Monday, March 8, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ထောက်ကြန့် ဓနသဟာယ စစ်သင်္ချိုင်း အကြောင်းသိကောင်းစရာ

by Thutamm
April 10, 2020
Reading Time: 1min read
0
ထောက်ကြန့် ဓနသဟာယ စစ်သင်္ချိုင်း အကြောင်းသိကောင်းစရာ
Share on FacebookShare on Twitter

Written By မောင်သာ(ရှေးဟောင်းသုတေသန)

ရန်ကုန်မြို့မှ မြောက်ဘက် ၂၅ ကီလိုမီတာ အကွာ၊ ရန်ကုန်ပြည်လမ်းမဘေးတွင်ရှိသော ဗြိတိသျှ ဓနသယာယ စစ်သင်္ချိုင်း သည် ထောက်ကြန့် စစ်သင်္ချိုင်းဟု ထင်ရှားသည်။ကျယ်ဝန်း သန့်ပြန့်သော ဝင်းအတွင်း အစိမ်းရောင်မြက်ခင်းကျယ်ကြီးပေါ်တွင် အထိမ်းအမှတ်အုတ်ဂူများကို ညီညာစွာ စီတန်းခင်းကျင်းထားသဖြင့် လာရောက်ကြသူတိုင်းအား စိတ်ကြည်နူးမှုဖြစ်စေသည်။ ယင်းစစ်သင်္ချိုင်းကို တည်ထောင်ခဲ့စဉ်က သင်္ချိုင်း၏ အနီးတွင် ထောက်ကြန့် ကျေးရွာ ရှိ နေသဖြင့် ထောက်ကြန့် စစ် သင်္ချိုင်းဟု အမည်တွင်ခဲ့သည်။

ယင်းသင်္ချိုင်းဝင်းအတွင်းတွင် ပထမကမ္ဘာစစ်နှင့်ဒုတိယ ကမ္ဘာစစ်အတွင်းက မြန်မာနိုင်ငံစစ် မြေ ပြင် အသီးသီးတွင် ကျဆုံးခဲ့သည့် မဟာမိတ်စစ်သည် ၆၃၇၄ ဦးတို့၏ အထိမ်းအမှတ် အုတ်ဂူငယ်လေးများကို ညီညာသပ်ရပ်စွာ ပြုလုပ် ထားသည်။အုတ်ဂူများအား လှည့်ပတ်ကြည့်ရှုနိုင်ရန် ကွန်ကရစ် လမ်းများ ခင်းထားသည်။

ယင်းတို့ အနက် ၅၂ ခု သည် ပထမ ကမ္ဘာစစ်အတွင်း ကျဆုံးခဲ့သူများဖြစ်ကြသည်။အုတ်ဂူငယ် ၈၆၇ ခု သည် အမည်မသိ စစ်သည်များ၏ ဂူများဖြစ်ကြပြီး အိန္ဒိယ နှင့် အာဖရိက စစ်သည် ၁၈၁၉ ဦးတို့၏ အမှတ်တရ ဂူများလည်းပါဝင်သည်။အာဖရိကပထမ တန်း ခရစ်ကက် ကစား သမား Leigh Alexander ၏ အမှတ်တရ အုတ်ဂူကိုလည်း မြင်တွေ့ရပေသည်။

စစ်သင်္ချိုင်းအတွင်းသို့ဝင်လိုက်သည်နှင့် “ ဤသင်္ချ ိုင်းတည်ရှိရာ မြေသည်ကား ပထမနှင့် ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံး ခဲ့သော ကုန်းတပ် ရေတပ် လေတပ်သားတို့၏ ထာဝရ လဲလျောင်းရာနှင့် ကျန်ရစ်သူတို့ လာရောက်ဂါဝရပြုရာ ဆိပ်ငြိမ် ပရဝဏ် ဖြစ်သည်” ဟု မြန်မာ အင်္ဂလိပ်နှစ်ဘာသာဖြင့် ရေးသားထားသော အစိမ်းရောင် ဆိုင်းဘုတ်ကိုမြင်ကြရသည်။

အုတ်ဂူငယ်များအား ကိုးကွယ်မှုဘာသာအရ အုပ်စုများခွဲ၍ သီးခြားစီ ပြုလုပ်ထားသည်။ စစ်သင်္ချိုင်း တွင်ရှိနေသည့် အုတ်ဂူ များတွင် ခရစ်ယာန်ဘာသာဝင်များ၏ အုတ်ဂူများက အများစု ဖြစ်သောကြောင့် ယင်းတို့၏ အုတ်ဂူငယ်များပေါ်တွင် ခရစ်ယာန် ဘာသာ အထိမ်းအမှတ် လက်ဝါးကပ်တိုင် ပုံများကို ယှဉ်တွဲဖော်ပြထားသကဲ့သို့ ဗုဒ္ဓဘာသာဝင်များ၏ အမည်ဘေးတွင်လည်း စေတီ ပုံကို ပြုလုပ်ပေးထားသည်။ အစ္စလာမ် ဘာသာကိုးကွယ်သူများအတွက် နေရာသီးသန့် ပြုလုပ် ပေးထားသည်။ယင်းတို့၏ အုတ်ဂူ များ ပေါ်တွင် အာရဗီဘာသာဖြင့် မှတ်တမ်းရေးထိုးထားသည်ကို တွေ့နိုင်ပေသည်။

စစ်သင်္ချိုင်း အလယ်ရှိ အထိမ်းအမှတ် ကျောက်စာတိုင်ကြီးများပေါ်တွင် ဒုတိယ ကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံ၌ ကျဆုံး ခဲ့သော စစ်သည် ၂၇၀၀၀ ၏ အမည် များကိုရေးထိုးထားသည်။ထောက်ကြန့် မဟာမိတ် စစ်သင်္ချိုင်းကို ၁၉၅၁ ခုနှစ်တွင်ဖွင့်လှစ်ခဲ့ပြီး အာရှ စစ်ဘက်ဆိုင်ရာ အမှတ်တရ နေရာများတွင် လာရောက်ကြည့်ရှုသူ အများဆုံးနေရာတစ်ခုလည်းဖြစ်သည်။နိုင်ငံတကာ တွင် လည်း Taukkyan War Cemetery ဟု ထင်ရှားသည်။

စစ်သည်အများစုသည် မိတ္ထီလာ၊စစ်တွေ၊ မန္တလေး နှင့် ဆားမှော်တို့တွင်ကျဆုံးခဲ့ကြသူများ ဖြစ်ကာ စစ်သည်များ၏ ရုပ် ကြွင်း များအား ထောက်ကြန့်သို့ သယ်ယူလာခဲ့သည်။ယင်းကျဆုံးသူများ၏ ရုပ်ကြွင်းများအား အဆိုပါဒေသ သုဿန်များတွင် ရေရှည် ထိန်းသိမ်းထားရန် ခက်ခဲမှုရှိသဖြင့် ထောက်ကြန့်စစ်သင်္ချိုင်းတွင် ပြောင်းရွှေ့မြှုပ်နှံခဲ့သည်။ ထိုသို့ ပြောင်းရွှေ့သယ်ယူခဲ့ရာ မြစ်ကြီးနားရှိ ချင်ဒစ် သုဿန်မှ ရုပ်ကြွင်းများကို နောက်ဆုံး သယ်ယူခဲ့သည်။

ထို့အပြင် ဒုတိယ ကမ္ဘာစစ်အတွင်းက မြန်မာနိုင်ငံ တောတွင်း နှင့် လမ်းဘေး များတွင် မြှုပ်နှံထားခဲ့ရသည့် စစ်သည် အချို့ ၏ ရုပ်အလောင်းများကိုလည်း ပြောင်းရွှေ့ သယ်ယူထားခဲ့သည်။ ပထမ ကမ္ဘာစစ်အတွင်းကျဆုံးခဲ့သည့် မဟာမိတ် စစ်သည် များအား မြှုပ်နှံထားသည့် ဟင်္သာတမှ ရုပ်အလောင်းတစ်ခု၊မိတ္ထီလာ စစ်တပ် နယ်မြေမှ ရုပ်ကလပ် ရှစ်ခု၊သရက်မှ လေးခု၊ တမ်မခန် မှ လေးခု၊ မန္တလေးမှ ၁၂ ခု နှင့် မေမြို့ တပ်နယ်မှ ၂၂ ခု စုစုပေါင်း ၅၁ ခုတို့ကို ယင်းသင်္ချိုင်းများတွင် ရေရှည် ထိန်းသိမ်းထား ရန် အဖြစ်နိုင်သဖြင့် ထောက်ကြန့်စစ်သင်္ချိုင်းသို့ပြောင်းရွှေ့ ခဲ့သည်။

ကျဆုံးသူများအနက် ဗစ်တိုရီယား ထူးချွန်စစ်သည်တံဆိပ် (Victoria Cross) ရရှိသူ ခုနစ်ဦးပါဝင်ရာ နှစ်ဦးမှာ အိန္ဒိယစစ် သည် များဖြစ်ကြသည်။ယင်းတို့၏ အမည်များကို ရန်ကုန် စစ်မြေပြင် အမှတ်တရ ကျောက်စာတိုင် ပေါ်တွင် ယင်းတို့၏ မွေးသက္က ရာဇ်များ ၊ ကျဆုံးရက်များနှင့် အတူရေးထိုးထားသည်။ သူတို့ သည်လွတ်လပ်သော ပြည်သူများအတွက် ကျဆုံးခဲ့ကြသည် (they died for all free men) ဟု အဓိပ္ပာယ် ရသော စာတန်းကိုလည်း အင်္ဂလိပ်၊ ဟင်ဒီ၊ အူရဒူ၊မြန်မာဘာသာများဖြင့် ကျောက်စာတိုင် ပေါ်တွင် ရေး ထွင်း ထားသည်။

ဒုတိယ ကမ္ဘာစစ်အပြီးတွင် မဟာမိတ်နိုင်ငံများသည် စစ်အတွင်းကျဆုံးခဲ့သော ယင်းတို့၏ စစ်သည်များအတွက် မဟာမိတ် စစ်သင်္ချိုင်းများကို နိုင်ငံအများအပြားတွင် တည်ဆောက်ခဲ့သည်။ မြန်မာနိုင်ငံတွင်လည်း မဟာမိတ် စစ်သင်္ချိုင်းသုံးခု တည်ဆောက်ခဲ့ ရာ ထောက်ကြန့် စစ်သင်္ချိုင်းသည် အကြီးဆုံးဖြစ်သည်။အခြားစစ် သင်္ချိုင်းနှစ်ခုဖြစ်သည့် မွန်ပြည်နယ် သံဖြူဇရပ်မြို့ရှိ သေမင်း တမန် ရထားလမ်းစစ်သင်္ချိုင်းနှင့် ရန်ကုန်မြို့ ဟံသာဝတီ အဝိုင်းအနီးရှိ ဓနသဟာယ စစ်သင်္ချိုင်းတို့သည်လည်း ထင်ရှား သည်။

ထောက်ကြန့်စစ်သင်္ချ ိုင်းသို့လာရောက်ကြသည့် ပြည်ပမှ ပုဂ္ဂိုလ်များသည် မင်္ဂလာဒုံလေယာဉ်ကွင်းမှ မိနစ် ၃၀ ခန့် ကား မောင်းလျှင်ရောက်ရှိသည်။ထောက်ကြန့်စစ်သင်္ချိုင်းသည် ရန်ကုန် ပြည်လမ်း ၊ အမှတ် (၁) ဖြစ်သည်။စစ်သချ ၤိုင်းကို ယခင်က နေ့စဉ် နံနက် (၇) နာရီ မှ ညနေ(၅) နာရီအထိ ဖွင့်လှစ်ခဲ့သော်လည်း ယခုအခါတွင် တနင်္ဂနွေတွင် ဝင်ရောက်ခွင့် မပြုပါချေ။

ထောက်ကြန့် စစ်သင်္ချိုင်းတွင် မြှုပ်နှံထားသော ကမ္ဘာအနှံ့မှ ကျဆုံးစစ်သည်များ ၏ မိသားစုများ နှင့် ဆွေမျိုးများသည် မြန်မာနိုင်ငံသို့လာရောက်ကာ မိမိတို့၏ သားချင်းများအား လာရောက်ဂါဝရပြုလေ့ရှိပေသည်။ပထမကမ္ဘာစစ်အတွင်းကျဆုံးစစ်သည် ၁၉ ဦးတို့၏ ရုပ်ကြွင်းများကို အောင်ပန်း၊ ပုသိမ်၊ကွမ်းခြံကုန်း၊ လွိုင်ကော်၊မိုင်းတုံ၊ပြည်၊ပျဉ်းမနား နှင့် ရွှေဘို သင်္ချိုင်းများတွင် မြှုပ်နှံထားကြောင်းသိရှိရပေသည်။

ထောက်ကြန့် စစ်သင်္ချိုင်း၏ အသုံးစရိတ်များအား ဗြိတိသျှ ဓနသဟာယနိုင်ငံများက မိမိတို့ နိုင်ငံသားများ၏ အုတ်ဂူ အရေအတွက်အတိုင်း အချိုးကျ ထည့်ဝင်ရသည်။ ဝန်ထမ်းများနှင့် စရိတ် အားလုံးကို ဗြိတိဟျှ ဓနသဟာယ ရံပုံငွေမှ ကျခံသည်။ စစ်သင်္ချိုင်းကို လာရောက်ကြည့်ရှုကြသော အများပြည်သူများအား ဝင်ကြေးမယူဘဲ ဖွင့်လှစ်ပြသထား သည်။

မည်သို့ပင် ဖြစ်စေ စစ်၏ အနိဋ္ဌာရုံ မြင်ကွင်းတစ်ခုဟု ဆိုနိုင်သည့် စစ်သင်္ချိုင်းဟောင်းများသည် လူသားအချင်းချင်းဖြစ် ပွားခဲ့သည့် ရန်မီး တောက်လောင်ခြင်း၏ ရလာဒ်တစ်ခုကို ဖော်ညွှန်းပြသနေခြင်းပင် ဖြစ်ပေသည်။

မောင်သာ(ရှေးဟောင်းသုတေသန)
သုတစွယ်စုံမဂ္ဂဇင်း

Tags: myanmar places

Related Posts

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်
Places

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်

ဟိုတယ် ဆိုတာဟာ အပန်းဖြေ နားခိုဖို့အပြင် အစားအစာနဲ့ အခြားဝန်ဆောင်မှုတွေ ရရှိနိုင်တဲ့ နေရာတခုဆိုတာ အားလုံးသိပြီးသားပါ။ ဟိုတယ်တွေဟာ အလွန်ဆုံးအနေနဲ့ ဒီဘက် ရာစုနှစ်တွေမှာမှ စတင်ပေါ်ပေါက်လာတာ လို့ ထင်စရာရှိပေမယ့် ကမ္ဘာပေါ်က အစောဆုံးဟိုတယ်အဖြစ် သတ်မှတ်ခံထားရတဲ့ ဒီဟိုတယ်ကတော့...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ
Knowledge

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ

အရင်တခါကတော့ ကမ္ဘာ့အကြီးဆုံး ဘောလုံးကွင်းကြီး ၁၀ ခု ရဲ့ အကြောင်းကို တင်ခဲ့ပြီးပါပြီ။ ဒီတခါတော့ ပရိသတ်ဝင်ဆံ့မှုအရ ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီး ၅ ခုရဲ့ အကြောင်း ကို ထပ်ပြီးတော့ ဝေမျှလိုက်ပါတယ်။ အားကစား ဆိုတဲ့အတွက်ကြောင့်...

မြန်မာပြည်မြောက်ဖျားက ဆီနှင်းများ ဖုံးလွှမ်းနေတဲ့ ရွာကလေး
Places

မြန်မာပြည်မြောက်ဖျားက ဆီနှင်းများ ဖုံးလွှမ်းနေတဲ့ ရွာကလေး

ရေးသားသူ - Wai Lin Photo - Sar Aung Marphang မြန်မာပြည်အစွန်အဖျားမှာ ဆီနှင်းတွေ အမြဲဖုံးလွှမ်းနေတဲ့ ရွာလေးတစ်ရွာရှိပါတယ်။ သွားရေလာရေးခက်ခဲပေမယ့် ဥရောပလို လှပတဲ့ ဆီနှင်းတွေရှိတဲ့ ရွာလေးပါ။ ရွာနာမည်က ရှိန်းခေါင်ဖြစ်ပြီး လူဦးရေ ၁၅၀၀...

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!