Thursday, April 15, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကော်လိုရာဒိုမြစ် အကြောင်း သိကောင်းစရာ

by Thutamm
August 13, 2019
Reading Time: 1min read
0
ကော်လိုရာဒိုမြစ် အကြောင်း သိကောင်းစရာ
Share on FacebookShare on Twitter

ရေးသားသူ – Academy Page

Colorado မြစ်သည် အမေရိကန်ပြည်ထောင်စု အနောက်တောင်ဖက် နှင့် မက္ကဆီကိုနိုင်ငံ အနောက်မြောက်ဖက်ဒေသကိုဖြတ်ကျော်ကာ ကယ်လီဖိုးနီးယားပင်လယ်ကွေ့ထဲသို့စီးဝင်သည် ။ အရှည် ၁၄၅၀ -မိုင်ရှိပြီး မြစ်သွယ် ၊ မြစ်လက်တက် နှင့် မြစ်ဝှမ်းဧရိယာ စတုရန်းမိုင်၂၄၆၀၀၀ အထိရှိသည် ။ ဤဒေသသည် မိုးရွာသွန်းမှုနည်းပါးသဖြင့် Colorado မြစ်ရေ ကို အဓိကမှီခို အားထားနေရသည့်ဒေသ ဖြစ်သည် ။

လွန်ခဲ့သည့် နှစ်ထောင်ချီအချိန်မှစ၍ ဒေသခံအမေရိကန်လူမျိုးများသည် Colorado မြစ် ကိုအမှီပြုကာ စိုက်ပျိုး ၊ မွေးမြူရေးများဖြင့် အသက်မွေးဝမ်းကြောင်းပြုခဲ့ကြသည် ။ ယနေ့အချိန်တွင် Colorado မြစ်ရေအား စိုက်ပျိုးရေးသာမက ၊ ဆည်များ တည်ဆောက်ကာ လူနေရပ်ကွက်များအား ရေပေးဝေခြင်း ၊ ရေအားလျှပ်စစ်ထုတ်လုပ်ခြင်းများအတွက် အသုံးပြုကြသည်။ ၁၉၄၄ – ခုနှစ်အချိန်မှစ၍ အမေရိကန် နှင့် မက္ကဆီကိုနိုင်ငံများသည် Colorado မြစ်ရေအား ခွဲေ၀ သုံးစွဲရန် စာချုပ်ချုပ်ဆိုခဲ့ကြသည် ။

မြစ်ကြောင်း

မြစ်အစသည် Colorado ပြည်နယ်ရှိ Rocky တောင်တန်းပေါ်မှ Grand Lake ရေကန်ကြီးဖြစ်သည် ။ Colorado မြစ်သည် အနောက်တောင်ဖက်ဒေသသို့ စီးဆင်းပြီး Utah ပြည်နယ်အလယ်ပိုင်းဒေသတွင် Green မြစ်နှင့် လာဆုံသည် ။

Colorado မြစ်သည် လှပဆန်းပြားသည့် အရောင်များတည်ရှိသည့် ကျောက်တုံးချောက်ကမ်းပါးများကို ဖြတ်ကျော်စီးဆင်းသည့် ကမ္ဘာကျော်မြစ်ဖြစ်သည် ။မြစ်ဖြတ်ကျော်စီးဆင်းသည့် Colorado ၊ Utah ၊ Arizona ၊ Nevada ၊ California ပြည်နယ်များတွင် မြစ်ကြောင်းတလျှောက်၌ အမျိုးသားဥယျာဉ်များစွာတည်ရှိသည် ။

Utah ပြည်နယ်ရှိ Canyonlands အမျိုးသားဥယျာဉ် ၊ Glen Canyon အမျိုးသားဥယျာဉ် ၊ Arizona ပြည်နယ်ရှိ Grand Canyon အမျိုးသားဥယျာဉ် ၊ Nevada ပြည်နယ်ရှိ Black Canyon အမျိုးသား ဥယျာဉ်များသည် Colorado မြစ်ကြောင်းတလျှောက်ရှိ ကမ္ဘာကျော်ဥယျာဉ်များဖြစ်ကြသည် ။

ထို Colorado မြစ်ပေါ်တွင် Glen Canyon ဆည် တည်ဆောက်ပြီး ရေစီးဆင်းမှုကို ထိန်းချုပ်ကာ Grand Canyon ၏ သဘာ၀ အီကို စနစ် မပျက်စီးစေရန် ကာကွယ်ထားသည်ဟု ဆိုသည် ။ Colorado မြစ်သည် Arizona နှင့် Nevada ပြည်နယ်နယ်စပ်တွင် Lake Mead ရေကန်ကြီးကို ဖြတ်ကျော်သည် ။ Lake Mead ရေကန်အဆုံးတွင် တည်ဆောက်ထားသည့် Hoover Dam ဆည်ကြောင့် ရေကန်ကြီး သည် မြစ်ကြောင်းတလျှောက် ကြီးမားကျယ်ပြန့်စွာတည်ရှိသည် ။

Hoover Dam ဆည် အရောက်တွင် Colorado မြစ်သည် အရှေ့ဖက်တွင် Arizona ပြည်နယ် ၊ အနောက်ဖက်တွင် Nevada နှင့် California ပြည်နယ် နယ်နိမိတ် တည်ရှိကာ တောင်ဖက်သို့ဆက်လက်စီးဆင်းသည် ။ ထို့နောက် Colorado မြစ်သည် အမေရိကန် နယ်နိမိတ်ကိုဖြတ်ကျော်ကာ မက္ကဆီကိုဒေသ ကို ဖြတ်ကျော်စီးဆင်းသည် ။ Colorado မြစ်သည် မက္ကဆီကိုနိုင်ငံတွင်လည်း Sonora နှင့် Baja California ပြည်နယ်များ၏ နယ်နိမိတ်စည်းဖြစ်သည် ။

Colorado မြစ်ထဲသို့စီးဝင်သည့် မြစ်လက်တက်အများစုသည် Colorado ကုန်းမြေကို ဖြတ်စီးသဖြင့် အနယ်အနှစ်များသယ်ဆောင် လာသောကြောင့် မြစ်၏ အရောင်များမှာ အနီရောင်ဖြစ်နေတတ်သည် ။

Colorado မြစ်ထဲသို့ အပေါ်ပိုင်းတွင် စီးဝင်သည့်အဓိကမြစ်လက်တက်များမှာ Yampa, Green, Gunnison, Dolores, နှင့် San Juan မြစ်များဖြစ်ကြပြီး အောက်ဖက်ပိုင်းတွင် စီးဝင်သည့် အဓိကမြစ်လက်တက်များမှာ Virgin, Little Colorado, Salt, နှင့် Gila မြစ်များ ပါဝင်သည် ။

စီးပွားရေးအရ အရေးပါမှု

Colorado မြစ်နှင့် မြစ်သွယ် ၊ မြစ်လက်တက်များသည် အမေရိက အနောက်တောင်ဖက်ဒေသ၏ အလွန်အရေးပါသည့် သဘာ၀ အရင်းအမြစ်များဖြစ်သည် ။ ဤဒေသ၏မြို့ကြီးများဖြစ်သည့် Phoenix, Arizona, Las Vegas, Nevada စသည့် မြို့ကြီးများသည် Colorado မြစ်ရေကို မှီခိုအားကိုးနေရသည် ။

စိုက်ပျိုးရေး ၊ စက်မှုလုပ်ငန်းများသည် မြစ်ရေကို အသုံးပြုကြရသည် ။ ၂၀ -ရာစုအချိန်မှစ၍ Colorado မြစ် နှင့် မြစ်သွယ်တလျှောက်တွင် ဆည်အစုအဖွဲ့များစွာကို တည်ဆောက်ပြီး ရေများကိုထိန်းသိမ်းခဲ့ကြသည် ။

ဆည်များတည်ဆောက်ခြင်းဖြင့် ရေလွှမ်းမိုးမှုကို ကာကွယ်နိုင်သကဲ့သို့ လျှပ်စစ်ဓါတ်အားများကိုလည်း ထုတ်လုပ်လာနိုင်ခဲ့ကြသည် ။ Hoover Dam သည် Colorado မြစ်ပေါ်ရှိ အကြီးဆုံးဆည်ဖြစ်ပြီး ၁၉၃၆ – ခုနှစ်အချိန်က တည်ဆောက်ပြီးစီးခဲ့သည် ။

၁၉၆၄ – ခုနှစ်အချိန်က တည်ဆောက်ပြီးစီးခဲ့သည့် Glen Canyon Dam ဆည်သည် ဒုတိယအကြီးဆုံးဆည်ဖြစ်သည် ။ ထိုဆည်နှစ်ခုပေါင်း ထိန်းသိမ်းထားသည့် ရေပမာဏ သည် Colorado မြစ် ဝှမ်းဒေသ ထိန်းသိမ်းထားသည့်ရေပမာဏ၏ ၈၀% ရှိသည် ။

Colorado မြစ်ပေါ်တွင်တည်ဆောက်ထားသည့် ရေအားလျှပ်စစ်စက်ရုံများမှ ဓါတ်အားထုတ်လွှတ်မှု ပမာဏမှာ တနှစ်လျှင် 12 billion kilowatt-hours ရှိပြီး တခြားပြည်နယ်များသို့လည်း ဖြန့်ဝေပေးသည် ။ဆည်များတည်ဆောက်မှု နှင့်အတူ ဤဒေသမှ ရေကန်များဖြစ်သည့် Lake Powell ၊ Lake Mead ၊ Lake Mohave ရေကန်များသည် ပိုမိုကျယ်ပြန့်လာပြီး ၊ ထိုနေရာများတွင် အပန်းဖြေစခန်းများကို တည်ဆောက်လာကြသည် ။ ရှေးယခင်က Colorado မြစ်ကြောင်းတလျှောက်တွင် ကူးသန်းသွားလာမှုများရှိခဲ့ကြသော်လည်း ၊ ယခုအခါ တချို့နေရာများတွင် ခရီးတိုမျှသာ ရေလမ်းခရီးအဖြစ်သွားလာနိုင်သည် ။

သမိုင်း

Native Americans များသည် လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၀၀ – ကျော်အချိန်မှစ၍ ဤဒေသတွင် အစောဆုံး နေထိုင်ခဲ့ကြသည့် ဒေသခံ လူမျိုးများဖြစ်ကြသည် ။

ရှေးဟောင်းသုတေသီများမှတ်တမ်းများအရ Hopi လူမျိုး Pueblo လူမျိုးများသည် Colorado မြစ်နှင့် မြစ်ဝှမ်းဒေသတလျှောက်နေထိုင်ခဲ့ကြသည်ပြီး ဤမြစ်အား ရှေးအချိန်ကဒေသခံများခေါ်သည့် အမည် များစွာ ရှိခဲ့ဘူးသည်ဟုဆိုသည် ။ သို့သော်လည်း ထိုဒေသခံလူမျိုးများ အကြောင်းကို အနည်းငယ်သာ သိရှိကြသည် ။

အေဒီ ၁၃၀၀ – ၁၄၀၀ အချိန်က ဒေသခံလူမျိုးများသည် ဤဒေသမှ တဖြည်းဖြည်းပျေက်ကွယ်သွားခဲ့ ကြပြီး ၊ ပျောက်ကွယ်ခဲ့ရတဲ့အကြောင်းအရင်းများကိုလည်း လူအများ တိကျသေချာစွာမသိရှိကြပေ ။ ဤဒေသသို့ပထမဆုံးရောက်ရှိလာခဲ့သည့် ဥရောပတိုက်သားမှာ ၁၅၃၉ – ခုနှစ်အချိန်က စပိန်လူမျိုး နယ်မြေသစ်ရှာဖွေသူ Francisco de Ulloa ဖြစ်ဖွယ်ရှိသည်ဟု မှတ်တမ်းများမှ ဆိုကြသည် ။

အေဒီ ၁၅၄၀ -၁၅၄၁ ခုနှစ်အချိန်က စပိန်လူမျိုး Francisco Vásquez de Coronado ဆိုသူသည် ဤမြစ်ကြောင်းတလျှောက် စတင်ခရီးသွားလာ ခဲ့ဘူးသဖြင့် မြစ်အမည်မှာလဲ Coronado ဟု အမည် ကျော်သည် ။ ၁၈၆၉ – ခုနှစ်အချိန်တွင် အမေရိကန် ဘူမိဗေဒပညာရှင် John Wesley Powell ဆိုသူသည် Colorado မြစ် ၊ Green မြစ် နှင့် အနီးပါတ်ဝန်းကျင်ဒေသများကို တိတိကျကျ လေ့လာတိုင်းတာ ခဲ့သည် ။

၁၉၀၂ – ခုနှစ်အချိန်မှစ၍ အမေရိကန်အစိုးရသည် Colorado မြစ်ဝှမ်းဒေသတလျှောက် ဆည်များ ၊ ရေကာတာများ ဆက်စပ်တည်ဆောက်မည့် စီမံကိန်းများကို စတင်အကောင်အထည် ဖေါ်လုပ်ဆောင် ခဲ့သည် ။ Colorado မြစ်ဝှမ်းဒေသထဲတွင် အမေရိကန်ပြည်နယ် ၇- ခုပါဝင်ပြီး ၊ ရေများကိုခွဲဝေရယူမည့် အစီအမံများကို အမေရိကန်လွှတ်တော်မှ အဆုံးအဖြတ်ပေးခဲ့ ကြရသည် ။ ထိုအဆုံးအဖြတ်သည်လည်း Water Policy in the United States ဟု အမည်ကျော်သည် ။

ယနေ့အချိန်တွင် Colorado မြစ်၏ အဓိကပြသနာမှာ ရေထဲတွင်ဆားပါဝင်မှု မြင့်မားလာခြင်းဖြစ်သည် ။ မြစ်အောက်ပိုင်းဒေသများသည် ၊ မြစ်အပေါ်ပိုင်းဒေသများထက် ဆားပါဝင်မှု ပိုမိုမြင့်မားလေ့ရှိသည် ။

Colorado ကုန်းမြေကိုဖြတ်ကျော်စီးဆင်းလာသည့် မိုးရေများ ၊ နှင်းခဲများသည် သဘာဝဆား ပါဝင်သည့် တောင်များ ၊ ကုန်းမြေများ ၊ ကျောက်စိုင် ၊ ကျောက်ခဲများကို ဖြတ်သန်းကာ မြစ်ထဲသို့စီးဝင်သောကြောင့်ဟုဆိုသည် ။

ထို့ကြောင့် Colorado မြစ်ရေကို သန့်စင်ပြီးမှသာ လူများအသုံးပြုနိုင်သည် ။ ရေထဲမှ ဆားပါဝင်မှုကိုလျှော့ချရန် Colorado မြစ်ကြောင်း တလျှောက်တချို့နေရာများတွင် ဆားများကို ဖယ်ထုတ်ပေးတတ်သည့် ဆားသန့်စင် စက်ရုံများကို တည်ဆောက်ထားသည် ။

Academy Page

Tags: rivers

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!