ဆရာပါရဂူရဲ့ ပုဂံခရီးသည် စာအုပ်မှ
ပုဂံတစ်ဝိုက်ရှိ ဥမင် အမည်တပ်ထားသည့် ဂူကျောင်း၊ ဂူဘုရားများထဲတွင် အကြီးကျယ်ဆုံး၊ အထင်ရှားဆုံး ဥမင်ဘုရားဖြစ်သည်။ ဥမင်အမည်တပ်ထားသော အခြားဂူကျောင်း၊ ဂူဘုရားများကား ငှက်ပစ်တောင်ရှိ သမီးဝှက်ဥမင်နှင့် မြားသဥမင်အပြင် ကျန်စစ်သားဥမင်တို့ ဖြစ်ကြသည်။ ကျန်စစ်သားဥမင်မှာမူ ရွှေစည်းခုံစေတီတော်ကြီး၏ တောင်ဘက် အုတ်စောင်းတန်းထိပ် ရှေးဟောင်းအဝင်လမ်း၏ မြောက်ဘက်၌ တည်ရှိသည်။
ပုဂံခရီးသည်သည် ကျောက်ဂူဥမင်ရှိရာသို့ လာခဲ့သည်။ ညောင်ဦးမြို့၏ အရှေ့မြောက် ဧရာဝတီမြစ်ကမ်းပါးရှိ နေရာတစ်နေရာ ဖြစ်သည်။ ဧရာဝတီမြစ်ထဲ ချောင်းများ၊ မြောင်းများ စီးဆင်းသဖြင့် ထိုနေရာတစ်ဝိုက်၌ ဟိုနေရာ ကြည့်လည်း ချောက်များ၊ အနိမ့်ပိုင်းများ၊ သည်နေရာကြည့်လည်း ကမ်းပါးစောက်များ အနှံ့အပြား ရှိနေကြသည်ကို တွေ့ရသည်။ ကမ်းခြေနှင့် ဥမင်ကြားက ကုန်းတန်းကလေးဘေး၌ အရိပ်ကောင်းသော ထနောင်းတောကလေး ရှိသည်။ ပုဂံခရီးသည်သည် ထိုထနောင်းတောကလေးကို ဖြတ်လာရာ တစ်နေရာမှ သာယာချိုအေးသော ချိုးကူသံကလေးကို ကြည်နူးဖွယ် ကြားနေရသည်။
မကြာမီမှာပင် ပုဂံခရီးသည်သည် နက်ရှိုင်းသော ချိုင့်ဝှမ်းအတွင်း သဲကျောက်များကို ဂူထွင်းလျက် အုတ်နှင့်ကျောက် ရောစပ်ဆောက်လုပ်ထားသော ကျောက်ဂူဥမင်သို့ ရောက်လာသည်။ ပုဂံတစ်ဝိုက်၌ ကျောက်ဖြင့်ဆောက်လုပ်ထားသော အဆောက်အအုံသုံးခုအနက် ကျောက်ဂူဥမင်သည် တစ်ခု အပါအဝင်ဖြစ်သည်။ အခြား အဆောက်အအုံနှစ်ခုကား ယခု မရှိတော့ပြီ ဖြစ်သော မြကန်အနီးရှိ စက္ကူတိုက်နှင့် ယခု ထင်ရှားရှိနေသေးသော နန်းဘုရားတို့ ဖြစ်ကြသည်။ ထို့ကြောင့် ပုဂံတစ်ဝိုက်ရှိ ဂူဘုရားများ၊ စေတီပုထိုးများအနက် ကျောက်ဂူဥမင်သည် အထင်ရှား အကျော်ကြားဆုံး ဂူဘုရားထဲတွင် တစ်ဆူအပါအဝင် ဖြစ်နေသည်။
ကျောက်ဂူဥမင်တွင် အဆင့်သုံးဆင့် ရှိသည်။ မြေနိမ့်ရာ ချောက်ဘက်သို့ မုခ်လှည့်လျက် ကျယ်ပြန့်သော အာရုံခံနှင့် ဆင်းတုတော်ကြီးတစ်ဆူမှာ အဝင်ဝမုခ်ဘက်သို့ မျက်နှာမူလျက်ရှိသည်။ နောက်ဘက်အတွင်း၌ ဥမင်များ ဖောက်ထားသည်။ အဆောက်အအုံကြီး၏ အရှေ့ပိုင်းအောက်ထပ်ကို ကျောက်ဖြင့် ဆောက်လုပ်ထားပြီး အပေါ်ထပ်ကို အုတ်ဖြင့် ဆောက်လုပ်ထားသည်။ အပေါ်ထပ် အတွင်းပတ်နံရံများ၌ အကွက်ချိုင့်ပေါင်း များစွာရှိ၍ ယင်းအပေါ်၌ မူလက ဆင်းတုတော်ပေါင်းများစွာ ကိုးကွယ်ထားကောင်း ထားပေလိမ့်မည်။
အဆောက်အအုံကြီးအောက်ထပ်၌ အတွင်းအပြင် ကျောက်များစီထားသည်။ အပြင်ဘက်တွင် လှပသော ဘီလူးပန်းဆွဲများ၊ နံရံအလယ်ပန်းတန်းများ ရှိသည်။ အဝင်ဝ၏အပြင်ဘက် ဝဲယာထောင့်ချိုးများ၌ လက်ရာမြောက်သော ဘီလူးရုပ်၊ မိန်းမရုပ်၊ ကိန္နရာရုပ် ကျောက်ဆစ်ပန်းတမော့ လက်ရာများ ရှိသည်။ အတွင်းဘက်ရှိ ဆင်းတုတော်ကြီးနှင့် ဆင်းတုတော်ကြီး၏ မျက်နှာကြက်တွင်လည်း ဗုဒ္ဓရုပ်ပွား ကျောက်ဆစ်ချပ်များရှိသည်။ အောက်ဘက်ရှိ အင်္ဂတေများအပေါ်တွင်ကား ပုဂံခေတ်ပန်းချီများကို တွေ့ရသည်။
ဆင်းတုတော်ကြီး၏ အမိုးပေါင်းကူးထောက် လေးထောင့်ကျောက်စီ တိုင်မကြီး နှစ်တိုင်၏ အောက်ခြေပတ်လည်တွင် ကျောက်ပန်းများရှိသည်။ ဂူနှစ်ဆင့်အထက်၌ ဉာဏ်တော် ခုနစ်တောင် ပမာဏရှိသော စေတီတော်တစ်ဆူတည်ထားသည်။ ပင်မ အဆောက်အအုံကြီး၏ အတွင်းဘက်အရှေ့၊ အနောက်နှင့် မြောက်နံရံရှိ အချိုင့်တန်း သုံးတန်း၏ အချိုင့်ပေါင်း လေးဆယ့်ကိုးချိုင့် အတွင်း၌ ကျောက်ဆင်းတုများနှင့် ဗုဒ္ဓဝင်ရုပ်တုများရှိသည်။
ယင်းရုပ်တုများအနက် ခမည်းတော် သုဒ္ဓေါဒနမင်းကြီး လယ်ထွန်မင်္ဂလာပြုစဉ် ဘုရားအလောင်း သိဒ္ဓတ္ထမင်းသား ဇမ္ဗုသပြေပင်ရိပ်တွင် ဘာဝနာပွားနေပုံ ကျောက်ဆစ်ရုပ်တု၊ မုစလိန္ဒာသတ္တာဟ စံနေပုံရုပ်တု၊ ဒုက္ကရစရိယာကျင့်စဉ် နတ်တို့က ဘုရားအလောင်းအား နားရွက်မှ နတ်ဩဇာသွင်းနေပုံ ရုပ်တုများမှာ အခြားပုဂံဘုရားများ၌ တွေ့ရခဲသော ပုံများဖြစ်သည်။ အမျိုးသား ပြတိုက်တွင်ထားသော ဘုရားအလောင်း ဖွားတော်မူခန်း ကျောက်ဆစ်ရုပ်တုမှာ ကျောက်ဂူဥမင်အတွင်းမှရသော ရုပ်တုဖြစ်သည်ဟု ဆိုသည်။
Photo : ဆရာကျောင်း
ဆင်းတုတော်ကြီး၏ ဝဲယာ၌ နောက်ဘက်ဥမင်အတွင်း ဝင်ရန် အပေါက်များ ရှိသည်။ အရှေ့ဘက် အပေါက်လမ်းမှာ အနောက်ဘက်သို့ချိုး၍ အနောက်ဘက်အပေါက်မှ လာသောလမ်းနှင့် ဆက်သွားသည်။ အတွင်းဘက်တွင် ဝင်္ကပါသဖွယ် ထောင့်ချိုးများ ဖောက်ထားသည်။ ယင်းဝင်္ကပါလမ်း၌ ကမ္မဋ္ဌာန်းအားထုတ်ရန် ဂူငယ်ကလေးများ ထွင်းထားသည်။ ပုဂံခရီးသည်သည် ကျောက်ဂူဥမင်ကို အတွင်းအပြင် လေ့လာကြည့်ရှုရင်းနှင့် ကျောက်ဂူဥမင်၏ နောက်ခံသမိုင်းကြောင်း အဖြစ် ထင်မှတ်ယူဆနေကြသော ဇာတ်လမ်းတစ်ပုဒ်ကို သတိရလာသည်။
ပုဂံတွင် ဘုရင်နရပတိစည်သူ ထီးနန်းစံစဉ် အချိန်ကာလက ဖြစ်သည်။ ဆပ္ပဒဘုရားကိုတည်သော ဆပ္ပဒကို သီဟိုဠ်(သီရိလင်္ကာ)သို့ ခေါ်ဆောင်သွားသော ငှက်ပစ်တောင်ဂိုဏ်းကြီး၏ ဦးစီးနာယကဖြစ်သူ အရှင်ဥတ္တရာဇီဝ၏ တပည့်တစ်ဦးဖြစ်သော အရှင်ပဏ္ဍိတမထေရ်သည် ကျောက်ဂူဥမင်နေရာ၌ ကျောင်းသင်္ခမ်း ဆောက်၍ သီတင်းသုံးနေသည်။ ထို မထေရ်သည် သီလသမာဓိနှင့်ပြည့်စုံသည်ဖြစ်၍ ဘုရင်နှင့်တကွ တိုင်းသူပြည်သားများက အလွန်တရာ လေးစားကြည်ညိုကြသည်။
မထင်မရှားမိန်းမတစ်ဦးသည် အရှင်ပဏ္ဍိတ သီတင်းသုံးနေသည့် ကျောင်းသင်္ခမ်းနှင့် မနီးမဝေး ဧရာဝတီမြစ်ကမ်းပါး၌ နေရာထိုင်ခင်းပြုလုပ်လျက် သီတင်းသီလဆောက်တည်နေဟန်နှင့် နေ့ရက်အတန်ကြာ နေထိုင်သည်။ တစ်နေ့သ၌ ထိုမိန်းမသည် တစ်စုံတစ်ဦးက စေခိုင်းသည့်အတွက်ကြောင့်လား၊ သို့မဟုတ် မိမိကိုယ်တိုင် အရှင်ပဏ္ဍိတ၏ သီလကို ညစ်နွမ်းအောင် ပြုလုပ်လိုသည့်အတွက်ကြောင့်လား၊ တစ်စုံတစ်ခုသော အကြောင်းကြောင့် ဘုန်းတော်ကြီး အရှင်ပဏ္ဍိတသည် မိမိနှင့် ဖောက်ပြားပါသည်ဟူ၍ သားပုပ်လေလွင့် ပြောဆိုသည်။
ထိုမိန်းမ ယိုးစွပ်သည်ကို ကြားရသော ဒကာ၊ ဒကာမများသည် ထိုအကြောင်းကို ဘုန်းတော်ကြီးထံ သွားရောက်လျှောက်ထားကြသည်။ ဤတွင် ဘုန်းတော်ကြီး အရှင်ပဏ္ဍိတသည် ထိုပြဿနာကို ရှင်းရန် ဘုရင်မင်းကြီးနှင့်တကွ ပြည်သူပြည်သား ဒကာ၊ ဒကာများ သူ့ထံ လာကြရန်နှင့် ချိန်းဆိုလိုက်လေသည်။ ဘုန်းတော်ကြီး ချိန်းဆိုသည့် နေ့ရက်၌ ဘုရင်မင်းကြီးနှင့် ပြည်သူပြည်သားများသည် ဘုန်းတော်ကြီးထံ ရောက်ရှိလာကြသည်။ ဘုန်းတော်ကြီး အရှင်ပဏ္ဍိတသည် သူ့ထံ ရောက်ရှိလာကြသော ဘုရင်မင်းကြီးနှင့် ပြည်သူပြည်သား ဒကာ၊ ဒကာမများအား မည်သို့မျှ မပြောမဆိုဘဲ ဧရာဝတီမြစ်ကမ်းပါးသို့ ခေါ်သွားသည်။
Photo : ဆရာကျောင်း
ထိုအချိန်၌ မြစ်ဆိပ်တွင် လူတစ်ယောက် ဓားမ သွေးနေသည်ကို တွေ့ရသည်။ ဘုန်းတော်ကြီးသည် ဓားသွေးနေသူထံမှ ဓားမနှင့် ဓားသွေးကျောက်ကို တောင်းယူလိုက်သည်။ ဘုရင်မင်းကြီးနှင့် ပြည်သူပြည်သား ဒကာ ဒကာမများကမူ ဘုန်းတော်ကြီး၏ လှုပ်ရှားမှုကို ငေးစိုက်ကြည့်ရှုနေကြသည်။ ဘုန်းတော်ကြီးသည် ဓားမနှင့် ဓားသွေးကျောက်ကို ကိုင်ပြီးလျှင် ဤသို့ အဓိဋ္ဌာန်ပြုလိုက်လေသည်။
“ငါသည် မှန်သော သစ္စာစကားကို ဆိုအံ့၊ ဤမာတုဂါ စွပ်စွဲပြောဆိုသည့်အတိုင်း ငါသည် ရဟန်းကျင့်ဝတ် ဖောက်ဖျက်လျက် ဤမာတုဂါမနှင့် မှားယွင်းမိသည်ရှိသော် ဤဓားသွေးကျောက်နှင့် ဓားမသည် မြစ်ထဲပစ်ချလိုက်ပါက ရေထဲ စုံးစုံးမြုပ်သွားပါစေသား။ အကယ်၍ ဤမာတုဂါမ စွပ်စွဲပြောဆိုသည့်အတိုင်း မဟုတ်ဘဲ ငါ၏သီလသည် ဖောက်ပြားပျက်စီးခြင်းမရှိဘဲ ပကတိအတိုင်း ခိုင်မြဲစွာ တည်တံ့နေသည် ဖြစ်ပါမူကား ရေထဲပစ်ချလိုက်သော ဤဓားသွေးကျောက်နှင့် ဓားသည် မြစ်ထဲတွင် ရေသတ္တဝါကဲ့သို့ ကူးသွားပါစေသား…”
ယင်းသို့ သစ္စာအဓိဋ္ဌာန် ပြုပြီးလျှင် ဘုန်းတော်ကြီးသည် သူ့လက်ထဲက ဓားသွေးကျောက်နှင့်ဓားမကို ရေထဲပစ်ချလိုက်သည်။ ထိုအခါ ဓားသွေးကျောက်သည် ရေသတ္တဝါတစ်ကောင်ကဲ့သို့ မြစ်ညာသို့ ဆန်တက်ကူးသွားသည်။ ဓားမလည်း ဓားသွေးကျောက်နောက်မှ လိုက်ပါ ကူးသွားသည်။ ဤတွင် ဘုရင်မင်းကြီးနှင့်တကွသော ပွဲကြည့်ပရိသတ်သည် ရင်သပ်ရှုမော အထူးပင် အံ့ဩသွားကြပြီးလျှင် ဘုန်းတော်ကြီးအပေါ် သံသယဖြစ်မိသည့်အတွက် နောင်တကြီးစွာ ရသွားကြသည်။ ဘုန်းတော်ကြီးကိုလည်း ယခင်ကထက် ဆတက်ထမ်းပိုး တိုး၍ပင် ကြည်ညိုလေးစားသွားကြသည်။
Photo : ဆရာကျောင်း
ယင်းအဖြစ်အပျက် ဥဒါန်းတွင်စေရန် ရည်ရွယ်လျက် နရပတိစည်သူမင်းကြီးသည် ကျောက်ဂူဥမင်ဘုရားကို ကိုးကွယ်တည်ထားခြင်းဖြစ်သည်။ ဓားသွေးကျောက် ရေကူးသည်ကို အစွဲပြု၍လည်းကောင်း၊ ကျောက်အုတ်များဖြင့် တည်ဆောက်ထားသောကြောင့်လည်းကောင်း ကျောက်ကူးဥမင်၊ သို့မဟုတ် ကျောက်ဂူဥမင်ဟု တွင်နေခြင်းဖြစ်သည်။ ဓားမ ပါသွားသည်ကို အကြောင်းပြု၍ ဓားမပါဘုရားဟု အမည်တွင်သော ဘုရားတစ်ဆူလည်း ထိုအနီးအနား၌ ရှိခဲ့ဖူးသည်ဟု ဆိုသည်။
ကျောက်ဂူဥမင်သည် ယင်းဇာတ်လမ်းနှင့် မည်မျှ ဆက်စပ်မှုရှိသည်ဆိုသည်ကို အတိအကျ မပြောနိုင်သော်လည်း ယင်းဇာတ်လမ်းသည် ရဟန်းတော်တစ်ပါး၏ သီလစင်ကြယ်မှုကို မှတ်ကျောက်တင်ရာ၌မူ ထိမိသော ဇာတ်လမ်းတစ်ပုဒ် ဖြစ်နေသည်။ ထို့ကြောင့်ပင် အင်းဝခေတ် သာလွန်မင်းတရားကြီးလက်ထက်တွင်လည်း အလားတူ ဇာတ်လမ်းတစ်ပုဒ် ပေါ်လာခဲ့ဖူးသည်။ နှစ်ပေါင်း ၄၅၀ လောက် ကျော်လွန်လာသောအခါ တစ်ကြိမ် ဓားမ ရေကူးရပြန်သည်။
ထိုအကြိမ် ဓားမ ရေကူးခြင်းမှာမူ ထိုခေတ်က သီလသမာဓိ ကြီးမားသော တောင်ဖီလာဆရာတော်နှင့်ပတ်သက်သည်။ တောင်ဖီလာဆရာတော်၏ သီလကိုမူ သာလွန်မင်းတရားကြီးကိုယ်တိုင် မှတ်ကျောက်တင်ကြည့်ခြင်း ဖြစ်သည်။ ဘုရင်မင်းကြီးသည် ယောက်ျားတစ်ယောက်ကို ဆွဲဆောင်နိုင်သော မူရာမာယာကြွယ်သည့် နန်းတွင်းသူတစ်ယောက်အား နည်းပေးလမ်းပြပြုပြီးလျှင် တောင်ဖီလာဆရာတော်၏ သီလ အကဲစမ်းရန် ညဉ့်အချိန် ဆရာတော်၏ ကျောင်းသို့ စေလွှတ်လိုက်သည်။
Photo : ဆရာကျောင်း
နန်းတွင်းသူသည် ခရီးသွားဟန်ဆောင်ပြီးလျှင် ညဉ့်အချိန် ဆရာတော်၏ ကျောင်းသို့ဝင်လျက် ဆရာတော်၏ကျောင်း၌ တစ်ညဉ့် တည်းခိုလိုသည့်အကြောင်း ခွင့်တောင်းသည်။ ဆရာတော်က ကျောင်းအောက်၌ အိပ်ရန် ခွင့်ပြုသည်။ နန်းတွင်းသူက ကျောင်းအောက်၌ တစ်ယောက်တည်း မအိပ်ဝံ့သဖြင့် ကျောင်းအပေါ်ထပ်တွင် အိပ်ခွင့်ပြုရန် လျှောက်ထားပြန်သောအခါ ဆရာတော်က နန်းတွင်းသူအား ကျောင်းအပေါ်ထပ် ကြမ်းပြင်တွင် အိပ်ခွင့်ပြုလိုက်ပြန်သည်။
ဤတွင် နန်းတွင်သူက တစ်ဆင့်တက်ပြန်သည်။ အတွင်းဘက် ဝင်အိပ်ခွင့်ပြုပါမည့်အကြောင်း လျှောက်ထားနေပြန်၍ ဆရာတော်ကလည်း နန်းတွင်းသူအပေါ် ကရုဏာထားသဖြင့် အိပ်ခွင့်ပြုလိုက်ပြန်သည်။ သို့ရာတွင် ရဟန်းတို့မည်သည် မာတုဂါမနှင့် တစ်မိုးတစ်ရံတည်း မအိပ်ရသဖြင့် ဆရာတော်သည် အိပ်စက်ခြင်းမပြုတော့ဘဲ ထိုင်လျက်သာလျှင် တရားနှလုံးသွင်းနေလေသည်။
နန်းတွင်းသူသည် အတန်ကြာ အိပ်ဟန်ပြုပြီးလျှင် မိန်းမမာယာသဲကိုးဖြာနှင့် ဆရာတော်အား မိမိအလိုသို့ပါအောင် ဖြားယောင်းသွေးဆောင်သည်။ ထိုအခါ ဆရာတော်သည် နန်းတွင်းသူ မိန်းမအား အာရုံမပြုတော့ဘဲ အနီးရှိ ဓားမဖြင့် မိမိ၏ ခြေသလုံးကြွက်သားကို လှီးလျက် ထိုဒဏ်ရာကြောင့် ဖြစ်ပေါ်လာသော ဝေဒနာကိုရှုရင်း တရားနှလုံးသွင်းနေလေသည်။ နန်းတွင်းသူသည် ဆရာတော်၏ ကျောက်တိုင်ကျောက်သားကဲ့သို့ ရွေ့လျားခြင်းမရှိသော သီလတရားကို သိမြင်သွားသည်ဖြစ်၍ မိုးသောက်ချိန်၌ ဆရာတော်အား ဝတ်ချလျက် ထွက်ခွာသွားလေသည်။
Photo : ဆရာကျောင်း
ထိုနေ့တွင် တောင်ဖီလာဆရာတော်သည် ယမန်နေ့ညက ခရီးသွားမိန်းမတစ်ယောက်နှင့် မှားယွင်းသည်ဟု အင်းဝတစ်မြို့လုံး ဟိုးဟိုးကျော်သွားသည်။ ထိုအကြောင်းကို သာလွန်မင်းတရားကြီး ကြားသိသောအခါ မှူးမတ်ပရိသတ်အပေါင်းနှင့် အတူတကွ တောင်ဖီလာတောသို့သွားပြီးလျှင် ဆရာတော်အား –
“ခရီးသည် မိန်းမတစ်ဦးနှင့် ဆရာတော် ဖောက်ပြားသည်ဟု လူအများပြောဆိုနေကြပါ၏။ ဟုတ်မှန်လျှင်လည်း ဟုတ်မှန်ကြောင်း ဝန်ခံတော်မူပါ။ မဟုတ်မှန်လျှင်လည်း အများယုံကြည်လောက်သည့် သက်သောသာဓကပြုတော်မူပါ” ဟု လျှောက်ထားလေသည်။
“ဒကာတော် ဘုရင်မင်းကြီး၊ ယမန်နေ့ညက ခရီးသွားဧည့်သည်မိန်းမတစ်ယောက် ကျုပ်ကျောင်း၌ တည်းခိုသွားသည်မှာ မှန်၏။ သို့သော် ထိုမိန်းမနှင့် မှားယွင်းဖို့ဝေးစွ၊ ထိုမိန်းမအား တပ်မက်နှစ်သက်ခြင်းပင် ငါ၌ ဖြစ်ပေါ်မလာခဲ့။ သို့သော်လည်း ဤတောရကျောင်း၌ ထိုညက ငါနှင့် ထိုမာတုဂါမ နှစ်ယောက်တည်းသာရှိ၍ သက်သေသာဓကကိုမူ မပြနိုင်ပေ။ ဤဓားမတစ်လက်ကိုမူ ငါ့အနီး၌ ရှိ၏။ ဤဓားမကိုပင် သက်သေထူရတော့မည်”
ယင်းသို့ အမိန့်ရှိလျက် ဆရာတော်သည် ဓားမကိုကိုင်ပြီးလျှင် ရေကန်တစ်ကန်သို့ ကြွလေသည်။ မင်းတရားကြီးနှင့် မှူးမတ်ပရိသတ်က ဆရာတော်၏ နောက်ကလိုက်ပါသွားကြသည်။ ရေကန်ရောက်သောအခါ ဆရာတော်သည် – “ငါသည် ခရီးသွားမာတုဂါမနှင့် မမှားယွင်းကြောင်း မှန်ပါက ဤဓားမသည် ရေကန်ကို ဖြတ်ကူးသွားစေသား”
Photo : ဆရာကျောင်း
ဟူ၍ အဓိဋ္ဌာန်ပြီးလျှင် ဓားမကို ရေစပ်ပစ်ချလိုက်လေသည်။ ထိုအခါ ဓားမသည် ရေကန်ထဲတွင် ငါးကူးသကဲ့သို့ တစ်ဖက်ကမ်းမှ အခြားတစ်ဖက်ကမ်းသို့ ဖြတ်ကူးသွားသည်။ ယင်းအံ့ဖွယ်သရဲကို မြင်တွေ့ရသောအခါ သာလွန်မင်းတရားကြီးနှင့် မှူးမတ်ဗိုလ်ခြေတို့သည် ရင်သပ်ရှုမောအံ့ဩသွားကြပြီးလျှင် ဆရာတော်အပေါ်၌ ရှိနေသော ယုံမှား သံသယ လုံးဝကင်းရှင်းသွားကြသည်။ ထိုအချိန်မှစ၍ တောင်ဖီလာဆရာတော်သည် ဓားမကူး ဆရာတော်ဟူ၍ အမည်တွင်နေလေသည်။ ပုဂံဆရာတော် အရှင်ပဏ္ဍိတနှင့် အင်းဝတောင်ဖီလာ ဆရာတော်အရှင်မုနိန္ဒတို့၏သီလကို မှတ်ကျောက်တင်ရာ၌ ဓားမရေကူးပုံချင်း တူညီနေသည်။
အရှင်ပဏ္ဍိတနှင့် မာတုဂါမ၏ဇာတ်လမ်းကို အခြေခံလျက် ကျောက်ဂူဥမင်ကို ဘုရင်နရပတိစည်သူတည်သည်ဟု ဆိုကြသော်လည်း သမိုင်းသုတေသီများကမူ ဥမင်လက်ရာနှင့် ကျောက်ဆင်းတုလက်ရာများကို ထောက်၍ ကျောက်ဂူဥမင်အဆောက်အအုံသည် နရပတိစည်သူမင်းကြီးလက်ထက်မတိုင်ခင် ကျန်စစ်သားလက်ထက် နှစ်ပေါင်းတစ်ရာလောက်စော၍ ရှိခဲ့သည့်အဆောက်အအုံ ဖြစ်လိမ့်မည်ဟု ခန့်မှန်းကြသည်။
သို့သော် ကျောက်ဂူဥမင်၌ ခေတ်အစဉ်အဆက် သူတော်သူမြတ်များ နေထိုင်သီတင်းသုံးခဲ့ကြောင်းမှာမူ သိသာထင်ရှားသည်။ ကျောက်ဂူဥမင်၌ တွေ့ရသော ကျောက်စာ၌ ‘သက္ကရာဇ် ၅၅၀ သာသနာငါးထောင် တည်စိမ့်သောငှာ စည်သူမင်းကြီး နတ်ထမင်း ရသော သ္မိင်ထံပါ ပုရှာအာ လှူတပ်မှုသဝ်’ စသည်ဖြင့် သက္ကရာဇ် ၅၅၀ တွင် စည်သူမင်းကြီးသည် နတ်ထမင်းရသော သခင်ထံပါ (ဓပါ-ဓမ်ပါလ်- ဓမ္မပါလ) ၏ ဘုရားကို ကျွန် စသည်များ လှူဒါန်းကြောင်းနှင့် ဥဇနာလက်ထက်တွင်လည်း ဆက်လက်လှူဒါန်းကြောင်း ပါရှိလေသည်။ ဓမ္မပါလဟူသောအမည်ကို ဓမ်ပါ၊ ထံပါ ဟု အတိုကောက်ခေါ်ရာမှ ‘ဓားမပါ’ ဟူသော ဇာတ်လမ်းနှင့် ဆက်စပ်သွားခြင်း ဖြစ်ဟန်တူသည်ဟုလည်း ဆိုကြသည်။ ယင်းကျောက်စာပါ စကားအရ နရပတိစည်သူမင်းကြီးလက်ထက်၌ ကျောက်ဂူဥမင်တွင် ‘သခင်ထံပါ’ (အရှင်ဓမ္မပါလ) မထေရ် သီတင်းသုံးခဲ့ကြောင်း သိရှိရသည်။
၁၉၀၀ ဝန်းကျင်က မြင်ရတဲ့ ကျောက်ဂူဥမင်ဘုရား
ကျောက်ဂူဥမင် တည်ရှိရာနေရာသည် ဘာဝနာတရား ပွားများဆောက်တည်ရန် သင့်လျော်လျောက်ပတ်သော တိတ်ဆိတ်ငြိမ်းချမ်းသည့် တရားရိပ်ငြိမ်ဌာနဖြစ်သဖြင့် ပုဂံခေတ်မှစ၍ သခင်ထံပါစသော အရညဝါသီ တောမှီမထေရ်ကြီးများ သီတင်းသုံးလာခဲ့ကြသည်။ သခင်ထံပါနောက် အရှင်အရိယဓမ္မစသော မထေရ်ကြီးများလည်း ဤကျောက်ဂူဥမင်ကိုပင် တရားဘာဝနာ စီးဖြန်းအားထုတ်ရာ နေရာအဖြစ် သတ်မှတ်ရွေးချယ်ခဲ့ကြသည်။ ယခုလည်း တရားနှင့် မွေ့သူများအတွက် နားအေးပါးအေး စတည်းချဖို့ ကောင်းသော တရားရိပ်သာတစ်ခုပင် ဖြစ်နေသည်။
ပုဂံခရီးသည်သည် စိတ်နှလုံးငြိမ်းချမ်းမှုကိုပေးသော ထိုကျောက်ဂူဥမင်ပတ်ဝန်းကျင်မှ မခွဲချင် ခွဲချင်နှင့် ခွဲခွာလာခဲ့လေသည်။
ဆရာပါရဂူရဲ့ ပုဂံခရီးသည် စာအုပ်မှ
—— —- ————-
(Zawgyi)
ပုဂံက အထင္ရွားဆုံး ဂူဘုရား ေက်ာက္ဂူဥမင္
ဆရာပါရဂူရဲ႕ ပုဂံခရီးသည္ စာအုပ္မွ
ပုဂံတစ္ဝုိက္ရွိ ဥမင္ အမည္တပ္ထားသည့္ ဂူေက်ာင္း၊ ဂူဘုရားမ်ားထဲတြင္ အႀကီးက်ယ္ဆံုး၊ အထင္ရွားဆံုး ဥမင္ဘုရားျဖစ္သည္။ ဥမင္အမည္တပ္ထားေသာ အျခားဂူေက်ာင္း၊ ဂူဘုရားမ်ားကား ငွက္ပစ္ေတာင္ရွိ သမီးဝွက္ဥမင္ႏွင့္ ျမားသဥမင္အျပင္ က်န္စစ္သားဥမင္တို႔ ျဖစ္ၾကသည္။ က်န္စစ္သားဥမင္မွာမူ ေရႊစည္းခံုေစတီေတာ္ႀကီး၏ ေတာင္ဘက္ အုတ္ေစာင္းတန္းထိပ္ ေရွးေဟာင္းအဝင္လမ္း၏ ေျမာက္ဘက္၌ တည္ရွိသည္။
ပုဂံခရီးသည္သည္ ေက်ာက္ဂူဥမင္ရွိရာသို႔ လာခဲ့သည္။ ေညာင္ဦးၿမိဳ႕၏ အေရွ႕ေျမာက္ ဧရာဝတီျမစ္ကမ္းပါးရွိ ေနရာတစ္ေနရာ ျဖစ္သည္။ ဧရာဝတီျမစ္ထဲ ေခ်ာင္းမ်ား၊ ေျမာင္းမ်ား စီးဆင္းသျဖင့္ ထိုေနရာတစ္ဝုိက္၌ ဟိုေနရာ ၾကည့္လည္း ေခ်ာက္မ်ား၊ အနိမ့္ပုိင္းမ်ား၊ သည္ေနရာၾကည့္လည္း ကမ္းပါးေစာက္မ်ား အႏွံ႔အျပား ရွိေနၾကသည္ကို ေတြ႕ရသည္။ ကမ္းေျခႏွင့္ ဥမင္ၾကားက ကုန္းတန္းကေလးေဘး၌ အရိပ္ေကာင္းေသာ ထေနာင္းေတာကေလး ရွိသည္။ ပုဂံခရီးသည္သည္ ထိုထေနာင္းေတာကေလးကို ျဖတ္လာရာ တစ္ေနရာမွ သာယာခ်ိဳေအးေသာ ခ်ိဳးကူသံကေလးကို ၾကည္ႏူးဖြယ္ ၾကားေနရသည္။
မၾကာမီမွာပင္ ပုဂံခရီးသည္သည္ နက္႐ိႈင္းေသာ ခ်ိဳင့္ဝွမ္းအတြင္း သဲေက်ာက္မ်ားကို ဂူထြင္းလ်က္ အုတ္ႏွင့္ေက်ာက္ ေရာစပ္ေဆာက္လုပ္ထားေသာ ေက်ာက္ဂူဥမင္သို႔ ေရာက္လာသည္။ ပုဂံတစ္ဝုိက္၌ ေက်ာက္ျဖင့္ေဆာက္လုပ္ထားေသာ အေဆာက္အအံုသံုးခုအနက္ ေက်ာက္ဂူဥမင္သည္ တစ္ခု အပါအဝင္ျဖစ္သည္။ အျခား အေဆာက္အအံုႏွစ္ခုကား ယခု မရွိေတာ့ၿပီ ျဖစ္ေသာ ျမကန္အနီးရွိ စကၠဴတုိက္ႏွင့္ ယခု ထင္ရွားရွိေနေသးေသာ နန္းဘုရားတို႔ ျဖစ္ၾကသည္။ ထို႔ေၾကာင့္ ပုဂံတစ္ဝုိက္ရွိ ဂူဘုရားမ်ား၊ ေစတီပုထုိးမ်ားအနက္ ေက်ာက္ဂူဥမင္သည္ အထင္ရွား အေက်ာ္ၾကားဆံုး ဂူဘုရားထဲတြင္ တစ္ဆူအပါအဝင္ ျဖစ္ေနသည္။
ေက်ာက္ဂူဥမင္တြင္ အဆင့္သံုးဆင့္ ရွိသည္။ ေျမနိမ့္ရာ ေခ်ာက္ဘက္သို႔ မုခ္လွည့္လ်က္ က်ယ္ျပန္႔ေသာ အာ႐ံုခံႏွင့္ ဆင္းတုေတာ္ႀကီးတစ္ဆူမွာ အဝင္ဝမုခ္ဘက္သို႔ မ်က္ႏွာမူလ်က္ရွိသည္။ ေနာက္ဘက္အတြင္း၌ ဥမင္မ်ား ေဖာက္ထားသည္။ အေဆာက္အအံုႀကီး၏ အေရွ႕ပုိင္းေအာက္ထပ္ကို ေက်ာက္ျဖင့္ ေဆာက္လုပ္ထားၿပီး အေပၚထပ္ကို အုတ္ျဖင့္ ေဆာက္လုပ္ထားသည္။ အေပၚထပ္ အတြင္းပတ္နံရံမ်ား၌ အကြက္ခ်ိဳင့္ေပါင္း မ်ားစြာရွိ၍ ယင္းအေပၚ၌ မူလက ဆင္းတုေတာ္ေပါင္းမ်ားစြာ ကိုးကြယ္ထားေကာင္း ထားေပလိမ့္မည္။
အေဆာက္အအံုႀကီးေအာက္ထပ္၌ အတြင္းအျပင္ ေက်ာက္မ်ားစီထားသည္။ အျပင္ဘက္တြင္ လွပေသာ ဘီလူးပန္းဆြဲမ်ား၊ နံရံအလယ္ပန္းတန္းမ်ား ရွိသည္။ အဝင္ဝ၏အျပင္ဘက္ ဝဲယာေထာင့္ခ်ိဳးမ်ား၌ လက္ရာေျမာက္ေသာ ဘီလူး႐ုပ္၊ မိန္းမ႐ုပ္၊ ကိႏၷရာ႐ုပ္ ေက်ာက္ဆစ္ပန္းတေမာ့ လက္ရာမ်ား ရွိသည္။ အတြင္းဘက္ရွိ ဆင္းတုေတာ္ႀကီးႏွင့္ ဆင္းတုေတာ္ႀကီး၏ မ်က္ႏွာၾကက္တြင္လည္း ဗုဒၶ႐ုပ္ပြား ေက်ာက္ဆစ္ခ်ပ္မ်ားရွိသည္။ ေအာက္ဘက္ရွိ အဂၤေတမ်ားအေပၚတြင္ကား ပုဂံေခတ္ပန္းခ်ီမ်ားကို ေတြ႕ရသည္။
ဆင္းတုေတာ္ႀကီး၏ အမုိးေပါင္းကူးေထာက္ ေလးေထာင့္ေက်ာက္စီ တုိင္မႀကီး ႏွစ္တုိင္၏ ေအာက္ေျခပတ္လည္တြင္ ေက်ာက္ပန္းမ်ားရွိသည္။ ဂူႏွစ္ဆင့္အထက္၌ ဉာဏ္ေတာ္ ခုနစ္ေတာင္ ပမာဏရွိေသာ ေစတီေတာ္တစ္ဆူတည္ထားသည္။ ပင္မ အေဆာက္အအံုႀကီး၏ အတြင္းဘက္အေရွ႕၊ အေနာက္ႏွင့္ ေျမာက္နံရံရွိ အခ်ိဳင့္တန္း သံုးတန္း၏ အခ်ိဳင့္ေပါင္း ေလးဆယ့္ကိုးခ်ိဳင့္ အတြင္း၌ ေက်ာက္ဆင္းတုမ်ားႏွင့္ ဗုဒၶဝင္႐ုပ္တုမ်ားရွိသည္။
ယင္း႐ုပ္တုမ်ားအနက္ ခမည္းေတာ္ သုေဒၶါဒနမင္းႀကီး လယ္ထြန္မဂၤလာျပဳစဥ္ ဘုရားအေလာင္း သိဒၶတၳမင္းသား ဇမၺဳသေျပပင္ရိပ္တြင္ ဘာဝနာပြားေနပံု ေက်ာက္ဆစ္႐ုပ္တု၊ မုစလိႏၵာသတၱာဟ စံေနပံု႐ုပ္တု၊ ဒုကၠရစရိယာက်င့္စဥ္ နတ္တို႔က ဘုရားအေလာင္းအား နားရြက္မွ နတ္ဩဇာသြင္းေနပံု ႐ုပ္တုမ်ားမွာ အျခားပုဂံဘုရားမ်ား၌ ေတြ႕ရခဲေသာ ပံုမ်ားျဖစ္သည္။ အမ်ိဳးသား ျပတိုက္တြင္ထားေသာ ဘုရားအေလာင္း ဖြားေတာ္မူခန္း ေက်ာက္ဆစ္႐ုပ္တုမွာ ေက်ာက္ဂူဥမင္အတြင္းမွရေသာ ႐ုပ္တုျဖစ္သည္ဟု ဆုိသည္။
ဆင္းတုေတာ္ႀကီး၏ ဝဲယာ၌ ေနာက္ဘက္ဥမင္အတြင္း ဝင္ရန္ အေပါက္မ်ား ၇ွိသည္။ အေရွ႕ဘက္ အေပါက္လမ္းမွာ အေနာက္ဘက္သို႔ခ်ိဳး၍ အေနာက္ဘက္အေပါက္မွ လာေသာလမ္းႏွင့္ ဆက္သြားသည္။ အတြင္းဘက္တြင္ ဝကၤပါသဖြယ္ ေထာင့္ခ်ိဳးမ်ား ေဖာက္ထားသည္။ ယင္းဝကၤပါလမ္း၌ ကမၼ႒ာန္းအားထုတ္ရန္ ဂူငယ္ကေလးမ်ား ထြင္းထားသည္။ ပုဂံခရီးသည္သည္ ေက်ာက္ဂူဥမင္ကို အတြင္းအျပင္ ေလ့လာၾကည့္႐ႈရင္းႏွင့္ ေက်ာက္ဂူဥမင္၏ ေနာက္ခံသမုိင္းေၾကာင္း အျဖစ္ ထင္မွတ္ယူဆေနၾကေသာ ဇာတ္လမ္းတစ္ပုဒ္ကို သတိရလာသည္။
ပုဂံတြင္ ဘုရင္နရပတိစည္သူ ထီးနန္းစံစဥ္ အခ်ိန္ကာလက ျဖစ္သည္။ ဆပၸဒဘုရားကိုတည္ေသာ ဆပၸဒကို သီဟိုဠ္(သီရိလကၤာ)သို႔ ေခၚေဆာင္သြားေသာ ငွက္ပစ္ေတာင္ဂုိဏ္းႀကီး၏ ဦးစီးနာယကျဖစ္သူ အရွင္ဥတၱရာဇီဝ၏ တပည့္တစ္ဦးျဖစ္ေသာ အရွင္ပ႑ိတမေထရ္သည္ ေက်ာက္ဂူဥမင္ေနရာ၌ ေက်ာင္းသခၤမ္း ေဆာက္၍ သီတင္းသံုးေနသည္။ ထို မေထရ္သည္ သီလသမာဓိႏွင့္ျပည့္စံုသည္ျဖစ္၍ ဘုရင္ႏွင့္တကြ တုိင္းသူျပည္သားမ်ားက အလြန္တရာ ေလးစားၾကည္ညိဳၾကသည္။
မထင္မရွားမိန္းမတစ္ဦးသည္ အရွင္ပ႑ိတ သီတင္းသံုးေနသည့္ ေက်ာင္းသခၤမ္းႏွင့္ မနီးမေဝး ဧရာဝတီျမစ္ကမ္းပါး၌ ေနရာထုိင္ခင္းျပဳလုပ္လ်က္ သီတင္းသီလေဆာက္တည္ေနဟန္ႏွင့္ ေန႔ရက္အတန္ၾကာ ေနထုိင္သည္။ တစ္ေန႔သ၌ ထိုမိန္းမသည္ တစ္စံုတစ္ဦးက ေစခုိင္းသည့္အတြက္ေၾကာင့္လား၊ သို႔မဟုတ္ မိမိကိုယ္တုိင္ အရွင္ပ႑ိတ၏ သီလကို ညစ္ႏြမ္းေအာင္ ျပဳလုပ္လိုသည့္အတြက္ေၾကာင့္လား၊ တစ္စံုတစ္ခုေသာ အေၾကာင္းေၾကာင့္ ဘုန္းေတာ္ႀကီး အရွင္ပ႑ိတသည္ မိမိႏွင့္ ေဖာက္ျပားပါသည္ဟူ၍ သားပုပ္ေလလြင့္ ေျပာဆိုသည္။
ထိုမိန္းမ ယုိးစြပ္သည္ကို ၾကားရေသာ ဒကာ၊ ဒကာမမ်ားသည္ ထိုအေၾကာင္းကို ဘုန္းေတာ္ႀကီးထံ သြားေရာက္ေလွ်ာက္ထားၾကသည္။ ဤတြင္ ဘုန္းေတာ္ႀကီး အရွင္ပ႑ိတသည္ ထိုျပႆနာကို ရွင္းရန္ ဘုရင္မင္းႀကီးႏွင့္တကြ ျပည္သူျပည္သား ဒကာ၊ ဒကာမ်ား သူ႔ထံ လာၾကရန္ႏွင့္ ခ်ိန္းဆိုလိုက္ေလသည္။ ဘုန္းေတာ္ႀကီး ခ်ိန္းဆိုသည့္ ေန႔ရက္၌ ဘုရင္မင္းႀကီးႏွင့္ ျပည္သူျပည္သားမ်ားသည္ ဘုန္းေတာ္ႀကီးထံ ေရာက္ရွိလာၾကသည္။ ဘုန္းေတာ္ႀကီး အရွင္ပ႑ိတသည္ သူ႔ထံ ေရာက္ရွိလာၾကေသာ ဘုရင္မင္းႀကီးႏွင့္ ျပည္သူျပည္သား ဒကာ၊ ဒကာမမ်ားအား မည္သို႔မွ် မေျပာမဆုိဘဲ ဧရာဝတီျမစ္ကမ္းပါးသို႔ ေခၚသြားသည္။
ထိုအခ်ိန္၌ ျမစ္ဆိပ္တြင္ လူတစ္ေယာက္ ဓားမ ေသြးေနသည္ကို ေတြ႕ရသည္။ ဘုန္းေတာ္ႀကီးသည္ ဓားေသြးေနသူထံမွ ဓားမႏွင့္ ဓားေသြးေက်ာက္ကို ေတာင္းယူလိုက္သည္။ ဘုရင္မင္းႀကီးႏွင့္ ျပည္သူျပည္သား ဒကာ ဒကာမမ်ားကမူ ဘုန္းေတာ္ႀကီး၏ လႈပ္ရွားမႈကို ေငးစိုက္ၾကည့္႐ႈေနၾကသည္။ ဘုန္းေတာ္ႀကီးသည္ ဓားမႏွင့္ ဓားေသြးေက်ာက္ကို ကုိင္ၿပီးလွ်င္ ဤသို႔ အဓိ႒ာန္ျပဳလိုက္ေလသည္။
“ငါသည္ မွန္ေသာ သစၥာစကားကုိ ဆိုအံ့၊ ဤမာတုဂါ စြပ္စြဲေျပာဆိုသည့္အတုိင္း ငါသည္ ရဟန္းက်င့္ဝတ္ ေဖာက္ဖ်က္လ်က္ ဤမာတုဂါမႏွင့္ မွားယြင္းမိသည္ရွိေသာ္ ဤဓားေသြးေက်ာက္ႏွင့္ ဓားမသည္ ျမစ္ထဲပစ္ခ်လိုက္ပါက ေရထဲ စံုးစံုးျမဳပ္သြားပါေစသား။ အကယ္၍ ဤမာတုဂါမ စြပ္စြဲေျပာဆိုသည့္အတုိင္း မဟုတ္ဘဲ ငါ၏သီလသည္ ေဖာက္ျပားပ်က္စီးျခင္းမရွိဘဲ ပကတိအတုိင္း ခုိင္ၿမဲစြာ တည္တံ့ေနသည္ ျဖစ္ပါမူကား ေရထဲပစ္ခ်လိုက္ေသာ ဤဓားေသြးေက်ာက္ႏွင့္ ဓားသည္ ျမစ္ထဲတြင္ ေရသတၱဝါကဲ့သို႔ ကူးသြားပါေစသား…”
ယင္းသို႔ သစၥာအဓိ႒ာန္ ျပဳၿပီးလွ်င္ ဘုန္းေတာ္ႀကီးသည္ သူ႔လက္ထဲက ဓားေသြးေက်ာက္ႏွင့္ဓားမကို ေရထဲပစ္ခ်လိုက္သည္။ ထိုအခါ ဓားေသြးေက်ာက္သည္ ေရသတၱဝါတစ္ေကာင္ကဲ့သို႔ ျမစ္ညာသို႔ ဆန္တက္ကူးသြားသည္။ ဓားမလည္း ဓားေသြးေက်ာက္ေနာက္မွ လိုက္ပါ ကူးသြားသည္။ ဤတြင္ ဘုရင္မင္းႀကီးႏွင့္တကြေသာ ပြဲၾကည့္ပရိသတ္သည္ ရင္သပ္႐ႈေမာ အထူးပင္ အံ့ဩသြားၾကၿပီးလွ်င္ ဘုန္းေတာ္ႀကီးအေပၚ သံသယျဖစ္မိသည့္အတြက္ ေနာင္တႀကီးစြာ ရသြားၾကသည္။ ဘုန္းေတာ္ႀကီးကိုလည္း ယခင္ကထက္ ဆတက္ထမ္းပိုး တုိး၍ပင္ ၾကည္ညိဳေလးစားသြားၾကသည္။
ယင္းအျဖစ္အပ်က္ ဥဒါန္းတြင္ေစရန္ ရည္ရြယ္လ်က္ နရပတိစည္သူမင္းႀကီးသည္ ေက်ာက္ဂူဥမင္ဘုရားကို ကုိးကြယ္တည္ထားျခင္းျဖစ္သည္။ ဓားေသြးေက်ာက္ ေရကူးသည္ကို အစြဲျပဳ၍လည္းေကာင္း၊ ေက်ာက္အုတ္မ်ားျဖင့္ တည္ေဆာက္ထားေသာေၾကာင့္လည္းေကာင္း ေက်ာက္ကူးဥမင္၊ သို႔မဟုတ္ ေက်ာက္ဂူဥမင္ဟု တြင္ေနျခင္းျဖစ္သည္။ ဓားမ ပါသြားသည္ကို အေၾကာင္းျပဳ၍ ဓားမပါဘုရားဟု အမည္တြင္ေသာ ဘုရားတစ္ဆူလည္း ထိုအနီးအနား၌ ရွိခဲ့ဖူးသည္ဟု ဆိုသည္။
ေက်ာက္ဂူဥမင္သည္ ယင္းဇာတ္လမ္းႏွင့္ မည္မွ် ဆက္စပ္မႈရွိသည္ဆိုသည္ကို အတိအက် မေျပာႏုိင္ေသာ္လည္း ယင္းဇာတ္လမ္းသည္ ရဟန္းေတာ္တစ္ပါး၏ သီလစင္ၾကယ္မႈကို မွတ္ေက်ာက္တင္ရာ၌မူ ထိမိေသာ ဇာတ္လမ္းတစ္ပုဒ္ ျဖစ္ေနသည္။ ထို႔ေၾကာင့္ပင္ အင္းဝေခတ္ သာလြန္မင္းတရားႀကီးလက္ထက္တြင္လည္း အလားတူ ဇာတ္လမ္းတစ္ပုဒ္ ေပၚလာခဲ့ဖူးသည္။ ႏွစ္ေပါင္း ၄၅၀ ေလာက္ ေက်ာ္လြန္လာေသာအခါ တစ္ႀကိမ္ ဓားမ ေရကူးရျပန္သည္။
ထိုအႀကိမ္ ဓားမ ေရကူးျခင္းမွာမူ ထိုေခတ္က သီလသမာဓိ ႀကီးမားေသာ ေတာင္ဖီလာဆရာေတာ္ႏွင့္ပတ္သက္သည္။ ေတာင္ဖီလာဆရာေတာ္၏ သီလကိုမူ သာလြန္မင္းတရားႀကီးကိုယ္တုိင္ မွတ္ေက်ာက္တင္ၾကည့္ျခင္း ျဖစ္သည္။ ဘုရင္မင္းႀကီးသည္ ေယာက္်ားတစ္ေယာက္ကို ဆြဲေဆာင္ႏုိင္ေသာ မူရာမာယာႂကြယ္သည့္ နန္းတြင္းသူတစ္ေယာက္အား နည္းေပးလမ္းျပျပဳၿပီးလွ်င္ ေတာင္ဖီလာဆရာေတာ္၏ သီလ အကဲစမ္းရန္ ညဥ့္အခ်ိန္ ဆရာေတာ္၏ ေက်ာင္းသို႔ ေစလႊတ္လိုက္သည္။
နန္းတြင္းသူသည္ ခရီးသြားဟန္ေဆာင္ၿပီးလွ်င္ ညဥ့္အခ်ိန္ ဆရာေတာ္၏ ေက်ာင္းသို႔ဝင္လ်က္ ဆရာေတာ္၏ေက်ာင္း၌ တစ္ညဥ့္ တည္းခုိလိုသည့္အေၾကာင္း ခြင့္ေတာင္းသည္။ ဆရာေတာ္က ေက်ာင္းေအာက္၌ အိပ္ရန္ ခြင့္ျပဳသည္။ နန္းတြင္းသူက ေက်ာင္းေအာက္၌ တစ္ေယာက္တည္း မအိပ္ဝံ့သျဖင့္ ေက်ာင္းအေပၚထပ္တြင္ အိပ္ခြင့္ျပဳရန္ ေလွ်ာက္ထားျပန္ေသာအခါ ဆရာေတာ္က နန္းတြင္းသူအား ေက်ာင္းအေပၚထပ္ ၾကမ္းျပင္တြင္ အိပ္ခြင့္ျပဳလုိက္ျပန္သည္။
ဤတြင္ နန္းတြင္သူက တစ္ဆင့္တက္ျပန္သည္။ အတြင္းဘက္ ဝင္အိပ္ခြင့္ျပဳပါမည့္အေၾကာင္း ေလွ်ာက္ထားေနျပန္၍ ဆရာေတာ္ကလည္း နန္းတြင္းသူအေပၚ က႐ုဏာထားသျဖင့္ အိပ္ခြင့္ျပဳလိုက္ျပန္သည္။ သို႔ရာတြင္ ရဟန္းတို႔မည္သည္ မာတုဂါမႏွင့္ တစ္မုိးတစ္ရံတည္း မအိပ္ရသျဖင့္ ဆရာေတာ္သည္ အိပ္စက္ျခင္းမျပဳေတာ့ဘဲ ထုိင္လ်က္သာလွ်င္ တရားႏွလံုးသြင္းေနေလသည္။
နန္းတြင္းသူသည္ အတန္ၾကာ အိပ္ဟန္ျပဳၿပီးလွ်င္ မိန္းမမာယာသဲကိုးျဖာႏွင့္ ဆရာေတာ္အား မိမိအလိုသို႔ပါေအာင္ ျဖားေယာင္းေသြးေဆာင္သည္။ ထိုအခါ ဆရာေတာ္သည္ နန္းတြင္းသူ မိန္းမအား အာ႐ံုမျပဳေတာ့ဘဲ အနီးရွိ ဓားမျဖင့္ မိမိ၏ ေျခသလံုးႂကြက္သားကို လွီးလ်က္ ထိုဒဏ္ရာေၾကာင့္ ျဖစ္ေပၚလာေသာ ေဝဒနာကို႐ႈရင္း တရားႏွလံုးသြင္းေနေလသည္။ နန္းတြင္းသူသည္ ဆရာေတာ္၏ ေက်ာက္တုိင္ေက်ာက္သားကဲ့သုိ႔ ေရြ႕လ်ားျခင္းမရွိေသာ သီလတရားကို သိျမင္သြားသည္ျဖစ္၍ မုိးေသာက္ခ်ိန္၌ ဆရာေတာ္အား ဝတ္ခ်လ်က္ ထြက္ခြာသြားေလသည္။
ထိုေန႔တြင္ ေတာင္ဖီလာဆရာေတာ္သည္ ယမန္ေန႔ညက ခရီးသြားမိန္းမတစ္ေယာက္ႏွင့္ မွားယြင္းသည္ဟု အင္းဝတစ္ၿမိဳ႕လံုး ဟိုးဟိုးေက်ာ္သြားသည္။ ထိုအေၾကာင္းကို သာလြန္မင္းတရားႀကီး ၾကားသိေသာအခါ မွဴးမတ္ပရိသတ္အေပါင္းႏွင့္ အတူတကြ ေတာင္ဖီလာေတာသို႔သြားၿပီးလွ်င္ ဆရာေတာ္အား –
“ခရီးသည္ မိန္းမတစ္ဦးႏွင့္ ဆရာေတာ္ ေဖာက္ျပားသည္ဟု လူအမ်ားေျပာဆိုေနၾကပါ၏။ ဟုတ္မွန္လွ်င္လည္း ဟုတ္မွန္ေၾကာင္း ဝန္ခံေတာ္မူပါ။ မဟုတ္မွန္လွ်င္လည္း အမ်ားယံုၾကည္ေလာက္သည့္ သက္ေသာသာဓကျပဳေတာ္မူပါ” ဟု ေလွ်ာက္ထားေလသည္။
“ဒကာေတာ္ ဘုရင္မင္းႀကီး၊ ယမန္ေန႔ညက ခရီးသြားဧည့္သည္မိန္းမတစ္ေယာက္ က်ဳပ္ေက်ာင္း၌ တည္းခုိသြားသည္မွာ မွန္၏။ သို႔ေသာ္ ထိုမိန္းမႏွင့္ မွားယြင္းဖို႔ေဝးစြ၊ ထိုမိန္းမအား တပ္မက္ႏွစ္သက္ျခင္းပင္ ငါ၌ ျဖစ္ေပၚမလာခဲ့။ သို႔ေသာ္လည္း ဤေတာရေက်ာင္း၌ ထိုညက ငါႏွင့္ ထုိမာတုဂါမ ႏွစ္ေယာက္တည္းသာရွိ၍ သက္ေသသာဓကကိုမူ မျပႏုိင္ေပ။ ဤဓားမတစ္လက္ကိုမူ ငါ့အနီး၌ ရွိ၏။ ဤဓားမကိုပင္ သက္ေသထူရေတာ့မည္”
ယင္းသို႔ အမိန္႔ရွိလ်က္ ဆရာေတာ္သည္ ဓားမကိုကုိင္ၿပီးလွ်င္ ေရကန္တစ္ကန္သို႔ ႂကြေလသည္။ မင္းတရားႀကီးႏွင့္ မွဴးမတ္ပရိသတ္က ဆရာေတာ္၏ ေနာက္ကလိုက္ပါသြားၾကသည္။ ေရကန္ေရာက္ေသာအခါ ဆရာေတာ္သည္ – “ငါသည္ ခရီးသြားမာတုဂါမႏွင့္ မမွားယြင္းေၾကာင္း မွန္ပါက ဤဓားမသည္ ေရကန္ကို ျဖတ္ကူးသြားေစသား”
ဟူ၍ အဓိ႒ာန္ၿပီးလွ်င္ ဓားမကို ေရစပ္ပစ္ခ်လိုက္ေလသည္။ ထိုအခါ ဓားမသည္ ေရကန္ထဲတြင္ ငါးကူးသကဲ့သို႔ တစ္ဖက္ကမ္းမွ အျခားတစ္ဖက္ကမ္းသို႔ ျဖတ္ကူးသြားသည္။ ယင္းအံ့ဖြယ္သရဲကို ျမင္ေတြ႕ရေသာအခါ သာလြန္မင္းတရားႀကီးႏွင့္ မွဴးမတ္ဗုိလ္ေျခတို႔သည္ ရင္သပ္႐ႈေမာအံ့ဩသြားၾကၿပီးလွ်င္ ဆရာေတာ္အေပၚ၌ ရွိေနေသာ ယံုမွား သံသယ လံုးဝကင္းရွင္းသြားၾကသည္။ ထိုအခ်ိန္မွစ၍ ေတာင္ဖီလာဆရာေတာ္သည္ ဓားမကူး ဆရာေတာ္ဟူ၍ အမည္တြင္ေနေလသည္။ ပုဂံဆရာေတာ္ အရွင္ပ႑ိတႏွင့္ အင္းဝေတာင္ဖီလာ ဆရာေတာ္အရွင္မုနိႏၵတို႔၏သီလကို မွတ္ေက်ာက္တင္ရာ၌ ဓားမေရကူးပံုခ်င္း တူညီေနသည္။
အရွင္ပ႑ိတႏွင့္ မာတုဂါမ၏ဇာတ္လမ္းကို အေျခခံလ်က္ ေက်ာက္ဂူဥမင္ကို ဘုရင္နရပတိစည္သူတည္သည္ဟု ဆိုၾကေသာ္လည္း သမုိင္းသုေတသီမ်ားကမူ ဥမင္လက္ရာႏွင့္ ေက်ာက္ဆင္းတုလက္ရာမ်ားကို ေထာက္၍ ေက်ာက္ဂူဥမင္အေဆာက္အအံုသည္ နရပတိစည္သူမင္းႀကီးလက္ထက္မတုိင္ခင္ က်န္စစ္သားလက္ထက္ ႏွစ္ေပါင္းတစ္ရာေလာက္ေစာ၍ ရွိခဲ့သည့္အေဆာက္အအံု ျဖစ္လိမ့္မည္ဟု ခန္႔မွန္းၾကသည္။
သို႔ေသာ္ ေက်ာက္ဂူဥမင္၌ ေခတ္အစဥ္အဆက္ သူေတာ္သူျမတ္မ်ား ေနထုိင္သီတင္းသံုးခဲ့ေၾကာင္းမွာမူ သိသာထင္ရွားသည္။ ေက်ာက္ဂူဥမင္၌ ေတြ႕ရေသာ ေက်ာက္စာ၌ ‘သကၠရာဇ္ ၅၅၀ သာသနာငါးေထာင္ တည္စိမ့္ေသာငွာ စည္သူမင္းႀကီး နတ္ထမင္း ရေသာ သၼိင္ထံပါ ပုရွာအာ လွဴတပ္မႈသဝ္’ စသည္ျဖင့္ သကၠရာဇ္ ၅၅၀ တြင္ စည္သူမင္းႀကီးသည္ နတ္ထမင္းရေသာ သခင္ထံပါ (ဓပါ-ဓမ္ပါလ္- ဓမၼပါလ) ၏ ဘုရားကို ကၽြန္ စသည္မ်ား လွဴဒါန္းေၾကာင္းႏွင့္ ဥဇနာလက္ထက္တြင္လည္း ဆက္လက္လွဴဒါန္းေၾကာင္း ပါရွိေလသည္။ ဓမၼပါလဟူေသာအမည္ကို ဓမ္ပါ၊ ထံပါ ဟု အတိုေကာက္ေခၚရာမွ ‘ဓားမပါ’ ဟူေသာ ဇာတ္လမ္းႏွင့္ ဆက္စပ္သြားျခင္း ျဖစ္ဟန္တူသည္ဟုလည္း ဆိုၾကသည္။ ယင္းေက်ာက္စာပါ စကားအရ နရပတိစည္သူမင္းႀကီးလက္ထက္၌ ေက်ာက္ဂူဥမင္တြင္ ‘သခင္ထံပါ’ (အရွင္ဓမၼပါလ) မေထရ္ သီတင္းသံုးခဲ့ေၾကာင္း သိရွိရသည္။
ေက်ာက္ဂူဥမင္ တည္ရွိရာေနရာသည္ ဘာဝနာတရား ပြားမ်ားေဆာက္တည္ရန္ သင့္ေလ်ာ္ေလ်ာက္ပတ္ေသာ တိတ္ဆိတ္ၿငိမ္းခ်မ္းသည့္ တရားရိပ္ၿငိမ္ဌာနျဖစ္သျဖင့္ ပုဂံေခတ္မွစ၍ သခင္ထံပါစေသာ အရညဝါသီ ေတာမွီမေထရ္ႀကီးမ်ား သီတင္းသံုးလာခဲ့ၾကသည္။ သခင္ထံပါေနာက္ အရွင္အရိယဓမၼစေသာ မေထရ္ႀကီးမ်ားလည္း ဤေက်ာက္ဂူဥမင္ကိုပင္ တရားဘာဝနာ စီးျဖန္းအားထုတ္ရာ ေနရာအျဖစ္ သတ္မွတ္ေရြးခ်ယ္ခဲ့ၾကသည္။ ယခုလည္း တရားႏွင့္ ေမြ႕သူမ်ားအတြက္ နားေအးပါးေအး စတည္းခ်ဖို႔ ေကာင္းေသာ တရားရိပ္သာတစ္ခုပင္ ျဖစ္ေနသည္။
ပုဂံခရီးသည္သည္ စိတ္ႏွလံုးၿငိမ္းခ်မ္းမႈကိုေပးေသာ ထိုေက်ာက္ဂူဥမင္ပတ္ဝန္းက်င္မွ မခြဲခ်င္ ခြဲခ်င္ႏွင့္ ခြဲခြာလာခဲ့ေလသည္။
ဆရာပါရဂူရဲ႕ ပုဂံခရီးသည္ စာအုပ္မွ