Thursday, April 15, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အရှေ့တောင်အာရှရဲ့အမြင့်ဆုံးတောင် (သို့) ခါကာဘိုရာဇီတောင် အကြောင်းသိကောင်းစရာ

by Thutamm
July 25, 2019
Reading Time: 1min read
0
အရှေ့တောင်အာရှရဲ့အမြင့်ဆုံးတောင် (သို့)  ခါကာဘိုရာဇီတောင် အကြောင်းသိကောင်းစရာ
Share on FacebookShare on Twitter

ခါကာဘိုရာဇီ သည် အရှေ့တောင်အာရှ၏ အမြင့်ဆုံးတောင် ဖြစ်ပြီး မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း တိဗက်-မြန်မာ နယ်စပ်အနီးတွင် ရှိသည်။ ဟိမဝန္တာ တောင်တန်းနှင့် ဆက်သွယ်လျှက်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၅,၈၈၁ မီတာ (၁၉,၂၉၆ ပေ) မြင့်သည်။

အမြင့်ပေ ၁၉,၂၉၆ ရှိပြီး အချို့သော မှတ်တမ်းများတွင် ၁၉,၃၁၄ ပေ မြင့်သည်ဟု ဆိုကြသည်။ မြောက်လတ္တီတွဒ် ၂၈°၁၈’ အရှေ့လောင်ဂျီတွဒ် ၉၇°၃၂’ အကြားတွင် တည်ရှိသည်။ တစ်နှစ်ပတ်လုံး ဆီးနှင်းများ ဖုံးလွှမ်းလျက်ရှိသည်။ တိဗက်နှင့် မြန်မာနိုင်ငံ နယ်နိမိတ် အဖြစ်လည်း ပိုင်းခြားထားသည်။ တိဗက်နယ်စပ်နှင့် နှစ်မိုင်ခန့်သာ ဝေးသည်။ မချမ်းဘောမြို့၏ အနောက်မြောက်ဘက် မိုင် ၈ဝ ကျော်တွင် ရှိသည်။

ခါခါဘိုရာဇီ ဆိုသည်မှာ တိဗက်အမည် ဖြစ်သည်။ တိဗက်ဘာသာစကားအရ ခါ ဆိုသည်မှာ နှင်း ဖြစ်ပြီး ခါဘို ဆိုသည်မှာ အဖြူဟု အဓိပ္ပါယ် ကောက်ယူနိုင်သည်။ ခါကာဘိုရာဇီ ဆိုသည်မှာ ကချင်ပြည်နယ်ရှိ ရဝမ်လူမျိုးများ၏ စကားဖြစ်ပြီး ခါကာပူ ဆိုသည်မှာ အသံများထွက်ခြင်း၊ ပြောခြင်း ရာဇီ ဆီသည်မှာ တောင် ဟု အဓိပ္ပာယ်ရ၍ အသံထွက်သောတောင် ဟု အဓိပ္ပာယ်ရပါသည်။

ခါကာဘိုရာဇီတောင်ထိပ်သို့ ယနေ့အထိ ဂျပန်နိုင်ငံသား တစ်ဦးနှင့် မြန်မာနိုင်ငံသားတစ်ဦးပါဝင်သော တောင်တက်အဖွဲ့ တစ်ဖွဲ့သာလျှင် ခြေချနိုင်ခြင်းရှိသေးသည်။ ဂျပန်လူမျိုး Takashi Ozaki နဲ့ မြန်မာလူမျိုး အောင်စည်တို့က ၁၉၉၆ခုနှစ်မှာ ပထမဆုံးတက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

၁၉၂၃ ခုနှစ်တွင် အိန္ဒိယမြေတိုင်းအဖွဲ့ တစ်ဖွဲ့ ပူတာအိုမြို့ မြောက်ပိုင်းသို့ လုပ်ငန်းသဘောအရ ရောက်ရှိခဲ့ရာ၌ ခါကာဘိုရာ ဇီတောင်ကို ပထမဦးဆုံး တွေ့ရှိခဲ့သည်။ ခါကာဘိုရာဇီ တောင် ကြော တစ်လျှောက်၌ ထင်းရှုး၊ ဝက်သစ်ချ၊ မေပယ်၊ ရိုဒိုဒင် ဒရမ်ခေါ် တောင်မြင့်ဇလပ်၊ ပရီမြူလာ၊ လီလီ၊ မြေကပ်သစ်ခွ စသော အပင်များကို တွေ့ရသည်။

ထိုဒေသရေခဲပြင် အောက် တွင်လည်း အသက်ရှည်ဆေးဟု နာမည်ကျော်သော မချစ်ဥ ခေါ် ဂမုန်းကြက်သွန်ဖြူများကိုလည်း တွေ့ရသည်။ သားမင်းခေါ် တာကင်ကောင်၊ ကဒိုးကောင်နှင့် တောင်ဆိတ်များကို ခါကာ ဘိုရာဇီတောင်၌ တွေ့ရသည်။ ခါကာဘိုရာဇီ တောင်ကြော တစ်လျှောက်တွင် တိဗက်လူမျိုးများအပြင် ထလုနှင့် ထရုန် လူမျိုးများလည်း နေထိုင်ကြသည်။

ဩဂုတ် ၂၀၁၄ တွင် အားလုံး မြန်မာလူမျိုးများ ပါဝင်သော တောင်တက်အဖွဲ့သည် မြောက်ဘက်မျက်နှာမှ တက်ရရန် လမ်းကြောင်းသစ်ကို ရှာသည်။အဖွဲ့ဝင် နှစ်ဦးဖြစ်သူ ကိုအောင်မြင့်မြတ်နှင့် ကိုဝေယံမင်းသူတို့သည် ဩဂုတ် ၃၁ ၌ ဒုတိယအဆင့်တက်သည့်အခါ တောင်ထိပ်သို့ ရောက်ပြီး၊ အလံ၊ နာမည်ပါ စာတမ်းနှင့် ဘုရားပုံတို့ကို ထားခဲ့သည်။

တောင်တက်သူများသည် တောင်ထိပ်သို့ ရောက်ပြီးနောက် ရေဒီယိုအားကုန်သွားရာ ရေဒီယိုအဆက်အသွယ် ပြတ်တောက်သွားသည်။ အောက်ဘက် စခန်းသို့ ပြန်မဆင်းနိုင်သော်၊ ကယ်ဆယ်ရေးအဖွဲ့ စေလွှတ်ခဲ့ရသည်။ပျောက်ဆုံးနေသော တောင်တက်သူများကို ရှာဖွေရေးသည် အောက်တိုဘာလအထိ ပြုလုပ်နေဆဲ ဖြစ်သည်။ ဟယ်လီကော့ပတာလည်း ပျက်ကျပြီး၊ ပိုင်းလော့ တဦး သေဆုံးကာ၊ ကျန်ပိုင်းလော့နှင့် ခရီးသည် တောင်တက်သူတို့မှာ ရှင်သန်ရေးအတွက် ၁၁ ရက်တာ ကြိုးစားခဲ့ရသည်။

နိုဝင်ဘာ ၂၀၁၄ တွင်၊ National Geographic Society/ The North Face သည် ဂမ်လန်ရာဇီတောင်တက်အဖွဲ့ သုံးခဲ့သည့် အလားတူ ကိရိယာကို အသုံးပြု၍ ခါကာဘိုရာဇီ၏ အမြင့်ကို တိုင်းတာရန် အဖွဲ့တဖွဲ့ကို ထောက်ပံ့ စေလွှတ်ခဲ့သည်။

၂၀၁၄ အုပ်စုကို ဟီလရီး အိုနေး ဦးဆောင်ကာ၊ မတ် ဒေးဗစ် ဂျင်ကင်း၊ ကိုရီ ရစ်ချတ်၊ ရီနန် အော့တာ့၊ အမ္မလီ ဟာရင်းတန်နှင့် တေလာ ရီးတို့ ပါဝင်သည်။ ၇ နိုဝင်ဘာ ၂၀၁၄ ၌ ဂျင်ကင်း၊ ရစ်ချတ်နှင့် အော့တာ့ တို့ နောက်ဆုံးအကြိမ် တောင်ထိပ် တက်ရန် ကြိုးစားသော်လည်း အမြင့်မီတာ ၅၇၄၂ (၁၈၈၄၉ ပေ)ဝယ် ပြန်ဆင်းလာခဲ့ရသည်။ တောင်ထိပ်သည် နောက်ထပ် အမြင့်ပေ ၈၀၀ ( ၂၄၀ မီတာ) လောက်ဝယ် တည်ရှိလိမ့်မည်ဟု သူတို့က တွက်ချက်သည်။

မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)

Tags: myanmar knowledgemyanmar places

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!