ရေးသားသူ – မေပိုးဝါ
အင်္ဂလိပ်လူမျိုးသမားတော်ကြီး အက်ဒဝပ်ဂျင်နာဟာ ကာကွယ်ဆေးထိုးပေးခြင်းဖြင့် ကြောက်မက်ဖွယ်ကောင်းတဲ့ကျောက်ရောဂါ (small pox) ကိုကာကွယ်ဖို့နည်းကိုတီထွင်ပြီး အများအသုံးပြုအောင်လုပ်ခဲ့သူဖြစ်ပါတယ်။
အခုဆိုကျောက်ရောဂါဟာ ကမ္ဘာမြေပြင်ကပျောက်ကွယ်သလောက်ရှိနေပေမယ့် အရင်ကဆို ကျောက်ရောဂါဟာ လူသားတွေကိုကြောက်မက်ဖွယ်အန္တရာယ်ပေးတဲ့ ရောဂါဆိုးကြီးပါ။ ကျောက်ရောဂါဟာ သိပ်ကိုပျံ့နှံ့နေတော့ ဥရောပတိုက်မှာရှိတဲ့လူအများစုဟာ ဒီရောဂါကို သူတို့ဘဝမှာ တစ်ကြိမ်တော့ အနည်းဆုံးဖြစ်တတ်ကြပါတယ်။ နောက်ပြီး ဒီရောဂါဟာ သိပ်ပြီးပြင်းထန်လွန်းတော့ ဒီရောဂါရတဲ့သူတွေ အနည်းဆုံး ၁၀% ကနေ ၂၀% ဟာ သေဆုံးကြပါတယ်။
အသက်ရှင်ကျန်ခဲ့တဲ့သူတွေထဲမှာ ၁၀% သို့မဟုတ် ၁၅% အထိဟာ ကျောက်ပေါက်မတွေကြောင့် ရုပ်ပျက်ဆင်းပျက်ဖြစ်ရပါတယ်။ ကျောက်ရောဂါဟာ ဥရောပတိုက်မှာသာဖြစ်တာမဟုတ်ပါဘူး။ မြောက်အမေရိက၊ အိန္ဒိယ၊ တရုတ်ပြည်နဲ့ ကမ္ဘာအရပ်ရပ်မှာကျရောက်တဲ့ ကပ်ဆိုးကြီးပါပဲ။ ဘယ်နေရာမှာပဲဖြစ်ဖြစ် ကလေးတွေဟာ ဒီရောဂါရဲ့ဒဏ်ကို အများဆုံးခံစားရပါတယ်။ အက်ဒဝပ်ဂျင်နာ ကြောင့်သာ ဒိရောဂါဆိုးကြီးကို တိုက်ထုတ်ပစ်နိုင်ခဲ့တာပါ။
ဂျင်နာက ဂလောက်ကက်စတာရှိုင်းယားပြည်နယ်မှာ သမားတော်နဲ့ခွဲစိတ်ကုဆရာဝန်တစ်ယောက်ပါ။ ဂျင်နာဟာ သူနေတဲ့ဒေသတွင်းက နို့ရောင်းတဲ့မိန်းကလေးနဲ့ လယ်သမားတွေယုံကြည်ကြတဲ့ နွားကျောက်ရောဂါ (cowpox) ဖြစ်တဲ့သူတွေမှာ ကျောက်ရောဂါဘယ်တော့မှထပ်မဖြစ်တော့ဘူးဆိုတာကို အကျွမ်းဝင်ပြီးသားဖြစ်ပါတယ်။ နွားကျောက်ရောဂါက သိုး၊ နွားတွေမှာဖြစ်တတ်ပြီး လူတွေကိုကူးစက်နိုင်တဲ့ ကျောက်ရောဂါတစ်မျိုးပါ။ (နွားကျောက်ဟာ လူတွေကိုအန္တရာယ်မပြုနိုင်ပါ။ ဒီရောဂါရရင်ဖြစ်တတ်တဲ့ လက္ခဏာကတော့ အင်မတန်နုနယ်တဲ့ကျောက်ရောဂါရရင်ဖြစ်တတ်တဲ့ လက္ခဏာမျိုးနဲ့ဆင်ပါတယ်)။
ဂျင်နာက လယ်သမားတွေရဲ့ ယုံကြည်မှုသာမှန်ရင် လူတွေကိုနွားကျောက်ထိုးပေးခြင်းဟာ လူတွေကိုကျောက်ရောဂါမဖြစ်အောင် စိတ်ချရတဲ့ ကာကွယ်နည်းပဲဆိုတာ သဘောပေါက်ပါတယ်။ သူဟာ ဒီအကြောင်းအရာကို အသေအချာစုံစမ်းလေ့လာပြီး ၁၇၉၆ ခုနှစ်ရောက်တော့ ဒီအယူအဆဟာမှန်ကန်တယ်ဆိုတာ အသေအချာဟာ ယုံကြည်လာပါတယ်။ ဒါကြောင့် ဒီအချက်ကို တိုက်ရိုက်စမ်းသပ်ကြည့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
၁၇၉၆ခုနှစ်၊ မေလမှာ ဂျင်နာဟာ ဂျိမ်းဖစ် (James Phipps) ဆိုတဲ့ ၁၂ အရွယ် ယောက်ျားကလေးကို နို့ညှစ်မိန်းကလေးတစ်ယောက်ရဲ့လက်မှာရှိတဲ့ နွားကျောက်ပြည်ဖုထဲကထုတ်ထားတဲ့အရည်နဲ့ ဆေးထိုးပေးပါတယ်။ မျှော်လင့်ထားတဲ့အတိုင်းပဲ သူငယ်ကလေးဟာ နွားကျောက်ရောဂါဖြစ်ပေမယ့် ချက်ချင်းပဲပြန်နေကောင်းလာပါတယ်။ ရက်သတ္တပတ်အနည်းငယ်ကြာတော့ ဂျင်နာက ဖစ်ကို ကျောက်ရောဂါဆေးထိုးပေးပါတယ်။ ဒီတစ်ခါလည်း သူမျှော်လင့်ထားသလိုပဲ ကလေးမှာ ဘာရောဂါ၊ လက္ခဏာမှ ဖြစ်လာတာကို မတွေ့ရပါဘူး။
နောက်ထပ်လေ့လာမှုတွေထပ်လုပ်ပြီးတော့ ဂျင်နာဟာ သူ့ရဲ့တွေ့ရှိချက်တွေကို (An Enquiry into the causes and of variolae) ဆိုတဲ့ စာအုပ်ကို ၁၇၉၈ ခုနှစ်မှာ ကန့်သတ်ဖြန့်ဝေပုံနှိပ်ခဲ့ပါတယ်။ အဲဒီစာအုပ်က ကျောက်ရောဂါကာကွယ်ဆေးထိုးတဲ့အလေ့အထ တစ်မုဟုတ်ချင်း ပျံ့နှံ့သွားအောင်လုပ်ခဲ့တာပါ။ ဂျင်နာဟာ ကာကွယ်ဆေးထိုးခြင်းနဲ့ပတ်သက်ပြီး နောက်ထပ်စာတမ်း ၅ စောင်ရေးခဲ့ပါတယ်။ သူဟာ သူ့ရဲ့နည်းနိဿယတွေကို ဖြန့်ဝေဖို့နဲ့ လူအများလက်ခံကျင့်သုံးဖို့ နှစ်ပေါင်းများစွာအချိန်ပေးဆောင်ရွက်ခဲ့ပါတယ်။
ကာကွယ်ဆေးထိုးခြင်းဟာ အင်္ဂလန်မှာ ချက်ချင်းပျံ့နှံ့သွားပြီး ဗြိတိသျှတပ်နဲ့ ရေတပ်မှာ မထိုးမနေရလို့ပြဋ္ဌာန်းခဲ့ပါတယ်။ မကြာခင်မှာပဲ ဒီနည်းကို ကမ္ဘာ့ဒေသအများစုမှာ ပျံ့နှံ့ကျင့်သုံးခဲ့ကြပါတယ်။ ဂျင်နာဟာ သူ့ရဲ့နည်းနိဿယကို ကမ္ဘာကိုအခမဲ့ဖြန့်ဝေခဲ့ပြီး အမြတ်အစွန်းရရှိအောင် မကြိုးစားခဲ့ပါဘူး။ ၁၈၀၂ခုနှစ်မှာတော့ ဗြိတိသျှပါလီမန်ဟာ သူ့အား ၎င်းအား ဆာဘွဲ့ အပြင် ဆုကြေးငွေ ပေါင် ၁၀၀၀၀ ချီးမြှင့်ခဲ့ပါတယ်။ နောက်နှစ်အနည်းငယ်ကြာတော့ ပါလီမန်က နောက်ထပ် ပေါင် ၂၀၀၀၀ ထပ်ပြီးချီးမြှင့်ခဲ့ပါတယ်။ ၁၈၂၁ ခုနှစ်မှာတော့ ဂျော့ဘုရင်ရဲ့ အထူးသမားတော်ကြီးအဖြစ် ခန့်ထားခြင်း ခံရပြန်ပါတယ်။
သူဟာ ကျောက်ရောဂါဘေးဆိုးကြီးကို တိုက်ထုတ်နိုင်တဲ့ဆေးနည်းကိုရှာဖွေတွေ့ရှိခဲ့ပေမယ့် သူ့ရဲ့ကိုယ်ကျိုးစီးပွားအတွက် အသုံးမချခဲ့ပါဘူး။ လူသားအားလုံး ကျန်းမာပျော်ရွှင်ရအောင် ကမ္ဘာကိုအခမဲ့ဖြန့်ဝေခဲ့ပါတယ်။ အပ်ဒဝပ်ဂျင်နာလိုနာမည်ကျော်သမားတော်ကြီးတစ်ယောက်ဟာ ကျေးလက်ယုံကြည်မှုတစ်ခုကို အရေးတယူပြုပြီး (မာနမကြီးဘဲ) ဖြစ်နိုင်မဖြစ်နိုင် အလေးအနက်ထားစဉ်းစားပေးခဲ့ပါတယ်။ အဲဒီလိုအလေးအနက်ထားစဉ်းစားပြီး စမ်းသပ်ကြည့်ပေးခဲ့လို့ ဒီကနေ့မှာဆို ကျောက်ရောဂါဟာ ကမ္ဘာမြေက ပျောက်ကွယ်လုနီးပါးဖြစ်ပြီး လူသားတွေမေ့လုနီးပါးတောင်ဖြစ်နေပါပြီ။ အက်ဒဝပ်ဂျင်နာရဲ့မြင့်မြတ်တဲ့စိတ်ဓာတ်ကို လှိုက်လှိုက်လှဲလှဲ လေးစားမိပါတယ်။
(အက်ဒဝပ်ဂျင်နာကို ဗြိတိန်နိုင်ငံ၊ ဂလောက်တက်စတာရှိုင်းယားပြည်နယ်၊ ဘာကလေမြို့မှာ ၁၇၄၉ခုနှစ်က မွေးဖွားခဲ့ပါတယ်။ အသက် ၁၂ နှစ်အရွယ်မှာ သူဟာ ခွဲစိတ်ကုဆရာဝန်တစ်ဦးရဲ့ အလုပ်သင်အဖြစ်စတင်ဆောင်ရွက်ခဲ့ပါတယ်။ နောက်တော့ ခန္ဓာဗေဒကိုလေ့လာပြီး ဆေးရုံတစ်ရုံမှာ အလုပ်လုပ်ခဲ့ပါတယ်။ ၁၇၉၂ခုနှစ် (၄၃)နှစ်မှာ စိန့်အင်ဒရူးတက္ကသိုလ်က ဆေးပညာဘွဲ့ရခဲ့ပါတယ်။ အသက် ၇၃နှစ် ၁၈၂၃ခုနှစ် အစောပိုင်းမှာ သူ့မွေးဇာတိ ဘာကလေမှာ ကွယ်လွန်ခဲ့ပါတယ်။ သားသမီး ၃ ယောက်ထွန်းကားခဲ့ပါတယ်။)
——– ——- ————
(Zawgyi)
လူသားတုိ႔အတြက္ ေက်ာက္ေရာဂါ ကာကြယ္ေဆးကို တီထြင္ေပးခဲ့သူ
ေရးသားသူ – ေမပိုးဝါ
အဂၤလိပ္လူမ်ိဳးသမားေတာ္ႀကီး အက္ဒဝပ္ဂ်င္နာဟာ ကာကြယ္ေဆးထိုးေပးျခင္းျဖင့္ ေၾကာက္မက္ဖြယ္ေကာင္းတဲ့ေက်ာက္ေရာဂါ (small pox) ကိုကာကြယ္ဖို႔နည္းကိုတီထြင္ၿပီး အမ်ားအသုံးျပဳေအာင္လုပ္ခဲ့သူျဖစ္ပါတယ္။
အခုဆိုေက်ာက္ေရာဂါဟာ ကမာၻေျမျပင္ကေပ်ာက္ကြယ္သေလာက္ရွိေနေပမယ့္ အရင္ကဆို ေက်ာက္ေရာဂါဟာ လူသားေတြကိုေၾကာက္မက္ဖြယ္အႏၲရာယ္ေပးတဲ့ ေရာဂါဆိုးႀကီးပါ။ ေက်ာက္ေရာဂါဟာ သိပ္ကိုပ်ံ႕ႏွံ႔ေနေတာ့ ဥေရာပတိုက္မွာရွိတဲ့လူအမ်ားစုဟာ ဒီေရာဂါကို သူတို႔ဘဝမွာ တစ္ႀကိမ္ေတာ့ အနည္းဆုံးျဖစ္တတ္ၾကပါတယ္။ ေနာက္ၿပီး ဒီေရာဂါဟာ သိပ္ၿပီးျပင္းထန္လြန္းေတာ့ ဒီေရာဂါရတဲ့သူေတြ အနည္းဆုံး ၁၀% ကေန ၂၀% ဟာ ေသဆုံးၾကပါတယ္။
အသက္ရွင္က်န္ခဲ့တဲ့သူေတြထဲမွာ ၁၀% သို႔မဟုတ္ ၁၅% အထိဟာ ေက်ာက္ေပါက္မေတြေၾကာင့္ ႐ုပ္ပ်က္ဆင္းပ်က္ျဖစ္ရပါတယ္။ ေက်ာက္ေရာဂါဟာ ဥေရာပတိုက္မွာသာျဖစ္တာမဟုတ္ပါဘူး။ ေျမာက္အေမရိက၊ အိႏၵိယ၊ တ႐ုတ္ျပည္နဲ႔ ကမာၻအရပ္ရပ္မွာက်ေရာက္တဲ့ ကပ္ဆိုးႀကီးပါပဲ။ ဘယ္ေနရာမွာပဲျဖစ္ျဖစ္ ကေလးေတြဟာ ဒီေရာဂါရဲ႕ဒဏ္ကို အမ်ားဆုံးခံစားရပါတယ္။ အက္ဒဝပ္ဂ်င္နာ ေၾကာင့္သာ ဒိေရာဂါဆိုးႀကီးကို တိုက္ထုတ္ပစ္ႏိုင္ခဲ့တာပါ။
ဂ်င္နာက ဂေလာက္ကက္စတာရႈိင္းယားျပည္နယ္မွာ သမားေတာ္နဲ႔ခြဲစိတ္ကုဆရာဝန္တစ္ေယာက္ပါ။ ဂ်င္နာဟာ သူေနတဲ့ေဒသတြင္းက ႏို႔ေရာင္းတဲ့မိန္းကေလးနဲ႔ လယ္သမားေတြယုံၾကည္ၾကတဲ့ ႏြားေက်ာက္ေရာဂါ (cowpox) ျဖစ္တဲ့သူေတြမွာ ေက်ာက္ေရာဂါဘယ္ေတာ့မွထပ္မျဖစ္ေတာ့ဘူးဆိုတာကို အကြၽမ္းဝင္ၿပီးသားျဖစ္ပါတယ္။ ႏြားေက်ာက္ေရာဂါက သိုး၊ ႏြားေတြမွာျဖစ္တတ္ၿပီး လူေတြကိုကူးစက္ႏိုင္တဲ့ ေက်ာက္ေရာဂါတစ္မ်ိဳးပါ။ (ႏြားေက်ာက္ဟာ လူေတြကိုအႏၲရာယ္မျပဳႏိုင္ပါ။ ဒီေရာဂါရရင္ျဖစ္တတ္တဲ့ လကၡဏာကေတာ့ အင္မတန္ႏုနယ္တဲ့ေက်ာက္ေရာဂါရရင္ျဖစ္တတ္တဲ့ လကၡဏာမ်ိဳးနဲ႔ဆင္ပါတယ္)။
ဂ်င္နာက လယ္သမားေတြရဲ႕ ယုံၾကည္မႈသာမွန္ရင္ လူေတြကိုႏြားေက်ာက္ထိုးေပးျခင္းဟာ လူေတြကိုေက်ာက္ေရာဂါမျဖစ္ေအာင္ စိတ္ခ်ရတဲ့ ကာကြယ္နည္းပဲဆိုတာ သေဘာေပါက္ပါတယ္။ သူဟာ ဒီအေၾကာင္းအရာကို အေသအခ်ာစုံစမ္းေလ့လာၿပီး ၁၇၉၆ ခုႏွစ္ေရာက္ေတာ့ ဒီအယူအဆဟာမွန္ကန္တယ္ဆိုတာ အေသအခ်ာဟာ ယုံၾကည္လာပါတယ္။ ဒါေၾကာင့္ ဒီအခ်က္ကို တိုက္႐ိုက္စမ္းသပ္ၾကည့္ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။
၁၇၉၆ခုႏွစ္၊ ေမလမွာ ဂ်င္နာဟာ ဂ်ိမ္းဖစ္ (James Phipps) ဆိုတဲ့ ၁၂ အ႐ြယ္ ေယာက္်ားကေလးကို ႏို႔ညႇစ္မိန္းကေလးတစ္ေယာက္ရဲ႕လက္မွာရွိတဲ့ ႏြားေက်ာက္ျပည္ဖုထဲကထုတ္ထားတဲ့အရည္နဲ႔ ေဆးထိုးေပးပါတယ္။ ေမွ်ာ္လင့္ထားတဲ့အတိုင္းပဲ သူငယ္ကေလးဟာ ႏြားေက်ာက္ေရာဂါျဖစ္ေပမယ့္ ခ်က္ခ်င္းပဲျပန္ေနေကာင္းလာပါတယ္။ ရက္သတၱပတ္အနည္းငယ္ၾကာေတာ့ ဂ်င္နာက ဖစ္ကို ေက်ာက္ေရာဂါေဆးထိုးေပးပါတယ္။ ဒီတစ္ခါလည္း သူေမွ်ာ္လင့္ထားသလိုပဲ ကေလးမွာ ဘာေရာဂါ၊ လကၡဏာမွ ျဖစ္လာတာကို မေတြ႕ရပါဘူး။
ေနာက္ထပ္ေလ့လာမႈေတြထပ္လုပ္ၿပီးေတာ့ ဂ်င္နာဟာ သူ႔ရဲ႕ေတြ႕ရွိခ်က္ေတြကို (An Enquiry into the causes and of variolae) ဆိုတဲ့ စာအုပ္ကို ၁၇၉၈ ခုႏွစ္မွာ ကန႔္သတ္ျဖန႔္ေဝပုံႏွိပ္ခဲ့ပါတယ္။ အဲဒီစာအုပ္က ေက်ာက္ေရာဂါကာကြယ္ေဆးထိုးတဲ့အေလ့အထ တစ္မုဟုတ္ခ်င္း ပ်ံ႕ႏွံ႔သြားေအာင္လုပ္ခဲ့တာပါ။ ဂ်င္နာဟာ ကာကြယ္ေဆးထိုးျခင္းနဲ႔ပတ္သက္ၿပီး ေနာက္ထပ္စာတမ္း ၅ ေစာင္ေရးခဲ့ပါတယ္။ သူဟာ သူ႔ရဲ႕နည္းနိႆယေတြကို ျဖန႔္ေဝဖို႔နဲ႔ လူအမ်ားလက္ခံက်င့္သုံးဖို႔ ႏွစ္ေပါင္းမ်ားစြာအခ်ိန္ေပးေဆာင္႐ြက္ခဲ့ပါတယ္။
ကာကြယ္ေဆးထိုးျခင္းဟာ အဂၤလန္မွာ ခ်က္ခ်င္းပ်ံ႕ႏွံ႔သြားၿပီး ၿဗိတိသွ်တပ္နဲ႔ ေရတပ္မွာ မထိုးမေနရလို႔ျပ႒ာန္းခဲ့ပါတယ္။ မၾကာခင္မွာပဲ ဒီနည္းကို ကမာၻ႔ေဒသအမ်ားစုမွာ ပ်ံ႕ႏွံ႔က်င့္သုံးခဲ့ၾကပါတယ္။ ဂ်င္နာဟာ သူ႔ရဲ႕နည္းနိႆယကို ကမာၻကိုအခမဲ့ျဖန႔္ေဝခဲ့ၿပီး အျမတ္အစြန္းရရွိေအာင္ မႀကိဳးစားခဲ့ပါဘူး။ ၁၈၀၂ခုႏွစ္မွာေတာ့ ၿဗိတိသွ်ပါလီမန္ဟာ သူ႔အား ၎အား ဆာဘြဲ႕ အျပင္ ဆုေၾကးေငြ ေပါင္ ၁၀၀၀၀ ခ်ီးျမႇင့္ခဲ့ပါတယ္။ ေနာက္ႏွစ္အနည္းငယ္ၾကာေတာ့ ပါလီမန္က ေနာက္ထပ္ ေပါင္ ၂၀၀၀၀ ထပ္ၿပီးခ်ီးျမႇင့္ခဲ့ပါတယ္။ ၁၈၂၁ ခုႏွစ္မွာေတာ့ ေဂ်ာ့ဘုရင္ရဲ႕ အထူးသမားေတာ္ႀကီးအျဖစ္ ခန႔္ထားျခင္း ခံရျပန္ပါတယ္။
သူဟာ ေက်ာက္ေရာဂါေဘးဆိုးႀကီးကို တိုက္ထုတ္ႏိုင္တဲ့ေဆးနည္းကိုရွာေဖြေတြ႕ရွိခဲ့ေပမယ့္ သူ႔ရဲ႕ကိုယ္က်ိဳးစီးပြားအတြက္ အသုံးမခ်ခဲ့ပါဘူး။ လူသားအားလုံး က်န္းမာေပ်ာ္႐ႊင္ရေအာင္ ကမာၻကိုအခမဲ့ျဖန႔္ေဝခဲ့ပါတယ္။ အပ္ဒဝပ္ဂ်င္နာလိုနာမည္ေက်ာ္သမားေတာ္ႀကီးတစ္ေယာက္ဟာ ေက်းလက္ယုံၾကည္မႈတစ္ခုကို အေရးတယူျပဳၿပီး (မာနမႀကီးဘဲ) ျဖစ္ႏိုင္မျဖစ္ႏိုင္ အေလးအနက္ထားစဥ္းစားေပးခဲ့ပါတယ္။ အဲဒီလိုအေလးအနက္ထားစဥ္းစားၿပီး စမ္းသပ္ၾကည့္ေပးခဲ့လို႔ ဒီကေန႔မွာဆို ေက်ာက္ေရာဂါဟာ ကမာၻေျမက ေပ်ာက္ကြယ္လုနီးပါးျဖစ္ၿပီး လူသားေတြေမ့လုနီးပါးေတာင္ျဖစ္ေနပါၿပီ။ အက္ဒဝပ္ဂ်င္နာရဲ႕ျမင့္ျမတ္တဲ့စိတ္ဓာတ္ကို လႈိက္လႈိက္လွဲလွဲ ေလးစားမိပါတယ္။
(အက္ဒဝပ္ဂ်င္နာကို ၿဗိတိန္ႏိုင္ငံ၊ ဂေလာက္တက္စတာရႈိင္းယားျပည္နယ္၊ ဘာကေလၿမိဳ႕မွာ ၁၇၄၉ခုႏွစ္က ေမြးဖြားခဲ့ပါတယ္။ အသက္ ၁၂ ႏွစ္အ႐ြယ္မွာ သူဟာ ခြဲစိတ္ကုဆရာဝန္တစ္ဦးရဲ႕ အလုပ္သင္အျဖစ္စတင္ေဆာင္႐ြက္ခဲ့ပါတယ္။ ေနာက္ေတာ့ ခႏၶာေဗဒကိုေလ့လာၿပီး ေဆး႐ုံတစ္႐ုံမွာ အလုပ္လုပ္ခဲ့ပါတယ္။ ၁၇၉၂ခုႏွစ္ (၄၃)ႏွစ္မွာ စိန႔္အင္ဒ႐ူးတကၠသိုလ္က ေဆးပညာဘြဲ႕ရခဲ့ပါတယ္။ အသက္ ၇၃ႏွစ္ ၁၈၂၃ခုႏွစ္ အေစာပိုင္းမွာ သူ႔ေမြးဇာတိ ဘာကေလမွာ ကြယ္လြန္ခဲ့ပါတယ္။ သားသမီး ၃ ေယာက္ထြန္းကားခဲ့ပါတယ္။)