Monday, April 19, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

 မောင်ငယ်တစ်ဦးရဲ့ မေတ္တာ

by Thutamm
August 16, 2019
Reading Time: 1min read
0
 မောင်ငယ်တစ်ဦးရဲ့ မေတ္တာ
Share on FacebookShare on Twitter

ဘာသာပြန်ရေးသားသူ – ကိုနေလင်းအောင်

ဝေးလံခေါင်သီသော တောင်တစ်လုံးပေါ်ရှိ ရွာတစ်ရွာမှာ ကျွန်မကို မွေးဖွားခဲ့ပါတယ်။ တစ်နေ့ပြီးတစ်နေ့ ကျွန်မမိဘတွေဟာ နေပူထဲမှာ အဝါရောင်မြေလွှာတွေကို တူးဆွစိုက်ပျိုးရပါတယ်။ တစ်နေ့မှာ ကျွန်မပတ်ဝန်းကျင်မှာရှိတဲ့ မိန်းကလေးတွေလိုပဲ ကျွန်မလည်း ဓားတစ်ချောင်း ဝယ်ယူချင်နေခဲ့မိပါတယ်။ ဒါကြောင့် တစ်နေ့တော့ ကျွန်မဖေဖေရဲ့ အံ့ဆွဲထဲကနေ ဆင့်(၅၀) ခိုးယူလိုက်ပါတယ်။ ဖေဖေဟာ သူ့ပိုက်ဆံ ပျောက်သွားတာကို ချက်ချင်း သိရှိခဲ့ပါတယ်။

“ပိုက်ဆံ ဘယ်သူခိုးတာလဲ” လို့ ဖေဖေက ကျွန်မနဲ့ မောင်လေးကို မေးပါတယ်။ ကျွန်မဟာ ပြန်မပြောရဲလောက်အောင် ကြောက်ရွံပြီး ကြက်သေသေနေခဲ့ပါတယ်။ ကျွန်မတို့နှစ်ယောက်လုံး အပြစ်ကို မဝန်ခံကြပါဘူး။ ဒီတော့ ဖေဖေက ပြောလာပါတယ်။ “တစ်ယောက်မှ ဝန်မခံဘူးဆိုရင် မင်းတို့နှစ်ယောက်လုံး အပြစ်ပေးမှဖြစ်တော့မယ်။” ကျွန်မမောင်လေးက ဖေဖေလက်ကို ရုတ်တရက် စွဲကိုင်ရင်း ပြောလိုက်ပါတယ်။ “ဖေဖေ…ပိုက်ဆံခိုးတာ သားပါ” မောင်လေးဟာ ကျွန်မကိုယ်စား အပြစ်ခံယူလိုက်ပါတယ်။

အဲဒီည သန်းခေါင်ယံမှာ ကျွန်မ ရုတ်တရက် အော်ငိုလိုက်မိပါတယ်။ မောင်လေးက ကျွန်မပါးစပ်ကို သူ့လက်ဖြင့်ပိတ်ရင်း ပြောပါတယ်။ “အစ်မ…ခု မငိုပါနဲ့တော့။ အားလုံး အဆင်ပြေသွားပြီပဲ။” ကျွန်မကို အကာအကွယ်ပေးတုန်းက မောင်လေးရဲ့ ထုတ်ဖော်ပြောဆိုမှုကို ဘယ်တော့မှ မမေ့နိုင်ခဲ့ပါဘူး။ အဲဒီနှစ်တုန်းက ကျွန်မမောင်လေးဟာ (၈)နှစ်အရွယ်ရှိပြီး ကျွန်မကတော့ (၁၁)နှစ် ရှိနေပါပြီ။ ကျွန်မ လုပ်ခဲ့တာနဲ့ပတ်သက်ပြီး ဝန်ခံရဲတဲ့သတ္တိ မရှိတဲ့အတွက် ကိုယ့်ကိုယ်ကို မုန်းတီးနေမိပါသေးတယ်။ နှစ်ပေါင်းများစွာ ကုန်လွန်လာခဲ့ပေမယ့်လည်း ဒီအဖြစ်အပျက်ကတော့ မနေ့တစ်နေ့က ဖြစ်နေသလိုပါပဲ။

ကျွန်မမောင်လေး အလယ်တန်းကျောင်း နောက်ဆုံးနှစ်ရောက်တဲ့အခါ မြို့လယ်ခေါင်ရှိ နာမည်ကြီး အလယ်တန်းကျောင်းတစ်ကျောင်းက ကျောင်းတက်ခွင့် ပြုခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျွန်မကတော့ နေထိုင်ရာ စီရင်စုဒေသရှိ တက္ကသိုလ်တစ်ခုမှာ တက်ရောက်ခွင့် ရရှိခဲ့ပါတယ်။ အဲဒီညမှာ ဖေဖေဟာ အိမ်ဝန်းထဲမှာ ဆောင့်ကြောင့်ထိုင်ရင်း ဆေးလိပ်တွေ တစ်လိပ်ပြီးတစ်လိပ် သောက်နေခဲ့ပါတယ်။ ဖေဖေ မေမေကို မေးလိုက်တာ ကျွန်မ ကြားလိုက်ပါတယ်။
“ငါတို့ကလေးနှစ်ယောက်ရဲ့အခြေအနေဘယ်လိုလဲ။ သူတို့တွေအရမ်းထူးချွန်တယ်မလား”တဲ့။

မေမေဟာ မျက်ရည်သုတ်ရင်း သက်ပြင်းချကာ ပြောလိုက်ပါတယ်။ “ကျွန်မတို့ ဘယ်လိုလုပ်ရမလဲ။ ကလေးနှစ်ယောက်ရဲ့ ပညာရေးအတွက် ပိုက်ဆံဘယ်က ရနိုင်မလဲ။”

အဲဒီအချိန်မှာ ကျွန်မမောင်လေးက အပြင်ဘက်ထွက်ကာ ဖေဖေရှေ့သွားရင်း ပြောလိုက်ပါတယ်။ “ဖေဖေ…သား ကျောင်းဆက်မတတ်ချင်တော့ဘူး။ သား စာအလုံအလောက် တတ်ခဲ့ပြီးပါပြီ”
ဖေဖေဟာ ဒေါသထွက်သွားပါတယ်။

“သားစိတ်တွေ ဘာဖြစ်လို့ ဒီလောက်တောင် ပျော့ညံ့ရတာလဲ။ ဖေဖေ လမ်းပေါ်လျှောက်ပြီး တောင်းစားနေရပါစေ။ သားတို့နှစ်ယောက်ကိုတော့ ပညာပြည့်စုံတဲ့တိုင်အောင် ကျောင်းထားပေးမှာပါ။” အဲဒီနောက် ဖေဖေဟာ ငွေချေးဖို့ ရွာထဲရှိ အိမ်ပေါက်စေ့သွားရန် စတင် ထွက်ခွာသွားပါတယ်။ ကျွန်မဟာ မောင်လေးရဲ့မျက်နှာကို လက်ဖြင့် ညင်သာစွာ ပွတ်သပ်ရင်း ပြောလိုက်ပါတယ်။

“ယောကျ်ားလေးတစ်ယောက်ဟာ ပညာဆက်သင်ယူရမယ်။ ဒါမှမဟုတ်ရင်တော့ အစ်မတို့ တွေ့ကြုံနေရတဲ့ ဒီဆင်းရဲမှုမျိုး ကျော်လွှားနိုင်မှာ မဟုတ်ဘူး။” တစ်ဖက်မှာလည်း ကျွန်မက တက္ကသိုလ်မှာ ကျောင်းဆက်မတက်တော့ဖို့ ဆုံးဖြတ်ထားခဲ့ပါတယ်။

နောက်တစ်နေ့ အရုဏ်မတက်မီ အချိန်အထိတော့ မောင်လေးဟာ အဝတ်စုတ်အနည်းငယ်ယူပြီး အိမ်ကထွက်သွားတာကို ဘယ်သူမှ မသိလိုက်ပါဘူး။ သူဟာ ကျွန်မအိပ်ရာဘေးကို ကျွန်မ မသိအောင်လာရင်း ခေါင်းအုံးပေါ်မှာ စာတစ်စောင် ထားခဲ့ပါတယ်။ “အစ်မရေ…တက္ကသိုလ်ရောက်ဖို့ဆိုတာ မလွယ်ပါဘူးဗျာ။ ကျွန်တော် အလုပ်ရှာပြီး အစ်မဆီ ပိုက်ဆံပို့ပေးပါမယ်။”
ကျွန်မ အိပ်ရာပေါ်မှာ စာရွက်ကိုကိုင်ရင်း အော်ငိုနေမိတာ အသံဝင်သွားတဲ့ အထိပါပဲ။

နောက်ဆုံးမှာတော့ ဖေဖေ ရွာထဲက ချေးလာတဲ့ငွေရယ်၊ မောင်လေး ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ဘိလပ်မြေသယ်ရင်း ပို့ပေးတဲ့ငွေရယ်ပေါင်းပြီး တက္ကသိုလ်မှာ တတိယနှစ်ရောက်သည့်တိုင်အောင် ဆက်လက် တက်ရောက်နိုင်ခဲ့ပါတယ်။ အဲဒီနှစ်မှာ မောင်လေးက (၁၇)နှစ်အရွယ်ရှိပြီး ကျွန်မကတော့ (၂၀)နှစ်အရွယ် ရှိနေပါပြီ။

တစ်နေ့…ကျွန်မ အခန်းထဲ စာကြည့်နေစဉ် အခန်းဖော်ရောက်လာပြီး ပြောပါတယ်။ “အပြင်မှာ မင်းကိုရွာသားတစ်ယောက် စောင့်နေတယ်။”
ဘယ်ရွာသားကများ ငါ့ကို လာရှာပါလိမ့်လို့ စဉ်းစားရင်း အပြင်ထွက်လိုက်ရာ အဝေးမှာ ကျွန်မမောင်လေးကို တွေ့မြင်လိုက်ပါတယ်။ သူ့တစ်ကိုယ်လုံး အညစ်အကြေးတွေ၊ မြေမှုန်တွေ၊ ဘိလပ်မြေတွေ၊ သဲတွေနဲ့ ညစ်ပတ်နေခဲ့ပါတယ်။ ကျွန်မ မောင်လေးကို မေးလိုက်ပါတယ်။ “အစ်မရဲ့ အခန်းဖော်ကို ဘာဖြစ်လို့ အစ်မမောင်လေးလို့ မပြောခဲ့တာလဲ။”

မောင်လေးဟာ ပြုံးရင်း ပြန်ပြောလိုက်ပါတယ်။ “ကျွန်တော့်ရဲ့ အသွင်အပြင်ကိုလည်း ကြည့်လိုက်ပါဦးဗျာ။ ကျွန်တော်ဟာ အစ်မမောင်လေးလို့ သူတို့သိတဲ့အခါ ဘာများပြောလိုက်မလဲ။ သူတို့က အစ်မကို မလှောင်ပြောင်လောက်ဘူးလား။”
ကျွန်မ အလွန်ခံစားသွားရင်း မျက်ဝန်းမှာ မျက်ရည်တွေ ပြည့်လျှံလာခဲ့ပါတယ်။ မောင်လေးကိုယ်မှ အညစ်အကြေးနဲ့ ဖုန်မှုန်တွေကို ကျွန်မ သန့်ရှင်းပေးလိုက်ပါတယ်။ အဲဒီနောက် လည်ချောင်းမှာ ဆို့နင့်စွာနဲ့ ပြောလိုက်ပါတယ်။ “လူတွေ ဘာပြောပြော အစ်မ ဂရုမစိုက်ဘူး။ မောင်လေးရဲ့ အသွင်အပြင် ဘယ်လိုဖြစ်နေပါစေ…မောင်လေးဟာ အစ်မရဲ့မောင်လေးပါပဲ။”

မောင်လေးဟာ သူ့အိပ်ကပ်ထဲကနေ လိပ်ပြာပုံ ဆံညှပ်လေးတစ်ခု ထုတ်လိုက်ပါတယ်။ ဆံညှပ်လေးကို ကျွန်မခေါင်းမှာ ညှပ်ပေးရင်း ပြောလာပါတယ်။ “မြို့ထဲမှာ မိန်းကလေးတွေ ဒီလိုဆံညှပ်မျိုးသုံးတာ ကျွန်တော်မြင်ခဲ့ပါတယ်။ အစ်မမှာရော ဒီဆံညှပ်မျိုး ရှိသင့်တယ်လို့ ထင်ပါတယ်။”
ကျွန်မ ကိုယ့်ကိုယ်ကို မထိန်းနိုင်လောက်အောင် ဖြစ်သွားခဲ့ပါတယ်။ ကျွန်မ မောင်လေးကို ဆွဲကိုင်ရင်း အော်ငိုခဲ့ပါတယ်။ အဲဒီနှစ်မှာ မောင်လေးက (၂၀)နှစ်ရှိပြီ၊ ကျွန်ကတော့ (၂၃)နှစ်ရှိပါပြီ။

ကျွန်မ လက်ထပ်ပြီးတဲ့နောက်မှာ မြို့တစ်မြို့မှာ နေထိုင်ခဲ့ပါတယ်။ ကျွန်မယောက်ျားက ကျွန်မရဲ့ မိဘတွေကို လာနေဖို့ အကြိမ်ပေါင်းများစွာ ခေါ်ခဲ့ပေမယ့်လည်း ဖေဖေနဲ့မေမေက ငြင်းဆိုခဲ့ပါတယ်။ ဖေဖေနဲ့မေမေက ရွာမှ ထွက်လာမယ်ဆိုရင် ဘာလုပ်ရမှန်း မသိပါဘူးလို့တော့ တစ်ကြိမ်မှာ ပြောဆိုခဲ့ပါတယ်။ မောင်လေးကလည်း ဖေဖေနဲ့မေမေနဲ့ တစ်သဘောတည်းပါပဲ။ သူကလည်း ပြောလာပါတယ်။
“အစ်မ…အစ်မရဲ့ ယောက္ခမတွေကို ဂရုစိုက်လိုက်ပါ။ ဖေဖေနဲ့မေမေကို ကျွန်တော် ဂရုစိုက်လိုက်ပါမယ်။”

ကျွန်မ ယောက်ျားဟာ သူလုပ်နေတဲ့ စက်ရုံမှာ ဒါရိုက်တာတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ အဲဒီစက်ရုံက ပြုပြင်ရေးဌာနမှာ မန်နေဂျာလုပ်ဖို့ မောင်လေးကို တိုက်တွန်းနားချခဲ့တယ်။ ဒါပေမယ့် မောင်လေးကတော့ အဲဒီကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့ပါတယ်။ သူဟာ အောက်ခြေကပဲ စချင်ကြောင်းပြောရင်း အောက်ခြေပြုပြင်ရေးလုပ်သားအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။

တစ်နေ့… ကျွန်မမောင်လေး လှေကားထိပ်တက်ရင်း ကေဘယ်လ်ကြိုးတစ်ချောင်း ပြုပြင်နေတုန်းဓာတ်လိုက်လို့ဆေးရုံတင်လိုက်ရပါတယ်။ ကျွန်မယောက်ျားနဲ့ ကျွန်မတို့ ဆေးရုံသွားပြီး မောင်လေးကို ကြည့်ရူ့ခဲ့ပါတယ်။ သူ့ခြေချောင်းမှာ ပတ်တီးတွေကိုတွေ့တော့ ကျွန်မ ညည်းတွားပြောဆိုလိုက်ပါတယ်။ “နင့်ကို မန်နေဂျာလုပ်ဖို့ ကမ်းလှမ်းချက်ကို ဘာဖြစ်လို့ ငြင်းခဲ့ရတာလဲ။ မန်နေဂျာဆိုရင် ဒီလို အန္တရာယ်များတဲ့ အလုပ်မျိုး လုပ်ရမှာမဟုတ်ဘူး။ ခုတော့ မင်းကိုယ်မင်း ကြည့်လိုက်စမ်း။ ဒဏ်ရာအကြီးအကျယ် ရနေတယ်လေ။ ဘာဖြစ်လို့ အစ်မတို့စကားကို နားမထောင်ခဲ့ရတာလဲ။”

မျက်နှာမှာ တည်ကြည်လေးနက်မှုတွေ ပေါ်လွင်ရင်းနဲ့မောင်လေးဟာ သူ့ရဲ့ဆုံးဖြတ်ချက်ကို အခိုင်အမာ ပြောဆိုလိုက်ပါတယ်။
“ ဒါရိုက်တာတစ်ယောက်ဖြစ်နေတဲ့ ကျွန်တော့်ယောက်ဖ မျက်နှာကို ထောက်ရဦးမယ်လေ။ ကျွန်တော်လို ပညာမတတ်တဲ့လူတစ်ယောက် မန်နေဂျာ ဖြစ်လာမယ်ဆိုရင် လူတွေ ဘယ်လိုများ ပြောလိုက်မလဲ။”
ကျွန်မယောက်ျားရဲ့ မျက်ဝန်းမှာလည်း မျက်ရည်တွေ ပြည့်လာခဲ့ပါတယ်။

အဲဒီနောက် ကျွန်မက ပြောလိုက်ပါတယ်။ “
ဒါပေမယ့် အစ်မကြောင့် မောင်လေး ပညာမသင်ခဲ့ရတာလေ။”
“အစ်မ ဘာဖြစ်လို့ အတိတ်ကအကြောင်းတွေ ပြောနေရတာလဲ။” မောင်လေးက ပြောဆိုရင်း ကျွန်မလက်ကို ဆုပ်ကိုင်လိုက်ပါတယ်။ အဲဒီနှစ်မှာ မောင်လေးက (၂၆)နှစ်ရှိပြီ၊ ကျွန်မကတော့ (၂၉)နှစ် ရှိပါပြီ။

ရွာက လယ်သမား မိန်းကလေးတစ်ဦးကို လက်ထပ်တဲ့အချိန်မှာ မောင်လေးဟာ (၂၉)နှစ် ရှိနေပါပြီ။ လက်ထပ်မင်္ဂလာ အခမ်းအနားမှာ ဘိသိက်ဆရာက မောင်လေးကို မေးလိုက်ပါတယ်။ “အသင့်ဘဝမှာ အလေးစားဆုံးနဲ့ အချစ်ရဆုံးပုဂ္ဂိုလ်ဟာ ဘယ်သူလဲ။”

မောင်လေးဟာ စဉ်းစားချိန်မယူဘဲ ချက်ချင်းဖြေလိုက်ပါတယ်။
“ကျွန်တော့် အစ်မပေါ့ဗျာ။”

မောင်လေးက ကျွန်မ မမှတ်မိတော့တဲ့ ဖြစ်ရပ်တစ်ခုကို ဆက်လက်ပြောပြပါတယ်။
“ကျွန်တော် မူလတန်းကျောင်းသားဘဝတုန်းက စာသင်ကျောင်းဟာ အခြားရွာတစ်ရွာမှာ ရှိနေခဲ့ပါတယ်။ နေ့စဉ်နေ့တိုင်း ကျွန်တော်နဲ့ အစ်မတို့ဟာ စာသင်ကျောင်းကို နှစ်နာရီကြာ လမ်းလျှောက်ရင်း အသွားအပြန် ပြုလုပ်ခဲ့ရပါတယ်။ လမ်းကဝေးပြီး ရာသီဥတုကလည်း အမြဲလိုလိုအေးခဲနေတတ်တယ်။ တစ်ရက်မှာတော့ ကျွန်တော့်လက်အိတ်တစ်ခု ပျောက်နေခဲ့တယ်။ အဲဒီအချိန်မှာ အစ်မက သူပိုင်တဲ့ လက်အိတ်တစ်ဖက်ကို ကျွန်တော်ကို ပေးခဲ့တယ်။ အစ်မဟာ ကျန်တဲ့ လက်အိတ်တစ်ဖက်တည်းဝတ်ရင်း အဝေးကြီး လမ်းလျှောက်ခဲ့ရပါတယ်။ ကျွန်တော်တို့ အိမ်ပြန်ရောက်ချိန်မှာ အစ်မရဲ့လက်တွေဟာ အေးလွန်းလို့ ခိုက်ခိုက်တုန်နေပြီ။ အစားအစာစားတဲ့ တူတွေကိုပင် မကိုင်နိုင်လောက်အောင် ဖြစ်ခဲ့ရပါတယ်။ အဲဒီနေ့ကစပြီး ကျွန်တော် သံဓိဌာန် ချမှတ်ခဲ့ပါတယ်။ ကျွန်တော် အသက်ရှင်နေသရွေ့ အစ်မအပေါ် အမြဲတမ်း ကောင်းကောင်းမွန်မွန် ဆက်ဆံဖို့နဲ့ ဂရုစိုက်ဖို့ပေါ့ဗျာ။”

တစ်ခန်းလုံး ချီးကျူးသံတွေ ပြည့်လျှံသွားခဲ့ပါတယ်။ ဧည့်ပရိသတ်အားလုံး ကျွန်မကို လှည့်ကြည့်လိုက်ကြပါတယ်။ ကျွန်မ စကားပြောဖို့ခက်ခက်ခဲခဲ ကြိုးစားခဲ့ရပါတယ်။
“ကျွန်မဘဝမှာ ကျေးဇူးအတင်ရဆုံးကတော့ ကျွန်မမောင်လေးပါပဲ။” ပြီးတော့ ပျော်ရွှင်ဖွယ် မင်္ဂလာအခမ်းအနားတွင် ဧည့်ပရိသတ်တွေရဲ့ရှေ့မှာ ကျွန်မ မျက်ရည်တွေတွေ စီးကျခဲ့ပါတယ်။

သင့်ဘဝမှာ ချစ်ခင်ရတဲ့သူကို တစ်နေ့လောက်တော့ မေတ္တာထားပြီး ဂရုစိုက်ပေးလိုက်ပါ။ သင်လုပ်ပေးခဲ့တဲ့ အရာလေးဟာ သင့်အတွက်တော့ သာမန်အသေးအဖွဲ့မျှသာ ဖြစ်နိုင်ပေမယ့် အခြားသူတစ်ဦးအတွက်တော့ အများကြီး အဓိပ္ပာယ် ရှိနေတတ်ပါတယ်။

နေလင်းအောင် ဘာသာပြန်ဆိုသည်။

Ref: The Love of a Brother

Tags: feeling

Related Posts

ကိုယ့်အမှားကို ဝန်ခံဖို့ ဘယ်တော့မှ နောက်မကျဘူး
Feeling

ကိုယ့်အမှားကို ဝန်ခံဖို့ ဘယ်တော့မှ နောက်မကျဘူး

ဖတ်ဖူးတာတော့ကြာပါပြီ။ email က ပိုစ့်လေးပါ ပြန်တွေ့လို့ ဝေမျှလိုက်တာပါ။ ဘာသာပြန် (ဘရာသာ- ယောဟန်) ၂၀၀၂ နှစ်ကုန်ပိုင်းလောက်မှာ အီတလီနိုင်ငံက သတင်းစာအချို့မှာ ထူးဆန်းတဲ့ လူပျောက်ကြော်ငြာ သတင်းတစ်ခုပါလာခဲ့တယ်။ ကြော်ငြာက ဒီလိုရေးထားပါတယ်။ “၁၉၉၂ ခုနှစ်...

ရေနံ့သာခင်ခင်ကြီး (သို့) ဆွတ်ပျံ့သော အချစ်ဇာတ်လမ်း တစ်ပုဒ်
Feeling

ရေနံ့သာခင်ခင်ကြီး (သို့) ဆွတ်ပျံ့သော အချစ်ဇာတ်လမ်း တစ်ပုဒ်

ရေးသားသူ - မိုးစက်ပွင့်( MamaSusieMay Blog ) ဓာတ်ပုံများအတွက် မူရင်းတင်ထားတဲ့မိတ်ဆွေများကို ကျေးဇူးတင်ရှိပါတယ်။ ရေနံချောင်းမြို့ကလေးမှာ ဧရာဝတီမြစ်ကမ်းပါးကို မေးတင်ဆောက်ထားတဲ့ မြို့ခံလူတွေကတော့ “ရေနံသာ ခင်ခင်ကြီး” အိမ်လို့ ခေါ်ကြတဲ့ အိမ်အကြီးကြီး တစ်လုံး ရှိပါတယ်။ အိမ်က စနေနံဘုရားနဲ့...

အားမာန်ပေးသော ဟင်းတစ်ခွက်
Feeling

အားမာန်ပေးသော ဟင်းတစ်ခွက်

“မေမေ.. ဒီနေ့ ဘာဟင်းချက်ရမလဲဟင်” မီးဖိုလေးထဲမှာ ထမင်းအိုးတည်နေသော အသက် ၁၂နှစ်အရွယ် ၇တန်းကျောင်းသူ သမီး အကြီး ငွေနှင်း ကလှမ်းမေးသည်.. စနေနေ့ ရုံးပိတ်ရက်မို့ ရုံးသွားစရာမလိုသဖြင့် အိမ်က ရေတွင်းမှာ အဝတ်လျှော်နေသော ဒေါ်ရွှေကြည် သမီးဖြစ်သူအမေးကို...

မိခင်တစ်ယောက်ရဲ့ မုသားစကားရှစ်ခွန်း
Feeling

မိခင်တစ်ယောက်ရဲ့ မုသားစကားရှစ်ခွန်း

ကျွန်တော် ကလေးဘဝအရွယ်တုံးက အဖြစ်အပျက်လေးတစ်ခုပါ ။ ဆင်းရဲနွမ်းပါးတဲ့ ကျွန်တော်တို့မိသားစုမှာ နေ့စဉ်ထမင်းနပ်မှန်အောင် စားဖို့တောင် မသေချာတဲ့နေ့တွေရှိခဲ့တယ် ။ ဒါပေမဲ့ အမေကတော့ မကြာခဏ သူ့ပန်းကန်ထဲက ထမင်းတွေကိုယူယူပြီး ကျွန်တော့်ထဲ အမြဲထည့်ထည့်ပေးတတ်တယ် ။ ပြီးရင် အမေပြောတဲ့...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!