ဥတ္တရအလင်းတန်းတွေ ဆိုတာကတော့ ကမ္ဘာကောင်းကင်ယံမှာထိန်လင်းလေ့ရှိတဲ့ လှပတဲ့ ရောင်စုံအလင်းတန်းတွေဖြစ်ပြီး ကမ္ဘာ့တောင်ဘက်စွန်းနဲ့မြောက်ဘက်စွန်းပိုင်းတွေမှာ သာမြင်တွေ့ရလေ့ရှိပါတယ်။ Aurora လို့ခေါ်တဲ့ ဒီအလင်းတန်းတွေကို polar lights, northern lights ,southern lights စတဲ့နာမည်အမျိုးမျိုးနဲ့လည်းလူသိများပြီး ကမ္ဘာလေထုထဲမှာရှိတဲ့မော်လီကျူးများနဲ့ နေကနေထွက်ပေါ်လာတဲ့ လျှပ်စစ်ဓာက်ဆောင် Electron အမှုန် လေးတွေပွတ်တိုက်မှုကြောင့်ဖြစ်ပေါ်လာရတယ်လို့ဆိုပါတယ်။
ယင်း တို့ဟာ ပြင်းထန်တဲ့သံလိုက်ဆွဲအားတွေရှိတဲ့ ကမ္ဘာ့အလယ်နေရာတွေကိုမရောက်ရှိပဲ သံလိုက်အားလမ်းကြောင်းပျော့တဲ့ ကမ္ဘာမြောက်ဘက်စွန်းလိုနေရာတွေကိုကျရောက် တဲ့အတွက် ညနက်ချိန်တွေမှာအလွန်ဖြာလင်းတဲ့ ဥတ္တရအလင်းတန်းတွေကို မြောက် ဘက်စွန်းဒေသရဲ့ ပင်လယ်ရေမျက်နှာပြင်ထက်အမြင့်ပေ (၃၀)ကီလိုမီတာကနေ (၁၃၀) ကီလိုမီတာမြင့်တဲ့ကောင်းကင်ပေါ်မှာမြင်တွေ့ရလေ့ရှိပါတယ်။
အရောင်အသွေးမျိုးစုံ တောက်ပတဲ့ ယင်း ဥတ္တရအလင်းတန်းများ(Northern light)တွေကိုစောင့်ကြည့်တဲ့ အလေ့ဟာ ယခုခေတ်ကာလ အပန်းဖြေခရီးထွက်တာကိုနှစ်သက်သူတွေကြား ရေပန်းစားပြီး ကမ္ဘာ့ဘယ်နေရာကနေ ကြည့်မယ်ဆိုရင် ယင်းအလင်းတန်းတွေကိုအလှပဆုံးအနေအထားကနေမြင်နိုင်မလဲဆို တဲ့ မေးခွန်းဟာလည်းပေါ်ထွက်လို့လာပါတယ်။ ဒီနေရာမှာမျှဝေပေးချင်တာကတော့ ဥတ္တရအလင်းတန်းများ(Northern light) တွေကို အကောင်းမွန်ဆုံးအနေအထားနဲ့ ကြည့်နိုင်မယ့် နိုင်ငံ နယ်မြေ (၇)ခုရဲ့အကြောင်းဖြစ်ပါတယ်။
ဥတ္တရအလင်းတန်းများ(Northern light) တွေကိုစောင့်ကြည့်ဖို့အကောင်းဆုံးရာသီက တော့ ဆောင်းရာသီဖြစ်ပြီး ယင်းအလင်းတန်းတွေဟာမှောင်မိုက်တဲ့ကောင်းကင်ယံမှာ ပေါ်ထွန်းလာလေ့ရှိတာပါ။ ယင်းအလင်းတန်းတွေကို စောင့်ကြည့်သူတွေဟာ နာရီဝက် ကနေ တစ်နာရီကြားအချိန်ပေးရပြီး ယင်းကာလအတွင်းမှာမှ အချိန်အနည်းငယ်သာ ဥတ္တရအလင်းတန်းတွေဟာ ထွက်ပေါ်လာလေ့ရှိတာဖြစ်ပါတယ်။
(၇) ဂရင်းလန်
ဧရိယာစတုရန်းမိုင် (၈၃၆၃၀၀) လောက်ကျယ်ဝန်းတဲ့ ဂရင်းလန်ကျွန်းဟာ ကမ္ဘာအကြီးဆုံးကျွန်းကြီးဖြစ်ပြီး မြောက်အတ္တလနစ်သမုဒ္ဒရာနဲ့အာတိတ်သမုဒ္ဒရာအကြားမှာတည်ရှိနေပါတယ်။ တည်ရှိရာပထဝီဝင်အနေအထားအရ ဂရင်းလနးဟာ ဥတ္တရအလင်းတန်းများ(Northern light) တွေကို မကြာခဏမြင်တွေ့ခွင့်ရှိနေတဲ့နေရာ တစ်ခုဖြစ်ပါတယ်။
ဂရင်းလန်မှာဆိုရင် စက်တင်ဘာလကနေ မတ်လကုန်ကာလတွေ ဟာ ဥတ္တရအလင်းတန်းများ(Northern light)ကိုမြင်နိုင်ဖို့အကောင်းဆုံးအချိန်တွေဖြစ် ပါတယ်။ နွေရောက်ချိန်မှာတော့ ဂရင်းလန်ဟာ သန်းခေါင်ယံအချိန်ထိနေထွက်တဲ့ဖြစ် စဉ်တွေဖြစ်ပေါ်လေ့ရှိတာကြောင့် ဥတ္တရအလင်းတန်းများ(Northern light)တွေကို ကြည့်ရှုဖို့အဆင်မပြေတော့ပါဘူး။ ဂရင်းလန်ကျွန်းက ဥတ္တရအလင်းတန်းများ(Northern light) တွေကိုကြည့်ရှုဖို့အကောင်းဆုံးနေရာတွေက တော့ (၁) Kangerlussuaq (၂) Ammasalik (၃) Nuuk တို့ဖြစ်ကြပါတယ်။
(၆) ကနေဒါ
မြောက်အမေရိကတိုက်မှာတည်ရှိတဲ့ ကနေဒါနိုင်ငံဟာ Niagara ရေတံခွန်၊ Fundy ပင်လယ်အော်နဲ့ Canadian Rockies လိုလှပတဲ့သဘာဝအမွေအနှစ်တွေတည်ရှိရာ နေ ရာဖြစ်ပါတယ်။ ဒီနိုင်ငံမှာလည်း ဥတ္တရအလင်းတန်းများ(Northern light)တွေကို အကောင်းဆုံးမြင်တွေ့နိုင်ပြီး အာတိတ်စက်ဝိုင်းအတွင်းတည်ရှိနေတဲ့အချက်က ကောင်း ကောင်းထောက်ကူပေးပါတယ်။ ကနေဒါနိုင်ငံတွင်းက ဥတ္တရအလင်းတန်းများ (Northern light) တွေကိုအကောင်းဆုံးတွေ့မြင်နိုင်တဲ့နေရာတွေကတော့ (၁) Alberta (၂) British Columbia နဲ့ (၃) Yukon ဒေသတွေမှာဖြစ်ပါတယ်။
(၅) အလက်စကာ
အမေရိကန်ပြည်ထောင်စုတွင်းက အလက်စကာပြည်နယ်မှာလည်း ဥတ္တရအလင်းတန်းတွေကိုအကောင်းဆုံးမြင်နိုင်တဲ့ဒေသတစ်ခုဖြစ်ပါတယ်။ နှစ်စဉ်ဒီဇင်ဘာလကနေ မတ်လအထိကာလတွေကတော့ အလက်စကာရဲ့ ဥတ္တရအလင် းတန်းတွေကို အကောင်းဆုံးမြင်နိုင်တဲ့ကာလဖြစ်တယ်လို့သိရပါတယ်။ ယင်းကာလတွေ မှာဆိုရင် ညတာအလွန်ရှည်ပြီး အလက်စကာရဲ့ကောင်းကင်ဟာမှောင်အတိဖြစ်နေမှာ ဖြစ်ပါတယ်။
အထူးသဖြင့် အလက်စကာရဲ့ဒေသစံတော်ချိန် ည ၁၀ နာရီ ကနေ နံနက် ၃နာရီ အထိ အချိန်ဟာ အမှောင်ထုအကျရောက်ဆုံးအချိန်ဖြစ်ပြီး ဥတ္တရအလင်းတန်းတွေကိူလည်း အလှပဆုံးမြင်တွေ့ရချိန်တွေဖြစ်ပါတယ်။ ဥတ္တရအလင်းတန်းများ(Northern light) တွေ ကိုအကောင်းဆုံးကြည့်မြင်နိုင်မဲ့ အလက်စကာပြည်နယ်တွင်းကနေရာတွေကတော့ (၁) Fairbanks (၂) Anchorage (၃) Denali တို့ဖြစ်ကြပါတယ်။
(၄) အိုက်စလန်
ဥရောပက အိုက်စလန်နိုင်ငံရဲ့ ကမ္ဘာလှည့်ခရီးသွား ဆွဲဆောင်ရေး ဖြစ်စဉ်တွေမှာဆိုရင် ဥတ္တရအလင်းတန်း တွေကိုကြည့်ရှုဖို့အကောင်းဆုံးနေရာဖြစ် တယ်ဆိုတဲ့အချက်ကတစ်ခုအပါအဝင်ဖြစ်ပါတယ်။ အိုက်စလန်ကောင်းကင်မှာ ဥတ္တရ အလင်းတန်းတွေဟာ တစ်နှစ်ပတ်လုံးနီးပါးပေါ်နေတယ်ဆိုပေမဲ့ မှောင်အတိပြီးတဲ့ လမိုက်ညတွေမှာတော့ ပိုမိုထင်ရှားလေ့ရှိပါတယ်။
အိုက်စလန်မှာ ဥတ္တရအလင်းတန်းတွေကို အကောင်းဆုံးမြင်နိုင်တဲ့လတွေကတော့နှစ်စဉ် နိုဝင်ဘာလကနေ ဖေဖော်ဝါရီအထိကာလတွေမှာဖြစ်ပါတယ်။ ယင်းကာလတွေဟာ အိုက်စလန်ရဲ့ညတာအရှည်ဆုံးကာလတွေလည်းဖြစ်ပါတယ်။အိုက်စလန်ရဲ့ ဥတ္တရအလင်းတန်းများ(Northern light)တွေကိုအကောင်းဆုံးမြင်နိုင်မဲ့နေရာတွေက တော့ (၁) Landmannalaugar (၂) Reykjavik (၃) Vik I Myrdal (၄) Vatnajokul အမျိုးသားဥယျာဉ်နဲ့ Thingvellir အမျိုးသားဥယျာဉ်တွေမှာဖြစ်ပါတယ်။
(၃) ဆွီဒင်
ဥတ္တရအလင်းတန်းတွေကိုအကောင်းဆုံးမြင်တွေ့နိုင်တဲ့နိုင်ငံစာရင်းမှာတော့ ဆွီဒင်နိုင်ငံလည်းပါဝင်နေပြီး အထူးသဖြင့်နိုင်ငံရဲ့ အနောက်မြောက်ဘက်ပိုင်း ဒေသတွေဟာ ဥတ္တရအလင်းတန်းတွေနဲ့ပတ်သက်ပြီးပိုမိုထင်ရှားပါတယ်။ ဆောင်းတွင်းကာလတွေဖြစ်တဲ့ မတ်လကနေ ဧပြီလတွေမှာဆိုရင် ဆွီဒင်ရဲ့ ဥတ္တရအလင်းတန်းတွေကိုအကောင်းဆုံးမြင်တွေ့နိုင်တဲ့ကာလတွေဖြစ်ပြီး Swedish Lapland ဒေသအများစု မှာတော့စက်တင်ဘာလကုန်ခါနီးလောက်မှမြင်တွေ့ရလေ့ရှိပါတယ်။
အကောင်းဆုံး မြင်တွေ့နိုင်ချိန်ကတော့ အမှောင်ထုဖုံးလွှမ်းဆုံးကာလတွေဖြစ်တဲ့ (10)pm ကနေ (1-30) am တွေမှာဖြစ်ပါတယ်။ ဒီအလင်းတန်းတွေကိုဆွီဒင် ကနေ အကောင်းဆုံးမြင်နိုင်တဲ့နေရာတွေကတော့ (၁) Abisko အမျိုးသားဥယျာဉ် (၂) Torne တောင်ကြားဒေသ (၃) Porjus (၄) Laponia (၅) Jokkmokk (၆) Lulea တို့ ဖြစ်ပါတယ်။
(၂) ဖင်လန်နိုင်ငံ
ဒီနိုင်ငံကိုတော့ ရေကန်ထောင်ပေါင်းများစွာရှိနေတဲ့နိုင်ငံ (thousands of Lakes) အဖြစ်လူသိများပါတယ်။ မှတ်တမ်းတွေအရတော့ ဖင်လန်နိုင်ငံမှာ ရေကန်ပေါင်း (၁၈၇၈၈၈)အထိရှိနေပြီး နိုင်ငံဧရိယာရဲ့ (၇၀)ရာခိုင်နှုန်းကလည်းသစ်တောတွေသာ ဖုံးလွှမ်းလို့ထားပါတယ်။ စိမ်းလန်းတဲ့မြို့ပြတွေကိုတောင်ပိုင်ဆိုင်ထားတဲ့ ဒီနိုင်ငံဟာ ဥတ္တရအလင်းတန်းတွေကိုလည်း ကမ္ဘာကနေအကောင်းဆုံးမြင်တွေ့နိုင်တဲ့ နိုင်ငံစာရင်း မှာပါဝင်လို့နေပါတယ်။
ယင်းအလင်းတန်းကိုကြည့်ရှုဖို့ ကမ္ဘာအရပ်ရပ်ကခရီးသည် ထောင်ပေါင်းများစွာဟာ ဒီနိုင်ငံကိုနှစ်စဉ်လာရောက်လည်ပတ်လေ့ရှိကြတယ်လို့သိရ ပြီး သြဂုတ်လနောက်ဆုံးပိုင်းနဲ့ ဧပြီလတွေဟာ ဥတ္တရအလင်းတန်းတွေကိုမြင်တွေ့ရဖို့ အကောင်းဆုံးအနေအထားဖြစ်တယ်လို့သိရပါတယ်။ Saariselka ကျေးရွာမှာတည်ရှိနေတဲ့ Kakslauttanen Artic resort ဆိုရင် ဖန်နဲ့ပြုလုပ် ထားတဲ့ သံခမောက်ပုံအိမ်ငယ်လေးတွေကနေ ဥတ္တရအလင်းတန်းတွေကိုအကောင်း ဆုံးကြည့်မြင်နိုင်ဖို့ဖန်တီးပေးထားပါတယ်။ ဥတ္တရအလင်းတန်းတွေကိုကြည့်မြင်နိုင်ဖို့ ဖင်လန်ရဲ့အကောင်းဆုံးနောက်ထပ်နေရာတွေကတော့ (၁) Ivalo (၂) Nellim (၃) Nuorgam (၄) Luosto (၅) Utsjoki တို့ဖြစ်ကြပါတယ်။
(၁) နော်ဝေ
သဘာဝပတ်ဝန်းကျင်အလှအပတရားတွေနဲ့ပြည့်နှက်နေတဲ့ နော်ဝေနိုင်ငံဟာ ကဏ္ဍမျိုးစုံမှာဖွံဖြိုးတိုးတက်တဲ့အပြင် ကမ္ဘာပေါ်မှာအလုံခြုံဆုံးနဲ့ အပျော်ရွှင်ရဆုံးသောနိုင်ငံတစ်ခုဖြစ်ပါတယ်။ နော်ဝေနိုင်ငံ အနှံ့အပြားကမြင်နေရတဲ့ ဥတ္တရအလင်းတန်းတွေကြောင့် တွေ့ရှိသူတိုင်းပါးစပ်အဟောင်းသားဖြစ်သွားစေနိုင်ပါတယ်။ အေးချမ်းသာယာတဲ့မြို့ပြလူနေမှုစနစ်နဲ့ မီဒီယာလွတ်လပ်ခွင့် ထိပ်တန်း အဆင့်နိုင်ငံလည်းဖြစ်တဲ့ နော်ဝေမှာ ဥတ္တရအလင်းတန်းတွေကိုအကောင်းဆုံးမြင်တွေ့နိုင်တဲ့ကာလကတော့ နှစ်စဉ် စက်တင်ဘာလနောက်ဆုံးရက်တွေကနေ မတ်လအကြား ကာလတွေမှာဖြစ်ပါတယ်။ ဥတ္တရအလင်းတန်းတွေကိုမြင်တွေ့နိုင်ဖို့ နော်ဝေရဲ့အကောင်း ဆုံးနေရာတွေကတော့ (၁) Tromso (၂) Svalbard ကျွန်း(၃) Lofoten ကျွန်းတွေ Finnmark နဲ့ Alta ဒေသတွေမှာဖြစ်ပါတယ်။