Sunday, April 18, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

နေစကြဝဠာအပြင်ဘက်က စိတ်ဝင်စားစရာ ဂြိုဟ်ကြီး ၁၀ လုံး

by Thutamm
September 21, 2020
Reading Time: 1min read
0
နေစကြဝဠာအပြင်ဘက်က စိတ်ဝင်စားစရာ ဂြိုဟ်ကြီး ၁၀ လုံး
Share on FacebookShare on Twitter

စကြဝဠာကြီးဟာ ဘယ်လောက်ရှုပ်ထွေးနက်နဲသလဲဆိုတာကတော့ အားလုံးသိပြီးသား အကြောင်းဖြစ်ပါတယ်။ ယခုတိုင် အနန္တစကြာဝဋ္ဌာရဲ့အကြောင်းအရင်း အချက်အလက် တိတိကျကျကိုထုတ်ဖော်နိုင်ဖို့မဆိုထားနဲ့ စကြဝဠာထဲကနေ စတင်ဖြစ်တည်လာခဲ့တဲ့ ကမ္ဘာကြီးရဲ့အကြောင်းအရာတွေထဲက အနည်းငယ်ကိုတောင် သိပ္ပံပညာရှင်တွေ တိတိကျကျခန့်မှန်းနိုင်ခြင်း မရှိသေးပါဘူး။ လူသားတွေနားလည်တာထက်ကျော်လွန်ပြီး များစွာသောဖြစ်တည်မှုတွေဟာ စကြဝဠာအတွင်းတည်ရှိနေတာဖြစ်ပြီး လူသားတွေလက်ခံသိရှိထားတဲ့ ရူပဗေဒသီအိုရီ၊ ဥပဒေသ၊ မှန်ကန်ချက်တွေဟာလည်း စကြဝဠာတစ်ခုလုံး အတွက်ဆိုရင် မှန်ချင်မှမှန်ပါလိမ့်မယ်။

လူသားတွေရဲ့ပရောဂနဲ့ တစ်စတစ်စ ယိုယွင်းလာတဲ့ ကမ္ဘာကြီးကြောင့် ကမ္ဘာကြီးပျက်စီးသွားခဲ့ရင် လူသားတွေဘယ်နေရာမှာ အခြေချ နေထိုင်မလဲဆိုတဲ့ မေးခွန်းဟာ သိပ္ပံပညာရှင်တွေအကြား တစ်ဖြည်းဖြည်း ကျယ်လောင် လာနေပါတယ်။ ဒါကြောင့် ပညာရှင်တွေဟာနေစကြဝဠာအပြင်ဘက်ကဂြိုဟ်တွေအထိတောင် သက်ရှိတွေနေထိုင်နိုင်မလားဆိုတဲ့ ဘုံရည်ရွယ်ချက်နဲ့ လိုက်လံ ရှာဖွေမှု တွေ ပြုလုပ်နေခဲ့ကြတာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ ဒီတခါ သုတဇုန် မိတ်ဆွေတွေအတွက် မျှဝေပေးချင်တာကတော့ လူသားတွေ တွေ့ရှိခဲ့တဲ့ နေစကြဝဠာအပြင်ဘက်မှာတည်ရှိတဲ့ ထူးဆန်းပြီးအဖြေရှာရခက်တဲ့ ဂြိုဟ်တွေအနက်က (၁၀)ခုရဲ့အကြောင်းအရာတွေ ဖြစ်ပါတယ်။ ယခုဖော်ပြမယ့်ဂြိုဟ်တွေရဲ့တည်ရှိမှုဟာ ထူးဆန်းစရာလည်းကောင်းသလို လူသားတွေအတွက် ဘေးဖြစ်စေတဲ့ကြောက်ရွံစရာအရာ တွေလည်း များပြား လွန်းပါတယ်။

(၁) j1407b

J1407b ဂြိုဟ်ကိုတော့ Saturn on Steroids ဓာတုဒြပ်ပေါင်းတွေထုတ်လုပ်ပေးတဲ့ ဂြိုဟ် (သို့) ယင်းဂြိုဟ်ရဲ့ကြီးမားပြင်းထန်တဲ့ ဂြိုဟ်ပတ်လမ်းကြောင်းဟာ စေတန်ရဲ့ဂြိုဟ် ပတ်လမ်းကြောင်းတစ်ကြိမ်မှာ အကြိမ်ပေါင်း(၆၄၀)ကြိမ်လည်ပတ်ပြီးဖြစ်တာကြောင့် Super Saturn ဂြိုဟ်အဖြစ်လည်းခေါ်ဆိုကြပါတယ်။ J1407bဟာ ပတ်လမ်းကြောင်း အတွင်းကြယ်တစ်လုံးပါဝင်နေတဲ့ exoplanet အမျိုးအစားဂြိုဟ်တစ်ခုဖြစ်ပြီး ကမ္ဘာကနေ အလင်းနှစ် (၄၃၄)နှစ်လောက်ကွာဝေးတဲ့ Centaurus ကြယ် တာယာအုပ်စုဝင်ဂြိုဟ်တစ်လုံးဖြစ်ပြီး ထင်ရှားတဲ့အချက်ကတော့ စေတန်ဂြိုဟ်ကဲ့သို့ သောပတ်လမ်းကြောင်းတွေရှိနေတာဖြစ်ပါတယ်။

အကယ်လို့များ J1407b ဂြိုဟ်ကို စေတန်ဂြိုဟ်နဲ့နေရာချင်း ပြောင်းလဲခဲ့ရင်တော့ သူရဲ့ပြင်းထန်တဲ့စက်ကွင်းတွေဟာ ကမ္ဘာကောင်းကင်ယံအထိလာရောက်သက်ရောက်နိုင်ပြီး လပြည့်ညမြောက်မြားစွာကို ဖြတ်ကျော်ရဖို့ရှိနေပါတယ်။ J1407b ဟာဂြိုဟ်ပတ်လမ်းကြောင်းအတွင်းမှာပဲ ရှိနေတဲ့Exomoon (နေစကြဝဠာအပြင်ဘက်က လ)တစ်စင်းအဖြစ်လည်း သတ်မှတ်နိုင်ပါသေးတယ်။ ဒြပ်သိပ်သည်းဆအလွန်းပြင်းထန်တဲ စက်ကွင်းများပိုင်ဆိုင် တဲ့ J1407b(သို့) Exomoonရဲ့အရွယ်အစားကတော့ နေစကြဝဠာအတွင်းက မားစ်ဂြိုဟ်လောက်အရွယ်ရှိပါတယ်။ အဓိကအချက်က ဂြိုဟ်ရဲ့ကောင်းကင်ဟာ ဒြပ်ထုများစွာပျော်ဝင်ပြီး အဆိပ်ရောင်ခြည်တန်းတွေပါကျရောက်လေ့ရှိနေတာပဲ ဖြစ်ပါတယ်။

(၂) Gliese 591c

ကမ္ဘာကနေအလင်းနှစ်ပေါင်း (၂၀) (သို့) ၁၂၀ ထရီလီယံမိုင်လောက်ကွာဝေးတဲ့ Gliese 591c ဂြိုဟ်ဟာ Libra ကြယ်တာရာအုပ်စုဝင်ကြယ်တစ်လုံးလည်းဖြစ်ပါတယ်။ Gliese 591c နဲ့ သူရဲ့ဂြိုဟ်ပတ်လမ်းအတွင်းမှာရှိတဲ့ ကြယ်ရဲ့အကွာအဝေးဟာ ကမ္ဘာနဲ့ နေကြားအကွာအဝေးရဲ့ (၇)ရာခိုင်နှုန်းလောက်သာဖြစ်တဲ့ (၆.၈)သန်းမိုင်လောက် ကွာ ဝေးပါတယ်။ Gliese 591c ဂြိုဟ်ပေါ်မှာတော့ ငလျင်ကြီးတွေ၊မီးတောင်ပေါက်ကွဲဖြစ်စဉ် တွေ၊ပြင်းထန်တဲ့လေပြင်းမုန်တိုင်းကြီးတွေအစဉ်ဖြစ်ပေါ်လျက်ရှိနေပြီး အထူးသဖြင့် Gliese 591cရဲ့ တစ်ဖက်ခြမ်းဟာ ကောင်းကင်ရဲ့ကြယ်တာယာတွေကို မြင်နိုင်လောက် တဲ့အနေအထားတောင်မရှိပါဘူး။ အဲဒီအခြမ်းမှာပဲ အပူရှိန်ပြင်းထန်လွန်းအားကြီးတာ ကိုတွေ့ရမှာဖြစ်ပြီး လူတစ်ယောက်ကိုချက်ချင်းအရည်ပျော်သွားလောက်ပါတယ်။

Gliese 591c ရဲ့တခြားအခြမ်းကတော့ အပူချိန်လျော့နည်းအားလွန်းကြီးတဲ့ အပိုင်းဖြစ် ပြီး၊လေအေးတွေ၊ဆီနှင်းခဲကြီးတွေ စဉ်ဆက်မပြတ်တိုတ်ခတ်လျက်ရှိနေပါတယ်။ လူ သားတစ်ယောက်အနေနဲ့ ယင်းအပိုင်းကိုရောက်ရှိသွားခဲ့ရင် တော့ မိနစ်ပိုင်းအတွင်းမှာ ပဲအေးခဲသွားတဲ့ ရေခဲလူသားတစ်ယောက်ဖြစ်သွားမှာဖြစ်ပါတယ်။ ထူးခြားချက်ကတော့ ယင်း အပူနဲ့အအေးဇုံ(၂)ခုရဲ့အကြားမှာ သမပိုင်းရာသီဥတုပိုင်ဆိုင်နေတဲ့ ကုန်းမြေအ နည်းငယ်ရှိနေတဲ့အချက်ဖြစ်ပါတယ်။ ဂြိုဟ်သားနဲ့ သက်ရှိတွေတကယ်လို့ရှိခဲ့ရင်တော့ ယင်းကုန်းမြေအပိုင်းမှာပဲ ရှိဖို့အခြေအနေများပါတယ်။ (၂၀၀၈)ခုနှစ်မှာတော့ ကမ္ဘာ အာကာသကျွမ်းကျင်သူတွေဘက်က ရေဒီယို massage တစ်ခုကို Gliese 591c ကို ပေးပို့ခဲ့ပြီး ယင်းmassage ဟာ (၂၀၂၉)ခုနှစ်လောက်ဆိုရင်တော့ ယင်းဂြိုဟ်ကို ရောက်ရှိသွားမှာဖြစ်ပါတယ်။

(၃) Gj1214b

ကုန်းမြေဆိုတာလုံးဝမရှိပဲ သမုဒ္ဒရာရေပြင်အားလုံးလွှမ်းခြုံထားတဲ့ Gj1214b ဂြိုဟ်ကို Waterworld လို့လည်းခေါ်ဆိုကြပါတယ်။ ဒါအပြင် အဲဒီဂြိုဟ်ဟာ ဂျူပီတာဂြိုဟ်ရဲ့ ပတ်လမ်းကြောင်းအတွင်းမှာရှိတဲ့အသေးဆုံး Galilean moon တစ်ခုဖြစ်တဲ့ Europa လိုမျိုးပဲ အရွယ်အစားကြီးမားသလိုပိုမိုလည်းပူပြင်းမယ့်အခြေအနေမှာရှိပါတယ်။ ဒီဂြိုဟ်ကတော့ ကမ္ဘာကနေ အလင်းနှစ် ၄၀ အကွာအဝေးမှာတည်ရှိနေပါတယ်။

(၄) Gliese 436b

နေစကြဝဠာအပြင်ဘက်က ဂြိုဟ်တစ်လုံးဖြစ်တဲ့ Gliese 436b ဟာ ကမ္ဘာကနေ အလင်း နှစ် (၃၃)လောက်ကွာဝေးပြီး Leo ကြယ်တာယာအစုအဝေးတွင်းမှာရှိနေတဲ့ ကြယ်တစ်လုံးအဖြစ်လည်း သတ်မှတ်နိုင်ပါတယ်။ ပညာရှင်တွေရဲ့အဆိုအရတော့ ဒီဂြိုဟ်ပေါ်မှာတော့ ကမ္ဘာမြေကြီးရဲ့ရူပဗေဒဆိုင်ရာမှန်ကန်ချက်အားလုံးဟာ လုံးဝမမှန် နိုင်ဘူးလို့ဆိုကြပါတယ်။ Gliese 436bဟာ မာကျူရီဂြိုဟ်ထက် (၁၅)ဆလောက်နေနဲ့ ပိုနီးပြီး မျက်နှာပြင်တစ်ခုလုံးနီးပါးဟာလည်း ရေခဲတွေနဲ့ဖုံးလွှမ်းလျက်ရှိနေပါတယ်။

ဂြိုဟ် ရဲ့အပူချိန်ဟာ ၄၃၉ ဒီဂရီဆဲစီးရပ် လောက်ရှိတာကြောင့် မည်သည့်ရေခဲမဆို အစိုင်အခဲ အဖြစ်ကျန်ရစ်မှာဖြစ်ပါတယ်။ ဒါပေမဲ့ Gliese 436b ရဲ့ဆွဲငင်အားဟာ အလွန်ပြင်းထန် တာကြောင့် ဂြိုဟ်ရဲ့လေထုအတွင်းကို အငွေ့ပျံလာတဲ့ရေခဲငွေ့တွေကို ကျုံသွားအောင် ဖိအားပေးလေ့ရှိပါတယ်။ ဒါကြောင့်ရေခဲငွေ့တွေဟာ အပူချိန်ဘယ်လောက်ပြင်းပြင်း အရည်မပျော်တော့ပဲ အစိုင်အခဲရေခဲထုအဖြစ်ဆက်လက် ကျန်ရှိနေစေပါတယ်။ Gliese 436b ဟာသူရဲ့ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းတစ်ကြိမ်လည်ပတ်ဖို့ဆိုရင်တော့ (၂) ရက်နဲ့ (၁၅.၅)နာရီကြာမြင့်နိုင်ပါတယ်။

(၅) 55 Cancri E

ကမ္ဘာကနေ အလင်းနှစ် (၄၀)လောက် ကွာဝေးတဲ့ နေရာမှာတည်ရှိတဲ့ 55 Cancri E ဟာ Cancer ကြယ်တာရာအုပ်စုဝင်ကြယ်တစ်လုံးလည်းဖြစ်ပါတယ်။ ဒီဂြိုဟ်ဟာ ကမ္ဘာထက်(၂)ဆ လောက်ပိုမိုကြီးမားပြီး (၈)ဆလောက်ပိုမိုလေးလံကာ ဒြပ်ထုသိပ်သည်းဆဆိုရင်လည်း (၂)ဆလောက်ကိုရှိနေပါတယ်။ နေထက် ကာဗွန်ပါဝင်နှုန်းများပြားပြီး ဂြိုဟ်တစ်ခုလုံးနီးပါး ကာဗွန်ဒြပ်စင်တွေကြီးပဲရှိတယ်လို့ဆိုရပါမယ်။

လေထုဖိအားအလွန်ပြင်းထန်ပြီး ဂြိုဟ် ရဲ့မျက်နှာပြင် အပူချိန်ကတင် (၂၄၀၀)ဒီဂရီဆဲစီးရတ်အထိရှိနေတာကြောင့် မူရင်းရှိ ကာဗွန်ဒြပ်စင်တွေဟာ စိန်သတ္ထုအဖြစ်အသွင်ပြောင်းသွားကြပြီး ဂြိုဟ်တစ်ခုလုံး စိန်တွေ နဲ့ပြည့်နှက်နေတယ်လို့ပြောရမှာပါ။ 55CancriE ဟာသူရဲ့မိခင်ကြယ်နဲ့အလွန်နီးကပ်စွာ ရှိနေပြီး ပတ်လမ်းကြောင်းကို တစ်ပတ်ပြည့်အောင်လည်ဖို့ဆိုရင်တော့ (၁၈)နာရီ လောက်အချိန်ပေးရပါတယ်။

(၆) Hat-P-7b

Cygnus ကြယ်တာရာအုပ်စုတွင်းမှာပါဝင်နေတဲ့ Hat-P-7b ဂြိုဟ်ဟာကမ္ဘာကနေ အလင်းနှစ်ပေါင်း (၁၀၀၀)လောက်အဝေးမှာတည်ရှိနေတာဖြစ်ပြီး Cygnus ကြယ် တာယာအစုဝင်ကြယ်တစ်လုံးလည်းဖြစ်ပါတယ်။ ဂြိုဟ်ရဲ့ထူးခြားချက်ကတော့ သက်ဆိုင် ရာလေထုအတွင်းမှာ အလူမီနီယံအောက်ဆိုဒ်ဒြပ်စင်တွေဖြစ်တဲ့ ပတ္တမြားနဲ့နီလာတွေ များစွာရှိနေတယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။

ညအချိန်ရောက်တိုင်းယင်းဒြပ်စင်တွေဟာ Hat-P-7b ရဲ့မျက်နှာပြင်ပေါ်ကို မိုးရွာသလိုတစ်ဖွဲဖွဲကျရောက်လေ့ရှိပါတယ်။ ဒါအပြင် Hat-P-7b ဂြိုဟ်ဟာလေပြင်းမုန်တိုင်းများစွာ တိုက်ခတ်ရာနေရာဖြစ်နေတာကြောင့် လေထုအတွင်းကပတ္တမြား၊နီလာစတဲ့ အလူမီနာသတ္ထုတွေဟာ ဂြိုဟ်ရဲ့မျက်နှာပြင်တစ်ခု လုံးပြန့်ကျဲနေတတ်တယ်လို့ သိရပါတယ်။

(၇) Psr J1719–1483 B

Psr J1719ဂြိုဟ်ရဲ့ပတ်လမ်းအတွင်းမှာတော့ ထူထည်သိပ်သည်းဆအလွန်များပြီး နျူထရွန်တွေပါဝင်နေတဲ့ မြို့ကြီးတစ်မြို့အရွယ်အစားလောက်ရှိတဲ့ pulsar (ရေဒီယို လှိုင်းများအရ တည်ရှိမှုကို သိရတဲ့ကြယ်မှုန်)တစ်လုံးရှိနေပါတယ်။ Psr J1719ရဲ့အချင်း ကတော့ (၁၂)မိုင်နီးပါးရှိပြီး ဒြပ်ထုသိပ်သည်းဆကတော့ နေရဲ့သိပ်သည်းဆရဲ့ (၁.၄) ဆ အထိကိုရှိနေတာကိုတွေ့ရပါတယ်။

ကြယ်မှုန်တွေဟာ သက်ဆိုင်ရာဂြိုဟ်ကိုလျှင်မြန် စွာလည်ပတ်တဲ့ သဘောရှိတာကြောင့် Psr J1719 ရဲ့လည်ပတ်နှုန်းဟာအလွန်မြန်ဆန် ပြီးတစ်ပတ်ပြည့်အောင် လည်ပတ်နိုင်မဲ့အချိန်ဟာ (၂)နာရီလောက်သာ ကြာမြင့်ပါတယ်။ ဒီဂြိုဟ်ဟာ ကမ္ဘာမြေကနေ အလင်းနှစ် ၄၀၀၀ လောက်အကွာအဝေးမှာ တည်ရှိနေတာဖြစ်ပါတယ်။

(၈) Hd 189733b

နေစကြဝဠာအတွင်းမှာတည်ရှိတဲ့ ဂျူပီတာဂြိုဟ်ထက်ပိုမိုပေါ့ပါးတဲ့ Hd 189733b ဟာ ကမ္ဘာကနေ အလင်းနှစ် (၆၃) အကွာဝေးမှာတည်ရှိနေပါတယ်။ မိုးပြာရောင်အဆင်းသဏ္ဍာန်ရှိတဲ့ အဲဒီဂြိုဟ်ကြီးဟာ အလွန်လည်းနက်ရှိုင်းပြီး လေထုအတွင်းမှာတော့ ဆီလီကာ atoms နဲ့ အမှုန်များစွာပါဝင်နေပါတယ်။ Hd 189733b ဂြိုဟ်ရဲ့လေတိုက်ခတ်တဲ့နှုန်းကတော့ တစ်နာရီကို (၅၄၀၀)မိုင်အထိရှိနေတာကိုတွေ့ရမှာဖြစ်ပြီး ၁ စက္ကန့်ကို (၂)ကီလိုမီတာ ဝန်းကျင်အထိကိုရှိနေပါတယ်။ ဒီပမာဏဟာအသံထက် (၇)ဆလောက်မြန်နှုန်းရှိပြီး ပျှမ်းမျှအပူချိန်ကတော့ (၉၀၀)ဒီဂရီဆဲစီးရတ်အထိကိုရှိနေတာကိုတွေ့ရပါတယ်။

ကြောက်စရာကောင်းတဲ့အချက်ကတော့ Hd 189733bရဲ့လေထုအတွင်းမှာရှိတဲ့ ဆီလီ ကာဒြပ်ပေါင်းတွေဟာဖန်သားစတွေအဖြစ်ကူးပြောင်းသွားပြီး မူလရှိနေပြီးပြင်းထန်တဲ့ လေတိုတ်နှုန်းနဲ့အတူ ဂြိုဟ်ရဲ့မျက်နှာပြင်ပေါ်ကို ကျရောက်လေ့ရှိတာဖြစ်ပါတယ်။ ကမ္ဘာမြေပြင်ရဲ့အနေအထားနဲ့ပြောရရင်တော့ Hd 189733bဟာ ပြင်းထန်တဲ့ မုန်တိုင်း ကြီးတွေနဲ့အစဉ်ရပ်တည်နေတဲ့အရပ်ဖြစ်တယ်လို့ဆိုရပါမယ်။ ဂြိုဟ်ရဲ့ပတ်လမ်းကြောင်း မှာတစ်ပတ်လည်ဖို့အချိန်ဟာ (၅)ရက်နဲ့ (၁၂)နာရီနီးပါးကြာညောင်းတာကိုတွေ့ရပါတယ်။

(၉) Wasp-12b

နေစကြဝဠာအပြင်ဘက်မှာတော့ WASP-12b ဟာအမှောင်မိုက်ဆုံးဂြိုဟ်တွေအနက်က တစ်ခုဖြစ်လိမ့်မယ်လို့ ပညာရှင်တွေကခန့်မှန်းထားကြပါတယ်။ ဒီဂြိုဟ်ဟာသူ့အပေါ် ကျရောက်လာတဲ့ အလင်းတန်းတွေကို အလင်းပြန်တာထက်ပိုပြီးထိန်းထားလေ့ရှိပါ တယ်။ အရွယ်အစားကတော့ ဂျူပီတာထက်(၂)ဆလောက်ကိုရှိနေပြီး သူရဲ့လေထုဟာ ကျရောက်တဲ့အလင်းရဲ့ (၉၄) ရာခိုင်နှုန်းလောက်ကို ထိန်းထားလေ့ရှိတာပါ။ ဂြိုဟ်ရဲ့လေ ထုအပူချိန်တင် ၈၃၁၂ ဒီဂရီဆဲစီးရတ်အထိရှိနေပြီး မျက်နှာချင်းဆိုင်မှာရှိနေတဲ့ ကြယ် တွေဆီကနေ မြင်နိုင်တဲ့အလင်းတန်းအားလုံးကိုစုစည်းထားလေ့ရှိပါတယ်။

ညအချိန် ရောက်တဲ့အခါမှာတော့ WASP-12b ရဲ့အပူချိန်ဟာ ၃၉၉၂ ဒီဂရီဆဲစီးရတ်အထိကျဆင်း သွားပြီး ရေငွေနဲ့တိမ်တောင်တွေကို ဖြစ်စေပါတယ်။ WASP-12bရဲ့ပူပြင်းတဲ့လေထုဟာ သူရဲ့ဂြိုဟ်ပတ်လမ်းနဲ့အနီးကပ်ဆုံးမှာရှိတဲ့ ကြယ်အထိတောင်သက်ရောက်မှုရှိနေခဲ့တာ ကြောင့် နေစကြဝဠာအပြင်ဘက်က hot Jupiters လို့လည်းခေါ်ဆိုကြပါတယ်။ ဒီဂြိုဟ်ကတော့ ကမ္ဘာကနေ အလင်းနှစ် ၈၇၀ အကွာအဝေးမှာ တည်ရှိနေတာဖြစ်ပါတယ်။

(၁၀) Gj-504b

နေစကြဝဠာအတွင်းက အလွန်လှပတဲ့ပန်းခရမ်းရောင်အဆင်းရှိတဲ့ဂြိုဟ်ကိုတော့ Gj-504b လို့ခေါ်ဆိုပါတယ်။ Virgo ကြယ်တာယာအုပ်စုဝင်ကြယ်တစ်ခုအဖြစ်လည်း လူသိ များတဲ့ Gj-504bရဲ့ အနီးဆုံးမှာရှိတဲ့ကြယ်တစ်လုံးရဲ့အကွာအဝေးဟာ ဂျူပီတာဂြိုဟ်နဲ့ နေရဲ့အကွာအဝေးထက် (၉)ဆနီးပါးကွာဝေးပါတယ်။

လေ့လာသူတွေကတော့ Gj-504bဟာ အသစ်တစ်ဖန်ဖြစ်ပေါ်တဲ့ဂြိုဟ်တစ်ခုအဖြစ်သတ်မှတ်ကြပြီး အတွင်းပိုင်း အပူချိန်တောက်လောင်ရာကနေ ခုမြင်နေရတဲ့ ပန်းခရမ်းရောင်အဆင်းသဏ္ဍာန်ဖြစ်သွား တာမျိုးဖြစ်မယ်လို့ ပြောဆိုမှုတွေရှိခဲ့ပါတယ်။ ကမ္ဘာကနေဆိုရင်တော့ အလင်းနှစ် ၅၇ အကွာဝေးမှာတည်ရှိနေတဲ့ ဂြိုဟ်တစ်လုံးဖြစ်ပါတယ်။

Tags: planetsscience knowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ
news

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ

ဒီတပတ်တော့ ပလပ်စတစ်ကို ခြေဖျက်တဲ့ bacterial cocktail လို့ခေါ်တဲ့ ရောနှောဘက်တီးရီးယားကို ဟန်ဂေရီက ဇီဝဓါတုပညာရှင် ၂ ဦး ဖန်တီးလိုက်တဲ့ အကြောင်း ပြောပြပေးပါမယ်။ Liz Madaras။ ။ “ကျမတို့က Poliloop ကုမ္ပဏီကို...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!