Friday, April 16, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အောက်စဖို့ဒ်တက္ကသိုလ်အကြောင်း သိကောင်းစရာ

by Thutamm
April 5, 2020
Reading Time: 2min read
0
အောက်စဖို့ဒ်တက္ကသိုလ်အကြောင်း သိကောင်းစရာ
Share on FacebookShare on Twitter

(Unicode)

ရေးသားသူ – Aria

အောက်စဖိုဒ့်တက္ကသိုလ်ဟာ ကမ္ဘာပေါ်မှာ နာမည်အကြီးဆုံး တက္ကသိုလ်တစ်ခုဆိုရင် မမှားပါဘူး။ ဒီတက္ကသိုလ်ကြီးကို ၁၀၉၆ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့တာကြောင့် အခုဆိုရင် နှစ်ပေါင်း ၉၂၃နှစ် ရှိသွားပြီ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာလည်း ကမ္ဘာ့နိုင်ငံအသီးသီးက ကျောင်းသားပေါင်း ၂သောင်းကျော်ဟာ ဒီတက္ကသိုလ်ကြီးမှာ တက်ရောက်ပညာသင်ကြားနေပါတယ်။ ဒီတစ်ခါတော့ အောက်စဖိုဒ့်တက္ကသိုလ်နဲ့ ပတ်သတ်တဲ့ လူသိနည်းပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တွေကို မျှဝေသွားပါမယ်။

၁။ အရွယ်နဲ့မလိုက်အောင် ထူးခြားတဲ့ဉာဏ်ရည်ရှိသောကလေး  Ruth Lawrence ဟာ အသက် ၁၀ နှစ်အရွယ်မှာ အောက်စဖို့ဒ်တက္ကသိုလ်ရဲ့ သင်္ချာစာမေးပွဲကို အောင်မြင်ခဲ့ပြီး ဝင်ရောက်ဖြေဆို သူ အယောက် (၅၃၀) မှာ ပထမနေရာရရှိခဲ့ပါတယ်။ ထို့နောက်မှာတော့ အသက် (၁၃) နှစ် မတိုင်မီမှာပဲ ဘွဲ့တစ်ခု ရရှိခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ အစ္စရေးနွယ်ဖွားဖြစ်တဲ့သူမဟာ ဂျေရူစလင် ဟီးဘရူးတက္ကသိုလ် မှာ သင်္ချာပညာရှင် တွဲဖက်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။

၂။ အောက်စဖို့ဒ်တက္ကသိုလ်ရဲ့ စာကြည့်တိုက်မှာ နှစ်ပေါင်း ၁၇၅ နှစ်ကျော် မရပ်မနားအသံမြည် နေတဲ့အချက်ပေးခေါင်းလောင်းတစ်ခုရှိပါတယ်။ သုတေသနပညာရှင်တွေဟာ ခေါင်းလောင်းရဲ့ သက်တမ်းကိုဘယ်လောက်ကြာကြာ ဆက်လက်မြည်နေအုံးမလဲဆိုတာ သိရှိနိုင်ဖို့ ဖွင့်ကြည့်ချင်ပေမယ့် ဖွင့်လိုက်ခြင်းဖြင့် စမ်းသပ်တီထွင်မှု ရပ်တန့်သွားမှာကိုလည်း ကြောက်ရွံ့လျက်ရှိပါတယ်။

၃။ အောက်စဖို့ဒ်တက္ကသိုလ်မှ ဦးဆောင်သော သုတေသနအဖွဲ့တစ်ခုက ဘာသာမဲ့တွေနဲ့ ဘာသာတရားကို အလွန်ရိုသေကိုင်းရှိုင်းသူများဟာ သေရမှာကို ကြောက်ရွံ့တာ အနည်းဆုံးဖြစ်တယ်ဆို တာတွေ့ရှိခဲ့ကြပါတယ်။

၄။ အောက်စဖို့ဒ်တက္ကသိုလ်မှာ နှစ်ပေါင်း ၂၀၀ နီးပါးရှိတဲ့ ဝိုင်ပုလင်းပေါင်း ၁၀၀၀ ကျော်ရှိပါ တယ်။

၅။ ၁၃၅၅ ခုနှစ်မှာ အောက်စဖို့ဒ်မြို့ခံတွေနဲ့ တက္ကသိုလ်ကျောင်းသားတွေဟာ ရက်ပေါင်းများစွာ အထိကရုဏ်းဖြစ်ခဲ့ကြပါတယ်။ အကြောင်းကတော့ ကျောင်းသားအချို့ဟာ တည်ခင်းတဲ့ဘီယာ ကိုမနှစ်သက်လို့ အရက်ဆိုင်မှာ ဘီယာတပိုင့်ကို လွှင့်ပစ်ခဲ့ရာမှ စတင်ခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ မြို့ခံတွေဟာ ကျောင်းကို ပြင်းထန်စွာတုံ့ပြန်ခဲ့ရာမှ ကျောင်းသား ၆၃ ဦးနှင့် ဒေသခံ ၃၀ ဦး သေဆုံးခဲ့ရပါတယ်။

၆။ ၁၇၅၅ ခုနှစ်မှာ အောက်စဖို့ဒ်တက္ကသိုလ်ဟာ ကမ္ဘာပေါ်မှာ နောက်ဆုံးကျန်ရှိနေသော ပြီးပြည့်စုံတဲ့ နမူနာဖြစ်တဲ့ Dodo ငှက်၏ရုပ်လုံးသွင်း အရုပ်ကို သတိမမူမိဘဲ  မီးရှို့ဖျက်ဆီး ပစ်ခဲ့ပါတယ်။

၇။ အောက်စဖို့ဒ်တက္ကသိုလ်ဟာ Aztecs ယဉ်ကျေးမှုထက် နှစ်ပေါင်း ၂၀၀ ၊ သမိုင်းဝင် Machu Picchu တောင်တန်းထက်နှစ်ပေါင်း ၃၀၀ နှင့် Easter Island heads လူခေါင်းပုံကြီးများရှိတဲ့ ကျွန်းထက် နှစ်ပေါင်း ၁၅၀ ပိုပြီး စောလျင်စွာ တည်ရှိခဲ့တာပါ။

၈။ ၁၆၁၇ ခုနှစ်ကတည်းက အောက်စဖို့ဒ်တက္ကသိုလ်မှ သတ်မှတ်ထားတဲ့ လူမှုရေးဆိုင်ရာ စံနှုန်းနဲ့ စနစ်တွေကို ဆန့်ကျင်သူတွေကို ဘီယာလေးပိုင့်ကို တစ်ထိုင်တည်းသောက်စေခြင်းဖြင့် အပြစ်ပေးရန် သတ်မှတ်ခဲ့ပါတယ်။

၉။ ၁၂၀၉ ခုနှစ်မှာ အောက်စဖို့ဒ်တက္ကသိုလ် ကျောင်းသားတစ်ဦးဟာ အမျိုးသမီးတစ်ဦးကို ပေါ်တင်သတ်ဖြတ်ခဲ့ပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ တုံ့ပြန်တဲ့အနေနဲ့ မြို့ခံတွေဟာ ကျောင်းသား (၃) ဦးကို ကြိုးဆွဲသတ်ခဲ့ပါတယ်။ မဟာဌာနများပါမကျန် လူအုပ်ကို ကြောက်ရွံ့ ခဲ့ကြရတာကြောင့် ကျောင်း၏လုပ်ဆောင်ချက်တွေအားလုံးကို ရပ်တန့်ပြီး အဆောင်အယောင် အားလုံးကို Cambridge သို့ပြောင်းရွှေ့ပြီး တက္ကသိုလ်အသစ်တစ်ခုကို တည်ထောင်ခဲ့ရပါတယ်။

၁၀။ အောက်စဖို့ဒ်တက္ကသိုလ်ရဲ့ ဗီဇလေ့လာချက်တစ်ခု တွေ့ရှိခဲ့တာကတော့ အင်္ဂလိပ်လူမျိုးဟာ တကယ်တော့ ပြင်သစ်၊ ဂျာမန်တွေသာ ဖြစ်ပြီး ဝေလလူမျိုးတွေသာ စစ်မှန်တဲ့ ဗြိတိသျှလူမျိုးတွေဖြစ်ကြတယ် ဆိုတာဖြစ်ပါတယ်။

၁၁။ အောက်စဖို့ဒ်တက္ကသိုလ်မှာ အောက်စဖို့ဒ်စွမ်းရည် အကဲဖြတ်စစ်ဆေးခြင်းလို့ခေါ်တဲ့ ကိုယ်ရည်ကိုယ်သွေးစစ်ဆေးမှုတစ်ခုရှိပါတယ်။ ယင်းစစ်ဆေးမှုဟာ တကယ်တော့ အောက်စဖို့ဒ် တက္ကသိုလ် (သို့) အောက်စဖို့ဒ်တက္ကသိုလ်နဲ့ပတ်သက်တဲ့အခြားသောအရာတွေနဲ့လဲ ဆက်စပ်မှု မရှိတဲ့ ဘာသာရေးယုံကြည်ကိုးကွယ်မှုဆိုင်ရာ စစ်ဆေးမှုတစ်ခုပဲဖြစ်ပါတယ်။

၁၂။ အောက်စဖို့ဒ်တက္ကသိုလ်ရဲ့ ညီလာခံတစ်ခုက လူသားမျိုးနွယ်တွေ ပျောက်ပျက်နိုင်ခြေဟာ ၂၁၀၀ ခုနှစ်မှာ ၁၉ % ထိ ဖြစ်နိုင်တယ်လို့ ခန့်မှန်းတွက်ချက်ခဲ့ကြပါတယ်။

၁၃။ ၂၀၁၀ ခုနှစ် အောက်စဖို့ဒ်တက္ကသိုလ်ရဲ့ ဆေးဘက်ဆိုင်ရာစစ်ဆေးမှုတစ်ခုက ဦးဆောင် လေ့လာချက်တစ်ခုအရ သွေးထဲကမကောင်းတဲ့အဆီဓာတ်တွေကို လျော့နည်းစေတဲ့ ဆေး အရောဟာ လူသားတွေကို နာတာရှည်ကျောက်ကပ်ရောဂါဖြစ်စေနိုင်တယ်ဆိုတဲ့ အချက်ကို တွေ့ရှိခဲ့ပါတယ်။

၁၄။ အမှန်တကယ်တော့ အောက်စဖို့ဒ်တက္ကသိုလ်ဟာ ညွှန်ကြားမှုပိုင်းနဲ့ အုပ်ချုပ်မှုပိုင်းဆိုင်ရာ လုပ်ဆောင်ချက်အချို့ကိုသာ စီမံခန့်ခွဲတာဖြစ်ပါတယ်။ နေထိုင်ရေးဆိုင်ရာ တာဝန်တွေအားလုံး နဲ့ ညွှန်ကြားချက်အများစုကို တက္ကသိုလ်အတွင်း ကိုယ်တိုင်အုပ်ချုပ်ပြီး ပူးပေါင်းတာဝန်ယူစေဖို့ ခွဲခြားထားရှိတဲ့ ကောလိပ်နဲ့ သီးသန့်စာသင်ခန်းမ ၄၄ ခု ကနေသာ ကိုင်တွယ်တာဖြစ်ပါတယ်။

၁၅။ ၂၀၀၃ ခုနှစ် မတိုင်မီအထိ အောက်စဖိုဒ့်တက္ကသိုလ်မှာ ကိုယ်ပိုင်ရဲတပ်ဖွဲ့ရှိခဲ့ပါတယ်။

၁၆။ အောက်စဖိုဒ့် ဆိုတဲ့စကားလုံးဟာ အန်ဂလိုဆက်ဆိုဘာသာစကား Oxenaforda ကနေ ဆင်းသက်လာခဲ့တာဖြစ်ပြီး “ford of the oxen” လို့ အဓိပ္ပါယ်ရပါတယ်။ နွားတွေဖြတ်သွားဖြတ်လာလုပ်တဲ့ ရေတိမ်သဲခုံနေရာ လု့ိအဓိပ္ပါယ်ရပါတယ်။

၁၇။ ၁၃ ရာစုဝန်းကျင်ကတည်းက အောက်စ်ဖိုဒ့်တက္ကသိုလ်ဟာ ထင်ရှားခဲ့ပေမယ့် အမျိုးသမီးတွေကိုတော့ တက်ရောက်ခွင့် မပြုပဲ ၁၈၇၈ ခုနှစ်မှ စတင်ဝင်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

၁၈။ ဒုတိယကမ္ဘာစစ်မှာ အောက်စ်ဖိုဒ့်ဟာ နာဇီတွေရဲ့တိုက်ခိုက်မှုကို မခံရတဲ့ အကြောင်းတစ်ရပ်ကတော့ ဟစ်တလာဟာ အင်္ဂလန်ကို အောင်မြင်ပြီးတဲ့နောက် အောက်စ်ဖိုဒ့်ကို မြို့တော်အဖြစ်သတ်မှတ် အသုံးပြုဖို့ ရည်ရွယ်ခဲ့လို့ ဖြစ်ပါတယ်။ အောက်စ်ဖိုဒ့်ဟာ ၁၇ ရာစု အင်္ဂလန်ပြည်တွင်းစစ်ကာလမှာလည်း အင်္ဂလန်ရဲ့မြို့တော်ဖြစ်ခဲ့ဖူးပါတယ်။

၁၉။ အောက်စဖိုဒ့်တက္ကသိုလ်ဟာ ဗြိတိန်ရဲ့ဝန်ကြီးချုပ်ပေါင်း ၂၇ဦးကို မွေးထုတ်ပေးခဲ့တဲ့ တက္ကသိုလ်ကြီးလည်း ဖြစ်ပါတယ်။

၂၀။ အောက်စဖို့ဒ်တက္ကသိုလ်မှ ကောလိပ်တစ်ခုတွင် နှစ်ပေါင်း ၁၀၀ ပြည့်တိုင်း ၁၄၃၈ ခုနှစ်တည်းက တည်ဆောက်ခဲ့တဲ့ ကောလိပ်ရဲ့အောက်ခြေတိုင်တွေ ကြားထဲက ပျံပြေးသွားတဲ့ ဒဏ္ဍာရီထဲက Mallard ဘဲကို မြေအနှံ့လိုက်ရှာရတဲ့ အမဲလိုက်ပွဲကို ကျင်းပလေ့ရှိပါတယ်။

၂၁။ စိတ်ကစဉ့်ကလျားဖြစ်စဉ်တွေတည်ငြိမ်စေဖို့အတွက် ‘Tetris’ ဗီဒီယိုဂိမ်းကို ကစားခြင်းဖြင့် PTSD (Post-traumatic Stress Disorder) မှာကြုံတွေ့ရမယ့် ပြန်မြင်ယောင်စရာတွေကို လျော့နည်းစေနိုင်တယ်လို့ အောက်စဖို့ဒ် တက္ကသိုလ်က စိတ်ပညာရှင်များရဲ့ လေ့လာချက်အရ သိရှိရပါတယ်။

၂၂။ အောက်စဖို့ဒ်တက္ကသိုလ်မှ သုတေသနပညာရှင်များ ဦးဆောင်တဲ့စမ်းသပ်မှုတစ်ခုက သိုးတွေကိုရေတွက်နေခြင်းက အိပ်စက်ခြင်းကိုဖြစ်ပေါ်စေဖို့ရာ နိမ့်ကျလွန်းတဲ့စိတ်ကူးဖြစ်တယ် ဆိုတာ ပြသခဲ့ပါတယ်။ အဲ့ဒီအစား ရေတံခွန်တစ်ခု (သို့) ကမ်းခြေတစ်ခုကို စိတ်ကူးယဉ် လိုက်မယ်ဆိုရင် စိတ်စွမ်းအားကို ပိုမိုကျယ်ပြန့်စေပြီး သင့်ကိုမြန်မြန်အိပ်မောကျစေနိုင်မှာ ဖြစ်ပါတယ်။

၂၃။ အောက်စဖို့ဒ်အဘိဓာန်က ‘ize’ အသုံးကို ‘organise’ သို့မဟုတ် ‘recognise’ တို့လိုစာလုံး တွေ စာလုံးပေါင်းရာမှာ ပိုမိုအသုံးပြုပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့ အောက်စဖို့ဒ်တက္ကသိုလ် ကတော့ British မှာအသုံးများတဲ့ ‘ise’ နဲ့စာလုံးပေါင်းရတာကို ပိုမိုနှစ်သက်ပါတယ်။

၂၄။ ၁၉၅၀ ခုနှစ်တိုင်အောင် လွှတ်တော်ထဲမှာ အမြဲတမ်းထိုင်ခုံနှစ်နေရာကို အောက်စဖို့ဒ် တက္ကသိုလ်ရဲ့ ကိုယ်စားလှယ်အတွက် အာမခံပြီး ချန်လှပ်ထားရှိခဲ့ပါတယ်။

၂၅။ ‘Soccer’ ဆိုတဲ့စကားလုံးဟာ ဘောလုံးအသင်း Association football မှ ‘assoc’ ၏ အဆုံးမှာ’er’ ကို ပေါင်းထည့်ခြင်းအားဖြင့် အောက်စဖို့ဒ်တက္ကသိုလ်မှ ထွက်ပေါ်လာတာဖြစ်ပါတယ်။

Ref : Kickassfacts : Interesting Facts About Oxford University

——— ————

(Zawgyi)

ေအာက္စဖို႔ဒ္တကၠသိုလ္အေၾကာင္း သိေကာင္းစရာ

ေရးသားသူ – Aria

ေအာက္စဖိုဒ့္တကၠသိုလ္ဟာ ကမာၻေပၚမွာ နာမည္အႀကီးဆုံး တကၠသိုလ္တစ္ခုဆိုရင္ မမွားပါဘူး။ ဒီတကၠသိုလ္ႀကီးကို ၁၀၉၆ ခုႏွစ္ကတည္းက စတင္ဖြင့္လွစ္ခဲ့တာေၾကာင့္ အခုဆိုရင္ ႏွစ္ေပါင္း ၉၂၃ႏွစ္ ရွိသြားၿပီ ျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာလည္း ကမာၻ႔ႏိုင္ငံအသီးသီးက ေက်ာင္းသားေပါင္း ၂ေသာင္းေက်ာ္ဟာ ဒီတကၠသိုလ္ႀကီးမွာ တက္ေရာက္ပညာသင္ၾကားေနပါတယ္။ ဒီတစ္ခါေတာ့ ေအာက္စဖိုဒ့္တကၠသိုလ္နဲ႔ ပတ္သတ္တဲ့ လူသိနည္းၿပီး စိတ္ဝင္စားဖို႔ေကာင္းတဲ့ အခ်က္ေတြကို မွ်ေဝသြားပါမယ္။

၁။ အ႐ြယ္နဲ႔မလိုက္ေအာင္ ထူးျခားတဲ့ဉာဏ္ရည္ရွိေသာကေလး  Ruth Lawrence ဟာ အသက္ ၁၀ ႏွစ္အ႐ြယ္မွာ ေအာက္စဖို႔ဒ္တကၠသိုလ္ရဲ႕ သခ်ၤာစာေမးပြဲကို ေအာင္ျမင္ခဲ့ၿပီး ဝင္ေရာက္ေျဖဆို သူ အေယာက္ (၅၃၀) မွာ ပထမေနရာရရွိခဲ့ပါတယ္။ ထို႔ေနာက္မွာေတာ့ အသက္ (၁၃) ႏွစ္ မတိုင္မီမွာပဲ ဘြဲ႕တစ္ခု ရရွိခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ အစၥေရးႏြယ္ဖြားျဖစ္တဲ့သူမဟာ ေဂ်႐ူစလင္ ဟီးဘ႐ူးတကၠသိုလ္ မွာ သခ်ၤာပညာရွင္ တြဲဖက္ပါေမာကၡအျဖစ္ တာဝန္ထမ္းေဆာင္ေနပါတယ္။

၂။ ေအာက္စဖို႔ဒ္တကၠသိုလ္ရဲ႕ စာၾကည့္တိုက္မွာ ႏွစ္ေပါင္း ၁၇၅ ႏွစ္ေက်ာ္ မရပ္မနားအသံျမည္ ေနတဲ့အခ်က္ေပးေခါင္းေလာင္းတစ္ခုရွိပါတယ္။ သုေတသနပညာရွင္ေတြဟာ ေခါင္းေလာင္းရဲ႕ သက္တမ္းကိုဘယ္ေလာက္ၾကာၾကာ ဆက္လက္ျမည္ေနအုံးမလဲဆိုတာ သိရွိႏိုင္ဖို႔ ဖြင့္ၾကည့္ခ်င္ေပမယ့္ ဖြင့္လိုက္ျခင္းျဖင့္ စမ္းသပ္တီထြင္မႈ ရပ္တန႔္သြားမွာကိုလည္း ေၾကာက္႐ြံ႕လ်က္ရွိပါတယ္။

၃။ ေအာက္စဖို႔ဒ္တကၠသိုလ္မွ ဦးေဆာင္ေသာ သုေတသနအဖြဲ႕တစ္ခုက ဘာသာမဲ့ေတြနဲ႔ ဘာသာတရားကို အလြန္႐ိုေသကိုင္းရႈိင္းသူမ်ားဟာ ေသရမွာကို ေၾကာက္႐ြံ႕တာ အနည္းဆုံးျဖစ္တယ္ဆို တာေတြ႕ရွိခဲ့ၾကပါတယ္။

၄။ ေအာက္စဖို႔ဒ္တကၠသိုလ္မွာ ႏွစ္ေပါင္း ၂၀၀ နီးပါးရွိတဲ့ ဝိုင္ပုလင္းေပါင္း ၁၀၀၀ ေက်ာ္ရွိပါ တယ္။

၅။ ၁၃၅၅ ခုႏွစ္မွာ ေအာက္စဖို႔ဒ္ၿမိဳ႕ခံေတြနဲ႔ တကၠသိုလ္ေက်ာင္းသားေတြဟာ ရက္ေပါင္းမ်ားစြာ အထိက႐ုဏ္းျဖစ္ခဲ့ၾကပါတယ္။ အေၾကာင္းကေတာ့ ေက်ာင္းသားအခ်ိဳ႕ဟာ တည္ခင္းတဲ့ဘီယာ ကိုမႏွစ္သက္လို႔ အရက္ဆိုင္မွာ ဘီယာတပိုင့္ကို လႊင့္ပစ္ခဲ့ရာမွ စတင္ခဲ့တာျဖစ္ပါတယ္။ ေနာက္ဆုံးမွာေတာ့ ၿမိဳ႕ခံေတြဟာ ေက်ာင္းကို ျပင္းထန္စြာတုံ႔ျပန္ခဲ့ရာမွ ေက်ာင္းသား ၆၃ ဦးႏွင့္ ေဒသခံ ၃၀ ဦး ေသဆုံးခဲ့ရပါတယ္။

၆။ ၁၇၅၅ ခုႏွစ္မွာ ေအာက္စဖို႔ဒ္တကၠသိုလ္ဟာ ကမာၻေပၚမွာ ေနာက္ဆုံးက်န္ရွိေနေသာ ၿပီးျပည့္စုံတဲ့ နမူနာျဖစ္တဲ့ Dodo ငွက္၏႐ုပ္လုံးသြင္း အ႐ုပ္ကို သတိမမူမိဘဲ  မီးရႈိ႕ဖ်က္ဆီး ပစ္ခဲ့ပါတယ္။

၇။ ေအာက္စဖို႔ဒ္တကၠသိုလ္ဟာ Aztecs ယဥ္ေက်းမႈထက္ ႏွစ္ေပါင္း ၂၀၀ ၊ သမိုင္းဝင္ Machu Picchu ေတာင္တန္းထက္ႏွစ္ေပါင္း ၃၀၀ ႏွင့္ Easter Island heads လူေခါင္းပုံႀကီးမ်ားရွိတဲ့ ကြၽန္းထက္ ႏွစ္ေပါင္း ၁၅၀ ပိုၿပီး ေစာလ်င္စြာ တည္ရွိခဲ့တာပါ။

၈။ ၁၆၁၇ ခုႏွစ္ကတည္းက ေအာက္စဖို႔ဒ္တကၠသိုလ္မွ သတ္မွတ္ထားတဲ့ လူမႈေရးဆိုင္ရာ စံႏႈန္းနဲ႔ စနစ္ေတြကို ဆန႔္က်င္သူေတြကို ဘီယာေလးပိုင့္ကို တစ္ထိုင္တည္းေသာက္ေစျခင္းျဖင့္ အျပစ္ေပးရန္ သတ္မွတ္ခဲ့ပါတယ္။

၉။ ၁၂၀၉ ခုႏွစ္မွာ ေအာက္စဖို႔ဒ္တကၠသိုလ္ ေက်ာင္းသားတစ္ဦးဟာ အမ်ိဳးသမီးတစ္ဦးကို ေပၚတင္သတ္ျဖတ္ခဲ့ၿပီး ထြက္ေျပးလြတ္ေျမာက္သြားခဲ့ပါတယ္။ တုံ႔ျပန္တဲ့အေနနဲ႔ ၿမိဳ႕ခံေတြဟာ ေက်ာင္းသား (၃) ဦးကို ႀကိဳးဆြဲသတ္ခဲ့ပါတယ္။ မဟာဌာနမ်ားပါမက်န္ လူအုပ္ကို ေၾကာက္႐ြံ႕ ခဲ့ၾကရတာေၾကာင့္ ေက်ာင္း၏လုပ္ေဆာင္ခ်က္ေတြအားလုံးကို ရပ္တန႔္ၿပီး အေဆာင္အေယာင္ အားလုံးကို Cambridge သို႔ေျပာင္းေ႐ႊ႕ၿပီး တကၠသိုလ္အသစ္တစ္ခုကို တည္ေထာင္ခဲ့ရပါတယ္။

၁၀။ ေအာက္စဖို႔ဒ္တကၠသိုလ္ရဲ႕ ဗီဇေလ့လာခ်က္တစ္ခု ေတြ႕ရွိခဲ့တာကေတာ့ အဂၤလိပ္လူမ်ိဳးဟာ တကယ္ေတာ့ ျပင္သစ္၊ ဂ်ာမန္ေတြသာ ျဖစ္ၿပီး ေဝလလူမ်ိဳးေတြသာ စစ္မွန္တဲ့ ၿဗိတိသွ်လူမ်ိဳးေတြျဖစ္ၾကတယ္ ဆိုတာျဖစ္ပါတယ္။

၁၁။ ေအာက္စဖို႔ဒ္တကၠသိုလ္မွာ ေအာက္စဖို႔ဒ္စြမ္းရည္ အကဲျဖတ္စစ္ေဆးျခင္းလို႔ေခၚတဲ့ ကိုယ္ရည္ကိုယ္ေသြးစစ္ေဆးမႈတစ္ခုရွိပါတယ္။ ယင္းစစ္ေဆးမႈဟာ တကယ္ေတာ့ ေအာက္စဖို႔ဒ္ တကၠသိုလ္ (သို႔) ေအာက္စဖို႔ဒ္တကၠသိုလ္နဲ႔ပတ္သက္တဲ့အျခားေသာအရာေတြနဲ႔လဲ ဆက္စပ္မႈ မရွိတဲ့ ဘာသာေရးယုံၾကည္ကိုးကြယ္မႈဆိုင္ရာ စစ္ေဆးမႈတစ္ခုပဲျဖစ္ပါတယ္။

၁၂။ ေအာက္စဖို႔ဒ္တကၠသိုလ္ရဲ႕ ညီလာခံတစ္ခုက လူသားမ်ိဳးႏြယ္ေတြ ေပ်ာက္ပ်က္ႏိုင္ေျခဟာ ၂၁၀၀ ခုႏွစ္မွာ ၁၉ % ထိ ျဖစ္ႏိုင္တယ္လို႔ ခန႔္မွန္းတြက္ခ်က္ခဲ့ၾကပါတယ္။

၁၃။ ၂၀၁၀ ခုႏွစ္ ေအာက္စဖို႔ဒ္တကၠသိုလ္ရဲ႕ ေဆးဘက္ဆိုင္ရာစစ္ေဆးမႈတစ္ခုက ဦးေဆာင္ ေလ့လာခ်က္တစ္ခုအရ ေသြးထဲကမေကာင္းတဲ့အဆီဓာတ္ေတြကို ေလ်ာ့နည္းေစတဲ့ ေဆး အေရာဟာ လူသားေတြကို နာတာရွည္ေက်ာက္ကပ္ေရာဂါျဖစ္ေစႏိုင္တယ္ဆိုတဲ့ အခ်က္ကို ေတြ႕ရွိခဲ့ပါတယ္။

၁၄။ အမွန္တကယ္ေတာ့ ေအာက္စဖို႔ဒ္တကၠသိုလ္ဟာ ၫႊန္ၾကားမႈပိုင္းနဲ႔ အုပ္ခ်ဳပ္မႈပိုင္းဆိုင္ရာ လုပ္ေဆာင္ခ်က္အခ်ိဳ႕ကိုသာ စီမံခန႔္ခြဲတာျဖစ္ပါတယ္။ ေနထိုင္ေရးဆိုင္ရာ တာဝန္ေတြအားလုံး နဲ႔ ၫႊန္ၾကားခ်က္အမ်ားစုကို တကၠသိုလ္အတြင္း ကိုယ္တိုင္အုပ္ခ်ဳပ္ၿပီး ပူးေပါင္းတာဝန္ယူေစဖို႔ ခြဲျခားထားရွိတဲ့ ေကာလိပ္နဲ႔ သီးသန႔္စာသင္ခန္းမ ၄၄ ခု ကေနသာ ကိုင္တြယ္တာျဖစ္ပါတယ္။

၁၅။ ၂၀၀၃ ခုႏွစ္ မတိုင္မီအထိ ေအာက္စဖိုဒ့္တကၠသိုလ္မွာ ကိုယ္ပိုင္ရဲတပ္ဖြဲ႕ရွိခဲ့ပါတယ္။

၁၆။ ေအာက္စဖိုဒ့္ ဆိုတဲ့စကားလုံးဟာ အန္ဂလိုဆက္ဆိုဘာသာစကား Oxenaforda ကေန ဆင္းသက္လာခဲ့တာျဖစ္ၿပီး “ford of the oxen” လို႔ အဓိပၸါယ္ရပါတယ္။ ႏြားေတြျဖတ္သြားျဖတ္လာလုပ္တဲ့ ေရတိမ္သဲခုံေနရာ လု႔ိအဓိပၸါယ္ရပါတယ္။

၁၇။ ၁၃ ရာစုဝန္းက်င္ကတည္းက ေအာက္စ္ဖိုဒ့္တကၠသိုလ္ဟာ ထင္ရွားခဲ့ေပမယ့္ အမ်ိဳးသမီးေတြကိုေတာ့ တက္ေရာက္ခြင့္ မျပဳပဲ ၁၈၇၈ ခုႏွစ္မွ စတင္ဝင္ခြင့္ျပဳခဲ့တာျဖစ္ပါတယ္။

၁၈။ ဒုတိယကမာၻစစ္မွာ ေအာက္စ္ဖိုဒ့္ဟာ နာဇီေတြရဲ႕တိုက္ခိုက္မႈကို မခံရတဲ့ အေၾကာင္းတစ္ရပ္ကေတာ့ ဟစ္တလာဟာ အဂၤလန္ကို ေအာင္ျမင္ၿပီးတဲ့ေနာက္ ေအာက္စ္ဖိုဒ့္ကို ၿမိဳ႕ေတာ္အျဖစ္သတ္မွတ္ အသုံးျပဳဖို႔ ရည္႐ြယ္ခဲ့လို႔ ျဖစ္ပါတယ္။ ေအာက္စ္ဖိုဒ့္ဟာ ၁၇ ရာစု အဂၤလန္ျပည္တြင္းစစ္ကာလမွာလည္း အဂၤလန္ရဲ႕ၿမိဳ႕ေတာ္ျဖစ္ခဲ့ဖူးပါတယ္။

၁၉။ ေအာက္စဖိုဒ့္တကၠသိုလ္ဟာ ၿဗိတိန္ရဲ႕ဝန္ႀကီးခ်ဳပ္ေပါင္း ၂၇ဦးကို ေမြးထုတ္ေပးခဲ့တဲ့ တကၠသိုလ္ႀကီးလည္း ျဖစ္ပါတယ္။

၂၀။ ေအာက္စဖို႔ဒ္တကၠသိုလ္မွ ေကာလိပ္တစ္ခုတြင္ ႏွစ္ေပါင္း ၁၀၀ ျပည့္တိုင္း ၁၄၃၈ ခုႏွစ္တည္းက တည္ေဆာက္ခဲ့တဲ့ ေကာလိပ္ရဲ႕ေအာက္ေျခတိုင္ေတြ ၾကားထဲက ပ်ံေျပးသြားတဲ့ ဒ႑ာရီထဲက Mallard ဘဲကို ေျမအႏွံ႔လိုက္ရွာရတဲ့ အမဲလိုက္ပြဲကို က်င္းပေလ့ရွိပါတယ္။

၂၁။ စိတ္ကစဥ့္ကလ်ားျဖစ္စဥ္ေတြတည္ၿငိမ္ေစဖို႔အတြက္ ‘Tetris’ ဗီဒီယိုဂိမ္းကို ကစားျခင္းျဖင့္ PTSD (Post-traumatic Stress Disorder) မွာႀကဳံေတြ႕ရမယ့္ ျပန္ျမင္ေယာင္စရာေတြကို ေလ်ာ့နည္းေစႏိုင္တယ္လို႔ ေအာက္စဖို႔ဒ္ တကၠသိုလ္က စိတ္ပညာရွင္မ်ားရဲ႕ ေလ့လာခ်က္အရ သိရွိရပါတယ္။

၂၂။ ေအာက္စဖို႔ဒ္တကၠသိုလ္မွ သုေတသနပညာရွင္မ်ား ဦးေဆာင္တဲ့စမ္းသပ္မႈတစ္ခုက သိုးေတြကိုေရတြက္ေနျခင္းက အိပ္စက္ျခင္းကိုျဖစ္ေပၚေစဖို႔ရာ နိမ့္က်လြန္းတဲ့စိတ္ကူးျဖစ္တယ္ ဆိုတာ ျပသခဲ့ပါတယ္။ အဲ့ဒီအစား ေရတံခြန္တစ္ခု (သို႔) ကမ္းေျခတစ္ခုကို စိတ္ကူးယဥ္ လိုက္မယ္ဆိုရင္ စိတ္စြမ္းအားကို ပိုမိုက်ယ္ျပန႔္ေစၿပီး သင့္ကိုျမန္ျမန္အိပ္ေမာက်ေစႏိုင္မွာ ျဖစ္ပါတယ္။

၂၃။ ေအာက္စဖို႔ဒ္အဘိဓာန္က ‘ize’ အသုံးကို ‘organise’ သို႔မဟုတ္ ‘recognise’ တို႔လိုစာလုံး ေတြ စာလုံးေပါင္းရာမွာ ပိုမိုအသုံးျပဳပါတယ္။ ဆန႔္က်င္ဘက္အေနနဲ႔ ေအာက္စဖို႔ဒ္တကၠသိုလ္ ကေတာ့ British မွာအသုံးမ်ားတဲ့ ‘ise’ နဲ႔စာလုံးေပါင္းရတာကို ပိုမိုႏွစ္သက္ပါတယ္။

၂၄။ ၁၉၅၀ ခုႏွစ္တိုင္ေအာင္ လႊတ္ေတာ္ထဲမွာ အၿမဲတမ္းထိုင္ခုံႏွစ္ေနရာကို ေအာက္စဖို႔ဒ္ တကၠသိုလ္ရဲ႕ ကိုယ္စားလွယ္အတြက္ အာမခံၿပီး ခ်န္လွပ္ထားရွိခဲ့ပါတယ္။

၂၅။ ‘Soccer’ ဆိုတဲ့စကားလုံးဟာ ေဘာလုံးအသင္း Association football မွ ‘assoc’ ၏ အဆုံးမွာ’er’ ကို ေပါင္းထည့္ျခင္းအားျဖင့္ ေအာက္စဖို႔ဒ္တကၠသိုလ္မွ ထြက္ေပၚလာတာျဖစ္ပါတယ္။

Ref : Kickassfacts : Interesting Facts About Oxford University

 

Tags: world knowledgeworld places

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!