Saturday, April 10, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အရှေ့တောင်အာရှရဲ့ အပျော်ရွှင်ဆုံး ၉ နိုင်ငံ

by Thutamm
August 12, 2019
Reading Time: 1min read
0
အရှေ့တောင်အာရှရဲ့ အပျော်ရွှင်ဆုံး ၉ နိုင်ငံ
Share on FacebookShare on Twitter

World Happiness Report ဆိုတာ နိုင်ငံတွေရဲ့ပျော်ရွှင်မှုစစ်တမ်းကို နှစ်စဉ်ကောက်ယူကာ သုတေသနလုပ်နေတဲ့ ကမ္ဘာ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ အဲဒီအဖွဲ့အစည်းက ၂၀၁၈ခုနှစ်အတွက် အပျော်ဆုံးနိုင်ငံစာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီလိုထုတ်ပြန်မှုမှာနိုင်ငံပေါင်း ၁၅၆နိုင်ံ ပါဝင်ပြီး ထိပ်ဆုံး ၁၀ နိုင်ငံဟာ အရင် ၂နှစ်က အတိုင်း အပြောင်းလဲပဲ ရပ်တည်နေပါတယ်။ ထိပ်ဆုံးမှာတော့ ဖင်လန်နိုင်ငံက ရပ်တည်နေပြီး သူ့ရဲ့နောက်မှာတော့ ဒိန်းမတ် ၊ နော်ေ၀ ၊ အိုက်စလန် နဲ့ ဆွစ်ဇာလန်တို့က အသီးသီးရှိနေပါတယ်။

အပျော်ရွှင်ဆုံးနိုင်ငံစာရင်းကို ကောက်ခံပြီး ထုတ်ပြန်ရာမှာ နိုင်ငံသားတစ်ဦးချင်းစီရဲ့ဝင်ငွေ ၊ လူနေမှုအဆင့်အတန်း ၊ ကျန်းမာရေးနှင့် သက်တမ်းရှည်ကြာမှု ၊ လွတ်လပ်မှု ၊ စွန့်ကြဲပေးကမ်းနိုင်မှု စတဲ့စံနှုန်းအသီးသီး နဲ့ တွက်ချက်ထားတာပဲဖြစ်ပါတယ်။ စုစုပေါင်းကို အမှတ် ၁၀ မှတ်ပေးပြီး တွက်ချက်ရမှာ အပျော်ရွှင်ဆုံးအဖြစ်သတ်မှတ်ခြင်းခံရတဲ့ ဖင်လန်နိုင်ငံရဲ့ အမှတ်ကတော့ ၇.၆၃၂မှတ် ဖြစ်ပါတယ်။ ၂၀၁၈ခုနှစ်စာရင်းကို ၂၀၁၅ ကနေ ၂၀၁၇အတွင်း ကောက်ယူထားအချက်အလက်တွေကို အခြေခံထားတာပဲဖြစ်ပါတယ်။ ဒီတစ်ခါတော့ သုတဇုန်မိတ်ဆွေများအတွက် အရှေ့တောင်အာရှရဲ့ အပျော်ရွှင်ဆုံး ၉ နိုင်ငံ စာရင်းကို ဗဟုသုတ အနေနဲ့ဝေမျှချင်ပါတယ်။

၁။ စင်ကာပူ 

အရှေ့တောင်အာရှရဲ့ အပျော်ရွှင်ဆုံး နိုင်ငံကတော့ စင်ကာပူပဲဖြစ်ပါတယ်။ စီးပွားရေး ပညာရေး တို့မှာ ကမ္ဘာ့ထိပ်သီးနိုင်ငံတွေနဲ့ အမီလိုက်နေတဲ့ စင်ကာပူဟာ ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံစာရင်းမှာတော့ အဆင့် ၃၄ ပဲရှိပါတယ်။ ဒါပေမယ့် လူနေမှုအဆင့်အတန်း ၊ စီးပွားရေး နဲ့ အသက်ရှည်ကျန်းမာမှုတွေက အရှေ့တောင်အာရှမှာ နံပါတ် ၁ ဖြစ်ပါတယ်။ စင်ကာပူနိုင်ငံသားတွေဟာ ပျမ်းမျှအားဖြင့် အသက် ၈၃.၁နှစ် ရှည်သလို ဝင်ငွေအားဖြင့်လည်း တစ်ဦးချင်းစီရဲ့ တစ်နှစ်ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၉၀၅၃၁ စီ ရရှိနေပါတယ်။ ဒါ့အပြင် ရာဇဝတ်မှုအလွန်နည်းပါးကာ အကျင့်ပျက်ချစားခြင်းမရှိတာတွေကြောင့်လည်း ဒီစာရင်းမှာ နံပါတ် ၁ ဖြစ်နေတာပါ။ စင်ကာပူရဲ့ စုစုပေါင်း ပျော်ရွှင်မှု ရမှတ်ကတော့ ၆.၃၄၃ ဖြစ်ပါတယ်။

၂။ မလေးရှား

စင်ကာပူကို မမီပေမယ့် အရှေ့တောင်အာရှမှာတော့ မလေးရှားနိုင်ငံရဲ့ စီးပွားရေး ပညာရေးတွေဟာ ထိပ်တန်းအဆင့်မှာရှိပါတယ်။ ပြီးခဲ့တဲ့လပိုင်းက နိုင်ငံရေးမတည်မငြိမ်မှုတချို့ဖြစ်ပေမယ့် ဆိုးဆိုးရွားရွားမဖြစ်ခဲ့ပါဘူး။ ဒါကြောင့်လည်း သူဟာ အရှေ့တောင်အာရှ အပျော်ရွှင်ဆုံးနိုင်ငံ အဆင့် ၂ မှာ ရပ်နေတာပါ။ မလေးရှားနိုင်ငံသားတွေရဲ့ပျမ်းမျှသက်တမ်းက ၇၅နှစ်ဖြစ်ပြီး တစ်နှစ်ဝင်ငွေကတော့ အမေရိကန်ဒေါ်လာ ၂၈၈၇၁ ဖြစ်ပါတယ်။ ကမ္ဘာ့အဆင့်မှာတော့ စင်ကာပူနောက်က ကပ်လိုက်နေပြီး အဆင့် ၃၅ဖြစ်ပါတယ်။ မလေးရှားရဲ့ပျော်ရွှင်မှုရမှတ်ကတော့ ၆.၂၂ ဖြစ်ပါတယ်။

၃။ ထိုင်း

ဒီနောက်ပိုင်းနှစ်တွေမှာ စီးပွားရေးတရှိန်တိုးတက်လာတဲ့ ထိုင်းနိုင်ငံရဲ့ ပျော်ရွှင်မှုအဆင့်ကတော့ အရှေ့တောင်အာရှမှာ အဆင့် ၃ ၊ ကမ္ဘာမှာ အဆင့် ၄၆ ဖြစ်ပါတယ်။ နယ်ပယ်အသီးသီးမှာ အသင့်အတင့်ကောင်းမွန်နေပြီး ကျန်းမာရေးဝန်ဆောင်မှု နဲ့ ခရီးသွားလာမှုမှာတော့ အပေါ်က ၂နိုင်ငံထက်တောင် သာနေပါသေးတယ်။ လာဘ်ပေးလာဘ်ယူမှု ကတော့ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ၄၁% နဲ့ ဒုတိယ အဆိုးဝါးဆုံးဖြစ်ပါတယ်။ ဒါပေမယ့် တိုင်းပြည်တိုးတက်မှုကိုတော့ ထိခိုက်ခြင်းမရှိပါဘူး။ ထိုင်းနိုင်ငံသားတွေရဲ့ ပျမ်းမျှသက်တမ်းကတော့ ၇၀နှစ်ဖြစ်ကာ တစ်ဦးချင်းဝင်ငွေကတော့ ၁၇၇၈၆ဒေါ်လာ ဖြစ်ပါတယ်။ သူ့ရဲ့ရမှတ်ကတော့ ၆.၀၇၂ ဖြစ်ပါတယ်။

၄။ ဖိလစ်ပိုင်

နံပါတ် ၄ အပျော်ရွှင်ဆုံးနိုင်ငံကတော့ သမ္မတဒူတာတေး ရဲ့ ဖိလစ်ပိုင်နိုင်ငံဖြစ်ပါတယ်။ စီးပွားရေး ၊ ပညာရေး ၊ ကျန်းမာရေးဝန်ဆောင်မှုတွေမှာ အသင့်အတင့်ကောင်းမွန်တဲ့ နိုင်ငံဖြစ်ပါတယ်။ ရာဇဝတ်မှု နဲ့ အကျင့်ပျက်ချစားမှုတွေများပြားပေမယ့် ပြတ်သားတဲ့ သမ္မတရဲ့ဆုံးဖြတ်ချက်တွေကြောင့် တဖြည်းဖြည်းလျော့နည်းလာပြီ လို့ဆိုရပါမယ်။ ဖိလစ်ပိုင်နိုင်ငံသားတွေရဲ့ ပျမ်းမျှသက်တမ်းကတော့ ၆၈.၅နှစ်ဖြစ်ပြီး တစ်နှစ်ဝင်ငွေကတော့ ဒေါ်လာ ၈၂၂၉ ဖြစ်ပါတယ်။ သူ့ရဲ့ပျော်ရွှင်မှုရမှတ်ကတော့ ၅.၅၂၄ ဖြစ်ပါတယ်။

၅။ ဗီယက်နမ်

ဗီယက်နမ်ကတော့ နယ်ပယ်အများစုမှာ အသင့်အတင့်ရှိပေမယ့် ကမ္ဘာ့ကုမ္ပဏီကြီးတွေအခြေချမှုကြောင့် စီးပွားရေးမှာတော့ တိုးတက်လျှက်ရှိပါတယ်။ ဗီယက်နမ်ကတော့ အရှေ့တောင်အာရှရဲ့ လာဘ်ပေးလာဘ်ယူမှု အဆိုးဝါးဆုံးနိုင်ငံဖြစ်ပါတယ်။ ၆၅% တောင်ရှိနေပြီး တိုင်းပြည်အစိုးရကလည်း ခြစားမှုကို ထိထိရောက်ရောက် ဖြေရှင်းနိုင်ခြင်းမရှိသေးပါဘူး။ ဗီယက်နမ်နိုင်ငံသားတွေရဲ့ ပျမ်းမျှသက်တမ်းကတော့ ၇၆နှစ်ဖြစ်ကာ ပျမ်းမျျဝင်ငွေကတော့ ၆၈၇၆ ဒေါ်လာ ဖြစ်ပါတယ်။ ဗီယက်နမ်ရဲ့ပျော်ရွှင်မှု ရမှတ်ကတော့ ၅.၁၀၃ ဖြစ်ပါတယ်။

၆။ အင်ဒိုနီးရှား

ဗီယက်နမ်ရဲ့နောက်ကပ်ရက် ကမ္ဘာ့ပျော်ရွှင်မှု အဆင့် ၉၅မှာတော့ အင်ဒိုနီးရှားနိုင်ငံ ရှိနေပါတယ်။ လူဦးရေအထူထပ်ဆုံးနိုင်ငံဖြစ်ပြီး စီးပွားရေး နဲ့ ပညာရေးတို့မှာ သာမန်အဆင့်သာရှိပါတယ်။ တစ်ဦးချင်း နှစ်စဉ် ပျမ်းမျှဝင်ငွေမှာတော့ ဒေါ်လာ ၁၂၃၈၇ ဖြစ်ပြီး ဒီနိုင်ငံသားတွေရဲ့သက်တမ်းကတော့ ၆၉.၁ နှစ် ဖြစ်ပါတယ်။ အင်ဒိုနီးရှားရဲ့ ပျော်ရွှင်မှုရမှတ်ကတော့ ၅.၀၉၃ ဖြစ်ပါတယ်။

၇။ လာအို

အရှေ့တောင်အာရှ အပျော်ရွှင်ဆုံးနိုင်ငံ နံပါတ် ၈ မှာ ရပ်နေတာကတော့ လာအိုနိုင်ငံဖြစ်ပါတယ်။ ကဏ္ဍ အသီးသီးမှာ နိမ့်ကျနေတဲ့နိုင်ငံဖြစ်ပြီး စီးပွားရေးကတော့ ဒီနှစ်ပိုင်းမှာတော့ ပြန်လည်တိုးတက်လာခဲ့ပါတယ်။ တစ်ဦးချင်းစီပျမ်းမျှဝင်ငွေကတော့ ဒေါ်လာ ၇၃၆၇ဒေါ်လာ ဖြစ်ပြီး ဒီနိုင်ငံသားတွေရဲ့သက်တမ်းကတော့ ၆၅.၅၁ နှစ်ဖြစ်ပါတယ်။ လာအိုနိုင်ငံရဲ့ ပျော်ရွှင်မှု ရမှတ်ကတော့ ၄.၆၂၃ ဖြစ်ပါတယ်။

၈။ ကမ္ဘောဒီးယား 

ကမ္ဘောဒီးယားကတော့ ပျော်ရွှင်မှုအဆင့်မှာ အရှေ့တောင်အာရှ အဆင့် ၈ ၊ ကမ္ဘာ့အဆင့် ၁၂၀ မှာ ရပ်တည်နေပါတယ်။ စီးပွားရေး ၊ ပညာရေး နဲ့ ကဏ္ဍအသီးသီးမှာ ပြောပလောက်အောင် တိုးတက်ခြင်းမရှိသလို ပြီးခဲ့တဲ့ နှစ်တွေက အရှေ့တောင်အာရှမှာ အနိမ့်ဆုံးနိုင်ငံလည်းဖြစ်ပါတယ်။ ဒီနိုင်ငံသားတွေရဲ့ နှစ်စဉ်ပျမ်းမျှဝင်ငွေကတော့ ၄၀၁၀ ဒေါ်လာ ဖြစ်ပြီး နိုင်ငံသားတွေရဲ့သက်တမ်းကတော့ ၆၈.၇ နှစ် ဖြစ်ပါတယ်။ သူ့ရဲ့ပျော်ရွှင်မှု ရမှတ်ကတော့ ၄.၃၀၈ ဖြစ်ပါတယ်။

၉။ မြန်မာ

World Happiness Report ရဲ့စာရင်းမှာ ဘရူနိုင်းရဲ့အချက်အလက်တွေမရှိတာကြောင့် အရှေ့တောင်အာရှက ၉နိုင်ငံပါပဲ ပါဝင်ခဲ့ပါတယ်။ အဲဒီ ၉နိုင်ငံရှိတဲ့အနက် အောက်ဆုံးမှာ ရပ်နေတာကတော့ မြန်မာနိုင်ငံဖြစ်ပါတယ်။ တချိန်က ထိပ်ဆုံးမှာရှိခဲ့တဲ့ ကျွန်တော်တို့နိုင်ငံဟာ တဖြည်းဖြည်းနဲ့ အခုလို အောက်ဆုံးအဆင့်ကိုရောက်သွားတာကတော့ ဝမ်းနည်းစရာပါ။ လက်ရှိ ကဏ္ဍအသီးသီးမှာလည်း အားလုံးသိကြတဲ့အတိုင်း အကြည်အတည်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အနောက်တံခါးအရေး ၊ သက်တမ်းအရှည်ဆုံးပြည်တွင်းစစ် ၊ မတည်ငြိမ်တဲ့တရားဥပဒေ ၊ များပြားလာတဲ့ ရာဇဝတ်မှုများ ၊ ပညာရေးနိမ့်ကျမှု ၊ အလုပ်အကိုင်ရှားပါးမှု စတာတွေက အခုလို အောက်ဆုံးကို ဆွဲချလိုက်တာဖြစ်ပါတယ်။ နိုင်ငံပေါင်း ၁၅၆ နိုင်ငံစာရင်းမှာ အဆင့် ၁၃၀ ဖြစ်တာကြောင့် အောက်မှာ ၂၆နိုင်ငံပဲ ကျန်ပါတော့တယ်။

ဒါပေမယ့် ထူးခြားတာတစ်ခုကတော့ ဒီလောက်ပြသနာပေါင်းစုံကြုံနေရပေမယ့် သဘောထားကြီးမှု ၊ ပေးကမ်းစွန့်ကြဲမှုစာရင်းမှာတော့ မြန်မာဟာ ထိပ်ဆုံးမှာရှိနေပါတယ်။ အပျော်ရွှင်ဆုံး နံပါတ် ၁ ဖင်လန်နိုင်ငံက ဝ.၁၉၂ ပဲ ရတဲ့အချိန်မှာ မြန်မာရဲ့ပေးကမ်းစွန့်ကြဲမှုက ဝ.၅၉၈မှတ် တောင်ရနေပါတယ်။ မြန်မာနိုင်ငံသားတွေရဲ့ပျမ်းမျှ လူ့သက်တမ်းကတော့ ၆၆.၆နှစ်ဖြစ်ပြီး တစ်ဦးချင်းစီပျမ်းမျှဝင်ငွေက ၆၂၈၅ဒေါ်လာ ဖြစ်ပါတယ်။ ပျော်ရွှင်မှုရမှတ်မှာတော့ မြန်မာရဲ့ရမှတ်က ၄.၃၀၈ ဖြစ်ပါတယ်။

Photos : Seasia

Ref:
World Happiness Report 2018
WIkipedia

Tags: countries

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!