Monday, March 8, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အန္တရာယ်အရှိဆုံး ဒြပ်စင်တစ်မျိုး (သို့) ပလူတိုနီယမ်

by Thutamm
August 16, 2019
Reading Time: 1min read
0
အန္တရာယ်အရှိဆုံး ဒြပ်စင်တစ်မျိုး (သို့) ပလူတိုနီယမ်
Share on FacebookShare on Twitter

ပလူတိုနီယမ် (Plutonium) ကို ၁၉၄၁ ခုနှစ်တွင် Dr. Glenn T. Sea Borg and Edwin McMillan, Kennedy, and Wahl တို့က ကယ်လီဖိုးနီးယား နှင့် ဘားကလေး တက္ကသိုလ် တို့ရှိ ဓာတ်ခွဲခန်းမှ ရှာဖွေတွေ့ရှိခဲ့ကြသည်။ ၎င်း ရှာဖွေမှုကို လျှို့ဝှက်ခဲ့ကြသည်။ Neptunium ကို တိုက်ရိုက် ရှာဖွေ ခဲ့ပြီးမှ ပလူတိုနီယမ် ကိုရှာဖွေတွေ့ရှိခဲ့ကြသည်။ တနည်းအားဖြင့် ပလူတိုဂြိုဟ် ကို အစွဲပြု၍ ပလူတိုနီယမ် ဟု အမည်ပေးခဲ့သည်။

ပလူတိုနီယမ် ဒြပ်စင်သည် ငွေရောင်ရှိပြီး အနည်းငယ်ဓာတ်တိုးမှု ပြုလုပ်သောအခါ အဝါဖျော့ဖျော့ အရောင် အဖြစ်သို့ ပြောင်းလဲသွားသည်။ ပလူတိုနီယမ် အပိုင်းအစကြီး တစ်ခုကို ထိတွေ့ကြည့် ပါက ပူးနွေးနေသည် သိရှိနိုင်သည်။ အဘယ့်ကြောင့်ဆိုသော် အလိုလျှောက် အယ်ဖာရောင်စဉ် ယိုယွင်းမှု (Alpha decay) ဖြစ်စဉ်မှ ထွတ်ရှိလာသော စွမ်းအင်ကြောင့် ဖြစ်သည်။ ကြီးမားသော ပလူတိုနီယမ် အပိုင်းများ သည် ရေဆူပွက် နိုင်သည်အထိ လုံလောက်သော အပူစွမ်းအင် ကို ထုတ်ပေးနိုင်သည်။

ပလူတိုနီယမ် သည် ပြင်းအားရှိသော Hydrochloric acid, Hydroiodic acid သို့မဟုတ် Perchloric acid တို့တွင် ပျော်ဝင်နိုင်သည်။ ၎င်းတို့ဖြင့် ဓာတ်ပြုပါက အမျိုးမျိုးသော ပုံဆောင်ခဲ သဏ္ဌာန်များ ဖြစ်ပေါ်နိုင်သည်။ သဘာ၀ ယူရေနီယမ် သတ္တုရိုင်းတွင် ပလူတိုနီယမ်ကို အလွန့်အလွန် သေးငယ်သော ပမာဏမျှသာ တွေ့ရှိနိုင်သည်။ ၎င်းဒြပ်စင်ကို နျူကလီးယား စက်ရုံများတွင် သဘာဝယူရေနီယမ်မှ တွင်ကျယ်စွာ ထုတ်ယူနိုင်သည်။

ပလူတိုနီယမ် ဒြပ်စင်သည် ခေတ်မှီသော နယူးကလီးယား လက်နက်များ ထုတ်လုပ်ရာတွင် ပေါက်ကွဲမှုအတွက် သော့ချက် တစ်ခုဖြစ်သည်။ ပလူတိုနီယမ်သည် ပမာဏ တစ်ခုသို့ ရောက်ရှိပါက ၎င်းကိုယ်တိုင်ပြောင်းလဲခြင်းဖြင့် နျူကလီးယား ဓာတ်ပြုမှုကို ဖြစ်ပေါ်စေနိုင်သောကြောင့် ပမာဏများစွာ စုပုံခြင်းမှ ရှောင်ကြဉ်ရမည်။ ပလူတိုနီယမ် သည် ဓါတုဗေဒ လက်နက်များတွင် ထည့်သွင်း အသုံးပြုပြီး ပြင်ပသက်ရောက်မှုများကြောင့် ပြောင်းလဲခြင်းမရှိနိုင်သော်လည်း၊ ကိုယ်ပိုင်အပူစွမ်းအင်ကြောင့် ပတ်ဝန်းကျင်ကို ပြောင်းလဲပျက်စီးစေနိုင်သည်။

ပလူတိုနီယမ် ဒြပ်စင်၏ ပုံသဏ္ဌာန်သည် လုံးဝန်း ရွေ့လျားနိုင်ပြီး ကျစ်လစ်သော ပုံသဏ္ဌန်အားဖြင့်ဆပ်စပ်နေသည်။ ပလူတိုနီယမ်ဒြပ်စင် ကို radiological weapons များ တီထွင်မှု တွင်လည်း အသုံးပြုနိုင်သည်။ ပလူတိုနီယမ် သည် လူနေမှု အဆင့်တန်းတစ်ခု အတွက် တိုက်ရိုက်ပြောင်းလဲမပေးနိုင်သော်လည်း လျှပ်စစ်စွမ်းအားများ ထုတ်လုပ်ရာတွင် အသင့်တော်ဆုံး ပစ္စည်းတစ်ခု ဖြစ်သည်။ ၁၉၇၁ ခုနှစ်တွင် 238Pu ကို စွမ်းအင် အတွက် Seismic ပစ္စည်းအဖြစ် Apollo-14 lunar လေယာဉ်ပျံ တွင်အသုံးပြု ခဲ့ကြသည်။ ထို့အပြင် လကမ္ဘာပေါ်တွင် အသုံးပြုသော ပစ္စည်းတန်ဆာ များထုတ်လုပ်ရာတွင် အသုံးပြုကြသည်။ ထို့နောက် ၁၉၇၇ ခုနှစ်တွင် လည်း Voyager အမည်ရှိသော သင်္ဘောကြီးတွင် စွမ်းအင် ထောက်ပံ့နိုင်ရန်အတွက် အသုံးပြုခဲ့ကြသည်။ 239Plutonium ကို မျိုဆက်သစ် ခေတ်မှီနယူကလီးယား လက်နက်များ ထုပ်လုပ်ရာတွင် လောင်စာ တစ်ခု အဖြစ် အသုံးပြုနိုင်သည်။

သဘာဝတွင် တွေ့ရှိမှုအခြေအနေ

ပလူတိုနီယမ် ၏ မူလ ဇစ်မြစ် ကို သဘာ၀ ယူရေနီယမ်သတ္တုရိုင်းများထဲတွင် တွေ့ရသည်။ လူသားများ သည် ပလူတိုနီယမ် မြောက်များစွာကို နယူးကလီးယား စက်ရုံများတွင် ထုပ်လုပ်ကြသည်။ နယူးကလီးယား စက်ရုံများ မှ အညစ်ကြေး စွန့်ပစ်မှူ နှင့် လက်နက်ခဲများ ထုတ်လုပ်မှု စီမံကိန်းများ တို့မှလည်း သဘာဝပတ်ဝန်းကျင်သို့ ရောက်ရှိလာနိုင်သည်။ ထိုကဲ့သို့ ရောက်ရှိလာသော ပမာဏသည် အနည်းငယ်မျှသာ ဖြစ်သည်။ နယူးကလီးယား လက်နက်များ စမ်းသက်မှု သည် ပလူတိုနီယမ် ၏ မူလဇစ်မြစ် အခန်း ကဏ္ဍ တစ်ခုလည်းဖြစ်သည်။ နှစ်စဉ်ကမ္ဘာ့ပလူတိုနီယမ် ထုတ်လုပ်မှု ပမာဏမှာ ၅၀ တန် မျှ ဖြစ်ပြီး၊ လက်နက်နှင့် ဗုံးများ အတွက် အသုံးပြုမှုမှာ တစ်တန်မျှသာ ဖြစ်သည်။

ကျန်းမာရေးဆိုင်ရာ အကျိုးသက်ရောက်မှုများ

ပလူတိုနီယမ် ဒြပ်စင်ထဲတွင် ပါဝင်သည့် Alpha ရောင်စဉ်တန်းသည် အရေပြား ကို ထိုးဖောက်ဝင်ရောက်နိုင်ချင်း မရှိပါ။ သို့သော် ပလူတိုနီယမ် ဒြပ်စင်ကို ရှူမိ (သို့) စားသုံးမိပါက ကိုယ်တွင်း အင်္ဂါများကို ဓာတ်ရောင်ခြည်သင့်စေသည်။ ၎င်း ဒြပ်စင်ကို ရှူမိပါက အဆုပ်ထဲသို့ အလွန်သေးငယ်လှသည့် အမှုန်များ ဝင်ရောက်သွားနိုင်သည်။ Micrograms မျှလောက်သော ၎င်းပမာဏသည် အဆုပ်ကင်ဆာကို ဖြစ်စေနိုင်သည်။ အလွန်များပြားသော ပမာဏ ကို စားသုံးမိ (သို့) ရှူမိပါက ဓာတ်ရောင်ခြည် အဆိပ်သင့်မှု ကို ကြီးမားစွာ ဖြစ်စေခြင်း နှင့် သေကြေပျက်စီးခြင်းတို့ကို ဖြစ်ပွားစေသည်။

ပလူတိုနီယမ် ကို ပေါက်ကွဲမှု ဖြစ်စဉ်များတွင် အသုံးပြုပါက အန္တရာယ် ဖြစ်စေသည်။ ဥပမာအားဖြင့်ဆိုရသော် နယူကလီးယား နက်လက်ခဲယမ်းများ ထုတ်လုပ်သည့် နေရာဌာနများ၌ ရုတ်တရက်ဖြစ်စဉ်များ ဖြစ်ပွားတတ်ခြင်း နှင့် နယူးကလီးယား လက်နက်ခဲယမ်းများ ကို လေထုအတွင်း စမ်းသပ်မှုတို့တွင် အန္တရာယ် ဖြစ်စေနိုင်ခြင်းဖြစ်သည်။ ပလူတိုနီယမ် ကို လေထုအတွင်းသို့ ထုတ်လွှတ်လိုက်သော အခါ ၎င်းသည် ကမ္ဘာမြေကြီးသို့နောက်ဆုံး၌ ပြန်လည်ကျရောက်လာပြီး ညစ်ညမ်းမှု နှင့် ပျက်စီးမှုတို့ကိုဖြစ်စေသည်။

ပလူတိုနီယမ် တွင် Gamma ရောင်ခြည် ဖြာထွက်မှုမရှိပါ။ ကျန်းမာရေး အကျိုးဆက် အရ ပလူတိုနီယမ်ကြောင့် လုပ်ငန်းအားလုံး ဆိုးကျိုး မဖြစ်နိုင်သော်လည်း လူသားများ အနေဖြင့် ၎င်းဒြပ်စင်ကို ရှူရှိုက်မိသောအခါ ပလူတိုနီယမ် သည် အဆုတ်တွင်း ၊ အရိုးအတွင်း သို့မဟုတ် ကိုယ်တွင်း အင်္ဂါများအတွင်း သို့ရောက်ရှိသွားနိုင်သည်။ ယေဘုယျ အားဖြင့် ၎င်း ဒြပ်စင်သည် ကိုယ်ခန္ဓာအတွင်း ကြာရှည်တည်ရှိစေပြီး တစ်ဆက်ထဲ ခန္ဓာအတွင်းရှိ ဆဲလ် များကို ဓာတ်ရောင်ခြည်သင့်မှု များကိုဖြစ်စေသည်။ နောက်နှစ်အနည်းငယ် ကြာပြီးလျှင် ကင်ဆာ ရောဂါများ ဖြစ်ပွားစေသည်။ ထို့အပြင် ပလူတိုနီယမ်၏ ဆိုးကျိုးအရ ကိုယ်ခံအား ကျဆင်းစေပြီး ၎င်းဒြပ်စင်၏ ဓာတ်ရောင်ခြည်သင့်မှုကြောင့် နောက်ဆုံးတွင် သေကြေပျက်စီး သွားနိုင်သည်။

ပတ်ဝန်းကျင်သို့ သတ်ရောက်မှုများ

ရေဒီယိုသတ္တိကြွစေသော အညစ်ကြေးများ စွန့်ပစ်ခြင်းနှင့် အမှတ်မထင် စွန့်ထုတ်မိခြင်း တို့ကြောင့် ရေထုအတွင်းသို့ ပလူတိုနီယမ်များ ရောက်ရှိနိုင်သည်။ ပလူတိုနီယမ်ဖြင့် နယူးကလီးယား လက်နက်ခဲယမ်းများကို စမ်းသပ်ပစ်လွှတ်စဉ် အတွင်း ရေဒီယိုသတ္တိ ကြွစေသော အမှုန်များ ကြောင့် ကမ္ဘာ့မြေဆီလွှာများကို ညစ်ညမ်းမှု ဖြစ်စေသည်။ ပလူတိုနီယမ်ဒြပ်စင် သည် မြေဆီလွှာထဲသို့ဖြည်းဖြည်းချင်း စိမ့်ဝင်စေပြီး မြေအောက်ရေအထိ ရောက်ရှိစေသည်။ သစ်ပင်သစ်တောများ သည် ပလူတိုနီယမ်ကို စုပ်ယူနိုင်မှု နည်းပါးသည်။ ထို့ကြောင့် သတ္တဝါများ၏ ခန္ဓာကိုယ်အတွင်းသို့စုပုံရောက်ရှိခြင်း (သို့) စားသောက်ဖွယ် များ အပေါ် ၌ ပလူတိုနီယမ်၏ Bio magnification ဖြစ်ပေါ်ရန် ခဲယဉ်းသည်။

Myanmar Wikipedia

Tags: chemistry

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!