Tuesday, April 13, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ချက်သမ္မတ နိုင်ငံအကြောင်း သိကောင်းစရာ

by Thutamm
August 15, 2019
Reading Time: 1min read
0
ချက်သမ္မတ နိုင်ငံအကြောင်း သိကောင်းစရာ
Share on FacebookShare on Twitter

ချက်သမ္မတနိုင်ငံ သည် ဥရောပအလယ်ပိုင်းမှ ကုန်းတွင်းပိတ်နိုင်ငံတစ်ခုဖြစ်သည်။ အရှေ့မြောက်ဘက်တွင် ပိုလန်၊ အနောက်ဘက်နှင့် အနောက်မြောက်ဘက်တွင် ဂျာမနီ၊ တောင်ဘက်တွင် ဩစတြီးယား၊ အရှေ့ဘက်တွင် ဆလိုဗက်ကီးယား နိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်လျှက် ရှိသည်။

တစ်ချိန်က ဘိုဟီးမီးယား (Bohemia) ဟု လူသိများခဲ့သော ချက်နိုင်ငံကို ၉ရာစုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၁၉၁၈ခုနှစ်အထိ ဘုရင့်နိုင်ငံ ဖြစ်ခဲ့သည်။ ၁၃ရာစု၊ ၁၄ရာစုနှစ်များ၌ ပရီမိုင်ဆလစ် (Přemyslid) နှင့် လူဇင်ဘတ် (Luxembourg) မင်းဆက်များ လက်ထက်တွင် ယင်း၏ ပိုင်နက်နယ်မြေများ အကျယ်ဆုံးအထိဖြစ်လာခဲ့သည်။ ၁၅၂၆တွင် ဖြစ်ပွားခဲ့သော မိုဟက်တိုက်ပွဲ (Battle of Mohács) ပြီးနောက်တွင် ဘိုဟီးမီးယားဘုရင့်နိုင်ငံသည် ဟတ်ဘ်စ်ဘတ်ခ် (Habsburg monarchy) ဘုရင်စနစ်အောက်သို့ ဩစတြီးယား၊ ဟန်ဂေရီနိုင်ငံတို့နှင့်အတူ သွတ်သွင်းခံခဲ့သည်။

၁၉၁၈တွင် ပထမကမ္ဘာစစ်ကြီးအပြီး ဩစတြီးယား-ဟန်ဂေရီအင်ပါယာ ပြိုကွဲပြီးနောက် လွတ်လပ်သော ချက်သမ္မတနိုင်ငံ ဖြစ်ပေါ်လာသည်။ နာဇီဂျာမနီ၊ ပြင်သစ်၊ ယူနိုက်တက်ကင်းဒမ်း နှင့် အီတလီနိုင်ငံတို့ချုပ်ဆိုခဲ့သော မြူးနစ်စာချုပ်အရ ဇောင်လ်ဇီနယ်ကို ပိုလန်သို့ပေးရခြင်း၊ ယင်းနောက် ဂျာမန်တို့က ချက်ကိုစလိုဗက်ကီးယားကို သိမ်းပိုက်ခြင်းနှင့် ဆိုဗီယက်တပ်နီတော်မှ ချက်ကိုစလိုဗက်ကီးယားကို လွတ်မြောက်အောင် လုပ်ဆောင်ပေးခြင်းစသည့် နိုင်ငံရေးဖြစ်စဉ်များကြောင့် ၁၉၄၆ခုနှစ် ရွေးကောက်ပွဲတွင် ကွန်မြူနစ်ပါတီသည် မဲ (၃၈%) ဖြင့် လူကြိုက်အများဆုံးဖြစ်ခဲ့သည်။

၁၉၄၈တွင် အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီး ကွန်မြူနစ်နိုင်ငံဖြစ်လာခဲ့သည်။ ၁၉၆၈တွင် ကွန်မြူနစ်အစိုးရအပေါ် မကျေနပ်မှုများတိုးပွားလာကာ ဖြုတ်ချနိုင်ရန်ကြံစည်လာကြသည်။ ၁၉၆၈ ပရာ့ဂ်နွေဦးရာသီ အရေးအခင်းသည် ရိုမေးနီးယားနိုင်ငံမှအပ ဝါဆောစာချုပ်အဖွဲ့ဝင်နိုင်ငံများက ဝင်ရောက်သိမ်းပိုက်ခြင်းဖြင့် အဆုံးသတ်ခဲ့ပြီး ၁၉၈၉ ကတ္တီပါတော်လှန်ရေး ( Velvet Revolution) ဖြင့် ကွန်မြူနစ်အစိုးရ ပြုတ်ကျသွားသည့်အချိန်အထိ ကြာမြင့်ခဲ့သည်။ ၁၉၉၃၊ ဇန်နဝါရီလ (၁)ရက်နေ့တွင် ချက်ကိုစလိုဗက်ကီးယားနိုင်ငံကို ဖျက်သိမ်းပြီး ချက်နိုင်ငံနှင့် ဆလိုဗက်ကီးယားနိုင်ငံတို့အဖြစ် လမ်းခွဲခဲ့ကြသည်။

ချက်နိုင်ငံသည် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို လျှင်မြန်စွာ ပြုလုပ်ခဲ့သည်။ ပုဂ္ဂလိကပိုင်ပြုလုပ်ရေး (privatization) ကို လျှင်မြန်စွာ အကောင်အထည်ဖော်ခဲ့သည်။ ၂၀၀၇-၂၀၁၀ ကမ္ဘာ့စီးပွားပျက်ကပ် (global economic crisis) မကျရောက်မီအထိ နှစ်စဉ်စီးပွားရေးမှာ ဂျီဒီပီ ၆% ခန့် ရှိခဲ့သည်။ ၂၀၀၆ခုနှစ် ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာအရ ဖွံ့ဖြိုးဆဲတိုင်းပြည် အဖြစ်မှ ဖွံ့ဖြိုးပြီးတိုင်းပြည်အဖြစ် ပြောင်းလဲရန် ရှေ့ဆုံးမှ တာစူနေသော နိုင်ငံဖြစ်ခဲ့သည်။ ၂၀၀၉ခုနှစ်တွင် ဖွံ့ဖြိုးဆဲနိုင်ငံများထဲတွင် လူသားဖွံ့ဖြိုးမှုညွှန်းကိန်း အနေဖြင့် အလွန်မြင့်မားသောနိုင်ငံများ (Very High Human Development) စာရင်းထဲသို့ ရောက်ရှိလာခဲ့သည်။ ၂၀၁၇စာရင်းအရမူ ချက်နိုင်ငံသည် ကမ္ဘာပေါ်တွင် နံပါတ် ၃၇ ခုမြောက် အချမ်းသာဆုံး နိုင်ငံဖြစ်သည်။

ချက်သမ္မတနိုင်ငံ၏ နယ်မြေအကျယ်အဝန်းမှာ စတုရန်းမိုင် ၃၀၄၅၀ ဖြစ်၍ ၂၀၁၆ခုနှစ်စာရင်းအရ လူဦးရေ ၁၀.၆သန်း ရှိသည်။ မြို့တော်မှာ ပရက်ဂ်မြို့ဖြစ်၍ ရုံးသုံးဘာသာစကားအဖြစ်ချက်ဘာသာ စကားကိုပြောကြားသည်။ ထို့ပြင်စလိုဗက် ဘာသာစကားကိုလည်း ပြောကြားမှုရှိသည်။ နိုင်ငံလူဦးရေ၏ ၇၀% ကျော်ကျော်မှာ ဘာသာမဲ့များဖြစ်ပြီး ကျန်သူများမှာခရစ်ယာန်ဘာသာကို အများဆုံးကိုးကွယ်ကြသည်။ ကာကွယ်ရေးတပ်ဖွဲ့အင်အားမှာ ၁သိန်းခန့် ရှိသည်။ လှည့်ပတ်သုံးစွဲ နေသောငွေကြေးမှာ ကိုရူနာဖြစ်သည်။

ချက်နှင့်စလိုဗက်ဖက်ဒရယ် ပြည်ထောင်စုကြီးအား ဖျက်သိမ်းပြီးနောက် ၁၉၉၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် အချုပ်အခြာအာဏာပိုင်သည့် ချက်သမ္မတနိုင်ငံဖြစ်လာခဲ့သည်။ ယင်းနေ့မှာပင် စတင်အာဏာ သက်ရောက်ခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ချက်သမ္မတနိုင်ငံအား တစ်ခုတည်းသော နိုင်ငံအဖြစ်သတ်မှတ် ပြဋ္ဌာန်းသည်။

ချက်နိုင်ငံ၏ စိတ်ဝင်စားဖွယ်အချက်တချို့

ပရက်ဂ်မြို့မှာ ချက်နိုင်ငံ၏ မြို့တော်ဖြစ်ပြီး အလယ်ခေတ်မြို့ဟောင်းကို ထိမ်းသိမ်းထားရာနေရာဖြစ်သည်။ထင်ရှားသည့်နေရာတစ်ခုမှာ ၁၃၅၇ခုနှစ်ကတည်းက တည်ဆောက်ခဲ့သော ချားလ်တံတားဖြစ်သည်။ အခြားထင်ရှားသောမြို့ကြီးများမှာ Brno, Ostrava, Pilsen နှင့် Olomou တို့ဖြစ်ကြသည်။

ချက်နိုင်ငံ၏ အမြင့်ဆုံးနေရာမှာ ပိုလန်အနီးနယ်စပ်တွင် တည်ရှိသည့် Snezka တောင်ဖြစ်ကာ အမြင့် ၅၂၅၆ပေ မြင့်သည်။

ချက်နိုင်ငံတစ်ခုလုံးကို တောင်တန်းများဖြင့်ဝန်းရံထားပြီး အမူအခင်းနည်းပါးသော အေးချမ်းသည့်နိုင်ငံတစ်ခုအဖြစ် သတ်မှတ်ထားသည်။ နိုင်ငံ၏ ၃ပုံ ၁ပုံကို သစ်တောများဖြင့် ဖုံးလွှမ်းထားပြီး ရေကန်ကြီးပေါင်းလည်း ၄၀၀ခန့် ရှိသည်။

ချက်နိုင်ငံတွင် အများဆုံးတွေ့နိုင်သည့် တိရစ္ဆာန်များမှာ မြေခွေး ၊ ယုန် ၊ ဒရယ် ၊ ယုန်ကြီးမျိုး(hare) နှင့် တောဝက်များဖြစ်သည်။

သဘာဝပတ်ဝန်းကျင်ကို ထိမ်းသိမ်းထားသည့် အမျိုးသားဥယျာဉ်ကြီးလေးခုရှိပြီး ထိုလေးခုမှာ Krkonoše, Podyjí, Šumava နှင့် České Švýcarsko တို့ဖြစ်ကြသည်။ Krkonoše အမျိုးသားဥယျာဉ်သည် ဥရောပ၏ သဘာဝအထိမ်းသိမ်းထားနိုင်ဆုံးနေရာတစ်ခု ဖြစ်သည်။

ဂျာမနီ နှင့် နယ်စပ်တစ်လျှောက်တွင် အလွန်လှပသော အပန်းဖြေမြို့ငယ်လေးများကို ပိုင်ဆိုင်ထားသည်။ ထိုမြို့ငယ်လေးများတွင် နာမည်အကြီးဆုံး ခရီးသွားများ အလာဆုံးမြို့မှာ Karlovy မြို့ဖြစ်သည်။

ချက်နိုင်ငံတွင် ရဲတိုက်ပေါင်း ၂၀၀၀ကျော်တည်ရှိပြီး ကမ္ဘာပေါ်တွင် ရဲတိုက်အများဆုံးနိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။ ပရက်ဂ်ရဲတိုက်မှာ ရှေးဟောင်း ကမ္ဘာ့အကြီးဆုံးရဲတိုက်အဖြစ် ဂင်းနစ်စံချိန်ဝင်ထားသည်။ ထိုရဲတိုက်ကြီးကို စတုရန်းမီတာ ၇သောင်း အကျယ်ရှိ မြေပေါ်တွင်တည်ဆောက်ထားသည်။

ပရက်ဂ်ရှိ ချားလ်တက္ကသိုလ်သည် အလွန်နာမည်ကြီးသည်။ ၁၃၄၈ခုနှစ်တည်းက ဖွင့်လှစ်ခဲ့သော တက္ကသိုလ်ဖြစ်ပြီး ကမ္ဘာ့ရှေးအကျဆုံး တက္ကသိုလ်စာရင်းတွင်ပါဝင်ကာ ယခုထိတိုင် ဖွင့်လှစ်ထားဆဲဖြစ်သည်။

ပညာရေးစနစ်အလွန်ကောင်းမွန်ပြီး ကမ္ဘာ့ပညာရေးအကောင်းဆုံး နိုင်ငံ ၁၅နိုင်ငံစာရင်းဝင်ဖြစ်သည်။ ချက်လူမျိုး ၉၉ရာခိုင်နှုန်းစာတတ်မြောက်ကြပြီး ၉၀ရာခိုင်နှုန်းကျော်မှာ အလယ်တန်းပညာရေးအဆင့်ထိ ရှိသည်။

ချက်လူမျိုးများသည် ဘီယာအသောက်ဆုံးလူမျိုးများဖြစ်ပြီး ပထမဆုံးဘီယာကို ၁၁၁၈ခုနှစ်တည်းက ထုတ်လုပ်ခဲ့ပြီးဖြစ်သည်။

ချက်နိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းမှာ ခရီးသွားလာရေးလုပ်ငန်းဖြစ်ပြီး ပရက်ဂ်မြို့သည် ကမ္ဘာ့ခရီးသွားများအလာဆုံးမြို့စာရင်းတွင်ပါဝင်သည်။ အီလက်ထရောနစ် ၊ စက်ပစ္စည်း ၊ ဆေးဝါးဆိုင်ရာ နှင့် အခြားအင်ဂျင်နီယာရင်း လုပ်ငန်းများကို လည်း လုပ်ကိုင်ကြသည်။

ချက်နိုင်ငံသားတစ်ဦးချင်းစီ၏ နှစ်စဉ်ပျမ်းမျှဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၃၉၃၃၇ ဒေါ်လာဖြစ်ပြီး ကမ္ဘာ့အဆင့် ၃၉ ဖြစ်သည်။

ဥရောပတွင် နာမည်ကြီးကားတံဆိပ်ဖြစ်သည့် Skoda သည် ချက်နိုင်ငံမှဖြစ်သည်။

ချက်နိုင်ငံ၏ အခြားနာမည်ကြီးသည့်လုပ်ငန်းတစ်ခုမှာ မှန်ထုတ်လုပ်ရေးလုပ်ငန်းဖြစ်သည်။ ချက်နိုင်ငံထုတ်မှန်များကို တန်ဖိုးကြီးစားပွဲခုံများနှင့် အိမ်အလှဆင်လုပ်ငန်းများတွင် သုံးလေ့ရှိသည်။

လေးထောင့်သကြားခဲများကို ချက်နိုင်ငံမှ ၁၈၄၃ခုနှစ်တွင် တီထွင်ထုတ်လုပ်ခဲ့သည်။

ချက်နိုင်ငံ၏ ထင်ရှားသည့်အရာတစ်ခုမှ ပရက်ဂ်မြို့ရှိ နက္ခတ်တာရာနာရီကြီးဖြစ်သည်။ ၁၄၁၀ခုနှစ်တည်းက ဖန်တီးခဲ့သော ထိုနာရီကြီးသည် ကမ္ဘာ့ရှေးအကျဆုံးနာရီများစာရင်းတွင်ပါဝင်ပြီး ယခုထိတိုင်အလုပ်လုပ်ဆဲဖြစ်သည်။

ချက်မြို့တော် ပရက်ဂ် VIDEO

Wiki
သုတဇုန်

Tags: countries

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!