Sunday, April 18, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

တောင်အာဖရိက က စိန်ပန်းပြာမြို့တော်

by Thutamm
August 18, 2019
Reading Time: 1min read
0
တောင်အာဖရိက က စိန်ပန်းပြာမြို့တော်
Share on FacebookShare on Twitter

ရေးသားသူ – ကိုသက်နိုင်ဦး (မုံရွာတက္ကသိုလ်)

ပရီတိုးရီးယား (Pretoria) ဆိုတာ တောင်အာဖရိကနိုင်ငံ မြောက်ပိုင်း Apies မြစ်ကမ်းပေါ်မှာရှိတဲ့ မြို့လေးတစ်မြို့ဖြစ်ပါတယ်။ စတုရန်းမိုင် ၂၆၅ ကျယ်ဝန်းပြီး လူဦးရေ ၈သိန်းခန့်နေထိုင်တဲ့ မြို့ပါ။ Pretoria ဆိုတဲ့မြို့ရဲ့အမည်ကိုတော့ Voortrekker လူမျိုးတို့ရဲ့ခေါင်းဆောင် သူရဲ့ကောင်း Andries Pretorius ကို ဂုဏ်ပြုတဲ့အနေနဲ့ ပေးထားခြင်းဖြစ်ပေမယ့် ဒီမြို့ကိုအများစုခေါ်ကြတဲ့နာမည်က Jacaranda City  စိန်ပန်းပြာမြို့ ဖြစ်ပါတယ်။

အောက်တိုဘာလ နှင့် နိုဝင်ဘာလ ရောက်ရင် တောင်အာဖရိက နိုင်ငံရှိ Pretoria မြို့လေးဟာ ခရမ်းပြာရောင် အခင်းကြီးအဖြစ်ပြောင်းလဲသွားတော့တယ်၊ ဘာဖြစ်လို့ လည်း ဆိုတော့ မြို့ပေါ်ရှိ စိန်ပန်းအပြာတွေ တပြိုင်နက် ပွင့်ကြလို့ဖြစ်တယ်။ လမ်းဘေး ဝဲယာ ဥယျာဉ် ပန်းခြံ ကုန်ကုန်ပြောရရင် တမြို့လုံး စိန်ပန်းအပြာတွေသာစိုက်ထားကြတယ်။

ကြွေကျနေတဲ့ ပန်းပြာပြာတွေက အပြာရောင် ကတ္တီပါ အခင်းပမာဖြစ်စေတယ်၊ ပျားတွေ ပိတုံးတွေကလည်း ဝတ်ရည် သောက်သုံးဖို့ လာရောက်ကြတယ်။ စိုက်ထားတဲ့အပင်အရေအတွက်ကိုလည်းကြည့်ပါဦး အပင် လေးသောင်း ကနေ ၇သောင်း လောက်အထိကိုရှိတယ်။ ဒါ့ကြောင့်လည်း မြို့လေးအမည်ကို Jacaranda City စိန်းပြာမြို့တော်လို့ခေါ်တာပဲဖြစ်တယ်။ ဆောင်းနှောင်းရာသီ နွေဦးအစမှာ ပွင့်သောပန်းက ရက် သတ္တပါတ် ၈ ပတ် ကြာသည့်တိုင် လှပနေစေတယ်။

Jacarandas စိန်ပန်းအပြာ တွေက South America ဒေသက အပင်တွေဖြစ်တယ်။  သမိုင်းကြောင်းမှာတော့ ၁၈၈၀ ခုနှစ်လောက်တုန်းက ဒီအပင်တွေကို အာဂျင်တီးနားကနေ သယ်လာခဲ့တယ်။ အပင် ၂ပင်ကို Arcadia မှာရှိတဲ့ကျောင်းမှာစိုက်ခဲ့တယ်။ လှပလွန်းတာမို့ a street tree အဖြစ်ထင်ရှားခဲ့တယ်။ နောင်တော့ Pretoria မြို့လေးရဲ့ နေရာတိုင်းမှာ စိန်ပန်းအပြာတွေစိုက်ကြတယ်။ ဘယ်လောက်တောင် လွှမ်းမိုးသလည်းဆိုရင် အဲဒီက ဒီအသံလွှင့်ဌာနကိုတောင် စိန်ပန်းပြာ FM (Jacaranda FM) လို့ပေးထားတယ်။

Pretoria မြို့က တက္ကသိုလ်တွေမှာ ဆိုစကား ရှိကြတယ်။ ကျောင်းသားအများစုသိထားတာကတော့ စိန်ပန်းအပြာတွေပွင့်ချိန်ဟာ တနှစ်တာ၏ စာမေးပွဲကြီး၏ နောက်ဆုံးရက်တွေဖြစ်နေတာပါပဲ။ ပန်းတွေကြည့်ပြီးဝမ်းနည်းသလိုခံစားကြရတယ်၊ မကြာခင်ချစ်သူခင်သူတွေ ခွဲကြရတော့မယ်။ နောက်ပြီး ပိုအရေးကြီးတာက စာမေးပွဲကြီးအတွက် စာကျက်ကြဖို့ တပ်လှန့် ပေးနေသယောင်ယောင်ဖြစ်နေတယ်။

ယုံကြည်မှုတခုကတော့ စိန်ပန်းအပြာပန်း တွေများ မတော်တဆများ ခေါင်းပေါ်ကြွေကျခဲ့သော် စာမေးပွဲကြီးမှာ ဂုဏ်ထူးတွေနဲ့ အောင်နိုင်မယ် ဆိုပြီးယုံကြည်ကြတယ်။ ကျနော့် အထင်ပြောရရင် ကျောင်းသားတွေစာကျက်ရင် ပန်းပွင့်နေတဲ့ အပင်အောက်ကို သွားကြမယ်လို့များ ကလေးအတွေးနဲ့ထင်နေမိတယ်။

စိန်ပန်းအပြာက ဒေသအပင်မဟုတ် တိုင်းတပါးကနေ လာသောအပင် ၊ တနည်းဆိုသော် invader plant အဖြစ်သတ်မှတ်နိုင်သည်၊ ဒါ့ကြောင့်လည်း ဒီအပင်တွေ ဝင်ရောက် လာခြင်းကို ခွင့်မပြုသင့်ခဲ့ပါ။ ဒါပေမည့် ဒီမြို့လေးကတော့ ဒေသမျိုးမဟုတ်သည့် စိန်ပန်းအပြာများနဲ့ ကမ္ဘာကျော်လို့နေပြန်တယ်။

[ Pretoria ဟာ အာဖရိကနိုင်ငံရဲ့ မြို့တော် တစ်ခုလည်းဖြစ်ပါတယ်။ မြို့တော်တစ်ခုလို့ ဆိုရတာကတော့ တောင်အာဖရိကနိုင်ငံမှာ မြို့တော်က ၃ခု ဖြစ်နေလို့ပါ။ အဲဒါတွေကတော့ ကိပ်တောင်း(ဥပဒေပြုရေးမြို့တော်) ၊ ဘလွန်းဖောင်တိန်း (တရားစီရင်ရေးမြို့တော်) နဲ့ Pretoria(အုပ်ချုပ်ရေးမြို့တော်) ဆိုပြီးတော်ပါ။ ]

VIDEO

ကိုသက်နိုင်ဦး (မုံရွာတက္ကသိုလ်)

Tags: cities

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!