Sunday, April 11, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

တောင်အမေရိကရဲ့ အကျော်ကြားဆုံးနေရာ (၈)ခု

by Thutamm
January 5, 2020
Reading Time: 2min read
0
တောင်အမေရိကရဲ့ အကျော်ကြားဆုံးနေရာ (၈)ခု
Share on FacebookShare on Twitter

တောင်အမေရိကတိုက်ရဲ့ နာမည်ကျော် လည်ပတ်စရာတွေအကြောင်း ဆိုလိုက်တာနဲ့ အားလုံးက ပီရှုးနိုင်ငံက Machu Picchu ကိုသာတန်းပြီးသိကြပါတယ်။ အမှန်လည်း Machu Picchu ဟာကမ္ဘာသမိုင်းမှာအဖိုးမဖြတ်နိုင်တဲ့ ရှေးဟောင်းအမွေအနှစ်များစွာနဲ့ ယနေ့တိုင် သိပ္ပံပညာရှင်တွေကို ခေါင်းစားစေတဲ့အံ့ဖွယ် ဒေသတစ်ခုလည်း ဖြစ်ပါတယ်။ လူသိနည်းတဲ့အချက် ကတော့ တောင်အမေရိကမှာ Machu Picchu အပြင်အခြားထင်ရှားတဲ့နေရာအများအ ပြားကျန်ရှိနေတယ် ဆိုတဲ့အချက် ဖြစ်ပါတယ်။ ဒီနေရာမှာ မျှဝေပေးချင်တာကတော့ တောင်အမေရိကတိုက်ရဲ့  ထင်ရှားတဲ့ နေရာ(၈) ခု ရဲ့အကြောင်းအရာအချို့ပဲဖြစ်ပါတယ်။

(၈) Perito Moreno ရေခဲမြစ်

တောင်အမေရိကတိုက်ရဲ့အကြီးဆုံးနဲ့ အံ့ဖွယ်အကောင်းဆုံးသော Perito Moreno ရေခဲမြစ်ဟာ (၁၉) မိုင်ရှည်လျားပြီး(၂၄၀)ပေအနက် ရှိပါတယ်။ ဒီရေခဲမြစ်ကြီးဟာ အာဂျင်တီးနားနိုင်ငံ ဆန်တာခရုဒ်ပြည်နယ်အတွင်းက နာမည်ကျော် Los Glaciares အမျိုးသားဥယျာဉ်ကြီးရဲ့နယ်မြေတစ်စိတ်တစ်ပိုင်းအဖြစ်ပါဝင်နေပြီးမြစ်ရဲ့စီး ဆင်းတဲ့ ဧရိယာတင် (၉၇)စတုရန်းမိုင်အထိကိုဖြတ်သန်းစီးဆင်းပါတယ်။ အံံ့သြစရာကောင်းတာ ကတော့ Perito Moreno ရေခဲမြစ်ရဲ့အဓိကရေအရင်းအမြစ်ဖြစ်တဲ့ ရေခဲထုတွေရဲ့ အစဉ် မပြတ်တည်ရှိမှုဖြစ်စဉ်တွေဖြစ်ပါတယ်။

Perito Moreno ရေခဲမြစ်ဟာ ကမ္ဘာပေါ်မှာဆို ရင်တော့ တတိယမြောက်ရချိုသယံဇာတအများဆုံးမြစ်အဖြစ်တည်ရှိနေသလို အာဂျင် တီးနားနိုင်ငံရဲ့ကမ္ဘာလှည့်ခရီးသည်လာရောက်မှုအများဆုံးနေရာတွေအနက်ကတစ်ခု လည်းဖြစ်ပါတယ်။ Perito Morenoa ရေခဲမြစ်အတွင်းကို စက်လှေသင်္ဘောငယ်တွေ နဲ့သွားရောက်လည်ပတ်ပြီး သဘာဝပတ်ဝန်းကျင်အလှအပကိုတစ်ဝကြီးခံစားနိုင်ပါသ လို ရာသီဥတုပူနွေးတဲ့နွေရာသီကာလတွေနဲ့တိုက်ဆိုင်ခဲ့ရင်တော့ မြစ်အတွင်းမှာ အရွယ်အစားကြီးမားပြီးအရည်ပျော်နေတဲ့ ရေခဲတောင်အပိုင်းအစကြီးတွေကို မြင်တွေ့ နိုင်မှာဖြစ်ပါတယ်။

(၇) Atacama သဲကန္တာရ

ချီလီနိုင်ငံမြောက်ပိုင်းမှာတည်ရှိတဲ့ Atacama သဲကန္တာရဟာ ဝင်ရိုးစွန်းဒေသမှာ တည်ရှိတဲ့ ကမ္ဘာအခြောက်သွေ့ဆုံးကန ္တာရအဖြစ်သတ်မှတ်ခြင်းကိုခံထားရပါတယ်။ မိုးခေါင်တဲ့ ဒေသတစ်ခုအဖြစ်လည်းရှိနေတဲ့ Atacamaရဲ့ဝန်းကျင်ဒေသဟာ ဆားကန်တွေ၊နက်ရှိုင်း တဲ့ချောက်နက်ကြီးတွေ၊သဲတောင်ကြီးတွေနဲ့ပြည့်နှက်လျက်ရှိနေပြီး စတုရန်းမိုင် (၄၁၀၀၀)မိုင်လောက် ကျယ်ဝန်းပါတယ်။ ဒီဒေသဟာ အပူချိန်ပြောင်းလဲမှုအလွန်များ ပြားပြီး (၂၆)ဒီဂရီဆဲစီးရတ်ကနေ (-၂)ဒီဂရီဆဲစီးရတ်အထိဖြစ်သွားနိုင်တဲ့ ကန ္တာရဒေသ တစ်ခုအဖြစ်လည်းရှိနေပါတယ်။

မယုံနိုင်စရာကောင်းတဲ့အချက်လက်ကတော့ Atacama ရဲ့နှစ်စဉ်ပျှမ်းမျှမိုးရေချိန်လက်မဟာ (၁)မီလီမီတာပဲ ရှိနေတာဖြစ်ပါတယ်။ လေထု ညစ်ညမ်းမှုကင်းစင်တဲ့ ကောင်းကင်ကြောင့် Atacama ဟာ တောင်အမေရိကရဲ့ ထိပ် တန်းအပန်းဖြေစခန်းတစ်ခုအဖြစ်ရှိနေပါတယ်။ ဒါအပြင် သိပ္ပံပညာရှင်တွေရဲ့ နက္ခတ် တာယာ၊မိုးလေဝသစောင့်ကြည့်ရေး အဆောက်အအုံများစွာဟာလည်း အဲဒီ Atacama ကန ္တာရအတွင်းမှာပဲရှိနေတာကိုတွေ့ရပါတယ်။

The Valle de la Luna (တစ်နည်း) လရောင်တောင်ကြားလို့နာမည်ကျော်တဲ့နေရာကလည်း Atacama ဒေသအတွင်းမှာပဲ တည်ရှိနေပြီး ယင်းကနေ (၁၅)ကီလိုမီတာခန့်အကွာမှာဆိုရင် San Pedro de Atacama မြို့တည်ရှိနေပါတယ်။ အဲဒီနေရာဟာ လရောင်အောက်မှာ ဆိုရင်ကျယ်ပြန်တဲ့သဲပြင်ကြီးတွေ၊သဘာဝကျကျတည်ရှိနေတဲ့ ကျောက်သား ဖွဲ့စည်းပုံ တွေနဲ့အတူ တောင်အမေရိကရဲ့အလှဆုံးရှုခင်းတွေကိုဖန်တီးပေးပါတယ်။

(၆) Rio de Janeiro ရီယိုဒီဂျနေးရိုး

ဘရာဇီးနိုင်ငံက Rio de Janeiro မြို့တော်လို့ကြားသိရရင် အရင်ဆုံးပြေးမြင်မိမှာက Christ The Redeemer လို့သိကြတဲ့ (၉၈)ပေအမြင့်ရှိတဲ့ Jesus Christ ရဲ့ရုပ်ထုကြီး ဖြစ်ပါတယ်။ ကမ္ဘာအံ့ဖွယ်(၇)ပါးမှာ တစ်ပါးအပါအဝင်ဖြစ်တဲ့ ဒီရုပ်ထုကြီးဟာ ပေပေါင်း (၂၃၀၀)လောက်မြင့်မားတဲ့ Corcovada တောင်ထိပ်မှာတည်ရှိပြီး Rio de Janeiro မြို့ ရဲ့အမှတ်အသား၊ ကမ္ဘာငြိမ်းချမ်းရေးအတွက်အမှတ်အသားသင်္ကေတအဖြစ်လည်းရှိနေ ပါတယ်။

Rio de Janeiro နဲ့ပတ်သတ်လို့ နောက်ထပ်ထင်ရှားတာကတော့ ဒီမြို့တော်ကြီးဟာ ကမ္ဘာ အကောင်းဆုံး ပင်လယ်ကမ်းခြေအပန်းဖြေစခန်းတွေတည်ရှိရာအရပ်လည်းဖြစ်နေတယ် ဆိုတဲ့အချက်ပါ။ Copacabana ကမ်းခြေဟာ Rio de Janeiroရဲ့အကောင်းဆုံးနေရာ တစ်ခုဖြစ်ပြီး ပန်းချီကားဆန်ဆန်တောင်တန်းတွေဝန်းရံတဲ့အနေအထားနဲ့တည်ရှိပါတယ်။ Copacabana ကမ်းခြေဟာ (၂.၅)မိုင်လောက်ရှည်လျားပြီး နှစ်သစ်ကူး (new year) ကာလတွေမှာဆိုရင် ကမ္ဘာအနှံ့ကခရီးသွားများစွာလာရောက်အပန်းဖြေလေ့ရှိပါတယ်။ ဒီကမ်းခြေအတွင်းမှာပဲဘောလုံးကစားနည်း၊ဘော်လီဘောကစားနည်း၊ရေလွှာ လျှောစီးခြင်းပြုလုပ်လိုသူတွေအတွက် လိုအပ်တဲ့အထောက်အကူပစ္စည်းအားလုံးကို စီမံပေးထားပါတယ်။

Rio de Janeiro မြို့ဟာကမ္ဘာပေါ်မှာအကြီးဆုံး Carnival ပွဲတော်ကြီးကျင်းပရာနေရာဖြစ်ပါတယ်။ ဒီပွဲတော်ကိုတော့ အီစတာပွဲတော်မစခင် ရက်ပေါင်း (၄၀) ရက်အလို သောကြာနေ့ကနေစတင်ပြီး ဗုဒ္ဓဟူးနေ့တွေမှာအဆုံးသတ်လေ့ရှိပါတယ်။ ကမ္ဘာကျော်ပွဲတော်တစ်ခုဖြစ်တဲ့ Rio Carnival ကိုနှစ်စဉ်လူ(၂)သန်းနီးပါး ပါဝင်ဆင်နွှဲ လေ့ရှိကြပြီး Samba တေးသွားတွေကတော့ ဒီပွဲတော်ရဲ့ ဆွဲဆောင်မှုရှိတဲ့အမှတ်အသား ဖြစ်ပါတယ်။ နှစ်စဉ်ကွဲပြားတဲ့ ဆန်ဘာတီးဝိုင်း(၂၀၀)ကျော်လောက်ကဒီပွဲတော်မှာ ပါဝင်ဖြေဖျော် လေ့ရှိကြပါတယ်။

မြို့ရဲ့ဧရိယာစုစုပေါင်း (၁၂.၄)စတုရန်းမိုင်ကျယ်ဝန်းပြီး Tijuca သစ်တောဟာ မြို့တော် ဧရိယာအတွင်းမှာ ထူးထူးခြားခြားပါဝင်နေပါတယ်။ မြို့ပြဧရိယာမှာရှိတဲ့ ကမ္ဘာအကြီးဆုံး သစ်တောအဖြစ်သတ်မှတ်ခံထားရတဲ့ Tijucaဟာ (၁၉၆၁) ခုနှစ်က တည်းက အမျိုးသားပန်းခြံအဖြစ်သတ်မှတ်ဂုဏ်ပြုခြင်းခံရပါတယ်။ သစ်တောအတွင်းမှာ ဆိုရင်ရာပေါင်းများစွာတိရိစ္ဆာန်နဲ့အပင်မျိုးစိတ်တွေရှင်သန်တည်ရှိနေကြပြီး ရေတံခွန် တွေ၊ ကျောက်သားလိုဏ်ဂူတွေ၊မြင့်မားတဲ့တောင်ထိပ်တွေပါ ဆက်စပ်တည် ရှိနေတာကိုတွေ့ရမှာပါ။

(၅) Angle Falls

ဗင်နီဇွဲလားနိုင်ငံအရှေတောင်ပိုင်းက Canaima အမျိုးသားဥယျာဉ်ရဲ့ အစိတ်အပိုင်းတစ်ခု အနေနဲ့မှာတည်ရှိတဲ့ Angle ရေတံခွန်ဟာ ၃၂၁၂ပေ မြင့်မားပြီး ကမ္ဘာပေါ်မှာ တော့အမြင့်ဆုံးရေတံခွန်အဖြစ်ရှိနေပါတယ်။ Angle Falls ဟာတောနက် နက်ရဲ့အလည်မှာရှိနေတာကြောင့် အလွယ်တကူသွားရောက်ဖို့တော့မလွယ်ကူပါဘူး။ ဒေသခံတွေရဲ့အကူအညီနဲ့ ခြေကျင်ခရီးဖြင့်သာသွားရောက်နိုင်မှာဖြစ်ပြီး ငွေကြေးတတ် နိုင်သူ အချို့အတွက်ကတော့ ဟယ်ရီကော်ပတာ ခရီးစဉ်တွေတော့ ထားရှိပါတယ်။

Angle Falls ကိုရောက်ရင်တော့ သွားရောက်သူတွေအတွက် အချည်းအနှီးမဖြစ်အောင် ရင်လှိုက်ဖိုစရာကောင်းလွန်းတဲ့ရေတံခွန်ကြီးရဲ့အလှအပကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီရေတံခွန်ရဲ့မူလနာမည်ကတော့ Jimmy ရေတံခွန်ဖြစ်ပါတယ်။ Jimmy ဆိုတာက ဒီရေ တံခွန်ကို (၁၉၃၃)ခုနှစ်ကပထမဆုံး ရှာတွေ့သူကိုဂုဏ်ပြုပြီးခေါ်ဆိုရာကနေ နောက် ပိုင်းမှာတော့ Angle Falls (နတ်သမီး)ရေတံခွန်ရယ်လို့ဖြစ်လာပါတယ်။ မိုးရာသီ ရောက်ချိန်မှာတော့ Angle Fallsဟာ ရေလမ်း(၂)ခုအဖြစ်ခွဲဖြာစီးဆင်းပါတယ်။ ဒီအချိန် ရေတံခွန်အောက်ကိုသွားရောက်သူအနေနဲ့ (၁)ကီလိုမီတာအကွာကကျရောက်တဲ့ ရေ ရဲ့ရိုတ်ခတ်မှုဒဏ်ကိုခံရပါမယ်။ ပူပြင်းတဲ့အချိန်တွေမှာဆိုရင်တော့ ရေတံခွန်ထိပ်က ရေတွေဟာရေငွေပျံခြင်းဖြစ်စဉ်မျိုးတွေကြုံတွေ့ရတာကြောင့် ရေစီးဆင်းနှုန်းကျဆင်း သွားလေ့ရှိပါတယ်။

(၄) Galapagos Islands

Galapagos Island ကတော့မီးတောင်ကျွန်းတွေနဲ့ ကျွန်းငယ်လေးတွေ စုပေါင်းထားတဲ့ ကျွန်းစုတစ်ခုဖြစ်ပြီး တောင်အမေရိကတိုက်နဲ့ကုန်းမကြီးရဲ့တောင်ပိုင်းမိုင်(၆၂၀)မိုင် လောက်ဝေးကွာတဲ့ ပစိဖိတ်သမုဒ္ဒရာအတွင်းမှာသီးသန့်အနေအထားနဲ့ တည်ရှိပါတယ်။ လူသူအရောက်အပေါက်နည်းပါးပြီး ပြုပြင်ထိန်းသိမ်းသူနည်းပါးတဲ့ ပတ်ဝန်းကျင်က Galapagos Islandsကို တောရိုင်းသာသာဝန်းကျင်အဖြစ်ဖန်တီးပြီးအပင်နဲ့တိရိစ္ဆာန် သီးသန့်မျိုးစိတ်များစွာရဲ့ ရှင်သန်ကြီးထွားမှုဖြစ်စဉ်ဟာ ဒီနေရာမှာအစဉ်တစ်စိုက်ဖြစ်ပေါ်နေပါတယ်။ ကုန်းလိပ်၊ဖွတ်၊ Galapagos ပင်လယ်ဖျံ၊မပျံသန်းနိုင်တဲ့ တင်ကျီးကန်း၊ Darwin finches (စာမျိုးဝင် ငှက်ငယ်တစ်မျိုး) စတဲ့ကမ္ဘာရှားပါးတိရိစ္ဆာန်မျိုးစိတ်တွေ ဟာယနေ့အချိန်ထိ Galapagos Islands မှာရှင်သန်တည်ရှိနေကြပါတယ်။

Galapagos Islands ကျွန်းစုအတွင်းကတိရိစ္ဆာန်တွေအတွင်းမှာတော့ Galapagos tortoise (ကုန်းလိပ်) မျိုးတွေဟာ အကြီဆုံးဖြစ်ကြပြီး အရွယ်ရောက်ပြီးကုန်းလိပ်တစ် ကောင်ရဲ့ အလေးချိန်တင် (၄၁၇)ကီလိုဂရမ်အလေးချိန်စီးပါတယ်။ ဒါကြောင့် Galapagos Islands မှာရှိတဲ့ကုန်းလိပ်တွေဟာ ကမ္ဘာပေါ်မှာအကြီးဆုံး ကုန်းလိပ်မျိုး နွယ်စာရင်းမှာ အကြီးဆုံးသောမျိုးစိတ်တွေ အဖြစ်မှတ်တမ်းဝင်သွားစေခဲ့ပါတယ်။ ဒါအပြင်ကမ္ဘာကျော် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်တစ်ယောက်ဖြစ်တဲ့ Charles Darwin ဟာ(၁၈၃၅)ခုနှစ်ကတည်းက ဒီကျွန်းကိုရောက်ရှိခဲ့ပြီး အပင်တိရိစ္ဆာန် မျိုးစိတ်အသစ်အဆန်းများစွာကို ကမ္ဘာကိုချပြနိုင်ခဲ့ပါတယ်။

နောက်ထပ်မှတ်သားစရာ အချက်တစ်ခုကတော့ Galapagos Islands ဟာ south Equatorial ၊ Humboldt Panama စတဲ့ သမုဒ္ဒရာရေစီးကြောင်းတွေလာရောက် စုဆုံတဲ့နေရာလည်းဖြစ်ပါတယ်။ ဒီလိုသမုဒ္ဒရာရေစီးကြောင်းတွေလာရောက်စုဆုံနေတာကြောင့် Galapagos Islands ရဲ့ ရာသီဥတုအခြေအနေဟာ ပုံသေမရှိပဲအမြဲပြောင်းလဲနေသလို တစ်မူထူးခြားတဲ့ ပင်လယ်ရေပြင်အဖြစ်ဖန်တီးပေးပါတယ်။ ဒီကျွန်းကိုလာရောက်လည်ပတ်မယ်ဆိုရင်တော့ သီးသန့်နေရာတစ်ခုကိုရောက်သွားသ လိုခံစားရမှာဖြစ်ပါတယ်။ကျွန်းရဲ့အလှအပတွေကို လိုက်လံကြည့်ရှုဖို့ဆန္ဒရှိမယ်ဆိုရင် တော့ မော်တော်ဘုတ်တစ်စီးကိုအသုံးပြုမှအဆင်ပြေနိုင်မှာပါ။

(၃) Iguazu ရေတံခွန်

အာဂျင်တီးနားနဲ့ဘရာဇီးနယ်စပ်မှာတည်ရှိတဲ့ Iguazu Falls ဟာကမ္ဘာအလှဆုံး ရေတံခွန်စာရင်းမှာပါဝင်နေပြီး Iguazu မြစ်အပေါ် မှာတည်ရှိပါတယ်။ (၁.၆၇)မိုင် ကျာ်ဝန်းတဲ့ Iguazu Falls ဟာ ရေတံခွန်ငယ်ပေါင်း (၂၇၅)ခုလောက်တဲ့ဖွဲ့စည်းထား တာဖြစ်ပြီး အများစုကတော့ အမြင့်ပေ (၂၁၀)ပေလောက်မြင့်ကြပါတယ်။ ရေတံခွန်ရဲ့ သုံးပုံ(၂)ပုံလောက်ဟာ အာဂျင်တီးနားရဲ့နယ်မြေအတွင်းပါဝင်နေပါတယ်။ Iguazu Falls ဟာ အမေရိကန်-ကနေဒါနယ်စပ်မှာတည်ရှိတဲ့ Niagara ရေတံခွန်ထက်ပိုမိုမြင့်မားသ လို(၂)ဆလောက်ပိုမိုကျယ်ဝန်းပါတယ်။

Iguazu ရေတံခွန်ဟာတစ်မိနစ်ကို (၁၇၅၆) ကျုပစ်မီတာလောက် ရေစီးနှုန်းအားရှိပြီး ရာသီဥတုအခြေအနေပေါ်မူတည်ပြီး တစ်မိ နစ်ကိုရေကျနှုန်း (၁၃၀၀၀)ကျုပစ်မီတာအထိလည်း ဖြစ်သွားတတ်ပါသေးတယ်။ Iguazu ရေတံခွန်ရဲ့စိတ်ဝင်စားစရာအကောင်းဆုံးအပိုင်းကတော့ Devil’s Throat လို့ ခေါ်တဲ့ (၁၅၀)မီတာလောက်ရှည်လျားပြီး မီတာ(၈၀)အမြင့်ရှိတဲ့ အင်္ဂလိပ်အက္ခရာ ယူ ပုံသဏ္ဍန် ချောက်နက်ကြီးဖြစ်ပြီး ယင်းအပိုင်းအတွင်းမှာတင်ရေတံခွန်(၁၄)ခုလောက် လှပစွာစီးဆင်းနေပါတယ်။ Iguazu ရေတံခွန်ကိုလည်ပတ်ကြည့်ရှုမယ်ဆိုရင်တော့ မော်တော်ဘုတ်တစ်စီးလိုအပ်မှာဖြစ်ပြီး သဘာဝအလှတရားကိုအနီးကပ်လေ့လာနိုင်မဲ့ တောင်အမေရိကတိုက်ရဲ့အကောင်းဆုံးသောနေရာတွေအနက်ကတစ်ခုဖြစ်ပါတယ်။

(၂) Salar De Uyuni

တောင်အမေရိကတိုက် ဘိုလစ်ဗီးယားနိုင်ငံ အနောက်တောင်ဘက်ပိုင်းမှာတည်ရှိတဲ့ Salar De Uyuni ဆားပြင်ကျယ်ကြီးဟာ စတုရန်းမိုင် (၄၀၈၆) မိုင်ကျယ်ဝန်းပြီး ကမ္ဘာ အကြီးဆုံးဆားပြင်အဖြစ်နာမည်ကျော်ပါတယ်။ ဆားပြင်ရဲ့အထူဟာ (၂)မီတာကနေ မီတာ (၂၀)လောက်အထိကိုရှိပြီးဓာက်ခဲအချို့မှာအသုံးပြုတဲ့ Lithiumဒြပ်စင် (၇၀)ရာခိုင်နှုန်းလောက်ဟာ Salar De Uyuni ကပဲရရှိနေတာဖြစ်ပါတယ်။ Salar De Uyuni ဖြစ်ပေါ်လာတဲ့မူလအစကတော့ လွန်ခဲတဲ့နှစ်ပေါင်း(၄၀၀၀၀)ကာလကတည်းက Lago Ballivian လို့သိကြတဲ့ဆားရေကန်ကြီး ခမ်းခြောက်သွားရာကနေဖြစ်ပေါ်လာရာ ဖြစ်ပြီး အဲဒီဆားပြင်ကြီးဟာ ဆားတန်ချိန်သန်းပေါင်း (၁၀)ဘီလီယံအထိရှိနေတယ်လို့ သိရပါတယ်။

ကမ္ဘာကျော် NASA အဖွဲ့ကတော့ Salar De Uyuni တည်ရှိရာနေရာမှာ လွှတ်တင်လိုက်တဲ့ဂြိုလ်တုတွေရဲ့ အနေအထားကို ကမ္ဘာကနေစောင့်ကြည့်တဲ့နေရာအ ဖြစ်အသုံးပြုလျှက်ရှိပါတယ်။ မိုးရာသီရောက်ချိန်မှာတော့ ကျဆင်းလာတဲ့မိုးရေတွေကြောင့် ဒီဆားပြင်ကြီးဟာ ပါးလွှာတဲ့ရေပြင်ညီငယ်လေးတစ်ခုဖြစ် သွားပြီး ကြည်လင်တဲ့ဆားရေကြည်လေးတွေ ဟာကောင်းကင်ကြီးရဲ့ အရိပ်ကိုတောင်လာရောက်ထင်ဟပ်စေပါတယ်။ ယင်းကာလ တွေမှာတော့ Salar De Uyuni ဟာ ကမ္ဘာမြေပြင်ရဲ့ သဘာဝကြည့်မှန်တစ်ချပ်ကြီးတစ်ခု အဖြစ် ဝန်းကျင်ဒေသကိုအလှဆင်ပါတယ်။

အဖြူရောင်ဆားတွေအပြည့်နဲ့ဝန်းကျင်ဟာ ကောင်းကင်ကနေကျရောက်တဲ့ အလင်းတန်းတွေနဲ့ပေါင်းစပ်လေ့ရှိတဲ့ Salar De Uyuni ဆားပြင်ကြီးဟာ လာရောက်သူအားလုံး အတွက် ရှုမျှော်ခင်းအသစ်အဆန်းတွေကို ကောင်းကင်ကကျရောက်တဲ့ အလင်းတန်း အပေါ်မီတည်ပြီး အချိန်ပြည့်ပြောင်းလဲဖမ်းစားနေမှာဖြစ်ပါတယ်။ ဒါအပြင် Salar De Uyuni ရဲ့နေဝင်ချိန်၊နေထွက်ချိန်တွေဟာလည်း အလွန်လှပတာကြောင့် တောင်အမေရိ ကတိုက်ရဲ့ ထိပ်တန်းရှုမျှော်ခင်းနေရာအဖြစ် ပါဝင်နေတာ မဆန်းဘူးလို့ဆိုရပါမယ်။

(၁) Machu Picchu

ပီရူးနိုင်ငံမှာတည်ရှိတဲ့ ကမ္ဘာကျော်ရှေးဟောင်းသမိုင်းဝင်နေရာတစ်ခုဖြစ်တဲ့ Machu Picchu ဟာတောင်အမေရိကတိုက်ရဲ့ လူစိတ်ဝင်စားမှုအများဆုံး နေရာတစ်ခုဖြစ်ပါ တယ်။ ရှေးအင်ကာလူမျိုးတွေရဲ့အံ့ဖွယ်ဖန်တီးမှုလက်ရာတွေဟာ ပင်လယ်ရေမျက်နှာ ပြင်ထက်အမြင့်ပေ (၇၉၇၂)ပေမှာရှိတဲ့ ပီရှုးရဲ့ Andes တောက်ပေါ်မှာတည်ရှိနေတာလည်းဖြစ်ပါတယ်။ Machu Picchu သမိုင်းဝင်နယ်မြေဟာ (၅.၀၉) စတုရန်းမိုင်အကျယ်ရှိပြီး များစွာသောရှေးဟောင်း ကျောက်တုံးဖွဲ့စည်းမှုပုံစံတွေ ၊ဘုရားကျောင်း တွေ၊ နန်းတော်တွေ၊သိုလှောင်ရုံတွေအထိပါဝင်နေပါတယ်။

Machu Picchu က အဆောက်အအုံတွေကိုတော့ (၁၅)ရာစုကာလက အင်ကာအင်ပါ ယာရဲ့ဘုရင် Pachacuti ကတည်ဆောက်ခဲ့တာဖြစ်ပြီး (၁၆)ရာစုရောက်ချိန်မှာတော့ ဥရောပက စပိန်တွေရဲ့ကျူးကျော်မှုကြောင့် Machu Picchuကိုစွန့်ခွာထွက်ပြေးသွားခဲ့ ပါတယ်။ (၁၉၁၁)ခုနှစ်မှာတော့ အမေရိကန်သမိုင်းပညာရှင် Hiram Bingham ကနေ Machu Picchuရဲ့နေရာတော်တော်များများကို ပြန်လည်မွမ်းမံခဲ့ပါတယ်။ (၁၉၈၃) ခုနှစ် မှတော့ Machu Picchu ဟာUNESCO ရဲ့ကမ္ဘာအမွေအနှစ်အဖြစ်သတ်မှတ်ပေးခြင်းခံခဲ့ ရပါတယ်။

Machu Picchu မှာတည်ဆောက်ထားတဲ့ကျောက်တုံးကြီးတွေဟာ အလွန်လေးလံကြီး မားကြပြီး အချို့ဆိုရင် တန်(၅၀)အထက်အလေးချိန်စီးကြပါတယ်။ အံ့သြသင့်စရာ ကောင်းတာကတော့ ဒီကျောက်တုံးကြီးများစွာကိုတစ်ခုနဲ့တစ်ခုထပ်ပြီး အဆောက်အဦးအဖြစ်ဖန်တီးရာမှာ အစီအစဉ်ကျပြီး တိကျအောင် အင်ကာတွေဘယ်လိုနည်းတွေကို အသုံးပြုတည်ဆောက်ခဲ့သလဲ ဆိုတာဖြစ်ပါတယ်။ ယင်းကာလက မော်တာကဲ့သို့သော အဆင့် မြင့်ဆောလုပ်ရေးလုပ်ငန်းသုံးကိရိယာတွေမပေါ်သေးသလို အင်ဂျင်နီယာနည်းပညာ ဆိုတာလည်း မရှိသေးပါဘူး။ ကျောက်သားထုထည်အကြီးကြီးတွေကို လိုအပ်တဲ့ ပုံသဏ္ဍာန်ရအောင် အင်ကာလူမျိုးတွေဟာ ဘာတွေကိုအသုံးပြုဖြတ်ထုတ်ခဲ့ကြပါသလဲ။ ဒီမေးခွန်း ဟာ သိပ္ပံပညာရှင်၊သမိုင်းသုသေသီတွေ လက်ရှိအချိန်ထိ မဖြေရှင်းနိုင်သေးတဲ့ မေးခွန်း လည်းဖြစ်ပါတယ်။

Machu Picchu အဆောက်အအုံတွေတည်ရှိရာအရပ်ကို လာရောက်ဖို့ဆိုရင် အကောင်းဆုံးနည်းကတော့ တောင်တက်ခရီးစဉ်ကနေသွားရောက်ဖို့ ဖြစ်ပါတယ်။ အဲဒီတောင်တက်ခရီးစဉ်ဟာ(၂၆)မိုင်ရှည်လျားပြီး အနည်းဆုံး(၄)ညအိပ်(၅)ရက် ခရီးလောက် အချိန်ပေးပြီးတက်ရမှာဖြစ်ပါတယ်။ ဒါကြောင့်လာရောက်လည်ပတ်သူ တွေအနေနဲ့ကတော့ တောင်တက်ခရီးစဉ်အတွင်းမှာပဲ ပီရှုးနိုင်ငံရဲ့တောင်စွယ်တောင် တန်းတွေရဲ့အလှအပနဲ့ စိမ်းစိုတဲ့တော၊တောင်၊ရေမြေသဘာဝကို ခံစားကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

သုတဇုန်

Tags: world places

Related Posts

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်
Places

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်

ဟိုတယ် ဆိုတာဟာ အပန်းဖြေ နားခိုဖို့အပြင် အစားအစာနဲ့ အခြားဝန်ဆောင်မှုတွေ ရရှိနိုင်တဲ့ နေရာတခုဆိုတာ အားလုံးသိပြီးသားပါ။ ဟိုတယ်တွေဟာ အလွန်ဆုံးအနေနဲ့ ဒီဘက် ရာစုနှစ်တွေမှာမှ စတင်ပေါ်ပေါက်လာတာ လို့ ထင်စရာရှိပေမယ့် ကမ္ဘာပေါ်က အစောဆုံးဟိုတယ်အဖြစ် သတ်မှတ်ခံထားရတဲ့ ဒီဟိုတယ်ကတော့...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ
Knowledge

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ

အရင်တခါကတော့ ကမ္ဘာ့အကြီးဆုံး ဘောလုံးကွင်းကြီး ၁၀ ခု ရဲ့ အကြောင်းကို တင်ခဲ့ပြီးပါပြီ။ ဒီတခါတော့ ပရိသတ်ဝင်ဆံ့မှုအရ ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီး ၅ ခုရဲ့ အကြောင်း ကို ထပ်ပြီးတော့ ဝေမျှလိုက်ပါတယ်။ အားကစား ဆိုတဲ့အတွက်ကြောင့်...

မြန်မာပြည်မြောက်ဖျားက ဆီနှင်းများ ဖုံးလွှမ်းနေတဲ့ ရွာကလေး
Places

မြန်မာပြည်မြောက်ဖျားက ဆီနှင်းများ ဖုံးလွှမ်းနေတဲ့ ရွာကလေး

ရေးသားသူ - Wai Lin Photo - Sar Aung Marphang မြန်မာပြည်အစွန်အဖျားမှာ ဆီနှင်းတွေ အမြဲဖုံးလွှမ်းနေတဲ့ ရွာလေးတစ်ရွာရှိပါတယ်။ သွားရေလာရေးခက်ခဲပေမယ့် ဥရောပလို လှပတဲ့ ဆီနှင်းတွေရှိတဲ့ ရွာလေးပါ။ ရွာနာမည်က ရှိန်းခေါင်ဖြစ်ပြီး လူဦးရေ ၁၅၀၀...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!