပါးရခဲ့ မူက Roshanကိုစံချိန်တစ်ခုတင်ခဲ့ပြန်တယ်။ဒါ ကတော့ လက်ရှိသဲသဲလှုပ်ခြင်းခံနေရတဲ့ Tollywood ကား Bahubali ရဲ့မင်းသားဖြစ်တဲ့ Prabhas ဟာ Bahubaliကားအောင်မြင်မူနဲ့အတူ နိုင်ငံတကာကအမျိုးသမီးပေါင်း၆ထောင်ကျော်က တင်တောင်းမူတွေရှိခဲ့တယ်။ Roshanက တော့၂၀၀၀ပြည့်နှစ်မှာတင် ပထမဆုံးကားနဲ့နိုင်ငံတကာက အမျိုးသမီးပေါင်း၁၃၀၀ကျော်အထိ တောင်းရမ်းခံရမူနဲ့အတူကမ္ဘာ့အတောင်းရမ်းခံရ ဆုံးအမျိုးသားအဖြစ်စံချိန်တင်ခဲ့ပါတယ်။ ဒီအထဲ တရုတ် Shali Gpသူဌေးရဲ့သမီး ကူဝိတ်သူဌေး သမီး နဲ့နိုင်ငံတကာကနိုင်ငံခေါင်းဆောင်သမီး တချို့တောင်ပါခဲ့ပါတယ်။ ဒါပေမယ့် Roshan ဟာ သူ့ချစ်သူ Sussanne ကိုပဲ ထိုနှစ်ထဲမှာ လက်ထပ်ပြခဲ့ပါတယ်။
” အချစ်ဆိုတာကို နှလုံးသားနဲ့သာ အကဲဖြတ်ပါ။ နှလုံးသာက ဘဝရဲ့တန်ဖိုးအရှိဆုံး စစ်မှန်မူတွေကိုသိတယ်။ ”
Hrithik Roshan
ပထမကားမှာတင် တန်းတူတပ်သစ်စ မင်းသားတွေကြား ထိပ်ဆုံးဖြစ်လာခဲ့ပြီး ရုပ်ရှင်လောကထဲကို မင်းသားတစ်ဦးအဖြစ်Roshanစ တင်ခဲ့ပါတယ်။ အိန္ဒိယရုပ်ရှင်လောကမှာအထင်ကရဆုတစ်ခုဖြစ်တဲ့ Filmfare ကို ပထမဆုံးကားမှာတင် ရရှိခဲ့တယ်။ ဒီလိုတက်သစ်စတစ်ယောက် ကအထင်ကရဆုတွေ စံချိန်တင်ဆုအရေအတွက် တွေရဲ့ကားမှာပါခဲ့မူက ကံကောင်းလို့လို့ထင်စရာရှိ တယ်။ ဒီနေရာမှ ာRoshanရဲ့အနုပညာလောက ထဲရုန်းကန်ခဲ့ရမူတွေကအသေးစိတ်ပြောမှသေချာ လက်ခံချင်စရာတွေကလည်းရှိနေပြန်တယ်။ ဖခင် မင်းသား ဒါရိုက်တာ ထုတ်လုပ်သူရဲ့အရှိန်အဝါနဲ့ ငယ်စဉ်ကကလေးသရုပ်ဆောင်အဖြစ်ပါဝင်ခဲ့ဖူး တယ်။ အသက်၂၂နှစ်အထိအားစရာတစ်ကားမှ ခေါင်းဆောင်မင်းသားမဖြစ်ခဲ့ပဲ ဖခင်နဲ့မပြေလည်ခဲ့ ရာကရုပ်ရှင်လောကထဲကိုကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ဖို့သင်ယူမူများစွာကို စတင်ခဲ့ပါတယ်။
ဒါပေမယ့်သူ့ပထမဆုံးကား Kaho Naa. PyaarHaiမှာပါဝင်ခွင့်မရခင်တည်းက Roshan ဟာဖခင်ယုံကြည်ရ လေးစားမူကိုရရှိခဲ့တဲ့ လူငယ်ဇာတ်ညွှန်းရေးဆရာ လူငယ်ဒါရိုက်တာအကူဖြစ်ခဲ့ တယ်။ အဖေအားကိုးနဲ့ အခုမင်းသားထလုပ် အခုနာမည်တန်းကြီးခဲ့ခြင်းမဟုတ်မူက Roahanကို သူနောက်ပိုင်းချပြလာမယ့်ရုပ်ရှင်ကားတွေက သက်သေပြလာမှာဖြစ်ပါတယ်။ ဒါ့အပြင်အိန္ဒိယရုပ် ရှင်မင်းသားတွေထဲ Roahan ဟာ အဂျေးဒါဗန်လို စီနီယာတောင် လေးစားရတဲ့ ဘက်စုံရလူငယ်မင်း သားဖြစ်ခဲ့သူပါ။ သူရိုက်တဲ့ကားမှန်သမျှ ဒါရိုက်တာ cameraman နဲ့စက်အဖွဲ့ကိုကောင်းကောင်း အကြံပေးတတ်သလို ဒါရိုက်တာကြီးတွေအထူး တလည်ချီးကျူးရတဲ့ Directing ပိုင်းပညာအထူး ချွန်ဆုံး Bollywood မင်းသားအဖြစ်ပါ နောက်ပိုင်း မှာနာမည်ရခဲ့သူပါ။(သူ့စီနီယာရှာရွတ်ခန်းကိုယ် တိုင် Don 2 မှာ Roshan ကိုခေါ်ယူပြီး ဧည့်သည်သရုပ်ဆောင်အနေနဲ့ရော ဆွစ်စလန်ရိုက်ကွင်းDirectorအကူအနေနဲ့ပါခေါ်ယူခဲ့ရသလို Don2 ရဲ့နောက်ကွယ်မှာ Roshan ဟာပါခဲ့ရပါတယ်။ ဒါတင်မကပဲ Khan ၃ Khan လို အထင်ကရအောင်မြင်လာမယ့် လူငယ်မင်းသားအဖြစ်မြင်လာခဲ့ရပါ တယ်။)
” ကျရှုံးခြင်းတွေထက်မဖြစ်နိုင်ဘူးဆိုတဲ့ ယုံကြည်မူတွေကအောင်မြင်မူရဲ့အဝေးကိုတွန်းပို့စေတာပါပဲ။ ကျရှုံးမူတိုင်းကိုသင်ယူလိုက်ပါ။ ကျွန်တော်တို့အောင်မြင်သွားပါလိမ့်မယ်။ ”
Hrithik Roshan
Roshan ရဲ့ဒုတိယကားကလည်းပထမ ကားလိုပဲအထင်ကရဖြစ်ခဲ့ရပြန်တယ်။၂၀၀၀ပြည့် နှစ်ကုန်ခါနီးမှာပဲပြသခဲ့တဲ့ အမီတာဘဂျမ်းရဲ့ဇနီး Jaya လို Bollywoodရဲ့အထင်ကရ မင်းသမီးကြီး ဦးဆောင်ပါဝင်ခဲ့တဲ့ Fiza ပါ။ Fizaဟာအိန္ဒိယရဲ့အမြတ်အများဆုံးရ ကား၂၀ထဲပါဝင်ခဲ့သလို အရင်းထက်အဆ၂၀ကျော် အမြတ်ရရှိခဲ့တဲ့ကား ကြီးပါ။ ပထမကားနဲ့တင် မနာလိုမူ လူမုန်းများမူတွေ မတည်ငြိမ်တုန်းရှိသေး ဒီဒုတိယကားဟာပထမကားလိုပဲ ထိပ်တန်းဆုတွေရရှိခဲ့ပြန်ပါတယ်။ Roshanဟာ Fiza မှာ Best Actor ဆုကိုရရှိခဲ့ သလို ၂၀၀၀ပြည့်နှစ် Roshan ပါဝင်တဲ့နောက် တစ်ကား Mission Kashmir ဟာလည်း အမေရိကန်ဒေါ်လာ ၁၅သန်းကျော်အထိ ရုံတင်ဝင်ငွေ ရရှိခဲ့ပါတယ်။ တစ်နှစ်ထဲဆုပေါင်း ၁၅၀နီးပါးရရှိခဲ့တဲ့ အိန္ဒိယမင်းသား၄ဦးထဲ ရှာရွတ်ခန်း အမီတာဘ ဂျမ်း Aamir Khanတို့နဲ့အတူပါဝင်ခဲ့ပြီးအိန္ဒိယ ရုပ်ရှင်သမိုင်းမှာအမီတာဘဂျမ်းပြီးရင် ဒုတိယအသက်အငယ်ဆုံး ဆုအများဆုံးရရှိခဲ့တဲ့ကားတွေရဲ့ မင်းသားအဖြစ်သမိုင်းဝင်ခဲ့ပါတယ်။
Rohan ဟာတစ်နှစ်ထဲနဲ့မင်းသားထဲ အလားအလာရှိသူအဖြစ် ပရိတ်သတ်တွေကသတိ ထားမိလာခဲ့တယ်။ စိတ်လှုပ်ရှားရင် စကားထစ် တတ်တဲ့သူ့ဗီဇကို အမီတာဘဂျမ်းရဲ့သင်ပြပေးမူကြောင့် ဖျောက်နိုင်ခဲ့တယ်လို့လည်းသိရတယ်။ ၂၀၀၁ခုနှစ် မှာတော့သူလေးစားရတဲ့ထိပ်တန်းကြီး အမီတာဘဂျမ်း ရှာရွတ်ခန်းတို့ရဲ့ထောက်ခံမူ အိန္ဒိယဒါရိုက်တာတွေထဲငယ်ငယ်ရွယ်ရွယ်လေးနဲ့ ဂျပန် ကနေဒါ ပြင်သစ်Film Industry တွေက ပါခေါ်ခြင်းခံခဲ့ရတဲ့ ကာရန်ဂျိုဟာရိုက်ကူးခဲ့တဲ့ K3Gကားမှာပါဝင်ခွင့်ရခဲ့ပါတယ်။K3G ဟာ မိသား စုကားတွေထဲကျွန်တော်အကြိုက်ဆုံးထဲပါတယ်။
ဒီကားထဲက dialogue တွေက အတော်ထိမိခဲ့မူ ကြောင့်ပေါ့။(ကာရန်ဂျိုဟာ ဟာအိန္ဒိယဒါရိုက်တာ တွေထဲကမ္ဘာ့မဆင့်မှီချပြနိုင်သူပါ။ အသက်ကလေးက မဖြစ်စလောက်နဲ့သူလုပ်ပြခဲ့တာတွေအတော် များခဲ့တယ်။အခု အသက်၄၅ရှိလာတာတောင် သူ့ ထက်အသက်ကြီးတဲ့အမီတာဘဂျမ်း နဲ့Khan၃ Khanလိုမင်းသားတွေ Irran Khan လို အရှေးကူးမားတို့လိုထိပ်တန်းမင်းသားတွေကတလေးတစားရှိရတဲ့ ဒါရိုက်တာပါပဲ။Hollywoodနဲ့Japan Film Industryတွေကခေါ်ယူခဲ့တာတောင် အကြိမ်ကြိမ်ငြင်းခဲ့သူ Asiaရဲ့အတော်ဆုံးဒါရိုက်တာ တွေထဲပါဝင်ခဲ့သူပါ။ ကာရန်ဂျိုဟာကို သုညဘဝ၂ ထွက်ဖြစ်ရင်ထည့်မယ်စဉ်းစားထားတဲ့ကျွန်တော် ကိုယ်တိုင်Crazyအဖြစ်ဆုံး ဘတ်စုံရ ဒါရိုက်တာတစ်ဦးပါ။(ကာရန်ဂျိုဟာကိုသပ်သပ်တင်ချင်ပါ သေးတယ်။))
K3Gကို၂၀၀၁ခုနှစ် ဒီဇင်ဘာလမှာ ပြသခဲ့ပြီး အမေရိကန်ဒေါ်လာ၂၁သန်းရရှိခဲ့ပါ တယ်။၂နှစ်အတွင်း Roshanရဲ့နာမည်ကအတော် ရလာခဲ့တယ်။ တဆက်တည်းပြသနာကလည်းပါ လာခဲ့တယ်။ဒါကတော့ဘာသာရေးပြသနာတွေပါ ပဲ။ Roshan ဟာ ဘာသာမတူတဲ့ ဇနီးဖြစ်သူနဲ့အတူ ပါကစ္စတန်စစ်ဘေးသင့်အတွက်လှူတန်းမူတစ်ခုကိုပြုလုပ်ခဲ့တယ်။နောက်ဆက်တွဲပြသနာက အိန္ဒိယကသူ့ပရိတ်သတ်တချို့ရဲ့ဝေဖန်မူတွေ နဂို တည်းကRoshanကိုမုန်းတီးသူတွေရဲ့အပြစ်တင်မူတွေကို အလူးအလဲခံခဲ့ရတယ်။ ဒီကာလမှာထပ်ဆင့် ဖိအားက သူရိုက်ကူးတဲ့ကားတွေဟာ အရှုံးပေါ်လာခဲ့တယ်။ အိမ်ရှေ့လာပြီးဆန္ဒပြသူတွေ ရိုက်ကွင်းထိလာရောက်ဆဲဆိုကြတဲ့လူတချို့ရဲ့အပြစ်တင်မူတွေကြား Roshanဟာ၂၀၀၂ခုနှစ် ရက်ပေါင်းများစွာဟာ စိတ်ဓာတ်ကျမူတွေ ၊ နာကျင် စရာတွေနဲ့ နေခဲ့ရတယ်။ အဆိုးဆုံးကထုတ်လုပ်သူတွေရဲ့ကွယ်ရာအပြစ်ဖို့မူ mediaများစွာက Bollywoodရဲ့အဆိပ်အတောက်လို့တောင်ရေး သားဖော်ပြမူ အချို့ကလည်းနေ့မြင်ညပျောက်မင်း သား အရှုံးသမားတစ်ယောက်ရဲ့ဇာတ်သိမ် းစသဖြင့်ပေါ်တင်ကိုရေးသားခဲ့ကြတယ်။ ဒီအတွက် လေးစားစရာက Roshan ဟာ ထိုကာလအများစုကို ဘာတစ်ခုမှမတုံ့ပြန်ခဲ့ပဲ သူ့အိမ်မှာသာ သူရှေ့ဆက်မယ့်အနုပညာတွေအတွက် ဆရာဖြစ်သူ Ajav ရဲ့ဆုံးမမူနဲ့ပြင်ဆင်နေခဲ့တယ်။
” နှလုံးသားကနှစ်သက်နေသ၍ သင်မရှုံးသေးပါဘူး။ သင်ဟာအကောင်းဆုံးတွေကိုကြိုက်တတ်ရင် အဆိုးဆုံးတွေရလာချိန်မှာ လည်း ထိုအလုပ်ကို ‘No’လို့မငြင်းမိပါစေနဲ့ ”
Hrithik Roshan
အချိန်ကာလအတော်ကြာဖိအား တွေအပြစ်တင်သရောမူတွေကြားရောက်ခဲ့ရတဲ့ Roshan ဟာ သူရုပ်ရှင်လောကထဲကိုစဝင်ချိန် အောင်မြင်ခဲ့မူတွေကိုရရှိခဲ့ချိန်ထက် သရုပ်ဆောင် ဘဝကို ပိုနားလည်လာခဲ့တယ်။၂၀၀၁ခုနှစ်ကအ ထိရွှေထီးဆောင်းမင်းသားဟာ ချက်ချင်းနန်းချခံရတဲ့ ခံစားချက်က သူ့ဘဝကိုအတော်ပြောင်းလဲ ခဲ့တယ်။ ၂၀၀၃ခုနှစ်အစမှာပဲ ဖခင်ရိုက်ကူးမယ့် ကားတစ်ကားမှ ာRoshan ကိုမင်းသားထပ်တင်ဖို့ လုပ်ခဲ့ပြန်တယ်။ဒီကားအတွက် ၇လတိတိ ပြင်ဆင်ခဲ့ရသလို ဒီကားရိုက်ကူးနေစဉ်Roshan ဟာ ဖိနှိပ်အစော်ကားတွေ media ဖက်က ရပ်တန့်မသွား သေးပါဘူး။ ဒီကားကတော့ Koi… Mil Gaya( Found Someone) ကားပါပဲ။ အိန္ဒိယရုပ်ရှင်သမိုင်းမှာ Robotလိုပဲ အထင်ကရ နည်းပညာမြင့်သိပ္ပံကားဖြစ်လာခဲ့ပြီးရူပီးသန်းတစ်ထောင်ကျော် ရုံတင်ငွေစံချိန်တင်ခဲ့ပါ တယ်။
ပေါတောတောcharacter ဆို Salman Khan ကို ဘယ်မင်းသားမှ အိန္ဒိယမှာဝင်ငွေရ အောင်မလုပ်ပြနိုင်သလို ၁၀ပြားလိုဂေါက်တောက် တောက်ဆိုရှာရွတ်ခန်းကိုမှီတာ Roshanလို့ပဲ ကျွန်တော့အမြင်ကိုပြောပါရစေ။ဟာသမှာတော့ OMGကြီးKumar က Bollywoodရဲ့Kingပေါ့။ ဒါပေမယ့်ပေါတောတော character ဂျပိုးကိုလိပ် လို့ပြောပြီးရယ်ခိုင်းတဲ့အထှာတွေတော့မဟုတ်ပါဘူး။Koi… Mil Gaya( Found Someone) မှာ Roshanဟာ ပေါင်၄၀နီးပါးအထိလျှော့ခဲ့ရတယ်လို့လည်းသိရ တယ်။ အတော်လန်ထွက်တဲ့ Science ကားပါပဲ။ ဒီကားအတွက် MOL လိုအိန္ဒိယနာမည်ကြီးရုပ်ရှင် ဂီတအဖွဲ့တွေပါဝင်ခဲ့သလို Roshanဟာလည်း ယခင်ကသူ့အောင်မြင်မူတွေပြန်ရရှိခဲ့ပါတယ်။ တစ်နှစ်တာရဲ့အကောင်းဆုံးမင်းသားဆုကိုရရှိခဲ့ပြီး ထိပ်တန်းဒါရိုက်တာ မင်းသား ဇာတ်ကား သီချင်း special effectsဆုတွေကိုရရှိခဲ့ပါတယ်။
“ခင်ဗျားရဲ့ရည်မှန်းချက်တွေအတွက် တချို့အရာတွေကိုရှင်းလင်းထားလိုက်ပါ။ ”
Hrithik Roshan
အဖိနှိပ်တွေအစော်ကားခံရမူတွေကြားကနေ တကြော့ပြန်အောင်မြင်လာခဲ့ဖို့Roshan ဟာ စိတ်ဓာတ်ကျမူတွေ အတော်ခါးစည်းခံခဲ့ရတယ်။ ၂၀၀၃ခုနှစ်နောက်ပိုင်း ပိုကြိုးစားလာမူကို သူချပြ တဲ့ကားတွေကသက်သေပြနေတယ်။Found Someone ထွက်ပြီး Roshan ဟာအတော် ပြောင်းလဲခဲ့တယ်။ ဒီလိုနဲ့Roshanရဲ့ဘဝကိုထပ် ပြောင်းလဲစေဖို့၂၀၀၅နှစ်လည်မှာစတင်လာခဲ့ပြန် တယ်။၆လလောက် ဘာကားမှမရိုက်ရပဲရှိနေချိန် အထူးသဖြင့်ထုတ်လုပ်ရေးတွေက Roshanကို ပစ်ပယ်နေတုန်းအချိန်မှာ Found Someone ရဲ့အဆက်ကိုရိုက်ဖို့ဖခင်ကစတည်ခဲ့တယ်။ ဒါပေမယ့် Roshan ဟာဖခင်ဇာတ်ညွှန်းကိုပြချိန်မှာပဲ အတော်စိုးရိမ်ခဲ့ရတယ်။ပြသနာကcharacter ဟာအတော်ချိန်းရမူတွေများပြီး ဒီ နောက်ဆက်တွဲကားမှာချပြမယ့် ဇာတ်ကွက်တွေဟာရှေ့ကထက်မြင့်နေမူတွေပါပဲ။ ဒီကားရဲ့အဓိက ဇာတ်ကောင်၂နေရာဟာ အရမ်းချိန်းနေပြီးအဓိကဇာတ်ကောင်ဝတ်မယ့်အကျီ င်္ဟာသူ့လက်ရှိbodyနဲ့ ချောင်နေခဲ့တာပါပဲ။ဒါကြောင့်ဝတ်စုံကိုမပြင်ခိုင်းပဲ သူကိုယ်တိုင်ဒီဇာတ်ကောင်လိုဖြစ်လာအောင် သိသိသာသာလုပ်ပြမယ်လို့ဖခင်ကို တောင်းဆိုခဲ့ပြီး၂၅ပတ်ကြာ body ပိုင်းGymက စားရမယ့် planတစ်ခုကို စတင်ခဲ့ပါတယ်။ဒီအချက် ကိုမြန်မာမှာမမြင်ရသေးပေမယ့် အိန္ဒိယသားတွေ အတော်ကြိုးစားနေကြပြီ။
Hollywood ထက်ကို ပိုပြင်ဆင်တတ်မူတွေရှိလာတဲ့အိန္ဒိယမင်းသားတွေဟာ အခုနောက်ပိုင်းbody changesကို သိသိသာသာ အသားပေးတတ်လာကြတယ်။ ဥပမာ Sultan Dangal 3idiots လိုကားတွေမှာလုပ် ချသွားတဲ့မင်းသားတွေရဲ့အပင်ပန်းခံမူတွေပေါ့။ ဒီ F.S ရဲ့အဆက် Krrishကိုအချိန်ကြာပြင်ဆင် ခဲ့ပြီးအကူဒါရိုက်တာအဖြစ်ပါလုပ်ခဲ့တဲ့ Roshan ဟာ Krrish ကို၂၀၀၆ခုနှစ်ဇွန်မှာမှပြသနိုင်ခဲ့ပါ တယ်။ သြော် ဒီကာလမှာထူးခြားမူတစ်ခုက Krrishအတွက်ပြင်ဆင်နေတုန်းမှာပဲ Roshan ကိုဇာတ်ကားတစ်ခုကကမ်းလှမ်းလာခဲ့တယ်။ရုပ်တည်နဲ့၁၀ပြားလိုခန်းတွေကနေသိသိသာသာ လူကြမ်းကြီးအဖြစ်ပြောင်းတတ်တဲ့ ဒီမင်းသားကို ကမ်းလှမ်းခဲ့တာကတော့ Bollywoodရဲ့အထင် ကရဇာတ်ကားကြီး Dhoom ပါပဲ။
Krrishဟာ ရှေ့ကကားလိုပဲအောင်မြင်မူများစွာရရှိခဲ့ပြီးတစ်နှစ် ထဲ Dhoomကိုပြသနိုင်ဖို့ပါဝင်အားစိုက်ခဲ့ရပါတယ်။ Abhi လို Dhoomမှာဟာသ အဖြဲအကြမ်း အစုံလုပ်နေတဲ့သူရဲ့ ဗီလိန်နေရာကပါရမူက လွယ်တော့မလွယ်ဘူး။Dhoom 2ရဲ့မူလမင်းသားဟာ Aamir Khanဖြစ်ပေမယ့် သူက2မှာငြင်းဆန်ခဲ့ တယ်။တကယ်တမ်း2မှ ာမပါခဲ့တာလည်းအတော်ကောင်းတယ်။Aamir Khan သာ2မှာပါခဲ့ရင် ကျွန်တော်တို့ကြွေရတဲ့ ၂ကိုယ်ခွဲဘဏ်ဖောက်ညီအစ်ကိုအဖြစ်Aamir KhanကိုDhoomမှာမြင်ရမှာ မဟုတ်တော့ဘူး။ Dhoom2ကို ၂၀၀၆ခုနှစ်နှစ် ကုန်မှာပြသခဲ့ပြီးအမြတ်၅ဆနီးပါပြန်ရခဲ့တဲ့အထိ အောင်မြင်ခဲ့ပါတယ်။
Dhoomကားတွေဟာ အိန္ဒိယမှာhighest-grossing film တွေထဲပါခဲ့သလို အတော်လည်း ကမ္ဘာသိအိန္ဒိယကားတွေပါပဲ။ အမေရိကကနိုင်ငံအများအပြားမှာ ပထမအပတ်မှာတင်ဒေါ်လာသန်းချီဝင်ခဲ့မူတွေUK မှာထိပ်တန်း၁၀ကားစာရင်းဝင်ခဲ့မူတွေနဲ့အတူ အတော်အောင်မြင်ခဲ့ပါတယ်။Dhoom3 ကတော့ Aamir Khanကြီးနဲ့ပွဲထွက်ခဲ့မူကသိပ်ပြောစရာ မလိုဘူးပေါ့။ တရုတ်လို ကမ္ဘာ့ဒုတိယအကြီးဆုံးFilm Industryမှာတောင်အမြတ်အရှာနိုင်ဆုံးအိန္ဒိယ No.1မင်းသားဖြစ်လာတဲ့Aamir Khan သာ Dhoom2မှာပါခဲ့ရင် Roshanရဲ့Dhoom2 နေရာနဲ့သိပ်မကိုက်ဘူးလို့ပဲသုံးသပ်မိတယ်။သူတို့ဆီ မှာCharacterရွေးချယ်မူကလည်းအတော် လေးစားစရာကောင်းတယ်။ငွေကြေးအရကြည့် ရင်လည်းအိန္ဒိယကဘဲတွေHollywoodလိုသန်း ရာချီမသုံးကြပါဘူး။၄သန်း ၅သန်းရင်းပြီးအမြတ် များများရနေကြတာပဲ။ ငွေတခုထဲကိုတောင်းတ နေရင်အိန္ဒိယသားတွေကမ္ဘာကျော်ဖို့ဖြစ်နိုင်ခဲ့မယ် မထင်ဘူး။
“တန်ဖိုးရှိတဲ့လူဆိုတာ သူတို့ရဲ့တန်ဖိုးကို ပတ်ဝန်းကျင်အပေါ်အကျိုးပြုမူနဲ့သတ်မှတ်တတ်ကြတယ်။ လူတွေရဲ့အရည်အချင်းဆိုတာ သူပိုင်ဆိုင်ထားမူတွေမဟုတ်ဘူး။ ”
Hrithik Roshan
Dhoom2 ဟာ Roshanနဲ့အတူကမ္ဘာ့ နိုင်ငံအများအပြားကကြိုက်နှစ်သက်ခဲ့ကြတဲ့အိန္ဒိယရဲ့ထိပ်တန်းကားတစ်ကားဖြစ်ခဲ့ပါတယ်။ ဒါ့အပြင်Roshanရဲ့နောက်အားသာချက်တစ်ခုကတော့ ဇာတ်ညွှန်းကိုကောင်းကောင်းရေးနိုင်တာပါပဲ။ သူမင်းသားဘဝကအနားယူရင် ဒါရိုက်တာလုပ်မယ်လို့ပြောထားတဲ့Roshanဟာသူ ရိုက်ခဲ့သမျှကားတွေမှာလည်း ဒါရိုက်တာကပါ ချီးကျုးခဲ့ရတဲ့ ဒါရိုက်တာပညာထူးချွန်သူတစ်ဦးပါ။ ဒါတင်မကပဲBollywoodရဲ့အကအတော်ဆုံး မင်းသားအဖြစ်လည်းချီးကျူးခံရသူပါ။ အိန္ဒိယလို နိုင်ငံမှာမင်းသားဖြစ်ဖို့ရုပ်ချောရုံတစ်ခုထဲနဲ့မရတာ အားလုံးအသိပေါ့။Roshanဟာ နိုင်ငံတကာနဲ့ ရိုးရာ အက၇မျိုးထိကတတ်သူဖြစ်ပြီး အင်္ဂလိပ်အပြင် ပြင်သစ် ဂျာမန်ဘာသာစကားတွေကိုလည်း တတ်ကျွမ်းသူတစ်ဦးပါ။
နောက်တစ်ချက်ကအိန္ဒိ ယမင်းသားတွေထဲ ရိုက်ကွင်းထိခိုက်ဒဏ်ရာအရ ဆုံးမင်းသားတွေထဲကတစ်ဦးဖြစ်နေပြန်ပါတယ်။ Krrish နဲ့Dhoom2ရိုက်ရင်း ရခဲ့တဲ့ဒဏ်ရာတွေကို အတော်အချိန်ယူကာ ဆေးကုသမူခံယူခဲ့ရပြီး စတန့်အ ပိုင်းတွေမှာလည်း Akshay Kumarနဲ့Ram ပြီးရင် တတိယအလုပ်နိုင်ဆုံးမင်းသားလို့သိရပါ တယ်။ ဆိုင်ကယ်စတန့်အလုပ်နိုင်ဆုံးအိန္ဒိယမင်း သားအဖြစ်လည်းနာမည်ကြီးလှသူပါ။ Dhoom မှာရခဲ့တဲ့ဒူးဒဏ်ရာကြောင့်အချိန်အတော်ကြာ ဆေးကုသမူခံယူခဲ့ရသလို မင်းသားဘဝကိုပါစွန့် လွှတ်ရဖို့အထိဖြစ်ခဲ့သူပါ။Dhoom2ကရတဲ့ဒဏ် ရာကြောင့်၁နှစ်ခွဲနီးပါးဘာကားမှသေချာမပြင်ဆင် ခဲ့ရသလို ၂၀၀၈ခုနှစ်ရောက်မှRoshanရဲ့ကား သစ် Jodhaa Akbar ကိုပြသလာနိုင်ခဲ့ပါတယ်။
Dhoom2 နဲ့တင် အချိန်ကြာဆေးကုသမူခံခဲ့ရတဲ့ Roshanဟာ Jodhaa Akbar လို အထင်ကရ ရာဇဝင်သမိုင်းကားကိုစပြင်ဆင်ရချိန်မှာအတော် ပင်ပန်းခဲ့ရပြန်တယ်။ ဒီကားဟာဆုပေါင်း၅၀နီးပါး ရခဲ့ပြီးRoshanကိုအိန္ဒိယရုပ်ရှင်သမိုင်းမှာ Filmfare ဆု အများဆုံးရ ၄ယောက်မြောက်မင်းသားဖြစ်စေဖို့တွန်းတင်ပေးခဲ့ပါတယ်။နောက်ပိုင်း မှာကားကောင်းများစွာကိုတစ်နှစ်တစ်ကားနှုန်း ချပြလာခဲ့ပြီး Bollywood ရုပ်ရှင်သမိုင်းမှာ ထိပ်တန်းမင်းသား၁၀ဦးထဲပါဝင်ခဲ့ပါတယ်။ ၂၀၁၃ အထိRoshan မတင်သေးတဲ့စံချိန်က စတန့်အများဆုံးလုပ်မင်းသားဆိုတာပါပဲ။ Kitesနဲ့Bang Bangအပြီး ၂၀၁၄ မှာတော့ Roshan တင်လိုက်တဲ့စံချိန်က အိန္ဒိယရဲ့စတန့်လုပ်ရင်းထိခိုက်ဒဏ်ရာအရ ဆုံးမင်းသားပါပဲ။ Kitesဟာ Roshanရဲ့ဘဝကိုအတော်ပြောင်းလဲစေခဲ့ပြန် တယ်။
Kitesဟာအရှုံးပေါ်ခဲ့ရသလိုRoshanရဲ့ အိမ်ထောင်ရေးကိုပါပြိုလဲစေခဲ့ရပါတယ်။တခါမှ မိန်းမရှုပ်တဲ့သတင်းမထွက်ခဲ့ရာက Kites ထွက်အပြီး ဇနီးဖြစ်သူရဲ့အထင်လွဲမူနဲ့အတူRoshanကို ကွာရှင်းဖို့တောင်းဆိုခဲ့တဲ့အထိဖြစ်ခဲ့ပါတော့တယ်။ ဇနီးဖြစ်သူကိုဘယ်လိုမှပြောမရခဲ့တဲ့အဆုံးကွာ ရှင်းပေးခဲ့ရပါတော့တယ်။ ဒါ့အပြင် Kites ရိုက်ကူးစဉ် စတန့်လူစားမထိုးတတ်တဲ့Roshanဟာမ တော်တဆမူကြောင့် ဦးခေါင်းညာဖက်အခြမ်းထိ ခိုက်မိပြီး သေမလိုအထိဖြစ်ခဲ့ရတယ်။ ဒီမတော်တဆမူဟာ သူ့ဘဝမှာအကြီးဆုံးဖြစ်ခဲ့ပြီး သွေးခဲခဲ့မူကိုခွဲစိတ်ရင်းအာရုံကြောတွေပါအလုပ်မလုပ်တော့ မှာအထိဖြစ်နိုင်တဲ့အခြေအနေခွဲစိတ်ခဲ့ရပါတယ်။
Bang Bangမှာထိခိုက်ခဲ့တဲ့ ခါးရိုးအက်မူကြောင့် လည်းဆေးကုသမူတွေခံခဲ့ရပြီး သူဝါသနာပါရာအကကိုတောင် ဆက်မကတော့ဖို့ဖခင်နဲ့ဦးလေးက ပြောခဲ့တဲ့အထိဖြစ်ခဲ့ပါတယ်။ Roshan ဟာသူ ရိုက်ခဲ့တဲ့ကားများအနက် ၉ကားမှာထိခိုက်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့သူဖြစ်ပြီး ဒါတွေနဲ့ပတ်သတ်လို့ အထူးတလည် mediaကိုမျက်ရည်မချူခဲ့သူပါ။ Krrish3 အပြီးမှာ Bang Bang ကိုရိုက်ကူးခဲ့တာ ဖြစ်ပြီး ၂၀၁၄ခုနှစ်ကုန်မှာပြသခဲ့ပါတယ်။ကြည့်ဖူး ကြမယ် လုပ်ချသွားတဲ့အကွက်တွေသိပ်လှတယ် ပေါ့လေ။ Hollywoodမှာသုံးနေကျ unstup ဆို တဲ့ စတန့်ပိုင်းမှာအတော်လက်ဝင်တဲ့ပြကွက်မျိုး တွေဒီကားမှာမြင်ရတယ်။နာမည်ကြီးမင်းသမီး Katrina Kaif တောင် ထိခိုက်ဒဏ်ရာရခဲ့တဲ့ဒီ ကားဟာ အရင်းအရ နည်းလွန်းတယ်ပြောရမယ်။ ₹160 crores နဲ့ရိုက်ပြီး ₹3.4 billionအထိ ရခဲ့တာအံ့သြစရာပါ။စဉ်းစားမိတာ သူတို့ပိုက်ဆံ ₹160 croresဆိုကိုယ်တွေဆီကလည်းမရင်း နိုင်လောက်တဲ့ပမာဏမဟုတ်ပါဘူး။ဒေါ်လာအရ ၂သန်းခွဲလောက်ပဲရှိမယ်။ BangBandဟာ highest-grossing filmအဖြစ်၂၀၁၄ခုနှစ်မှာ ထပ်မံရရှိခဲ့ပါတယ်။
” ရလဒ်တိုင်းကို နှစ်သက်လက်ခံတတ်သူဖြစ်အောင်ပဲကြိုးစားပါ။ ”
Hrithik Roshan
မကြာသေးခင်ကမှရုံတင်ခဲ့တဲ့ Roshan ရဲ့ Kaabil ကိုလည်းအတော်ကြိုက်မိပြန်တယ်။ I saw devil / Citizen လိုကားတွေကြည့်ဖူး ကြမယ်။ သာမာန်အင်အားမရှိသူ အေးဆေးစွာနေ တတ်သူတွေဟာအနိုင်ကျင့်ခံရမူ ဖိနှိပ်မူတွေကြီး မားစွာခံလာရရင်လက်စားချေမူကမထင်ထားစ ရာရပ်စက်မူတွေဖြစ်လာတတ်တယ်။Kaabilက လည်းဒီအချက်ကိုပြသထားရုံပါ။သာမာန်အင်အား မရှိ ပြန်လည်ခုခံနိုင်မူတောင်မလုပ်တတ်တဲ့မျက် မမြင်ဒုက္ခိကတစ်ယောက် အချစ်နဲ့တွေ့ခဲ့တယ်။ချစ် သူကလည်းမျက်မမြင်။ သူတို့၂ယောက်လက်ထပ်ပြီး သာမာန်အခန်းလေးထဲဘဝကို အေးချမ်းစွာနေ ခဲ့ကြတယ်။ ဇနီးဖြစ်သူက pianoတီးတတ်တော့ အကခန်းမတစ်ခုမှာအလုပ်လုပ်တယ်။ယောကျာ်း ဖြစ်သူကအသံတုတတ်တော့ကာတွန်းကားတွေ နောက်ခံစကားပြောတာတွေလုပ်ရတဲ့studio တစ်ခုမှာလုပ်တယ်။ပြသနာက ဇနီးဖြစ်သူကိုသူ အလုပ်သွားတုန်း အမတ်ဖြစ်မယ့်နိုင်ငံရေးသမား တစ်ဦးရဲ့ညီကမုဒိန်းလာကျင့်တယ်။
ဒါကိုရဲစခန်း သွားတိုင်တော့ သက်သေတောင်းတယ်။ မျက်လုံး မမြင်ပါဘူးဆို သက်သေကဘယ်သူဘယ်ဝါဆို တာကလွဲရင် ဘယ်လိုရမလဲ။ ရဲကလည်းအမတ်ရဲ့ ညီလုပ်တာဆိုတော့ဖုံးတယ်။ ပထမတခါမုဒိန်း ကျင့်ခံရလို့လင်မယား၂ယောက်ကြေကွဲတုန်းရှိ သေး အိမ်ကိုဒုတိယတခါထပ်လာပြီးမုဒိန်းကျင့် ခံရတယ်။ ဇနီးဖြစ်သူကယောကျာ်းကို အားနာပြီး ဒီဘဝမှာမနေတော့ပဲ suicide လုပ်ခဲ့ရတယ်။မင်း သမီးကနာမည်ကြီးပါပဲ(သူ့ကားတွေကြည့်ဖူးခဲ့ တယ်။တကယ်သရုပ်ဆောင်ပီပြင်တဲ့မင်းသမီးပါ ပဲ။) အဲ့ဒီမှာယောကျာ်းဖြစ်သူက သောက်သုံးမကျ တဲ့ ဥပဒေကိုအကြီးအကျယ်နာကြည်းခဲ့တယ်။ပို ဇာတ်နာတာက အမတ်ကသူ့အိမ်ထိလာပြီးမိန်းမ နာရေးမှာ ပေါ်တင်ဖြဲသလို ဖိသလိုလုပ်ခဲ့တယ်။ တခါတလေဥပဒေနဲ့ရှင်းမရတာတွေရှိတယ်။ဥပဒေဆိုတာကလည်း 100%အမှတ်တရားမဖြစ်ကြတာ နိုင်ငံအများစုပါပဲ။ဥပဒေကိုကိုင်ကွယ်နေတဲ့ ဥပဒေဘက်တော်သားအများစုကိုကအမှန်တရား ကိုသိပ်မြတ်နိုးလွန်းသူ နည်းကြတာနိုင်ငံတကာပေါ့။ဥပဒေ ဥပဒေသာ ကုန်းအော်ပြောနေကြတာ အင်အားမရှိသူ ဆင်းရဲသူတွေအဖို့ဥပဒေက ဘာမှသုံးစားမရတာ ဥပမာ မြန်မာကိုသာကြည့်။ ဥပဒေက သန်း၅၀ကျော်လူဦးရေထက် လူတစ်စု ရဲ့အိတ်ကပ်ထဲမှာပဲရှိခဲ့တယ်။မုဒိန်းကျင့်ခံရတယ်။ လယ်မြေအလုခံရတယ်။၄လောင်း၅လောင်းပြိုင် အသတ်ခံရတယ်။ဥပဒေက သိပ်အကူအညီရလှတယ်မဟုတ်ဘူး။ပြောရင်းနိုင်ငံရေးတွေပါလာပြီ။
အိန္ဒိယလိုနိုင်ငံကပိုဆိုးတယ်။ဒါတောင်အစိုးရက အတော်တိကျလာခဲ့ပြီ။ ပိုကောင်းတာကဥပဒေ ဘာသာရေး အစိုးရ ဝန်ကြီး ရဲတွေကိုရုပ်ရှင်နဲ့ဒဲ့ ဆော်လို့ရတယ်။ အခုနောက်ပိုင်းဆိုအိန္ဒိယရဲ့ဥပဒေဘက်တော်သားတွေကBollywood မှာဗီ လိန်လိုတောင်ဖြစ်လာပြီ။ ဥပဒေကတခါတလေ ခံရသူကိုယ်တိုင်ချမှတ်ရမလိုပါပဲ။အဂျေးဒီဗန်ရဲ့ ကားတစ်ကားကြည့်ဖူးတယ်။ဒေလီကဖြစ်ရပ်မှန် တစ်ခုပါပဲ။ သမီးဖြစ်သူရေချိုးနေတုန်းဘဲတပွေက phနဲ့ရိုက်ပြီး ခြိမ်းခြောက်တယ်။ တောင်းပန်တာမ ရဘူး ဒီဘဲကအမေဖြစ်သူကိုပါ အဟွာပုဖို့လုပ်ရာက သမီးဖြစ်သူသံတုတ်နဲ့ရိုက်လိုက်မိတယ်။ပွဲချင်း ပြီး အဲ့ဘဲသေသွားတယ်။ ဒါကိုဖခင်အလုပ်ကပြန် လာတော့ပြောပြရင်းငိုကြရတယ်။ဖခင်ဖြစ်သူ အဂျေးဒီဗန်ကအတော်brainကောင်းသူလို့ပြော ရမယ်။ အလောင်းကို ခြံထဲမြှုပ်ပြီးရပ်ကွက်ထဲဟန် မပျက်ဆက်နေကြတယ်။
ဒါပေမယ့်ဟာကွက်တစ် ခုက သေဆုံးသူကောင်လေးရဲ့ကားကိုသူမောင်း သွားပြီးSiteဟောင်းတခုကရေကန်ထဲနှစ်ခဲ့ တယ်။အဲ့မှာဟာကွက်က သူမောင်းသွားတာကို အိမ်နီးနားချင်းတစ်ယောက်ကမြင်လိုက်တယ်။ဒါ ပေမယ့်မသေချာဘူး။ သေဆုံးသူဘဲလေးရဲ့မိခင် က အိန္ဒိယမှာကြမ်းပေ့ရမ်းပေ့ဂိုဏ်းတွေကိုထောင် ထဲထည့်နိုင်ခဲ့တဲ့ အတော်ဆုံးရဲမေမှူးကြီး။ရဲရဲ့သား သေတဲ့အမူဆိုတော့ ရဲနယ်ပယ်မှာပွက်လောကို ရိုက်ပါလေရော။ ဒါပေမယ့် အဂျေးလုပ်သွားတဲ့အ ကွက်တွေ တဖက်လှည့်နဲ့brain သုံးပြသွားတာ တွေကဇာတ်ကားပြီးမှသိရတဲ့အကွက်တွေပေါ့။ ရဲတွေဇာတ်ကားပြီးတဲ့အထိအမူကိုမဖော်ထုတ် နိုင်ခဲ့ဘူး။ လုံးဝခိုက်မိတာက အလောင်းကိုရဲစခန်းအသစ်ဆောက်မယ့်အဆောက်အအုံရဲ့ Pile ရိုက်ပြီးထဲက Foundation လောင်းမယ့် မြေကြီးအောက်ထဲမြှုပ်ထားခဲ့တာပါပဲ။ ရဲစခန်း အောက်မှာအလောင်းကိုဖျောက်ထားတာကို ရဲတွေလုံးဝမသိခဲ့ဘူး။ ဒီကားရဲ့နာမည်ကတော့ drishyam ပါ။
Kaabil ကလည်းဒီကားနဲ့ Frameချင်းမတူပေမယ့် သုံးသွားတာအကွက် ကအတော်ကြိုက်တယ်။မျက်မမြင်တစ်ယောက်ရဲ့ နာကြည်းမူက မျက်လုံးမြင်တဲ့လူတွေအသတ်ခံရ တဲ့အထိပါပဲ။ တစ်ယောက်ချင်းလက်စားလိုက်ချေ တာနဲ့ဇာတ်ကားကိုFrameချထားတယ်။မျက်မ မြင်ကလူလိုက်သတ်ဖို့အတော်မလွယ်တဲ့ကိစ္စပါ။ ဒါပေမယ့် Kaabilမှာ ဒါရိုက်တာSanjay Guptaလုပ်ပြသွားတာအတော်လေးစားရတယ်။ Vijay Kumar ရဲ့ Storyဖြစ်ပြီး Vijay Kumarဟာ အိန္ဒိယရဲ့အသက်အငယ်ဆုံးစာပေ ဆုရတွေထဲကတစ်ဦးပါ။ ၂၀၁၆ခုနှစ်မှာရှာရွတ် ခန်းထုတ်လုပ်ရေးက စာချုပ်ချုပ်ခဲ့တဲ့ဇာတ်ကား ၃ခုထဲ Vijay Kumar ဝတ္ထုတစ်ခုလည်းပါဝင် ထားတယ်လို့သိရတယ်။ ဒါကတော့ကျွန်တော် ကြည့်ဖူးသမျှRoshanရဲ့ကားကိုသာပြောခဲ့ခြင်း ပါ။ သူရိုက်ခဲ့တဲ့ကားအားလုံးကိုမကြည့်ဖူးသေးပါ ဘူး။
တချို့ကBudget သန်းရာချီမှ ကားကောင်း လို့ယူဆတတ်ကြတယ်။တချို့ကလည်းVisual EffectsတွေCGIတွေ Layerပိုင်းတွေမြင့်လွန်း နေမှကားကောင်းလို့ထင်တတ်ကြတယ်။ တချို့က လည်းအင်္ဂလိပ်ဂျင်းမှမွှေးတယ် ဘောလိဝုလ်ဆို ဘာလာလာဂျင်းလို့လက်ခံပြီး ဝေဖန်တတ်ကြပြန် တယ်။ ကျွန်တော့်တစ်ဦးပိုင်အကြိုက်ကိုပြောပါဆိုရင်Hollywoodတွေ ကုလားကားတွေသိပ်ခွဲပြီး မြင်လေ့မရှိဘူး။ အကြိုက်ဆုံးမင်းသားဟာ Tom Hanksဖြစ်ပြီးသူ့ထက်ပိုကြိုက်စရာမင်းသားထပ် ရှိတော့မှာမဟုတ်သလို အလေးစားရဆုံးမင်းသား ကလည်း ရှာရွတ်ခန်းပါ။ အကြိုက်ဆုံးကားကတော့ The Good, the Bad and the Ugly ပါပဲ။ လူဆိုတာ ကလည်းအကြိုက်ချင်းဘယ်တူပါ့မလဲပေါ့။၇တန်း ၈တန်းထိကုလားကားတွေဟာကိုယ့်အတွက်သိပ် ကြွေလှတယ်မဟုတ်ဘူး။ ရှာရွတ်ခန်းနဲ့ အဂျေးဒီဗန် ကြောင့်Bollywoodကို အားပေးလာမိခြင်းပါ။ အခုထိလည်းBollywoodဆိုလို့မင်းသား၁၀ဦး ပြည့်အောင်မကြည့်ဖြစ်ဘူး။ဒီတော့Bollywood အကြောင်းဆိုဘာမှမသိဘူး။ ဒီလိုပြောလို့ဟိုဖက် အသိုင်းအဝိုင်းHollywood ကို သိလားဆိုပိုဆိုး တယ်။Microfilm ဖက်ဝါသနာပါလို့သာFilm ဖက်ကို ရေးခဲ့ပေမယ့်ဘာမှသိပ်သိတာမဟုတ်ဘူး။ ဒါဝန်ခံတာပါ။ ဥပမာ ရှာရွတ်ခန်းဆို ကိုယ်အတော် ခိုက်တယ်။ ဒါပေမယ့်သူ့အနုပညာထက်သူလုပ်နေတဲ့ပရဟိတတွေကိုသာပိုစိတ်ဝင်စားဖြစ်ခဲ့ပါ တယ်။ သုညဘဝစာအုပ်မှာထည့်မယ်ဆိုတော့မှ အသည်းအသန်ရှာဖတ် ဟိုလူ့လိုက်မေးဒီလူ့လိုက် မေးနဲ့ရေးခဲ့ရတာပါ။ပြောချင်တာက Movieဖက် Pageတွေမြန်မာမှာ အတော်ကောင်းကောင်းတေ ရှိလာတယ်။တချို့ AdminတွေဆိုMicrofilm မှာကိုယ်လေးစားရတဲ့အကိုအမတွေပါ။တချို့ဆို လည်းကိုယ်ကြွေရတဲ့Pageတွေပါ။သူတို့ရဲ့မူသူ တို့လိုအသိနဲ့တော့မယှဉ်စေချင်ဘူး။ ကိုယ်တိုင်က ဒီနယ်ပယ်ကိုသူတို့လိုမနှံ့စပ်မသိတဲ့အတွက်ရုပ်ရှင်ထက်လူတွေရဲ့ဘဝရပ်တည်မူကိုသာအသား ပေးရေးတတ်လို့ပါ။ဒါကမဆီမဆိုင်ကြုံတုန်းပြော ရတာလေးပေါ့။
လက်ပွားမင်းသားလို့မြန်မာကသိကြတဲ့ Roshan ဟာ လက်ရှိမှာသူယခင်ကချပြမူတွေ ထက်ပိုကောင်းဦးမယ့်ဇာတ်ကား၃ကားကိုလက်ခံ ထားခဲ့ပါပြီ။ဒါက၂၀၁၉ခုနှစ်အထိဘယ်လိုကား တွေထွက်လာမလဲ ကောင်းပါ့မလားကတော့သိပ် မစိုးရိမ်ရဘူး။ဘာကြောင့်ဆို Bollywoodရဲ့ထိပ်တန်းဒါရိုက်တာတစ်ဦးဖြစ်တဲ့ Kabir Khanက ရိုက်မယ့်ကား ဂျပန်နဲ့ပေါင်းရိုက်မယ့်တစ်ကားပါနေတဲ့အတွက်ပေါ့။ လက်ရှိခေါင်တွေနဲ့ရိုက်ပြီး အထင်ကရကားတွေကို အပီဗြင်းခဲ့တဲ့ ဒါရိုက်တာ Kabir Khanရိုက်မယ့်အပေါ်ဘာကားလည်းမသိတောင်သူချပြခဲ့တဲ့ Tiger , Phantom , ပါကစ္စတန်ကလေးမလေးကို နေရပ်ပြန်ပို့ပေးခဲ့တဲ့ အိန္ဒိယသားSalmanKhanကြီးရဲ့ကားတွေအ တော်များများကိုကြည့်ဖူးကြပြီးသားဖြစ်မှာပါ။ လက်ရှိလည်းဂျပန် တရုတ် အင်ဒို အိန္ဒိယ ၄နိုင် ငံသားတွေကို စုစည်းပြီးချပြလာတဲ့Salman Khanရဲ့Tubelight ကလည်းနာမည်အတော် ကြီးနေခဲ့ပါပြီ။
တဆက်တည်းKabir Khanရဲ့အ ကြောင်းကိုနည်းနည်းပြောပါရစေ။အိန္ဒိယရဲ့ပြသနာအတက်ဆုံး ပါကစ္စတန်ကဝင်ခွင့်ပိတ်ထားတဲ့ သူ ကမ္ဘာ့အတော်ဆုံးဒါရိုက်တာ၁၀၀စာရင်းဝင် ဖြစ်တဲ့ Kabir Khanဟာသာမာန်ဓာတ်ပုံဆရာ ကနေ documentry filmဒါရိုက်တာပေါက်စ လူမသိသူမသိTV program cameraman လည်းလုပ်ခဲ့ဖူးသူ။ ဒါပေမယ့်Bollywoodရုပ်ရှင် လောကကိုစဝင်လာတာနဲ့ဒိတ်ဒိတ်ကြဲကားတွေ ချပြခဲ့သူပါ။ Kabir Khanဟာ၂၅နှစ်အရွယ်မှာ တင် Discovery Channelကြီးမှာအလုပ်ဝင်ခွင့်ရခဲ့ပြီးအိန္ဒိယကိုပြန်လာချိန်မှာ ဒါရိုက်တာဘဝ ကိုစခဲ့သူပါ။ ဘွဲ့၃ဘွဲ့တောင်ရထားပေမယ့်ရုပ်ရှင် လောကကိုပဲရွေးခဲ့တဲ့အာဂ ဒါရိုက်တာဆိုလည်း မမှားပါဘူး။ ၂၀၁၂ခုနှစ်မှာကမ္ဘာ့အတော်ဆုံးဒါ ရိုက်တာ၁၀၀စာရင်းထဲပါခဲ့ပြီး အိန္ဒိယရဲ့ဒါရိုက်တာ တွေထဲလည်းဝါနုသေးပေမယ့်အတော်သတင်း ကြီးလာခဲ့သူပါ။ ဒါက Bollywood မှာကျွန်တော် နှစ်သက်မိတဲ့ဒါရိုက်တာ၄ဦးထဲကဆိုတော့မဆီမ ဆိုင်ထည့်ပြောဖြစ်တာပါ။
Roshan ရဲ့ဘဝကိုပြန်ပြောရရင် မွေး လာတည်းကကျန်းမာရေးချူချာသူ စကားထစ်သူ လက်မအပိုလေးပါလာသူ။မိသားစုရဲ့အရှိန်အဝါက မသေးတော့ငယ်ငယ်လေးနဲ့ကလေးသရုပ်ဆောင် နေရာပါရတယ်။ ဒါပေမယ့်ဖခင်ကိုယ်တိုင်ကသူ့လို ရုပ်ရှင်လောကထဲဝင်နိုင်မယ့်သူလို့ထင်ကြေးမ ပေးခဲ့ဘူး။ဖခင်အဖိုးဦးလေး တမိသားစုလုံးကရုပ် ရှင်ဂီတလောကကဖြစ်ပေမယ့် သူကတော့ရုပ်ရှင် လောကထဲကိုသုညကစဝင်ခဲ့ရတယ်။မင်းသား တစ်ယောက်ရဲ့သားက မီးထိုးမှန်ထိုးလုပ်ရတာ Bollywoodမှာပဲရှိမယ်ထင်ပါရဲ့။ကိုယ့်အားကိုယ်ကိုးပြီးပဲ အားလုံးကိုလေ့လာခဲ့ရတယ်။တကယ်ဆို အစတည်းကမင်းသားဖြစ်လာနိုင်ပေမယ့်သူမဖြစ်ခဲ့ပါဘူး။ဒါကြောင့်လည်းအခုလိုအောင်မြင်လာရ တာလို့မြင်တယ်။ကိုယ်ကမျိုးစေ့ဆိုတချို့လူတွေ ပတ်ဝန်းကျင်တွေကမြေကြီးနဲ့တူတယ်။ကိုယ့်မျိုး စေ့ကဘယ်လိုပဲတန်ဖိုးရှိတဲ့အသီးအနှံမျိုးဖြစ်ဖြစ် မြေကြီးထဲကထိုးမထွက်နိုင်ရင်ဘာအပင်မှဖြစ်မ လာနိုင်ဘူး။မြေကြီးနဲ့တူတဲ့တချို့လူတွေပတ်ဝန်း ကျင်ကဘယ်လိုပဲရှုံ့ချချ ဝိုင်းဝေဖန်ဖန်ကိုယ်က ရိုးသားစွာရှင်သန်ချင်ရင် ဒီမြေကြီးတွေကိုကျော် ပြီးထိုးထွက်သင့်တယ်။
ကိုယ်သာရိုးသားရင်ကိုယ် သာဘယ်သူ့အပေါ်မှမယုတ်မာခဲ့ရင်တနေ့လော ကကြီးထဲရှင်သန်လာနိုင်မယ့်အပင်တစ်ပင်ဖြစ် လာမှာမလွဲဧကန်ပါပဲ။Roshanဟာ ဒီလိုအဖိအ နှိပ်တွေကြားကမှလက်ရှိထိပ်တန်းမင်းသားဖြစ် လာသူပါ။ပထမဆုံးကားမှာအောင်မြင်မူကမတရား ကြီးမားလွန်းတယ်။လူမုန်းများတယ် အစော်ကား အဖိနှိပ်တွေ လုပ်ကြံမူတွေပါခံရတယ်။နှစ်အတော် ကြာပြန်ကျရှုံးခဲ့ရတယ်။လူကိုလူလိုမြင်ပြီးလှူခဲ့မူ တစ်ခုကသူ့ဘဝကိုထပ်ဖိနှိပ်ခဲ့တယ်။ဒီလိုတွေက နေပြန်ရုန်းထပြီးအောင်မြင်လာပြန်တယ်။ရုပ်ရှင် မင်းသားဘဝကိုအသက်နဲ့ရင်းပြီးလုပ်ခဲ့မူကသူ့ကို အသက်ဘေးတွေ ထိခိုက်ဒဏ်ရာတွေပါရစေခဲ့ တယ်။အဆိုးဆုံးက မထင်ထားတဲ့ကံကြမ္မာကသူ ချစ်တဲ့ဇနီးနဲ့ရင်သွေးတစ်ယောက်ကိုပါဆုံးရှုံးခဲ့ရ တယ်။ ဒီလိုနာကျင်စရာတွေပြန်ရပြီးပြန်ကြိုးစား ခဲ့ရာက လက်ရှိမှာအောင်မြင်တဲ့ကမ္ဘာကျော်မင်း သားတစ်ဦးဖြစ်လာခဲ့တယ်။
” ပျော်ရွှင်မူကိုဖယ်ပြီး အကောင်းဆုံးဆိုတဲ့ ဘဝကိုမရနိုင်ဘူး။ တချို့လူတွေကအကောင်းဆုံးတွေနောက်လိုက်ရင်း ပျော်ရွှင်မူတွေကို မေ့လာတတ်ကြတယ်။ ”
Hrithik Roshan
Roshan ဟာBollywood ရဲ့အနုပညာကြေးအများဆုံးရမင်းသား ကမ္ဘာ့ရုပ်အချော ဆုံးမင်းသားListမှာထိပ်ဆုံးTop10ထဲပါဝင်ခဲ့သူ၊ Khan၃ Khanပြီးရင် ကမ္ဘာ့ရေပန်းအစားဆုံး အိန္ဒိယမင်းသား ၊ အိန္ဒိယရုပ်ရှင်သမိုင်းမှာဆုအများ ဆုံးရအသက်အငယ်ဆုံးမင်းသား၊ ဒါ့အပြင်ရူတင် ထိခိုက်ဒဏ်ရာအရဆုံး Stuntလူစားမထိုးမူ တွေနဲ့အတူBollywoodကနေကမ္ဘာကျော်မင်း သားဖြစ်လာသူပါ။ ဒါ့အပြင်အကျီ ၤcompany တစ်ခုကိုလည်းမကြာသေးခင်ကမှတည်ထောင်ခဲ့ ပါတယ်။ကြော်ငြာလောကမှာလည်းရှာရွတ်ခန်းနီး တူဒေါ်လာကိုသန်းနဲ့ချီရထားသူဖြစ်ပါတယ်။သူ့ အကျီ ၤbrand HRx ဟာလည်းကမ္ဘာနဲ့ချီရောင်း အားမြင့်ခဲ့တဲ့brandတခုဖြစ်ပါတယ်။NIFကိုသူ လှူတန်းခဲ့မူ၇ကြိမ်ဟာ လည်း ₹28.9 million အထိရှိထားသူပါ။ UNICEF ရဲ့သံတမန်ဖြစ်တဲ့ Roshanဟာ အိန္ဒိယမှာအစ္စလာမ်ဘာသာဝင် ရှာရွတ်ခန်းလိုပဲ ဟိန္ဒူအနုပညာရှင်တွေထဲNo.1 ပရဟိတအလုပ်ဆုံးမင်းသားအဖြစ်၂၀၁၆ခုနှစ်မှာ မှမှတ်တမ်းတင်ခံရသူပါ။ ဆုပေါင်း၂၀၂ဆုမှာ Filmfare၆ဆု ၊ IIFA ၁၂ဆု၊ Screen Awards ၁၆ဆုတွေပါဝင်နေမူကလည်း အထင်ကရမင်း သားဖြစ်နေမူကိုပြသထားခဲ့ပါတယ်။ အမေရိကန်က Madame Tussauds လိုနေရာမှာပြသခံ ထားရတဲ့မင်းသားဖြစ်သလို သူလုပ်ခဲ့တဲ့ပရဟိတ တွေကြောင့် ပရဟိတ Honour ဆုကြီးကိုရရှိ ထားတဲ့အိန္ဒိယရဲ့တတိယမင်းသားအဖြစ် ရှာရွတ်ခန်း ၊ Aamir Khanတို့နဲ့အပြိုင်ရရှိထားသူပါ။ ဒါတင်မကပါဘူး Roshanဟာအိန္ဒိယရုပ်ရှင်သ မိုင်းမှာရော ကမ္ဘာ့ရုပ်ရှင်သမိုင်းမှာပါ ပထမဆုံး ပရဟိတHonourဆုကြီးကိုရရှိခဲ့တဲ့ ဟိန္ဒူဘာသာဝင်မင်းသားဖြစ်ပါတယ်။
“သန့်စင်တဲ့နှလုံးသားတိုင်းဟာ ချစ်ခြင်းမေတ္တာကိုဦးစားပေးတတ်တယ်။”
” လက်ရှိပိုင်ဆိုင်မူတွေနဲ့ခင်ဗျားဘဝကို မချည်နှောင်ထားပါနဲ့။ ”
” ကမ္ဘာပေါ်ကရှိသမျှစာအုပ် ကျမ်းတွေကို လှန်ဖတ်ကြည့်ရင်တောင် “ငြိမ်းချမ်းရေး”လောက် အဖိုးတန်တဲ့စကားလုံး မရှိသေးပါဘူး။ ”
Hrithik Roshan
အထက်မှာမပြောခဲ့ပဲRoshanရဲ့အကြိုက်ဆုံး ကားတွေထဲကဆို Guzaarishလိုကားမျိုးကို အတော်ကြိုက်မိတယ်။ဘာနည်းပညာဆန်းဆန်းပြား ပြားမှမပါပဲဇာတ်အိမ်ကိုဆွဲခေါ်နိုင်ခဲ့တယ်။ ဒုက္ခိတ characterဆို အတော်ရတဲ့ဘဲလို့ပဲပြောရမယ်။ Guzaarishကို အာရှနိုင်ငံတချို့မှာလည်းပြန်ရိုက် ခဲ့မူတွေရှိခဲ့ပြီးမြန်မာကလည်း နာမည်ကြီးမင်းသား နဲ့ပွဲထွက်ခဲ့တဲ့ကားပေါ့။တိုက်ဆိုင်တယ်ပြောရမယ် မကြာသေးခင်ကမှTVမှာGuzaarishကိုcopy ပြန်ရိုက်ထားတဲ့မြန်မာကားကိုကြည့်ဖူးခဲ့တယ်။ ဒီမင်းသားကကားအရေအတွက်အရနည်းသေး ပေမယ့် သူချပြတဲ့ကားအများစုကိုတော့ကြိုက်နှစ် သက်မိတယ်။Bollywoodမင်းသားကြီးတွေချပြ နေကျမူတွေက နည်းနည်းကွဲတတ်ပြီးနာမည်ကြီး သလောက်သိပ်ဘဝင်မမြင့်တတ်မူကလည်း လေးစားစရာပါ။Guzzarishမှာသူ့Characterပိုင်း ကိုပြင်ဆင်ဖို့သူကိုယ်တိုင်ဖန်တီးခဲ့တာလို့လည်း သိရပါတယ်။
” အချစ်ဆိုတာ မျက်လှည့်ပြပွဲတစ်ခုလိုပဲ လျှပ်တပြတ်ရင်ခုန်အံသြစေရပြီး လျှပ်တပြတ်ပဲ ပျောက်ချင်ပျောက်ကွယ်သွားတတ်တယ်။ ဘယ်တော့မှမမေ့နိုင်တဲ့ပြကွက်ကတော့ တစ်ခုတည်းပါ။ ”
Hrithik Roshan
လက်ရှိမှာRoshanဟာဘယ်နေ့သေ မယ်မှန်းမသိတဲ့ သူအရမ်းချစ်တဲ့ကင်ဆာဝေဒနာ သည်အမဖြစ်သူအတွက်သာ ပရဟိတတွေလုပ် ရင်း အိန္ဒိယမှာနေထိုင်နေပါတယ်။သူရိုက်ကူးဖို့ ကြေငြာထားတဲ့ ဇာတ်ကားတွေအတွက်လည်းပြင် ဆင်မူတွေကို ကနေဒါထိသွားဖြစ်နေပြီးဘယ်လို ကားတွေချပြလာဦးမလဲကစောင့်ကြည့်စရာပါပဲ။ Roshanကိုစသိခဲ့တာ Found someone နဲ့ပါ။ ဉာဏ်ရည်နိမ့်ဟန် စိတ်မနှံ့ဟန် သာမာန် ဇာတ်ရုပ်တွေထက်ပိုခက်ခဲတဲ့characterတွေ ကိုပိုင်နိုင်မူ Drama ခန်းပိုင်မူ ၊ Stuntခန်းပိုင်မူ ပြောရရင်ဒီမင်းသားက ဘတ်စုံအံ့ဝင်လှတာကိုမြင်ရတယ်။ဒါ့အပြင် မင်းသားတစ်ယောက်အဖို့ဒါ ရိုက်တာ ဇာတ်လမ်းဇာတ်ညွှန်းပညာပိုင်နိုင်နေမူ ကလည် းRoshanကို မင်းသားမလုပ်တော့ရင်တောင် တခြားနယ်ပယ်နဲ့ဦးဆောင်ဦးမယ့်သူလို့ မြင်မိပါတယ်။ Roshan ဟာဘောလုံးပွဲတွေမှာ လည်းမကြာခဏ ပရိတ်သတ်တန်းမှာမြင်ရသူပါ။ မျက်လှည့်ပွဲတွေမှာသူဝင်ကူညီတာလည်းမြင်ဖူး ကြလိမ့်မယ်။ အတော်စုံလှတဲ့မင်းသားပါပဲ။ ၂၀၁၉ ခုနှစ်ရဲ့ Super 30 နဲ့ War ဇာတ်ကားတွေမှာလည်း ပါဝင်ထားပါတယ်။
MohenjoDaro ရဲ့ ဇာတ်သိမ်းရိုက်ကူးစဉ်မှာလည်း ဒါရိုက်တာနဲ့စက်အဖွဲ့ကိုသူ့ideaပြောပြခဲ့လို့ MohenjoDaro ရဲ့ဇာတ်သိမ်း ရေကြီးစဉ်ပြည်သူ တွေကိုသူကယ်သွားတဲ့အခန်းဟာပြောင်းခဲ့ရ တယ်လို့သိရတယ်။ မင်းသားတစ်ဦးအဖို့အခုလို ဒါရိုက်တာ ဇာတ်ညွှန်း Cromaတွေကို ပညာရှင် အဆင့်မဟုတ်တောင်တတ်မြောက်ထားသင့် တယ်လို့ Roshanကိုကြည့်ရင်းသုံးသပ်မိတယ်။ Khan၃Khanထက်ဆယ်စုနှစ်တစ်စုလောက် နောက်ကျပြီးမှမင်းသားဖြစ်လာခဲ့ပေမယ့် လက်ရှိ မှာRoshanဟာအတော်အလားအလာရှိတဲ့မင်း သားတစ်ဦးပါပဲ။Khan၃Khanဆိုတာကလည်း တစ်ယောက်နယ်ပယ်တခုစီမှာဘုရင်ဖြစ်နေကြသူ တွေဆိုတော့ တော်ရုံဗီဇလောက်နဲ့နောက်ကလိုက် ဖို့မလွယ်လှဘူး။ယခင်ကဘယ်လိုပဲရောဂါသည် ဖြစ်ခဲ့ဖြစ်ခဲ့ ဘယ်လိုပဲလူမုန်းများများဝေဖန်မူတွေ ခံရခံရ ဘယ်လိုနာကျင်စရာဒဏ်ရာတွေသေဘေး ကြုံခဲ့ရရ လက်ရှိအချိန်မှာRoshan ဟာ အိန္ဒိယကနေ ကမ္ဘာကျော်လာခဲ့သလို Bollywood သမိုင်းမှာနာမည် ကျန်ရစ်နေတော့မယ့် မင်းသားတစ်ဦးဖြစ်နေဦးမှာပါ။
Ref ; Hrithik Roshan (Biography Linkedup)
Bollywood Stars ( Inc Blog)
India Star Hrithik( UNICEF )
Hrithik Roshan(Twitter)
Htet Wa Na (ထက်ဝန)