Written By Saya Aung Ko Latt
ကမ္ဘာ့ ရွှေတွင်းကြီး လို့ တင်စားခေါ်ဝေါ် ခြင်းခံရတဲ့ ဂျူး လူမျိုးဟာ ကမ္ဘာ မှာ စီးပွားရေး အလုပ်တတ်ဆုံး လူမျိုး ဖြစ်သလို အချမ်းသာဆုံး လူမျိုးလည်း ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ဂျူး လူမျိုး စုစုပေါင်း ၁၆ သန်းခန့် ရှိပါတယ်။ ကမ္ဘာ့ လူဦးရေ ရဲ့ ဝ.၃% ပါ။ ဒါပေမဲ့ ကမ္ဘာ့ အချမ်းသာဆုံး သူဋ္ဌေးတွေ ထဲမှာ ဂျူး လူမျိုး ၅၀% အထိ ပါဝင်ပါတယ်။ ဂျူး တို့ ဟာ အမေရိကန်နိုင်ငံ ရဲ့ လူဦးရေ ၃%သာ ပါဝင်ပေမဲ့ အမေရိကန် အချမ်းသာဆုံး လုပ်ငန်းရှင် အုပ်စုထဲ မှာ ၂၅% အထိ ပါဝင် ပါတယ်။
သူတို့ ဘာကြောင့် အဲလောက် ထိ အောင်မြင်ရ တာလဲ။ အားလုံးနီးပါး ရှေးဘဝ ကုသိုလ် ကောင်းခြင်း ကြောင့် ဖြစ်နိုင်စရာ အကြောင်းတော့ မရှိပါ။ စာစုဖြစ်ဖြစ်၊ ဆောင်းပါး ဖြစ်ဖြစ် သူတို့ အောင်မြင်တဲ့ လျို့ ဝှက်ချက် ကို ပုံဖေါ် နိုင်လိမ့်မည် မဟုတ်ပါ။
ဘယ်လိုပဲ ဖြစ်ဖြစ် စီးပွားရေး ကို အာရုံစိုက်ပြီး ဖေါ်ဆောင်တော့မည့် လူငယ်များ အဖို့ လေ့လာသင့် ပါတယ်။ ဒီ စာထဲမှာ ပါဝင်တဲ့ တစ်ချို့ အကြောင်းအရာများ နဲ့ သဘော တရားများ ဟာ စာဖတ်သူတို့ ရဲ့ အယူအဆ နဲ့ ဆန့်ကျင်ကောင်း ဆန့်ကျင်ပါ လိမ့်မယ်။ ဒါပေမဲ့ လေ့လာတဲ့ နေရာမှာ တူညီတာကို ယူပြီး မနှစ်သက်တဲ့ အချက်များကို ဖယ်ရှားထားလို့ ရပါတယ်။
ဂျူး လူမျိုးတို့ ဟာ ကမ္ဘာ မှာ စီးပွားရေး အကျွမ်းကျင်ဆုံး လူမျိုး ဖြစ်ပါတယ်။ သမိုင်း မှာ သူတို့ဟာ ဒေသစွဲ သိပ်မရှိပဲ ရေကြည်ရာ မြက်နုရာ ကို ပြောင်းရွှေ့ နေထိုင်လေ့ ရှိပါ တယ်။ ဒါကြောင့်မို့ လည်း အဖိနိပ်ခံရပြီး အပယ်ခံ လူမျိုး ဖြစ်ခဲ့ဖူး ပါတယ်။ သမိုင်း မှာ သူတို့ဟာ ကိုယ်ပိုင်မြေ မရှိ၊ ကိုယ်ပိုင် နိုင်ငံ မရှိတဲ့ အတွက် နှင်ထုတ်ခံ ရတယ်။ အဖိနှိပ်ခံခဲ့၊ ငြင်းပမ်း နှိပ်စက်ခံခဲ့ရ ပါတယ်။ ဒါပေမဲ့ သူတို့က စီးပွားရေး မှာ အလွန် ထူးချွန်လေတော့ စီးပွားရေး အရ သူတို့ကို အားကိုးရတတ် ပြန်ပါတယ်။ ယခု အခါ သူတို့ကိုယ်ပိုင် နိုင်ငံ ရှိနေပါပြီ။
သူတို့ ဟာ အမေရိကန် အပါအဝင် အချို့ နိုင်ငံများ ရဲ့ စီးပွားရေး နဲ့ နိုင်ငံရေး ကို ကိုင်လုပ်နိုင် နေဆဲပါ။ ဂျူးတို့ မှာ စီးပွားရေး နဲ့ ပတ်သက်ပြီး ကိုယ်ပိုင် အယူအဆ နဲ့ ဥပဒေသတွေ ရှိတယ်။ လေ့လာကြည့် ရအောင်၊
ဥပဒေသ ( ၁ ) ပိုက်ဆံ အတွက်နဲ့ အရပ်လေးမျက်နာ ခရီးသွားပါ။
ခရီးသွားတဲ့ လူ ဟာ အမြင်ကျယ်တယ်။ အခွင့်အရေး နဲ့ ထိတွေ့လွယ်တယ်။ သမိုင်း မှာ ဒီလို ဖြစ်ဖူးတယ်။ ပိုက်ဆံ ပေါတဲ့နေရာ ဂျူး လူမျိုး ရှိတယ်။
သူတို့ဟာ ကမ္ဘာ့ နိုင်ငံသားများ ဖြစ်ကြတယ်။ သူတို့ဟာ ကမ္ဘာ တစ်ခွင်လုံး ကို အဆက်အသွယ် လုပ်ကြ တယ်။ စီးပွားရေး အလုပ်ဖြစ်တဲ့ ဘယ်သူ နဲ့ ဖြစ်ဖြစ် မိတ်ဆွေဖွဲ့ တယ်။
သူတို့ဟာ ပိုက်ဆံရှာဖို့ အတွက် အရပ် လေးမျက်နာ ကို ခရီးသွား ကြတယ်။ ဝယ်ကြ၊ ရောင်းကြတယ်။ တည်မြဲတဲ့ ဈေးကွက်ကို မတောင့်တဘူး၊ ကိုယ့်ကိုယ်ကို ကမ္ဘာ့ စီးပွားရေးသမား ဖြစ်အောင် ဖန်တီးတယ်။ အရင်းရှင် စီးပွားရေးစနစ် ပုံဖေါ်လာပြီးနောက်ပိုင်း မှာ သူတို့ ဟာ သေးသေးမွှားမွှား မကိုင်တော့ဘူး၊ ကမ္ဘာ့ဘဏ် လုပ်ငန်းတွေ၊ ငွေကြေး လုပ်ငန်းတွေ၊ စီးပွားရေး ဈေးကွက် တွေ ချုပ်ကိုင်လာနိုင်တဲ့ အဆင့် ဖြစ်လာပါတယ်။ သူတို့ကို သူတို့ ကမ္ဘာ့ စီးပွားရေးသမားကြီး အဖြစ် ပုံဖေါ်တယ်။
————————————-
ဥပဒေသ ( ၂ ) ပိုက်ဆံ ဟာ ဂျူး လူမျိုးတို့ရဲ့ လောကတ္တရာ ဘုရားသခင် ဖြစ်တယ်။
ဆိုရှယ်လစ်အရင်းကြမ်း ရေးတဲ့ ဆိုရှယ်လစ်စနစ် ရဲ့ ဖခင်ကြီး ကားလမတ်စ် က ဂျူး တွေကို ဒီလို ပုံဖေါ်ဖူး ပါတယ်။ “ ဂျူး လူမျိုးတို့ ဟာ လက်တွေ့လိုအပ်ချက် ကို သာ အလေးထားတယ်။ စီးပွားရေး လုပ်ဖို့ကိုသာ အားသန်တယ်။
ပိုက်ဆံ ဟာ သူတို့ရဲ့ လောကုတ္တရာ ဘုရားသခင်ပဲ”တဲ့။ သူတို့က ပိုက်ဆံ ဟာ ယုံကြည်မှု့ထက် ပိုမိုပြီး လက်တွေ့အသုံးဝင်တယ်လို့ ယူဆ ပါတယ်။
————————
ဥပဒေသ ( ၃ ) ပိုက်ဆံ ရှာနိုင်တဲ့ ပညာသာ ဉာဏ် ပညာအစစ် ဖြစ်တယ်။
ပိုက်ဆံ ရှာတာ များလေ ကောင်းလေ၊ ပိုက်ဆံရှာခြင်း အလုပ်ဟာ မှန်ကန်တဲ့ အလုပ် ဖြစ်ပြီး သဘာဝကျတဲ့ အလုပ်လည်း ဖြစ်တယ်။ ပိုက်ဆံ ရှာနိုင်တဲ့ အခွင့်အရေး ကို စွန့်လွတ်ခြင်း ကို အပြစ်လို့ ရူ့ မြင်တယ်။
ဘုရားသခင် ရဲ့ ပြစ်တင်ရှုတ်ချခြင်း ကို ခံရ လိမ့်မယ်လို့ ယူဆတယ်။ ဂျူး တို့ရဲ့ အယူအဆအရ ပိုက်ဆံ နဲ့ ဉာဏ်ပညာ မှာတော့ ဉာဏ်ပညာ ဟာ ပိုမို အရေးကြီး ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဉာဏ်ပညာ ဟာ ပိုက်ဆံ ပိုမို ရှာဖွေ စုဆောင်းမိစေ ပါတယ်။
ဆိုလိုတာ က ပိုက်ဆံ ရှာတတ်တဲ့ ဉာဏ်ပညာ သာ ဉာဏ်ပညာ အစစ် ဖြစ်တယ် ဆိုတဲ့ သဘော ဖြစ်သွားတယ်။ ပိုက်ဆံ ဟာ ဉာဏ်ပညာ ကို တိုင်းတာတဲ့ ပေတံ ဖြစ်သွား တယ်။ သူတို့ အယူအဆ အရ ပိုက်ဆံ နဲ့ ဉာဏ်ပညာ ပူးပေါင်းလိုက် မှသာ ပိုက်ဆံ ဟာ ပိုက်ဆံ အသေ မဟုတ်တော့ပဲ ပိုက်ဆံ ကို ပိုက်ဆံ ပွားနိုင်တဲ့ ပိုက်ဆံ အရှင် ဖြစ် သွားတယ်။
——————————————————
ဥပဒေသ ( ၄ ) အမျိုးသမီး ကို ချိန်ရွယ်ပါ။
ဂျူး လူမျိုး စီးပွားရေးလုပ်တဲ့ သမိုင်း အနှစ် ( ၄၀၀၀ ) ရှိ ပါတယ်။ သူတို့အတွေ့ အကြုံအရ ယော့က်ျားများ ဟာ ပိုက်ဆံ ရှာတယ်။ မိန်းမများ ဟာ ပိုက်ဆံ သုံးတယ်။ စီးပွားရှာတယ် ဆိုတာ ပိုက်ဆံရှာတဲ့ သူ ဆီကထက် ပိုက်ဆံသုံးတဲ့ သူများဆီ ကို အဓိက ချိန်ရွယ်ရ ပါတယ်။
———————————————–
ဥပဒေသ ( ၅ ) ပါးစပ် ကို ချိန်ရွယ်ပါ။
အစားအသောက် နဲ့ သက်ဆိုင်တဲ့ လုပ်ငန်း ကို ဆိုလိုပါတယ်။ လုပ်ငန်းသေး အနေ နဲ့ ဟင်းသီးဟင်းရွက်ဆိုင်၊ အသားဆိုင်၊ ငါးဆိုင်၊ အရက်ဆိုင်၊ ကုန်ဆုံဆိုင်၊ ဆန်ဆိုင်၊ သားရေစာဆိုင်၊ အသီးအနှံဆိုင် စသည်တို့ပါဝင်ပြီး လုပ်ငန်းကြီး အနေနဲ့ ဟော်တယ် လုပ်ငန်း၊ စားတော်ဆက်လုပ်ငန်း၊ ညကလပ် ကပွဲရုံ လုပ်ငန်း အထိ ပါဝင် ပါတယ်။ ဒီ လုပ်ငန်းများ အားလုံး ဟာ အလုပ်ဖြစ်တယ် ဆိုတဲ့ သဘောပါ။
ဥပဒေသ ( ၆ ) ၇၈ : ၂၂ အချိုး
ဂျူး လူမျိုးတို့မှာ အရိုးစွဲနေတဲ့ ဥပဒေသ အယူအဆ တစ်ခု ရှိတယ်။ အဲဒါကတော့ ၇၈ : ၂၂ အချိုး ပါပဲ။ အဲဒီ အချိုးကို သူတို့က သဘာဝနိယာမလို့ခေါ်ပါတယ်။ အသေးစိတ် ရှင်းပြဖို့ မလွယ်ကူပါ။
အကြမ်းအားဖြင့် သူတို့အယူအဆ အရ
၁ – လူ ခန္ဓာကိုယ်ထဲ မှာ ရေ နဲ့ အခြား ဒြပ်ရဲ့ အချိုးဟာ ၇၈ : ၂၂ အချိုးဖြစ်တယ်။
၂ – ဘဏ် လုပ်ငန်းရှင် တစ်ဦး အတွက် ငွေချေးသူ နဲ့ ချေးငှား သူတို့ရဲ့ အချိုးဟာ ၇၈ : ၂၂ ဖြစ်တယ်။
၃ – ချမ်းသာသူများ နဲ့ သာမာန်သူများ ရဲ့ အချိုးဟာလည်း ၂၂ : ၇၈ ဖြစ်ပါတယ်။ ပြောင်းပြန် ပြောရရင် ပိုင်ဆိုင်တဲ့ ဥစ္စာဓန ရဲ့ အချိုးဟာ လည်း ၇၈ : ၂၂ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ပိုက်ဆံရှာတဲ့ အခါမှာ သာမာန် ပြည်သူများ ရဲ့ ပိုက်ဆံကို အာရုံပြုသင့် သလို ချမ်းသာသူများ ရဲ့ ပိုက်ဆံကို ပိုမို အာရုံစိုက်သင့် ပါတယ်။ စိမ်ခံပစ္စည်း အရောင်းအဝယ် ဟာ လုပ်လို့ကောင်းတဲ့ အရောင်းအဝယ် ဖြစ်ပါတယ်။
၄ – ကုမ္မဏီ တစ်ခုမှာ ၇၈% ရဲ့ အောင်မြင်မူဟာ ၂၂% တို့ရဲ့ ကြိုးစား အားထုတ်မူကြောင့် ဖြစ်ပါတယ်။
၅ – အောင်မြင်သူတို့ဟာ ၇၈% သော အချိန်ကို လေ့လာသင်ယူကြ ပါတယ်။ ၂၂%
အချိန်ကို လက်တွေ့ဖေါ်ဆောင်ကြ ပါတယ်။
၆ – လူတစ်ယောက်ရဲ့ အောင်မြင်မူ ဟာ ၇၈% သော EQ ( ဆက်ဆံရေး ) နဲ့ ၂၂ % သော IQ ( ဉာဏ်ပညာ) တို့နဲ့ သက်ဆိုင် ပါတယ်။
ဂျူး လူမျိုးတို့ ရဲ့ အမြင်အရ သဘာဝလောက တစ်ခုလုံး နီးပါး ၇၈ : ၂၂ အချို းနဲ့ သက်ဆိုင်နေ ပါတယ်။ အဲဒီ အချိုးကို အကြောင်းအရာ တစ်ခုဆုံး ဖြတ်ဖို့ ဥပဒေသ အဖြစ် စဉ်းစားပါတယ်။
——————————————-
ဥပဒေသ ( ၇ ) အမြတ်ယူခြင်း ဟာ တရားမျတမူရှိ ပါတယ်။
အကျိုးအမြတ် နောက်ကို လိုက်ခြင်းဟာ စီးပွားရေးသမားတိုင်း ရဲ့ပင်ကိုယ် ဗီဇ ဖြစ်သင့် ပါတယ်။ စီးပွားရေး လုပ်တယ်ဆိုတာ အမြတ်ကို လုံး၀ အခြေခံသင့် ပါတယ်။ အမြတ်ကြောင့် စုမိဆောင်းမိခြင်း ဖြစ်ပြီး ချွေတာခြင်းကြောင့် စုမိဆောင်းမိတာ မဟုတ်ပါ။
———————————————-
ဥပဒေသ ( ၈ ) မှန်မှန်ကန်ကန် ဉာဏ်ပညာ ရှိပါစေ
စီးပွားရေး လောက ဆိုတာ စစ်မြေပြင် နဲ့ တူတတ် ပါတယ်။ လျင်မြန် ဖြတ်လတ် ရတယ်။ အဆုံးအဖြတ် မြန်ရတယ်။ အခြေအနေ ကို အမြန် ခန့်မှန်းရ ပါတယ်။ နည်းနည်းလေး လစ်ဟာရုံ နဲ့ အခွင့်အရေး ဆုံးရူံးသွားတတ် ပါတယ်။
စီးပွားရေး လောကမှာ ဂျူးတို့ဟာ ချီတုံချတုံ မရှိပါ။ သူတို့ဟာ တိကျ သေချာပြီး လျင်မြန်ဖြတ်လတ် ပါတယ်။ သူတို့ဟာ အတွက်အချက် အလွန်ကောင်းတဲ့ အတွက် ဆွေးနွေးပွဲတွေမှာ အလွန် တည်ငြိမ်ပြီး ဆုံးဖြတ်ချက် အလွန် ခိုင်မာသူများ ဖြစ်ပါတယ်။
————————————————–
ဥပဒေသ ( ၉ ) အခက်အခဲ ရဲ့ နောက်ကွယ်မှာ အခွင့်အရေး ရှိတယ်။
ဂျူးတို့ ဟာ သမိုင်းမှာ နှစ်ပေါင်း ( ၁၈၀၀ ) တိတိ သွားလာ လှုပ်ရှားနေတဲ့ လူမျိုး အဖြစ် ရပ်တည် ခဲ့တယ်။ သူတို့ ဟာ ကိုယ်ပိုင် နိုင်ငံ မရှိခဲ့တဲ့ အတွက်ကြောင့် သာမာန် သူများ ထက် အခက်အခဲ မျိုးစုံ ကြုံတွေ့ခဲ့ကြရ ပါတယ်။
အဲဒီ ရှည်ကြာတဲ့ ခရီး တစ်လျှောက်မှာ သူတို့ဟာ အခွင့်အရေး ကို စိတ်ရှည်ရှည် နဲ့ စောင့်ဆိုင်းသွားတတ် ပါတယ်။ Low Profile နဲ့ ရပ်တည် သွားတတ် ပါတယ်။ အခက်အခဲ ပေါင်းစုံ ကြားထဲ ကနေ အသက်ရှင် ရပ်တည်သွားတတ် ပါတယ်။ အခက်အခဲ ရဲ့နောက်မှာ အခွင့်အရေး ရှိတယ်ဆိုတဲ့ အယူအဆလည်း အဆိုပါ အတွေ့အကြုံများ ရဲ့ အနစ်သာရ ဖြစ်ပါတယ်။
ဥပဒေသ ( ၁၀ ) အချိန် ဟာ ရွှေကဲ့သို့ တန်ဖိုး ရှိတယ်။
ဂျူးတို့မှာ အချိန် လာရောက်ဖြုန်းတီးသူများ ကို “အချိန် ကို ဓါးပြလာ မတိုက်နဲ့” ဆိုတဲ့ စီးပွားရေး စကားပုံ တစ်ခုရှိပါတယ်။ အချိန်တိုင်း ဟာ ရွှေကဲ့သို့ တန်ဖိုး ရှိတယ်။ ကိုယ်ပိုင် အချိန်ကို တန်ဖိုးထားသင့် သလို သူများ အချိန်ကိုလည်း မဖြုန်းတီးသင့် ပါ။ အချိန် ကို ဖြုန်တီးခြင်း ဟာ ရိုင်းစိုင်းတဲ့ အပြုအမူ ဖြစ်တယ်။
ဘာကြောင့်လဲ ဆိုတော့ “ Time is Money “ အချိန်ဟာ ပိုက်ဆံ ဖြစ်နေလို့ပါ။
——————————————————-
ဥပဒေသ ( ၁၁ ) သတင်းဦး သည် အခွင့်အရေး ဦးကို ဖြစ်ပေါ်စေတယ်။
စီးပွားရေး လောကမှာ အနိုင်အရှုံး ဆိုတာ လက်ဦးမှု့နဲ့ တိုက်ရိုက် သက်ဆိုင် ပါတယ်။ လက်ဦးမှု့ ဆိုတာ သတင်းဦး ကနေ ရရှိလာ ပါတယ်။
———————————————
ဥပဒေသ ( ၁၂ ) စာချုပ်စာတမ်း ဟာ ဘုရားသခင် နဲ့ သဘောတူညီထားတဲ့ အချက်အတိုင်း လိုပဲ လေးစားတယ်။
ဂျူး လူမျိုးတို့ဟာ စာချုုပ် လူမျိုး ဖြစ်ပါတယ်။ သူတို့ဟာ စာချုပ် မချုပ်ဆိုမှီ မှာ စာချုပ် ကို အသေးစိပ် လေ့လာတတ်ပြီး ချုပ်လိုက်ပြီဟေ့ ဆိုတာ နဲ့ ဘယ်လောက်ပဲ နစ်နာ နစ်နာ စာချုပ်ကို မဖေါက်ဖျက် တော့ပါ။ သူတို့ဟာ နှုတ် ကတိ ထက် စာချုပ် ကို အလေးထား ပါတယ်။ စာချုပ် ကို ဘုရားသခင် နဲ့ သဘော တူညီထားချက် အတိုင်း လေးစားတတ် ပါတယ်။
—————————————————-
ဥပဒေသ ( ၁၃ ) စီးပွားရေး ဟာ စီးပွားရေးပါ။
စီးပွားရေး လုပ်ငန်းဆိုတာ စီးပွားရေး ဆန်ရ ပါတယ်။ စီးပွားရေး မှာ ဖောက်သည်သာ ရှိသည်။ အမျိုး မရှိပါ။ စီးပွားရေး နဲ့ ထုတ်ကုန်ဆိုတာပဲ ရှိတယ်။ ထုတ်ကုန် ရဲ့ သဘာ၀ အရ တန်ဖိုး တက်အောင်သာ ကြိုးစားရ ပါတယ်။
ဥပဒေဘောင် အတွင်း ဖြစ်ရမယ်။ အကျိုးအမြတ် ကို သာ အာရုံစိုက်ရ ပါမယ်။ ဂျူးတို့ဟာ လူများ ကို လွယ်လွယ် နဲ့ မယုံလွယ်သလို အားလည်း မနာတတ်ပါ။ အားနာတတ်ခြင်း ကို စိတ်ဓါတ်အားနည်း ခြင်း တစ်မျိုး ဖြစ်တယ်လို့ ယူဆပါတယ်။
အားလုံး မှန်ကန်တယ်လို့မဆိုလိုပါ။ စာအုပ် မှ ကောက်နှုတ် ဘာသာပြန်ခြင်း ဖြစ်တဲ့ အတွက် ပြီးပြည့်စုံခြင်း လည်း မရှိပါ။ စိတ်ရှည်ရှည် ဖတ်ရှု့သူများ အတွက် တစ်ချက် တစ်လေ အထောက်အကူ ဖြစ်ခဲ့ရင် ရေးသားရကျိုး နပ်ပါပြီ။ ကျေးဇူးပါ။
Aung Ko Latt