Friday, April 16, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အအေးချမ်းဆုံးနဲ့ အချမ်းသာဆုံးနိုင်ငံတစ်နိုင်ငံ ဖြစ်တဲ့ ဆွစ်ဇာလန် အကြောင်းသိကောင်းစရာ

by Thutamm
August 7, 2019
Reading Time: 1min read
0
အအေးချမ်းဆုံးနဲ့ အချမ်းသာဆုံးနိုင်ငံတစ်နိုင်ငံ ဖြစ်တဲ့ ဆွစ်ဇာလန် အကြောင်းသိကောင်းစရာ
Share on FacebookShare on Twitter

ဆွစ်ဇာလန်နိုင်ငံသည် ဥရောပတိုက်၏ အလယ်ဗဟိုတွင် တောင်များပတ်လည်ဝိုင်း လျက်တည်ရှိသော သမ္မတနိုင်ငံဖြစ်သည်။ ဂျာမနီ၊ ပြင်သစ်၊ အီတလီ၊ ဩစတြီးယား စသော နိုင်ငံကြီးများသည် ဆွစ်ဇာလန်နိုင်ငံကို လေးဘက်လေးတန်မှ ခြံရံလျက်ရှိသည်။ သို့သော် နိုင်ငံကြီးများသည် သူတို့၏ ကိုယ်ကျိုးအတွက် ထောက်မျှော်လျက်၊ ဤနိုင်ငံကို စစ်ရေးစစ်ရာနှင့် စပ်လျဉ်း၍အစဉ်ထာဝရ ကြားနေနိုင်ငံ ဟု အသိအမှတ်ပြုခဲ့ကြသည်။ ဆွစ်ဇာလန်နိုင်ငံမှာ အကြမ်းအားဖြင့် စက်ဝိုင်းခြမ်း ပုံသဏ္ဌာန်ရှိ၏။ တိုင်းပြည်၏ ၃ ပုံ ၂ ပုံမှာ အဲ့လပတောင်ကုန်းအဲ့လပတောင်တန်း ဒေသဖြစ်သည်။

အနောက်ဥရောပတွင် တည်ရှိပြီး မြောက်ဘက်တွင် ဂျာမနီနိုင်ငံ၊ တောင်ဘက်တွင် အီတလီနိုင်ငံ နှင့် အရှေ့ဘက်တွင် ဩစတြီးယားနိုင်ငံနှင့် လစ်တင်ရှတိုင်းနိုင်ငံ တို့က ဝန်းရံထားသည်။ ကျန် ၃ ပုံ ၁ ပုံမှာမြေဩဇာကောင်းမွန်ထက်သန်သော မြေနိမ့်လွင်ပြင်များဖြစ်သည်။ ထိုလွင်ပြင်များသည် ကွန်စတန့်နှင့် ဂျီနီးဗားရေအိုင်ကြီးနှစ်ခုအကြားတွင် တည်ရှိသည်။ အဓိကရ မြစ်ကြီးများမှာ ရုန်းမြစ်၊ အားမြစ်၊ ရိုင်းမြစ်၊ တိချီးနိုမြစ်တို့ ဖြစ်၏။ ရာသီဥတုမှာ နေရာကိုလိုက်၍ ကွဲပြား ခြားနားလေရာ၊ မြင့်သောဒေသများ၌ နှစ်ပတ်လည်ဆီးနှင်းတို့ ဖြင့် ဖုံးအုပ်လျက်ရှိ၍၊ နိမ့်ရှိုင်းရာတောင်ကြားများ၌ကား ပူနွေးသည်။

တိုင်းပြည်၏ ၄ ပုံ ၁ ပုံမှာ တောများဖုံးအုပ်နေလျက်၊ ကျန် ၄ ပုံ ၁ ပုံမှာ ထွန်ယက်စိုက်ပျိုးနိုင်၏။ သို့သော် ဆွစ် လူမျိုးများသည် အလွန်အပင်ပန်းခံနိုင်၍၊ ဝိရိယကောင်းသော လူမျိုးများဖြစ်သည့်အတိုင်း၊ တောင်ကျချောင်းများ၊ ရေတံခွန်များမှ အင်အားကိုယူပြီးလျှင် စက်မှုအလုပ်ရုံများကို တည်ထောင်ကြ၏။ ကျွဲနွားများမွေးမြူ၍၊ နွားနို့ထွက် ပစ္စည်းများကိုလည်း လုပ်ကိုင်ရောင်းချကြသည်။ ဆွစ်ဇာလန်နိုင်ငံမှ ပိုးထည်၊ ခြည်ထည်၊ နာရီနှင့် ကျောက်မျက် ရတနာများထွက်၏။

လှပသောသဘာဝရှုခင်းများ ရှိသည့်အပြင် သန့်ရှင်း အေးမြခြောက်သွေ့သော လေကောင်းလေသန့် ရနိုင်သဖြင့် ဆွစ်ဇာလန်ပြည်မှာ ကျန်းမာရေးချို့တဲ့သူများ သွား ရောက်နေထိုင်ရာဖြစ်၏။ လူအများ အပျင်းပြေသွားရောက် လည်ပတ်သော တိုင်းပြည်လည်းဖြစ်၏။ အယ်လ်ပ် တောင်တန်းကို မော်တော်ကားလမ်း၊ မီးရထားလမ်းများဖြင့် ဖြတ်ကျော်ရာ၌ စိန် ဂေါ့တတ်နှင့် ဆင်ပလွန်စသော ထင်ရှားသည့် ဥမင်လိုဏ်ခေါင်းကြီးများကို တွေ့ရှိနိုင်သည်။ ဆင်ပလွန်ဥမင်လိုဏ်ခေါင်းမှာ ၁၂ မိုင်ခွဲမျှရှည်၍၊ ကမ္ဘာပေါ်တွင် အရှည်လျားဆုံးသော လိုဏ်ခေါင်းတစ်ခုဖြစ်၏။ ထိုလိုဏ်ခေါင်းအတွင်းရှိ လမ်းများဖြင့် အီတလီမှ မီးရထားများသည် ဆွစ်ဇာလန်သို့ ဖြတ်သန်းသွားရလေသည်။

ဆွစ်ဇာလန်နိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံစနစ်မှာ ပြည်ထောင်စုစနစ် ဖြစ်သည်။ ကန်တန်ခေါ် တောင်ကြား ပြည်နယ်များကို စုပေါင်း၍ ဖွဲ့စည်းထားခြင်းဖြစ်၏။ ၁၆၄၈ ခုနှစ်တွင် ရောမသာသနာစောင့် နိုင်ငံတော် လက်အောက်မှ လွတ်မြောက်၍၊ လွတ်လပ်သော နိုင်ငံဖြစ်လာသည်။ ဆွစ်ဇာလန်နိုင်ငံတွင် အများအားဖြင့် ပြင်သစ်၊ အီတလီ နှင့် ဂျာမန်စကားတို့ကို ပြောဆိုသုံးစွဲကြ၏။

၂၀၁၆ခုနှစ် စာရင်းအရ ဆွစ်ဇာလန်နိုင်ငံ၏ လူဦးရေမှာ ၈.၄သန်းဖြစ်သည်။ တိုင်းပြည်အတွင်း တက္ကသိုလ်ကြီး ၁၂ ခုမျှသာရှိ၏။ မြို့တော်မှာ ဗန်းမြို့ဖြစ်သည်။ အခြားမြို့ကြီးများမှာ ဇူးရစ်၊ ဗားလ၊ ဂျီနီးဗား၊ လူဇန်း၊ ဖရီးဗူး၊ နျူရှားတဲမြို့များဖြစ်၏။ လူဦးရေ ၁ဝဝဝဝ ကျော်သော မြို့ကြီး ၂၅ မြို့ခန့်ရှိ၏။ ဂျီနီးဗားမြို့မှာ ယခင်က နိုင်ငံပေါင်းချုပ်အသင်းကြီး တည်ရာဌာနဖြစ်ခဲ့၏။

ဆွစ်ဇာလန်မြို့တော် ဘန်း
 ဂျီနီဗာမြို့

ဆွစ်ဇာလန်နိုင်ငံမှာ အလှအပအသုံးအဆောင်ပစ္စည်းများစွာ ထွက်၍၊ နာရီအမျိုးမျိုး၊ နာရီနှင့်သက်ဆိုင်သော ပစ္စည်း၊ ဓာတ် စက်၊ ခြေချင်း၊ လက်ကောက်များမှစ၍ နို့ဆီ၊ ဒိန်ခဲ၊ ချောကလက်စသော စားစရာများကို လုပ်ကိုင်ရောင်းချ၏။ ဆွစ်တိုင်းသူပြည်သားများတွင် မိန်းမများက အိမ်မှုကိစ္စနှင့် ရက်လုပ်ခြင်းလုပ်ငန်းများကို လုပ်ကိုင်ကြပြီးလျှင်၊ ယောက်ျားများက အလုပ်ကြမ်းနှင့် လမ်းပြအလုပ်များကို လုပ်ကိုင်ခဲ့ကြသည်။

ဆွစ်ဇာလန်နိုင်ငံကို ရုံးသုံးဘာသာစကားဖြင့် ဆွစ်ဇ်ကွန်ဖက်ဒရေးရှင်း (ဆွစ်ဇ်နိုင်ငံ အဖွဲ့အစည်း) ဟု ခေါ်ဝေါ်လေ့ ရှိပြီး ကန်တွန် (ဖက်ဒရယ် အဖွဲ့ဝင်ပြည်နယ်) ၂၆ ခု ပါဝင်သော ဖက်ဒရယ် သမ္မတနိုင်ငံ ဖြစ်သည်။ ဘန်းသည် ဖက်ဒရယ်အစိုးရ၏ အချက်အချာ ဒေသဖြစ်သည်။ ထင်ရှားသောမြို့ကြီးနှစ်မြို့မှာ စီးပွားရေး အချက်အချာ ဖြစ်သော ဇူးရစ်ခ်ျမြို့ နှင့် ဂျနီဗာမြို့ တို့ဖြစ်သည်။ ပထဝီအနေအထားအားဖြင့် အယ်လ်ပ် တောင်တန်း ၊ အလယ်ပိုင်းမြေပြန့်နှင့် ဂျူရာတောင်ကုန်းများတွင် ဧရိယာ အကျယ်အဝန်း စုစုပေါင်း ၄၁,၂၈၅ ကီလိုမီတာ ( ၁၅,၉၄၀ စတုရန်းမိုင်) မျှ ဖြန့်ကျက်တည်ရှိသည်။

 

ဆွစ်လက်ပတ်နာရီများ

ဆွစ်ဇာလန်နိုင်ငံတွင် ဘာသာစကားနှင့် ယဉ်ကျေးမှု ကွဲပြားခြားနားသော အဓိက ဒေသကြီး ၃ ခု ပါဝင်ပြီး ဂျာမန်၊ ပြင်သစ်နှင့် အီတလီ ဘာသာစကားတို့ကို အသုံးပြုကြကာ ရိုမန့်ရှ်ဘာသာစကားကို အသုံးပြုသော တောင်ကြားဒေသများလည်း ပါဝင်သည်။ အင်္ဂလိပ်စကားသည် ရုံးသုံးဘာသာစကားမဟုတ်သော်လည်း ဆွစ်လူမျိုးစုစုပေါင်း၏ ၆၀% မှာ အင်္ဂလိပ်စကားကို ကျွမ်းကျင်စွာပြောဆိုတတ်ကြသည်။ ထို့အတွက်ကြောင့် ဆွစ်ဇာလန်နိုင်ငံသည် တူညီသော ဘာသာစကားနှင့် လူမျိုးတို့ကို စုစည်းထားသော နိုင်ငံမျိုး မဟုတ်ဘဲ တူညီသော သမိုင်းနောက်ခံ၊ အများလက်ခံသော အယူအဆ( ဖက်ဒရယ်စနစ်၊ တိုက်ရိုက်ဒီမိုကရေစီစနစ် နှင့် ဘက်မလိုက်ခြင်း) နှင့် အယ်လ်ပ်တောင်တန်း သွေးချင်းစိတ်ဓာတ်တို့ အပေါ်တွင် အခြေခံ၍ တည်ထောင်ထားသော နိုင်ငံ ဖြစ်သည်။

ဘက်မလိုက်ခြင်းနှင့် ပတ်သက်၍ ရှည်လျားသော သမိုင်းကြောင်း ရှိခဲ့သည်။ ၁၈၁၅ ခုနှစ်မှစ၍ စစ်မက်ဖြစ်ပွားခြင်း လုံးဝမရှိခဲ့ပေ။ ကုလသမဂ္ဂ ကိုလည်း ၂၀၀၂ ခုနှစ်အထိ ဝင်ရောက်ခြင်း မရှိခဲ့ပေ။ ဆွစ်ဇာလန်နိုင်ငံသည် နိုင်ငံတကာအဖွဲ့အစည်း အများအပြား၏ အခြေစိုက်ရာ မြို့ဖြစ်ပြီး ကုလသမဂ္ဂ၏ ဒုတိယ အကြီးဆုံးရုံး၊ ကမ္ဘာ့ကြက်ခြေနီအဖွဲ့၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ စသည်တို့၏ ရုံးများရှိပြီး အားကစားအဖွဲ့အစည်းများ ဖြစ်သော အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီနှင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) တို့၏ ရုံးများလည်း ရှိသည်။ ဥရောပနှင့် စပ်လျဉ်း၍ ဆွစ်ဇာလန်သည် ဥရောပ လွတ်လပ်စွာကုန်သွယ်ရေး အဖွဲ့ကို စတင်တည်ထောင်သူ ဖြစ်ပြီး ရှန်ဂန်သဘောတူညီချက်၏ အစိတ်အပိုင်းလည်း ဖြစ်သည်။ သို့သော်လည်း ဥရောပ သမဂ္ဂ နှင့် ဥရောပ စီးပွားရေးဇုံတို့၏ အဖွဲ့ဝင် မဟုတ်ပေ။

ဆွစ်ဇာလန်နိုင်ငံသည် လူတစ်ဦးချင်း ပျမ်းမျှနှစ်စဉ်ဝင်ငွေ အမေရိကန်ဒေါ်လာ ၈၀၈၃၇ ရှိသဖြင့် တစ်ဦးချင်း ဝင်ငွေဖြင့် တွက်လျှင် ကမ္ဘာပေါ်တွင် အချမ်းသာဆုံးနိုင်ငံများတွင် ထိပ်တန်းမှပါဝင်လျှက်ရှိသည်။

ဆွစ်ဇာလန်နိုင်ငံ၏ ထူးခြားချက်တချို့

ဆွစ်ဇာလန်နိုင်ငံသည် ကမ္ဘာပေါ်တွင် စတုရန်းအလံထားရှိသော နိုင်ငံနှစ်နိုင်ငံထဲမှ တစ်နိုင်ငံဖြစ်သည်။ (အခြားနိုင်ငံမှာ ဗာတီကန် ဖြစ်သည်)

ဆွစ်ဇာလန်သည် နျူကလီးယားစစ်ပွဲများအတွက် ကြိုတင်ပြင်ဆင်ထားသည့် နိုင်ငံဖြစ်သည်။ စစ်ဘေးရှောင်ရန်အတွက် ဘန်ကာများကိုဆောက်လုပ်ထားပြီး ထူထပ်သောတောင်တန်းများကြောင့် စစ်ဖြစ်လျှင် ထိခိုက်မှုအနည်းပါးဆုံးနိုင်ငံအဖြစ် သတ်မှတ်ထားခံရသည်။

ဆွစ်ဇာလန်နိုင်ငံသားများတွင် ပါလီမန်မှတင်သွင်းသော မည်သည့်ဥပဒေကိုမဆို အတည်ပြုနိုင်ခွင့် ၊ ပယ်ဖျက်နိုင်ခွင့်ရှိသည်။ ထိုအတွက်လိုအပ်သည်မှာ ရက်ပေါင်း၁၀၀အတွင်း ထောက်ခံသည့်နိုင်ငံသားလက်မှတ် ၅သောင်းကို စုဆောင်းရန်သာဖြစ်သည်။

ဆွစ်လူမျိုးများသည် ကမ္ဘာပေါ်တွင် သက်တမ်းအရှည်ဆုံးထဲတွင်ပါဝင်ပြီး ၂၀၁၅ခုနှစ်စာရင်းအရ ဆွစ်အမျိုးသားများ၏ ပျမ်းမျှသက်တမ်းမှာ ၈၁.၃နှစ်ဖြစ်ပြီး ၊ အမျိုးသမီးများ၏ သက်တမ်းမှာ ၈၅.၃နှစ်ဖြစ်သည်။ (ကျွန်တော်တို့မြန်မာလူမျိုးများ၏ ပျမ်းမျှသက်တမ်းမှာမူ အမျိုးသားများသည် ၆၄နှစ် ဖြစ်၍ အမျိုးသမီးများသည် ၆၈နှစ် ဖြစ်သည်)

အိမ်မွေးအချစ်တော်မွေးရာတွင် တစ်ကောင်တည်းမွေးခွင့်မရှိပဲ အစုံလိုက်မွေးမှ တရားဝင်သည်။

ခွေးပိုင်ရှင်များသည် ခွေးအရွယ်အစားအလိုက်အခွန်ဆောင်ရသည်ဖြစ်သလို ခွေးကိုဂရုစိုက်ရန် သင်တန်းများလည်းတက်ရသည်။

ပျော်ဖို့အကောင်းဆုံး နေထိုင်ရန်အကောင်းဆုံး စာရင်းတွင် အမြဲနံပါတ် ၅အတွင်း ဝင်လေ့ရှိသည်။

ပေ ၁သောင်းကျော် မြင့်သောတောင် ၂၀၈လုံးရှိ၍ ထိုအထဲတွင် ၂၄လုံးမှာ ပေ ၁၃၀၀၀ကျော်မြင့်သည်။ အမြင့်ဆုံးတောင်မှာ Monte Rosa တောင်ဖြစ်၍ ၁၅၂၀၃ပေ မြင့်သည်။

ဆွစ်ဇာလန်၏ ချမ်းသာဆင်းရဲမှု ပမာဏမှာ အများကြီးမကွာခြားပေ။ အချမ်းသာဆုံးလူ ၂၀%၏ ဝင်ငွေမှာ အဆင်းရဲဆုံးသူ ၂၀%၏ ၄ဆ သာ ရှိသည်။

Monte Rosa တောင်

လူဦးရေ ၈သန်းကျော်တွင် သေနတ်ပေါင်း ၂သန်းကျော်ရှိသော်လည်း ဥပဒေစိုးမိုးသည့်နိုင်ငံဖြစ်သော ဆွစ်ဇာလန်သည် ကမ္ဘာပေါ်တွင် ရာဇဝတ်မှုအနည်းဆုံးနိုင်ငံအဖြစ် ရပ်တည်လျှက်ရှိသည်။ ပျမ်းမျှအားဖြင့် လူဦးရေ ၂သိန်းတွင် ပြစ်မှု ၁မှုခန့်သာဖြစ်လေ့ရှိသည်။

ရုပဗေဒပညာရှင်ကြီး အိုင်းစတိုင်းသည် သူ၏ ကမ္ဘာကျော်ဖော်မြူလာဖြစ်သည့် E=MC2 ကို ဆွစ်ဇာလန်နိုင်ငံ ဘန်းမြို့တွင်နေထိုင်စဉ်က ထုတ်ခဲ့ခြင်းဖြစ်သည်။

ဆွစ်ဇာလန်ပြည်နယ်များတွင် ဝန်ကြီးချုပ်မရှိပဲ အဖွဲ့ဝင်ခုနှစ်ယောက်ဖြင့်ဖွဲ့စည်းထားသော ပြည်နယ်ကောင်စီက ပူပေါင်းအုပ်ချုပ်ရသည်။

ကမ္ဘာပေါ်တွင် နိုင်ငံခြားလူဦးရေများပြားသောနိုင်ငံဖြစ်ပြီး နိုင်ငံလူဦးရေစုစုပေါင်းတွင် နိုင်ငံခြားသားမှာ ၂၅% ခန့်ရှိသည်။

ကမ္ဘာပေါ်တွင် ချောကလက်အစားဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပြီး တစ်ဦးစီ၏ တစ်နှစ်လျှင်ပျမ်းမျှချောကလက်စားနှုန်းမှာ ၁၁ကီလိုဂရမ်ဖြစ်သည်။

ရေအားလျှပ်စစ်နှင့် နျူကလီးယားမှ ရရှိသောလျှပ်စစ်ကိုသာ အများဆုံးသုံးသည့် နိုင်ငံဖြစ်သည်။ စုစုပေါင်း၏ ၆၀ရာခိုင်နှုန်းခန့်ကို ရေအားလျှပ်စစ်မှရရှိပြီး ၃၇%ကို နျူကလီးယားစွမ်းအင်မှ ရရှိသည်။

ပညာရေးအလွန်ကောင်းမွန်သည့် နိုင်ငံဖြစ်ပြီး မူလတန်းပညာရေးမှ တက္ကသိုလ်ပညာရေးထိတိုင် အစိုးရကထောက်ပံ့ပေးထားသည်။ မူလတန်းပြီးသည်နှင့် ကလေးများမှာ မိမိနှစ်သက်ရာ ပညာရေးလမ်းကြောင်းကို ရွေးချယ်တက်ရောက်နိုင်သည်။

ကဲ ၅မိနစ်ဗီဒီယိုလေးကနေ တစ်ဆင့်  ဆွစ်ဇာလန်ကို သွားလည်ကြရအောင်ဗျာ:)

Wikipedia
သုတဇုန်

Tags: countries

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!