Sunday, April 11, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အန္တာတိကသမုဒ္ဒရာ (သို့) တောင်သမုဒ္ဒရာ အကြောင်း သိကောင်းစရာ

by Thutamm
August 17, 2019
Reading Time: 1min read
0
အန္တာတိကသမုဒ္ဒရာ (သို့) တောင်သမုဒ္ဒရာ အကြောင်း သိကောင်းစရာ
Share on FacebookShare on Twitter

တောင်သမုဒ္ဒရာကိုတော့ အန္တာတိကသမုဒ္ဒရာ၊ တောင်ဝင်ရိုးစွန်းသမုဒ္ဒရာဆိုပြီး လူသိများကြပြီး ကမ္ဘာရေထုရဲ့တောင်ဘက်အကျဆုံးသော အပိုင်းတွေပါဝင်ပါတယ်။

တောင်သမုဒ္ဒရာဟာ အန္တာတိကတိုက်ကိုပတ်လျက်တည်ရှိတာဖြစ်ပြီး အန္တာတိက ကမ်းရိုးတန်းမြောက်ဘက်ပိုင်း တောင်လတ္တီကျူ (၆၀)ဒီဂရီမှစပြီး အန္တာတိကတိုက်ကို စက်ဝိုင်းသဏ္ဍန် ပတ်လျက်ရှိတဲ့နေရာကို သတ်မှတ်ထားတာဖြစ်ပါတယ်။

အကျယ်အဝန်းကတော့ ဧရိယာစတုရန်းကီလိုမီတာ (၂၀၃၃၀၀၀၀)ရှိပြီး အဲဒီအကျယ်ဟာ ကမ္ဘာစုစုပေါင်းဧရိယာရဲ့ (၄)ရာခိုင်နှုန်းသော ပမာဏဖြစ်ပါတယ်။ တောင်သမုဒ္ဒရာဟာ ကမ္ဘာပေါ်မှာစတုတ္ထမြောက်အကြီးဆုံးသမုဒ္ဒရာဖြစ်ပြီး ပစိဖိတ်၊ အတ္တလနစ်၊အိန္ဒိယ သမုဒ္ဒရာတွေထက်သေးငယ်ပြီး အာတိတ်သမုဒ္ဒရာထက်ပိုမိုကြီးမား ပါတယ်။

တောင်သမုဒ္ဒရာရဲ့ ရေပြင်ထုထည်ဟာ (၇၁၈၀၀၀၀၀) ကျုဗစ်ကီလိုမီတာ ရှိပြီး ပျှမ်းမျှ ရေအနက်ကတော့ (၁၃၀၀၀)ကနေ(၁၆၀၀၀)ပေအထိ နက်ရှိုင်းပါတယ်။ အန္တာတိက ကမ်းခြေကိုနီးကပ်လာလေ ရေအနက်ဟာပိုတိမ်လာလေဖြစ်ပြီး သမုဒ္ဒရာရဲ့ ရေပြင် နေရာအမျိုးမျိုးဟာရေအနက် အမျိုးမျိုးဖြစ်နေပါတယ်။

အဲဒီသမုဒ္ဒရာရဲ့ အနက်ရှိုင်း ဆုံးသောအပိုင်းတွေကိုတော့ တောင် Sandwich Trench ကျွန်းရဲ့တောင်ဘက်အကျဆုံးနေရာတွေမှာ တွေ့နိုင်ပြီး ရေပြင်အနက်(၂၃၇၄၀)ပေအထိ အနက်ရှိကြပါတယ်။ တောင်သမုဒ္ဒရာတည်ရှိတဲ့ဇုန်ဟာ အန္တာတိကမှမြောက်ဘက်ပိုင်းကို စီးဆင်းလာတဲ့ ရေအေးများနှင့် ယင်းမြောက်အရပ်မှာ ယခင်တည်းကရှိနေတဲ့ ပူနွေးတဲ့ရေများပေါင်းစုံ ရာနေရာတစ်ခုအနေနဲ့လည်းရှိနေပါတယ်။

တောင်သမုဒ္ဒရာရဲ့ရေပြင်ဟာ အအေးဆုံးအချိန်မှာတော့ (-၂)ဒီဂရီဆဲစီးရတ်အထိရှိနိုင် ပြီးအပူဆုံးအချိန်မှာတော့ (၁၀)ဒီဂရီဆဲစီးရတ်အထိရှိပါတယ်။ တောင်ကမ္ဘာခြမ်းရဲ့အစွန်ဆုံးအရပ်မှာတည်ရှိနေတာဖြစ်လို့ ရာသီ အလိုက်နေရောင်ခြည်ကျရောက်မှုကိုတော့ ကွဲပြားစွာခံရပါတယ်။ အထူးသဖြင့် အေးတဲ့လတွေမှာတော့ နေရဲ့အပူချိန်ဟာသမုဒ္ဒရာရေပြင်ကို တိုက်ရိုက်ထိတွေ့ခြင်းမရှိ တာကြောင့် ရေခဲတောင်တွေဖြစ်ပေါ်လာလေ့ရှိပြီး နေအပူချိန်ထိတွေ့လာချိန်မှာတော့ ရေခဲတောင်တွေဟာ အရည်ပျော်လာလေ့ရှိပါတယ်။

တောင်သမုဒ္ဒရာအတွင်းမှာရှိတဲ့ ရေခဲထုရဲ့ ပျော်ဝင်နှုန်းဟာ ပျှမ်းမျှအားဖြင့်သန်းပေါင်း (၂.၆)စတုရန်းကီလိုမီတာ လောက်အထိကိုရှိနေပါတယ်။ ဆောင်းတွင်းကာလရောက်ချိန်မှာတော့ တောင်လတ္တီကျု (၆၅)ဒီဂရီမှာရှိတဲ့ ပစိဖိတ်ဒေသနဲ့တောင်လတ္တီကျု (၅၅) ဒီဂရီ ကအတ္တလနိတ်အပိုင်းက အေးခဲနေတဲ့ လေအေးတွေကြောင့် တောင်သမုဒ္ဒရာရေပြင်ရဲ့ မျက်နှာပြင်ဟာ အအေးဓာတ်ပိုလာပြီး အပူချိန်ဟာ (ဝ)ဒီဂရီဆဲစီးရတ်အထိ ကျဆင်းသွားလေ့ရှိပါတယ်။

အဲလိုအချိန်မှာရေခဲတောင်မျှောတွေ၊ ပြင်းထန်တဲ့လေတိုတ်ခတ်နှုန်းတွေဟာ တောင်သမုဒ္ဒရာအတွင်း မကြာခဏ ဖြစ်ပွားလေ့ရှိတာကြောင့် တောင်သမုဒ္ဒရာအတွင်း ဖြတ်သန်းသွားလာမဲ့ ပင်လယ်ကူးသင်္ဘောတွေအတွက် ဘေးအန ္တရာယ်အရှိဆုံးကာလ တွေအဖြစ် သတ်မှတ်ထားကြပါတယ်။ ကမ္ဘာပေါ်မှာအကြီးဆုံးပင်လယ်ရေစီးကြောင်းအဖြစ် သတ်မှတ်ထားတဲ့ Antarctic Circumpolar ရေစီးကြောင်းဟာလည်း တောင်သမုဒ္ဒရာအတွင်းတည်ရှိပြီး ယင်းရေစီး ကြောင်းဟာ အန္တာတိကတိုက်အနီးမှာပဲ အနောက်ကနေ အရှေ့ဘက်ကို လက်ယာရစ် ဖြတ်သန်းစီးဆင်းလေ့ရှိပါတယ်။

မိုင်ပေါင်း(၁၃၀၀၀) လောက် အရှည်ရှိတဲ့ အဲဒီရေစီးကြောင်းဟာ Drake Passage (ရေအစုအဝေး) တစ်စက္ကန့်ကို135 sv(1sv ဟာ ၁၀၀၀၀၀၀ ကျုဗစ်မီတာနဲ့တူညီ) အထိ သယ်ဆောင်စီးဆင်းလေ့ရှိပါတယ်။ အဲဒီပမာဏဟာ ကမ္ဘာပေါ်မှာရှိတဲ့ မြစ်များအားလုံး ရဲ့စုစုပေါင်းစီးဆင်းတဲ့နှုန်းရဲ့ (၁၃၅)ဆအထိရှိနေပါတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတော့ ပညာရှင်တွေဟာ ကမ္ဘာပေါ်မှာသမုဒ္ဒရာကြီး(၄) စင်းသာရှိတယ်လို့ သတ်မှတ်ခဲ့ကြပေမဲ့ (၂၀၀၀)ပြည့်နှစ်နောက်ပိုင်းမှာတော့ International Hydrographic Organization အဖွဲ့ကနေပြီး တောင်သမုဒ္ဒရာရဲ့ ပိုင်နယ် နယ်မြေကို သတ်မှတ်ကာ ကမ္ဘာကြီးရဲ့ (၅)ခုမြောက်သမုဒ္ဒရာဖြစ်လာတာပါ။

အချို့သောပထဝီဝင်ပညာရှင်တွေကတော့ တောင်သမုဒ္ဒရာခေါ် အန္တာတိတ်သမုဒ္ဒရာဟာ သမုဒ္ဒရာတစ်စင်းသက်သက်မဟုတ်ပဲ အတ္တလနိတ်၊ ပစိဖိတ်နဲ့ အိန္ဒိယသမုဒ္ဒရာတွေရဲ့ တောင်ဘက်စွန်းအပိုင်းဖြစ်တယ်လို့ ဆိုကြပါတယ်။ သြစတေးလျနိုင်ငံကလည်း ယင်းနိုင်ငံတောင်ပိုင်းကရေပြင်ကိုသာ တောင်သမုဒ္ဒရာအဖြစ် သတ်မှတ်ထားတာကို လည်းတွေ့ရမှာပါ။ ဒါကြောင့် သမုဒ္ဒရာတွေအနက် မှာတော့တောင်သမုဒ္ဒရာဟာ အသက်အငယ်ဆုံးအဖြစ် သတ်မှတ်ထားရမှာဖြစ်ပါတယ်။

ပညာရှင်အချို့ကတော့ တောင်သမုဒ္ဒရာရဲ့ တည်နေရာနယ်နိမိတ်နေရာတွေဟာ လွန်ခဲ့တဲ့နှစ်သန်းပေါင်း(၃၀)ကာလလောက်ကတော့ အန္တာတိကတိုက်နဲ့ တောင်အမေရိကတိုက်ကုန်းမြေတွေကို ဆက်ထားတဲ့အပိုင်းတွေဖြစ်မယ်လို့ ခန့်မှန်းထားကြတာကို တွေ့ရမှာပါ။

တောင်သမုဒ္ဒရာရဲ့ရေပြင်ဟာ တောင်လတ္တီကျုအတွင်းမှာပါဝင်ကြောင်းထုတ်ဖော်နိုင်သူ ကတော့ captain James Cook ဆိုသူဖြစ်ပါပြီး တောင်လတ္တီကျု (၆၀)ဒီဂရီနဲ့အပြိုင် တည်ရှိနေတဲ့ အန္တာတိက ပထမဆုံးကုန်းမြေလို့ပြောရမဲ့ Livingston ကျွန်းကို စတင်တွေ့ရှိခဲ့သူကတော့ အင်္ဂလိပ်လူမျိုး william Smith ဆိုသူဖြစ်ပြီး (၁၈၁၉)ခုနှစ်၊ ဖေဖော်ဝါရီ (၁၉)ရက်နေ့က စတင်တွေ့ ရှိခဲ့တာလည်းဖြစ်ပါတယ်။

(၁၉)ရာစုအတွင်းကတည်းက အန္တာတိကဒေသကို များစွာသော စွန့်စားသွားလာသူ တွေရောက်ရှိခဲ့တယ်လို့ ကမာ့္ဘရေကြောင်းခရီးသွားမှတ်တမ်းတွေမှာ တွေ့ရှိရပေမဲ့ သဘာဝပတ်ဝန်းကျင်နဲ့ နေရာအနေအထားအရ အခြေချနေထိုင်ခဲ့ကြခြင်းတော့မရှိခဲ့ ကြပါဘူး။

တောင်သမုဒ္ဒရာဟာများစွာသော ရှားပါးရေနေသတ္တဝါများ ရှင်သန်နေထိုင်ရာဒေသ ဆိုလည်းမမှားပါဘူး။ penguin လို့သိကြတဲ့ ပင်လယ်ပျော်ပင်ဂွင်းငှက်( အဖြူတစ်ပိုင်း အနက်တစ်ပိုင်းအရောင်ရှိပြီး တောင်ပံကိုရေကူးရာမှာပဲသုံးပြီး မပျံသန်းနိုင်တဲ့ အန္တာတိ ကဒေသတွင်သာတွေ့ရလေ့ရှိတဲ့ငှက်တစ်မျိုး)၊ အပြာရောင်ဝေလငါး၊Orcas လို့သိကြတဲ့ ဝေလငါးမျိုးစိတ်ဝင်ငါးမျိုး၊အလွန်ကြီးမားတဲ့ ပြည်ကြီးငါးအပါအဝင် ပင်လယ်ဖျံတွေ ဟာလည်း ဒီသမုဒ္ဒရာအတွင်းမှာတည်ရှိနေကြပါတယ်။

အဲဒီရေသတ္တဝါတွေကို အများဆုံးတွေ့ရှိရာနေရာကတော့ တောင်သမုဒ္ဒရာရဲ့ ဧရိယာအတွင်းပါဝင်နေတဲ့ ရောစပင်လယ်၊ဝက်ဒယ်ပင်လယ်စတဲ့ ရေပြင်ကျယ်ကျယ်ရှိနေတဲ့အပိုင်းတွေမှာဖြစ်ပြီး ဒီမှာရှိတဲ့ အချို့သောဝေလငါးမျိုးတွေဟာ အာတိတ်သမုဒ္ဒရာကငါးမျိုးနွယ်စုတွေနဲ့ အသွင်သဏ္ဍန်တူညီပါတယ်။

အန္တာတိကခေါ် တောင်သမုဒ္ဒရာဟာ ဝေလငါးများပေါများစွာတည်ရှိနေတာဖြစ်ခြင်း ကြောင့် နော်ဝေ၊အင်္ဂလန်စတဲ့နိုင်ငံတွေရဲ့ ပင်လယ်ငါးဖမ်းလုပ်ငန်းတွေကို ကြီးကြီး ကျယ်ကျယ် လုပ်ကိုင်နေတဲ့ နေရာလည်းဖြစ်ပါတယ်။ ဒါအပြင် သဘာဝဓာတ်ငွေ့နဲ့ ရေနံသိုက်များစွာဟာလည်း ဒီသမုဒ္ဒရာအတွင်းကြွယ်ဝစွာတည်ရှိနေပါသေးတယ်။ တောင်သမုဒ္ဒရာမှာ နှစ်စဉ်ဖြစ်ပေါ်နေတဲ့ ရေခဲတောင်တွေအရည်ပျော်ရာမှာ ဖြစ်ပေါ်လာ တဲ့ရေချိုသယံဇာတတွေဟာလည်း ကမ္ဘာတစ်ခုလုံးအနေအထားကို လပေါင်းများစွာ သောက်ရေမပြတ်လပ်အောင် ထိန်းထားနိုင်တဲ့ အခြေအနေလည်းရှိနေပါတယ်။

မိုးနည်းဒေသဖြစ်တဲ့ သြစတေးလျမြောက်ပိုင်းမှာဆိုရင် တောင်သမုဒ္ဒရာအတွင်းမှာ ဖြစ်ပေါ်နေတဲ့ ရေခဲတောင်တွေဆီကနေ ရေချိုသယံဇာတတွေကိုထုတ်ယူပြီး ရာသီ လိုက်သီးနှံစိုက်ပျိုးမှုတွေမှာ အကောင်းဆုံးအသုံးချနေပြီလည်းဖြစ်ပါတယ်။

တောင်သမုဒ္ဒရာကိုအသုံးပြုနေတဲ့အဓိကဆိပ်ကမ်းတွေကတော့ Rothera Station, Palmer Station, Villa Las Etrellas, Esperanza Base, Mawson Station, McMurdo Stationနဲ့ အန္တာတိကကမ်းလွန်ကကျောက်ချရေယာဉ်ရပ်နားစခန်းတွေပဲ ဖြစ်ပါတယ်။

ကမ္ဘာအဆင့် အပျော်စီးရွက်လှေပြိုင်ပွဲတွေကိုလည်း တောင်သမုဒ္ဒရာအတွင်း ကျင်းပလေ့ရှိပြီး ထင်ရှား တဲ့ပြိုင်ပွဲတွေကတော့ Volvo Ocean Race, Velux 5 Ocean Race, Vendee Globe, Jules Verne Trophy နဲ့ Global Challenge စတဲ့ပြိုင်ပွဲတွေပဲဖြစ်ပါတယ်။

Tags: world knowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!