(Unicode)
အနောက်နိုင်ငံတွေမှာ အကျော်ကြားဆုံး လူဆိုးဂိုဏ်းဆိုရင် မာဖီးယားဆိုတာ သိကြပြီးဖြစ်သလို အာရှက ဂျပန်နိုင်ငံရဲ့ ရာကူဇာဂိုဏ်းနာမည်ကိုလည်း ကြားဖူးကြမှာပါ။ ဂျပန်နိုင်ငံမှာတော့ ကမ်းကုန်အောင်မိုက်ရူးရဲဆန်ဆန် ပြုမှုနေတဲ့ရာဇဝင် လူမိုက်အစုအဝေးကို မြင်တွေ့ရပါက သူတို့တွေဟာ ယာကူဇာဂိုဏ်းသားတွေလို့ပဲ ထင်တတ်ကြပါတယ်။
ဂျပန်နိုင်ငံဟာ ယနေ့အချိန်မှာ တည်ငြိမ်အေးချမ်းပြီး အုပ်စုဖွဲ့ရမ်းကားတိုက်ခိုက်တဲ့ အပြုအမူဆိုတာ မရှိသလောက်နည်းပါးသွားပြီဖြစ်ပေမယ့် တချိန်ကတော့ ရာကူဇာဂိုဏ်းဟာ အလွန်ဆိုးရွားခဲ့ဖူးပါတယ်။ ယာကူဇာတွေဟာ ယခုအချိန်မှာ ပေါ်ပေါ်ထင်ထင်မရှိတော့ပေမယ့် မြေအောက်ဂိုဏ်းတစ်ခု အဖြစ်ရပ်တည်နေကြဆဲဖြစ်ပြီး အီတလီမှာရှိတဲ့ မာဖီးယားဂိုဏ်း အပါအဝင်အခြားဂိုဏ်းတွေနဲ့ မတူညီတဲ့အချက်ကတော့ ယာကူဇာတွေဟာ ဂျပန်လူမျိုး တွေရဲ့ ယဉ်ကျေးမှုအစဉ်အလာတွေကို တန်ဖိုးထားစောင့်ရှောက်ကြခြင်းပဲ ဖြစ်ပါတယ်။
ယာကူဇာဂိုဏ်းသားတွေရဲ့ ခန္ဓာကိုယ်ပေါ်မှာလည်း အီရီဇူမီ လို့ခေါ်တဲ့ ဂျပန်ရိုးရာနဲ့သက်ဆိုင်တဲ့ တက်တူးများစွာရှိနေကြပြီး သူတို့ရဲ့တက်တူးပုံစံတွေဟာ ကမ္ဘာတစ်ဝှမ်းက တက်တူးဝါသနာရှင်တွေအကြား အလွန်ရေပန်းစားပါတယ်။ ယာကူဇာတွေဟာအုပ်စုလိုက် လှုပ်ရှားကြလေ့ရှိပြီး ဂိုဏ်းသားတိုင်းဟာ လူသတ်ဖို့ အလွန်ပဲ လက်ယဉ်ကြပါတယ်။ ယာကူဇာ ဂိုဏ်းသားတွေဟာ အပြစ်တစ်ခုကို ကျူးလွန်မိပါက မိမိရဲ့လက်ချောင်းတွေကို ဓါးနဲ့ ခုတ်ဖြတ်ခြင်းအပါအဝင် လူမဆန်တဲ့ မျိုးဆက်ကုန်အောင်သတ်ဖြတ်ကြတဲ့ ဖြစ်စဉ်တွေ ကိုလည်းပြုလုပ်ကြပါတယ်။
ယနေ့ကမ္ဘာပေါ်မှာဖော်ပြကြတဲ့ ယာကူဇာတွေနဲ့ ပတ်သတ်တဲ့ စိတ်ကူးယဉ်ဇာတ်ကြောင်းတွေထက် အပြင်က ယာကူဇာတွေရဲ့ဘဝဟာ ပိုမိုရှုပ်ထွေးပြီး လက်တွေ့ဆန်ပါတယ်။ ယာကူဇာတွေဟာ ပြည်သူတွေကြားမှာပဲ ပုံမှန် လှုပ်ရှားလေ့ရှိနေပြီး သူတို့တစ်ဦးချင်းစီအလိုက် သက်ဆိုင်ရာအသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေရှိကြပါတယ်။ လိုအပ်ချိန်ရောက်မှသာ လျို့ဝှက်ပေါင်းစပ်ကြပြီး ဂိုဏ်းခေါင်း ဆောင်တွေက ချပြတဲ့လုပ်ငန်းတွေကို ကိုယ်ပိုင်နယ်မြေအပိုင်းအခြားအလိုက်(သို့) စုပေါင်းပြီး အကောင်အထည်ဖော်ကြပါတယ်။
ယာကူဇာတွေဟာ အင်အားအလွန်ကြီးမားတဲ့ ကွန်ယက်တွေကိုပိုင်ဆိုင်ထားပြီး ဒုစရိုက် လုပ်ငန်းတွေအပါအဝင် အမျိုးမျိုးသောလုပ်ငန်းတွေကို အခကြေးငွေနဲ့ဖြစ်စေ၊ဂိုဏ်းရဲ့ ရပ်တည်ချက်သဘောထားအရဖြစ်စေ ဖြစ်မြောက်အောင်မြင်အောင် ပုံစံမျိုးစုံနဲ့ လုပ်ဆောင်လေ့ရှိပါတယ်။ ယာကူဇာတွေဟာ အာရှတိုက်အရှေပိုင်းနိုင်ငံတွေမှာ အများအားဖြင့် အခြေချနေထိုင်လေ့ရှိကြပြီး အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေ မှာလည်း ရှိကြပါတယ်။ ယာကူဇာတွေဟာ အနေအထိုင်သိုသိုသိပ်သိပ် နေထိုင်လေ့ရှိ ကြပြီး ယာကူဇာတွေရဲ့ ဂိုဏ်းစည်းမျဉ်းတွေ၊လှုပ်ရှားပုံတွေ၊တာဝန်ခွဲဝေပြီး အပိုင်းအခြား အလိုက်လှုပ်ရှားပုံတွေကိုတော့ ယနေ့အချိန်ထိ အသေးစိတ်သိရှိသူ အလွန်နည်းပါး ပါတယ်။
ဒီနေရာမှာမျှဝေပေးချင်တာကတော့ ဂျပန်နိုင်ငံမြေအောက်ရာဇဝတ်ဂိုဏ်းတွေထဲမှာ အကြီးမားဆုံးဖြစ်ပြီး၊ လူဆိုးဂိုဏ်းတစ်ခု ဖြစ်ပေမဲ့ သမိုင်း အဆက်ဆက် ဂုဏ်သိက္ခာနဲ့ ရပ်တည်ခဲ့တဲ့ ယာကူဇာဂိုဏ်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာ အချို့ဖြစ် ပါတယ်။
လူအများစုက ယာကူဇာတွေဟာ အကြမ်းဖက်အဖွဲ့အဆီး တစ်ခုဖြစ်ပြီး ဥပဒေ မဲ့လုပ်ရပ်တွေကိုလုပ်နေတဲ့ ဂိုဏ်းတစ်ခုလို့သတ်မှတ်ကြပေမဲ့ စစ်ဒဏ်ကြောင့် ထောင်းလမောင်းကြေနေတဲ့ ဂျပန်နိုင်ငံကို ပြန်လည်ထူထောင်တဲ့ဖြစ်စဉ်၊ သဘာဝဘေး အန ္တရာယ်ကျရောက်လို့ ပြန်လည်တည်ဆောက်ရေး ဖြစ်စဉ်တွေမှာ ယာကူဇာဂိုဏ်းဟာ အဓိကနေရာကနေပါဝင်ခဲ့ပါတယ်။ ဒါအပြင် ကမ္ဘာကျော် ဆူမိုနပန်းသမားတွေနဲ့ ယာကူဇာဂိုဏ်းအကြားမှာလည်း ဆက်နွယ်မှုတွေရှိနေခဲ့ပါတယ်။
ယနေ့အချိန်ထိ ယာကူဇာတွေဟာ ဘယ်လိုအဖွဲ့အစည်းကနေ ဆင်းသက်လာခဲ့တယ် ဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ အများစုကတော့ ယာကူဇာတွေဟာ အလယ် အီဒို(ဂျပန်နှစ်)ကာလ (၁၆၀၃-၁၈၆၃)ကာလကတည်းကရှိနေ ခဲ့တာဖြစ်ပြီး အတန်းအစား နှစ်ရပ်ကနေပေါ်ပေါက်လာခဲ့တာလို့ ဆိုကြပါတယ်။ ပထမတစ်ခု ကတော့ Tekiya လို့သိကြတဲ့ ဥပဒေအရတားမြစ်ထားတဲ့ ပစ္စည်းတွေကို အိမ်တိုင်ရာရောက် လိုက်လံပို့ဆောင်တဲ့ မြေအောက်ဂိုဏ်းနဲ့ စွန့်ပစ်ထားတဲ့ အဝတ်အထည်တွေ ဆီကနေသိုးမွှေချည်မျှင်တွေ လိုက်လံယူဆောင်ပြီး ခိုးမှုကျူးလွန်လေ့ရှိတဲ့ ဂိုဏ်းတွေကနေ ဖြစ်လာခဲ့တယ်လို့ ဆိုကြ ပါတယ်။ ဒုတိယအတန်းအစားကတော့ Bakuto လို့သိကြတဲ့ နယ်လှည့်ပြီးလောင်းကစား အမှုတွေပြုလုပ်ကြတဲ့ ဂိုဏ်းတွေကနေ ပေါ်ပေါက်လာခဲ့တာလို့ဆိုကြပါတယ်။
ယနေ့အချိန်ထိ ဂျပန်နိုင်ငံမှာ ယာကူဇာဂိုဏ်းသား (၅၈၀၀၀)လောက်ရှိနေပြီး ကမ္ဘာတစ် ဝှမ်းလုံးက ယာကူဇာဂိုဏ်းသားတွေကို ထည့်သွင်းရေတွက်ပါက အဖွဲ့ဝင်ပေါင်း (၁၀၂၀၀၀)ဦးရေအထိ ရှိနေသေးတယ်လို့သိရပါတယ်။ ယာကူဇာဂိုဏ်းမှာ အဓိကအဖွဲ့(၃)ခုရှိပြီး Yamaguchi- gumi အဖွဲ့ဟာ အကြီးဆုံးဖြစ်ပြီး အဖွဲ့ဝင်(၅၅၀၀၀)လောက်ပါဝင်ပါတယ်။ အဲဒီလူဦးရေကို နယ်မြေအလိုက် အဖွဲ့ငယ် (၈၅၀)လောက်ဖွဲ့စည်းပြီး အရေးကိစ္စတွေကို ဆောင်ရွက်ပါတယ်။ Yamaguchi-gumi အဖွဲ့ဟာ ပြည်ပနိုင်ငံတွေအထိတောင် ဂိုဏ်းသားတွေတည်ရှိပြီး အကြမ်းဖက်ကိစ္စတွေ ကိုလုပ်ဆောင်ခဲ့တဲ့ ဖြစ်စဉ်တွေရှိနေပါတယ်။
အမေရိကန်နိုင်ငံမှာတော့ အစိုးရက အဲဒီအဖွဲ့ ကို ပစ်မှတ်ထားနှိမ်နင်းမှုတွေ ပြုလုပ်နေပြီလည်းဖြစ်ပါတယ်။ ဂျပန်နိုင်ငံက ရဲတပ်ဖွဲ့ဝင်တွေနဲ့ မီဒီယာတွေကတော့ ယာကူဇာတွေကို ဂျပန်ဘာသာစကားနဲ့ Boryokudan လို့ခေါ်ပြီး ကြမ်းတမ်းတဲ့လူစုလို့ အဓိပ္ပါယ်ရပါတယ်။ ယာကူဇာတွေကတော့ သူတို့ကို သူတို့ ဂျပန်လို ninkyo dantai လို့ခေါ်ဆိုပြီး အလယ်ခေတ်သူရဲကောင်းတွေရဲ့စိတ်ဓာက်ရှိတဲ့သူ တွေလို့အဓိပ္ပါယ် ရပါတယ်။
ယာကူဇာဂိုဏ်းသားတွေထဲမှာ လှပတဲ့အမျိုးသမီးအချို့လည်း ပါဝင်နေခဲ့ပြီး ဂျပန်လို တော့ Ane san ၊ အမကြီးများလို့ အဓိပ္ပါယ်သက်ရောက်ပါတယ်။ ထူးထူးဆန်းဆန်းအနေနဲ့ ကမ္ဘာကျော်ဂျပန်ဆူမို နပန်းသမားကြီးတွေနဲ့ ယာကူဇာဂိုဏ်း ဟာဆက်နွယ်မှုတွေရှိနေခဲ့ပြီး ဆူမိုနပန်းသမားကြီးတွေဟာ ပြိုင်ပွဲမှာရှုံးနိမ့်မှု များလာပါ က မိမိကိုယ်ကို ယာကူဇာတွေရဲ့ နည်းအတိုင်းပြန်လည် အပြစ်ပေးလေ့ရှိပြီး ဆူမိုတွေ ဟာ နပန်းလောက ကနေအနားယူသွားတဲ့အခါ ယာကူဇာဂိုဏ်းရဲ့ ခေါင်းဆောင်တွေ ဖြစ်လာလေ့ရှိပါတယ်။
ယာကူဇာဂိုဏ်းသားတွေဟာ သူတို့ရဲ့ ခန္ဓာကိုယ်မှာ အပြည့်ထိုးထားတဲ့ တက်တူးတွေ ကြောင့်လည်း နာမည်ကျော်ပါတယ်။ ဒီတက်တူးတွေကိုတော့ ဂျပန်မှာ Irezumiလို့ သိကြပြီး ဒီတက်တူးတွေကိုထိုးရာမှာ ခေတ်မီအသုံးအဆောင် လျှပ်စစ်ကိရိယာတွေ ကိုအသုံးမပြုရပဲ ဝါး(သို့)စတီးနဲ့ပြုလုပ်ထားတဲ့ စုပ်တံကိုအသုံပြုပြီး အရေပြားမှာထိုးကြ ရပါတယ်။ ယာကူဇာတွေရဲ့ တက်တူးထိုးနည်းဟာ အလွန်ဈေးကြီးပြီး ကာယကံရှင် အနေနဲ့လည်း အလွန်နာကျင်စွာခံစားရပါတယ်။ ဒါအပြင် ယာကူဇာတွေရဲ့ တက်တူးတွေ ကို နှစ်နဲ့ချီပြီးကြာအောင်ထိုးရလေ့ရှိပါတယ်။
ယာကူဇာတွေဟာ အမေရိကန်မှာလည်း အခြေချနေထိုင်ကြပြီး အထူးသဖြင့် Los Angeles. San Franciso. Arizoina.Virginia.Chicago. New York မြို့တွေမှာ အများအားဖြင့် နေထိုင်ကြပါတယ်။ ဒါပေမဲ့ ယာကူဇာတွေရဲ့ အဓိကလုပ်ငန်းတွေကို တော့ ဟာဝိုင်အီမှာပဲ ပြုလုပ်လေ့ရှိပြီး ဂျပန်နိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စု အကြား တရားမဝင် ဘိန်းဖြူ နဲ့လက်နက် မှောင်ခိုလုပ်ငန်းတွေကို လုပ်ကိုင်ပါတယ်။
ယာကူဇာဂိုဏ်းရဲ့ ခေါင်းဆောင်တွေဟာ ဂျပန်နိုင်ငံရဲ့ နိုင်ငံရေးလောက အတွင်းမှာ တောင်အခြေချ နေခဲ့ပြီလည်း ဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဝန်ကြီးအချို့နဲ့ ဝန်ကြီးချုပ်ရာထူး အထိရှိခဲ့တဲ့ပုဂ္ဂိုလ် အချို့ဟာ ယာကူဇာဂိုဏ်းနဲ့ ပတ်သတ်မှု ရှိခဲ့တယ်လို့ ခန့်မှန်းကြပါတယ်။
ယာကူဇာဂိုဏ်းရဲ့ ဓလေ့တွေမှာ ထူးခြားတဲ့လုပ်ရပ်တွေလည်းရှိနေပါတယ်။ ဥပမာ အနေ နဲ့ပြောရရင်တော့ Yubitsume ဆိုတဲ့ အလေ့အထဖြစ်ပြီး အပြစ်ဒဏ်သင့်တဲ့ ဂိုဏ်းသားဟာ မိမိရဲ့လက်သန်းကို ဓါးနဲ့လှီးဖြတ်ပြီး မိမိရဲ့အပြစ်ကို ပေးလျော်ရတာပါ။ ဒီအလေ့ဟာ ရှေးခေတ်ဂျပန်ဓါးသိုင်း သမားတွေရဲ့ရိုးရာ ဖြစ်ပြီး လက်သန်းအဖြတ်ခံခဲ့ ရတဲ့ဂိုဏ်းသားဟာ မိမိကိုယ်ကိုယုံကြည်မှုကျဆင်းသွားပြီး အားနည်းတဲ့သူအဖြစ် အခြားဂိုဏ်းသားတွေကယူဆကာ ဝိုင်းဝန်း စောင့်ရှောက်ကြပါတယ်။
ဒုတိယကမ္ဘာစစ်ပြီးဆုံးတဲ့ကာလမှာတော့ ဂျပန်နိုင်ငံက ယာကူဇာဂိုဏ်းသား အရေအတွက်ဟာ အလွန်များလာခဲ့ပြီး (၁၈၄၀၀၀) ဦးအထိရှိလာခဲ့ပါတယ်။ ဒါအပြင် အမေရိကန်စစ်သည်တွေ ဂျပန်နိုင်ငံကို ခေတ္တသိမ်းပိုက်ထားစဉ်ကာလတွေ တုန်းကလည်း ယာကူဇာတွေဟာ အစိုးရရဲ့အမိန့်ကိုဆန့်ကျင်ပြီး ပြန်လည်တိုက်ခိုက် ခဲ့ပါသေးတယ်။
အမေရိကန်အစိုးရရဲ့ ဘဏ္ဍာရေးဌာနရဲ့ ထုတ်ပြန်ချက်တွေအရတော့ ယာကူဇာဂိုဏ်း ရဲ့Yamaguchi-gumi အဖွဲ့ဟာ အမေရိကန်ဒေါ်လာ ၈၀ဘီလျံလောက် ချမ်းသာကြွယ်ဝ ပြီး အဲဒီပမာဏဟာ ယာကူဇာဂိုဏ်းကို ကမ္ဘာအချမ်းသာဆုံးသော ဂိုဏ်းအဖြစ်ရပ်တည် စေပါတယ်။
(၂၀၁၃)ခုနှစ်မှာတော့ ယာကူဇာဂိုဏ်းဟာ Yamaguchi-gumi Shinpo အမည်ရတဲ့ မဂ္ဂဇင်းတစ်ခုကို ထုတ်ဝေခဲ့ပြီး ဒီမဂ္ဂဇင်းမှာတော့ ဂျပန်လို Haikuလို့အမည်ရတဲ့ အသံ(၁၇)သံပါရှိပြီး အပိုင်း(၃)ပိုင်းရှိတဲ့ ဂျပန်ကဗျာ၊ ငါးဖမ်းနည်းဆိုင်ရာ အထောက် အကူပြု ပစ္စည်းတွေ အကြောင်းနဲ့ စာဖတ်သူတွေအတွက် အကျိုးရှိစေတဲ့စာစုတွေ ထည့်သွင်းဖော်ပြထားပါတယ်။
ဒါပေမဲ့နောက်ပိုင်းမှာတော့ Yamaguchi-gumiတွေရဲ့ ဆန့်ကျင်ဘက် အဖွဲ့အစည်းတွေကို သိသိသာသာ ဝေဖန်တိုက်ခိုက်တဲ့ စကားလုံးတွေနဲ့ ဂျပန်နိုင်ငံရဲ့ တည်ဆဲဥပဒေတွေကို ထိပါးတဲ့အသုံးအနှုန်းတွေ ပါဝင်လာတာကြောင့် စာပေထုတ်ဝေ ခွင့်ကိုပြန်လည်ရုတ်သိမ်း ခြင်းခံခဲ့ရပါတယ်။
ယာကူဇာတွေကို အချို့သော ဂျပန်စီးပွားရေးလုပ်ငန်းရှင်တွေက မိမိရဲ့ပြိုင်ဘက် လုပ်ငန်းရှင်ကို စီးပွားရေးကျဆင်း သွားစေရန်ဆောင်ရွက်တဲ့ အခါမှာ လက်ကိုင်တုတ် အနေနဲ့ အသုံးပြုပါတယ်။ ဂျပန်လို Sokaiya လို့ခေါ်တဲ့ဒီလုပ်ရပ်ဟာ အရပ်ဘက်သာမန် စီးပွားရေးလုပ်ငန်းတွေကနေ စကော့ရှယ်ယာလုပ်ငန်းရှင်ကြီးတွေအထိ ယာကူဇာတွေရဲ့ နည်းအမျိုးမျိုးနဲ့ အနှောင့်ယှက်ပေးမှုကို ခံရပါတယ်။ ဒါကြောင့်ဂျပန်နိုင်ငံက လုပ်ငန်းရှင် တော်တော်များများဟာ ယာကူဇာတွေနဲ့ အမြဲပတ်သက်နေခဲ့ရပြီး ယာကူဇာဂိုဏ်းရဲ့ ဝင်ငွေအများစုဟာ ကုမ္ပဏီတွေကို အကျိုးတော်ဆောင်ခ အဖြစ်ရရှိနေတာပါ။
ယာကူဇာဂိုဏ်းနဲ့ ပတ်သက်ပြီးမှတ်တမ်းတစ်ခုကတော့ ၂၀၁၁က Tohoko နဲ့ ၁၉၉၅ ခုနှစ်က Kobe မြို့မှာဖြစ်ခဲ့တဲ့ ငလျင်နဲ့ ဆူနာမီဘေးဒဏ်ကိုခံစားခဲ့ရတဲ့ ဂျပန်ပြည်သူတွေ ကို တက်နိုင်တဲ့ ဘက်ကနေ ပါဝင်ကူညီခဲ့ခြင်းဖြစ်ပါတယ်။ ယင်းဒေသတွေ အတွက် အစားအသောက်၊ဆေးဝါး၊သောက်ရေတို့ကို ယာကူဇာဂိုဏ်းရဲ့ ဘဏ္ဍာငွေတွေထဲက နေကုန်ကျစေခဲ့ပြီး ယာကူဇာဂိုဏ်းသားတွေကိုယ်တိုင် ဒုက္ခသည်တွေထဲ စိမ့်ဝင်ကာ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို အင်တိုက်၊အားတိုက်လုပ်ဆောင် ခဲ့တာလည်း ဖြစ်ပါတယ်။
ဂျပန်နိုင်ငံက နာမည်ကျော်ကလေးကစားစရာအရုပ် ထုတ်လုပ်ရောင်းချတဲ့ကုမ္ပဏီ တစ်ခုကတော့ Bob လို့အမည်ရတဲ့ ဈေးကွက်မှာအရောင်းလိုက်တဲ့ ကလေးကစား စရာအရုပ်မှာ လက်ချောင်းလေးချောင်းသာထည့်သွင်း ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင် တော့ ဂျပန်လူအဖွဲ့အစည်း အတွင်းမှာ ယာကူဇာတွေက အလွန်သက်ရောက်မှုရှိနေ တာကြောင့် ကလေးငယ်တွေကို ယာကူဇာဂိုဏ်းသားတွေ မဟုတ်ကြောင်းသိစေလို တဲ့ရည်ရွယ်ချက်ကြောင့်ဖြစ်ပါတယ်။
နောက်ထပ်ထူးခြားမှုကတော့ ယာကူဇာဂိုဏ်းသားတွေရဲ့ အရေပြားမှာထိုးထားတဲ့ အလွန်ရှုပ်ထွေးတဲ့ တက်တူးတွေကို ပြခန်းမှာပြသပြီး ရောင်းချတဲ့ အလေ့ပါ။ မှောင်ခို ဈေးတွေမှာ ဒီဖြစ်ရပ်တွေကို တွေ့မြင်ရလေ့ရှိပြီး အရှက်လုံသာ ဝတ်ထားတဲ့ အဝတ်အစားမဲ့ အနေအထားနဲ့ တက်တူးတွေကို ခင်းကျင်းပြသနေတဲ့ ယာကူဇာဂိုဏ်းသားတွေကို မြင်တွေ့ရပါတယ်။
ယာကူဇာဂိုဏ်းသားတစ်ယောက် ဖြစ်ချင်ရင်တော့ အရင်ဆုံးရေးဖြေစာမေးပွဲကို ဖြေဆိုအောင်မြင်ရမှာပါ။ ဖြေရမဲ့ အကြောင်းအရာတွေကတော့ အဖွဲ့ဝင်ဖြစ်လိုသူရဲ့ စိတ်နေစိတ်ထား၊ရည်ရွယ်ချက်၊ မျိုးချစ်စိတ်ပြည့်ဝမှု၊ယာကူဇာဂိုဏ်းရဲ့ သမိုင်းစဉ်ဆက် အကြောင်းအရာတွေပဲဖြစ်ပါတယ်။
ယာကူဇာဆိုတဲ့ စကားလုံးကိုတော့ Ya Ku Za ဆိုပြီး အပိုင်း(၃)ပိုင်းခွဲ နိုင်ပြီး ဂျပန်ရိုးရာကိန်းဂဏန်းတွေအရ ၈-၉-၃ ဆိုတဲ့သဘော သက်ရောက်ပြီး ဒီဂဏန်းစဉ်တွေ ဟာ ဂျပန်ဖဲကစားနည်းဖြစ်တဲ့ Oicho-Kabu မှာအလွန်ဆိုးရွားတဲ့ နံပါတ်တွဲတွေ အဖြစ်သတ်မှတ်ကြပါတယ်။ Katana လို့အမည်ရတဲ့ ဂျပန်ရိုးရာဓါးရှည်တွေဟာ ဆာမူရိုင်းသူရဲကောင်းတွေ ကိုင်ဆောင်ခဲ့တဲ့ လက်နက်တွေဖြစ်ပြီး ယနေ့အချိန်ထိ ယာကူဇာဂိုဏ်းသားတွေ ဆက်လက် အသုံးပြုနေကြပါတယ်။
အဲဒီဓါးတွေကိုတော့ လူတွေကိုသတ်ဖြတ်တဲ့ နေရာတွေမှာအသုံးပြုပြီး ထင်ရှားတဲ့ အဖြစ်အပျက်တစ်ခုကတော့ ၁၉၉၄ခုနှစ်က ဖူဂျီရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီက ဒုတိယ ဥက္ကဌ Juntaro Suzuki ကို Katana ဓါး ရှည်နဲ့ ယာကူဇာဂိုဏ်းက သတ်ဖြက်ခဲ့တာပါ။ အကြောင်းရင်းကတော့ ယာကူဇာ အဖွဲ့ရဲ့ တန်စိုးလက်ဆောင်ပေးအပ်တာကို ငြင်းဆန်ခဲ့လို့ဖြစ်ပါတယ်။
ယာကူဇာဂိုဏ်းရဲ့ အဖွဲ့ဝင်အသစ်ဖြစ်လာသူဟာ ပထမဆုံးအနေနဲ့ အခမ်းအနားနဲ့ sake လို့ခေါ်တဲ့ ဂျပန်အရက်ကို ဂိုဏ်းရဲ့ကျင့်ဝတ်နဲ့အညီ သောက်သုံးရပါတယ်။ဂျပန်လို Sakazukigoto လို့လူသိများကြပြီး အဖွဲ့ဝင်အသစ်ဟာ Oyabun (ဖခင်)လို့ခေါ်တဲ့ သူရဲ့လက်ဦးဆရာရဲ့ ဆန့်ကျင်ဘက်အနေအထားမှာထိုင်ပြီး သောက်သုံးရတာပါ။ ယာကူဇာဂိုဏ်းရဲ့ အဖွဲ့ဝင်သစ်ဟာ အလွန်နည်းတဲ့ အရက်ပမာဏကိုသာ သောက်သုံး ရပြီး သူရဲ့လက်ဦးဆရာကတော့ ဖန်ခွက်နှုတ်ခမ်းအပြည့် အရက်ထည့်ထားတဲ့ခွက်ကို သောက်သုံးပါတယ်။ ဒါဟာ ယာကူဇာဂိုဏ်းရဲ့ ကြီးစဉ်ငယ်လိုက် လေးစားမှုသဘော တရားကို ပြသပါတယ်။
ယာကူဇာ ဂိုဏ်းသားအချင်းချင်းမှာ အဓိကအငြင်းပွားနေတဲ့ ပြသနာကတော့ အစိုးရ ကတရားဝင်တားမြစ်ထားတဲ့ မူးယစ်ဆေးဝါးတွေကို ကူးသန်းရောင်းဝယ်နေတဲ့ ပြသာနာ ဖြစ်ပါတယ်။ ယာကူဇာရဲ့ အဓိကအဖွဲ့ဖြစ်တဲ့ Yamaguchi-gumi ဂိုဏ်းသား တွေက အဓိကလုပ်ဆောင်နေတဲ့ လက်နက်နဲ့ ဘိန်းဖြူ ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းကို ရှေးရိုးစွဲ ပြည်တွင်းယာကူဇာတွေက ဒီလိုပြုလုပ်နေခြင်းဟာ တိုင်းပြည်ကိုဖျက်နေတာ ဖြစ်တယ်လို့ ထောက်ပြပြီး သဘောထားကွဲလွဲကြတာလည်း ဖြစ်ပါတယ်။
တစ်ခါတစ်ရံမှာတော့ ယာကူဇာဂိုဏ်းသားတွေဟာ သူတို့ကိုယ်သူတို့ ဆာမူရိုင်းသူရဲ ကောင်းတွေရဲ့ အမွေကိုဆက်ခံသူ အနေနဲ့ပုံဖမ်းကြပါတယ်။ သူရဲကောင်းတစ်ယောက် ရဲ့ပေးဆပ်ခြင်း၊အနစ်နာခံခြင်း၊နောက်ဆုံး အသက်သေခံခြင်းဖြင့် မိမိရဲ့အဖွဲ့အစည်း ကိုသစ္စာခံ ကြပါတယ်။ အဲဒီစရိုက်ဟာ ဂျပန်လူမျိုးတွေရဲ့ မူလစရိုက်ဖြစ်ပြီး သူတို့ရဲ့ ဒီနေရာမှာ လုပ်ဆောင်ချက်တွေဟာ ဂျပန်တွေရဲ့ သံမဏိစိတ်ဓာတ်ကို ဖော်ကျူးရာ ရောက်ပြီး မိရိုးဖလာယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းရာလည်း ရောက်တယ် လို့ ယုံကြည်ကြပါတယ်။
(Zawgyi)
အေရွ႕အာရွက ကမာၻေက်ာ္ ရာကူဇာဂိုဏ္း ရဲ႕ အေၾကာင္း
အေနာက္ႏိုင္ငံေတြမွာ အေက်ာ္ၾကားဆုံး လူဆိုးဂိုဏ္းဆိုရင္ မာဖီးယားဆိုတာ သိၾကၿပီးျဖစ္သလို အာရွက ဂ်ပန္ႏိုင္ငံရဲ႕ ရာကူဇာဂိုဏ္းနာမည္ကိုလည္း ၾကားဖူးၾကမွာပါ။ ဂ်ပန္ႏိုင္ငံမွာေတာ့ ကမ္းကုန္ေအာင္မိုက္႐ူးရဲဆန္ဆန္ ျပဳမႈေနတဲ့ရာဇဝင္ လူမိုက္အစုအေဝးကို ျမင္ေတြ႕ရပါက သူတို႔ေတြဟာ ယာကူဇာဂိုဏ္းသားေတြလို႔ပဲ ထင္တတ္ၾကပါတယ္။
ဂ်ပန္ႏိုင္ငံဟာ ယေန႔အခ်ိန္မွာ တည္ၿငိမ္ေအးခ်မ္းၿပီး အုပ္စုဖြဲ႕ရမ္းကားတိုက္ခိုက္တဲ့ အျပဳအမူဆိုတာ မရွိသေလာက္နည္းပါးသြားၿပီျဖစ္ေပမယ့္ တခ်ိန္ကေတာ့ ရာကူဇာဂိုဏ္းဟာ အလြန္ဆိုး႐ြားခဲ့ဖူးပါတယ္။ ယာကူဇာေတြဟာ ယခုအခ်ိန္မွာ ေပၚေပၚထင္ထင္မရွိေတာ့ေပမယ့္ ေျမေအာက္ဂိုဏ္းတစ္ခု အျဖစ္ရပ္တည္ေနၾကဆဲျဖစ္ၿပီး အီတလီမွာရွိတဲ့ မာဖီးယားဂိုဏ္း အပါအဝင္အျခားဂိုဏ္းေတြနဲ႔ မတူညီတဲ့အခ်က္ကေတာ့ ယာကူဇာေတြဟာ ဂ်ပန္လူမ်ိဳး ေတြရဲ႕ ယဥ္ေက်းမႈအစဥ္အလာေတြကို တန္ဖိုးထားေစာင့္ေရွာက္ၾကျခင္းပဲ ျဖစ္ပါတယ္။
ယာကူဇာဂိုဏ္းသားေတြရဲ႕ ခႏၶာကိုယ္ေပၚမွာလည္း အီရီဇူမီ လို႔ေခၚတဲ့ ဂ်ပန္႐ိုးရာနဲ႔သက္ဆိုင္တဲ့ တက္တူးမ်ားစြာရွိေနၾကၿပီး သူတို႔ရဲ႕တက္တူးပုံစံေတြဟာ ကမာၻတစ္ဝွမ္းက တက္တူးဝါသနာရွင္ေတြအၾကား အလြန္ေရပန္းစားပါတယ္။ ယာကူဇာေတြဟာအုပ္စုလိုက္ လႈပ္ရွားၾကေလ့ရွိၿပီး ဂိုဏ္းသားတိုင္းဟာ လူသတ္ဖို႔ အလြန္ပဲ လက္ယဥ္ၾကပါတယ္။ ယာကူဇာ ဂိုဏ္းသားေတြဟာ အျပစ္တစ္ခုကို က်ဴးလြန္မိပါက မိမိရဲ႕လက္ေခ်ာင္းေတြကို ဓါးနဲ႔ ခုတ္ျဖတ္ျခင္းအပါအဝင္ လူမဆန္တဲ့ မ်ိဳးဆက္ကုန္ေအာင္သတ္ျဖတ္ၾကတဲ့ ျဖစ္စဥ္ေတြ ကိုလည္းျပဳလုပ္ၾကပါတယ္။
ယေန႔ကမာၻေပၚမွာေဖာ္ျပၾကတဲ့ ယာကူဇာေတြနဲ႔ ပတ္သတ္တဲ့ စိတ္ကူးယဥ္ဇာတ္ေၾကာင္းေတြထက္ အျပင္က ယာကူဇာေတြရဲ႕ဘဝဟာ ပိုမိုရႈပ္ေထြးၿပီး လက္ေတြ႕ဆန္ပါတယ္။ ယာကူဇာေတြဟာ ျပည္သူေတြၾကားမွာပဲ ပုံမွန္ လႈပ္ရွားေလ့ရွိေနၿပီး သူတို႔တစ္ဦးခ်င္းစီအလိုက္ သက္ဆိုင္ရာအသက္ေမြးဝမ္းေၾကာင္း လုပ္ငန္းေတြရွိၾကပါတယ္။ လိုအပ္ခ်ိန္ေရာက္မွသာ လ်ိဳ႕ဝွက္ေပါင္းစပ္ၾကၿပီး ဂိုဏ္းေခါင္း ေဆာင္ေတြက ခ်ျပတဲ့လုပ္ငန္းေတြကို ကိုယ္ပိုင္နယ္ေျမအပိုင္းအျခားအလိုက္(သို႔) စုေပါင္းၿပီး အေကာင္အထည္ေဖာ္ၾကပါတယ္။
ယာကူဇာေတြဟာ အင္အားအလြန္ႀကီးမားတဲ့ ကြန္ယက္ေတြကိုပိုင္ဆိုင္ထားၿပီး ဒုစ႐ိုက္ လုပ္ငန္းေတြအပါအဝင္ အမ်ိဳးမ်ိဳးေသာလုပ္ငန္းေတြကို အခေၾကးေငြနဲ႔ျဖစ္ေစ၊ဂိုဏ္းရဲ႕ ရပ္တည္ခ်က္သေဘာထားအရျဖစ္ေစ ျဖစ္ေျမာက္ေအာင္ျမင္ေအာင္ ပုံစံမ်ိဳးစုံနဲ႔ လုပ္ေဆာင္ေလ့ရွိပါတယ္။ ယာကူဇာေတြဟာ အာရွတိုက္အေရွပိုင္းႏိုင္ငံေတြမွာ အမ်ားအားျဖင့္ အေျခခ်ေနထိုင္ေလ့ရွိၾကၿပီး အေမရိကန္အပါအဝင္ အေနာက္ႏိုင္ငံေတြ မွာလည္း ရွိၾကပါတယ္။ ယာကူဇာေတြဟာ အေနအထိုင္သိုသိုသိပ္သိပ္ ေနထိုင္ေလ့ရွိ ၾကၿပီး ယာကူဇာေတြရဲ႕ ဂိုဏ္းစည္းမ်ဥ္းေတြ၊လႈပ္ရွားပုံေတြ၊တာဝန္ခြဲေဝၿပီး အပိုင္းအျခား အလိုက္လႈပ္ရွားပုံေတြကိုေတာ့ ယေန႔အခ်ိန္ထိ အေသးစိတ္သိရွိသူ အလြန္နည္းပါး ပါတယ္။
ဒီေနရာမွာမွ်ေဝေပးခ်င္တာကေတာ့ ဂ်ပန္ႏိုင္ငံေျမေအာက္ရာဇဝတ္ဂိုဏ္းေတြထဲမွာ အႀကီးမားဆုံးျဖစ္ၿပီး၊ လူဆိုးဂိုဏ္းတစ္ခု ျဖစ္ေပမဲ့ သမိုင္း အဆက္ဆက္ ဂုဏ္သိကၡာနဲ႔ ရပ္တည္ခဲ့တဲ့ ယာကူဇာဂိုဏ္းနဲ႔ ပတ္သက္တဲ့ အေၾကာင္းအရာ အခ်ိဳ႕ျဖစ္ ပါတယ္။
လူအမ်ားစုက ယာကူဇာေတြဟာ အၾကမ္းဖက္အဖြဲ႕အဆီး တစ္ခုျဖစ္ၿပီး ဥပေဒ မဲ့လုပ္ရပ္ေတြကိုလုပ္ေနတဲ့ ဂိုဏ္းတစ္ခုလို႔သတ္မွတ္ၾကေပမဲ့ စစ္ဒဏ္ေၾကာင့္ ေထာင္းလေမာင္းေၾကေနတဲ့ ဂ်ပန္ႏိုင္ငံကို ျပန္လည္ထူေထာင္တဲ့ျဖစ္စဥ္၊ သဘာဝေဘး အန ၱရာယ္က်ေရာက္လို႔ ျပန္လည္တည္ေဆာက္ေရး ျဖစ္စဥ္ေတြမွာ ယာကူဇာဂိုဏ္းဟာ အဓိကေနရာကေနပါဝင္ခဲ့ပါတယ္။ ဒါအျပင္ ကမာၻေက်ာ္ ဆူမိုနပန္းသမားေတြနဲ႔ ယာကူဇာဂိုဏ္းအၾကားမွာလည္း ဆက္ႏြယ္မႈေတြရွိေနခဲ့ပါတယ္။
ယေန႔အခ်ိန္ထိ ယာကူဇာေတြဟာ ဘယ္လိုအဖြဲ႕အစည္းကေန ဆင္းသက္လာခဲ့တယ္ ဆိုတာ ရွင္းရွင္းလင္းလင္းမသိရေသးပါဘူး။ အမ်ားစုကေတာ့ ယာကူဇာေတြဟာ အလယ္ အီဒို(ဂ်ပန္ႏွစ္)ကာလ (၁၆၀၃-၁၈၆၃)ကာလကတည္းကရွိေန ခဲ့တာျဖစ္ၿပီး အတန္းအစား ႏွစ္ရပ္ကေနေပၚေပါက္လာခဲ့တာလို႔ ဆိုၾကပါတယ္။ ပထမတစ္ခု ကေတာ့ Tekiya လို႔သိၾကတဲ့ ဥပေဒအရတားျမစ္ထားတဲ့ ပစၥည္းေတြကို အိမ္တိုင္ရာေရာက္ လိုက္လံပို႔ေဆာင္တဲ့ ေျမေအာက္ဂိုဏ္းနဲ႔ စြန႔္ပစ္ထားတဲ့ အဝတ္အထည္ေတြ ဆီကေနသိုးေမႊခ်ည္မွ်င္ေတြ လိုက္လံယူေဆာင္ၿပီး ခိုးမႈက်ဴးလြန္ေလ့ရွိတဲ့ ဂိုဏ္းေတြကေန ျဖစ္လာခဲ့တယ္လို႔ ဆိုၾက ပါတယ္။ ဒုတိယအတန္းအစားကေတာ့ Bakuto လို႔သိၾကတဲ့ နယ္လွည့္ၿပီးေလာင္းကစား အမႈေတြျပဳလုပ္ၾကတဲ့ ဂိုဏ္းေတြကေန ေပၚေပါက္လာခဲ့တာလို႔ဆိုၾကပါတယ္။
ယေန႔အခ်ိန္ထိ ဂ်ပန္ႏိုင္ငံမွာ ယာကူဇာဂိုဏ္းသား (၅၈၀၀၀)ေလာက္ရွိေနၿပီး ကမာၻတစ္ ဝွမ္းလုံးက ယာကူဇာဂိုဏ္းသားေတြကို ထည့္သြင္းေရတြက္ပါက အဖြဲ႕ဝင္ေပါင္း (၁၀၂၀၀၀)ဦးေရအထိ ရွိေနေသးတယ္လို႔သိရပါတယ္။ ယာကူဇာဂိုဏ္းမွာ အဓိကအဖြဲ႕(၃)ခုရွိၿပီး Yamaguchi- gumi အဖြဲ႕ဟာ အႀကီးဆုံးျဖစ္ၿပီး အဖြဲ႕ဝင္(၅၅၀၀၀)ေလာက္ပါဝင္ပါတယ္။ အဲဒီလူဦးေရကို နယ္ေျမအလိုက္ အဖြဲ႕ငယ္ (၈၅၀)ေလာက္ဖြဲ႕စည္းၿပီး အေရးကိစၥေတြကို ေဆာင္႐ြက္ပါတယ္။ Yamaguchi-gumi အဖြဲ႕ဟာ ျပည္ပႏိုင္ငံေတြအထိေတာင္ ဂိုဏ္းသားေတြတည္ရွိၿပီး အၾကမ္းဖက္ကိစၥေတြ ကိုလုပ္ေဆာင္ခဲ့တဲ့ ျဖစ္စဥ္ေတြရွိေနပါတယ္။
အေမရိကန္ႏိုင္ငံမွာေတာ့ အစိုးရက အဲဒီအဖြဲ႕ ကို ပစ္မွတ္ထားႏွိမ္နင္းမႈေတြ ျပဳလုပ္ေနၿပီလည္းျဖစ္ပါတယ္။ ဂ်ပန္ႏိုင္ငံက ရဲတပ္ဖြဲ႕ဝင္ေတြနဲ႔ မီဒီယာေတြကေတာ့ ယာကူဇာေတြကို ဂ်ပန္ဘာသာစကားနဲ႔ Boryokudan လို႔ေခၚၿပီး ၾကမ္းတမ္းတဲ့လူစုလို႔ အဓိပၸါယ္ရပါတယ္။ ယာကူဇာေတြကေတာ့ သူတို႔ကို သူတို႔ ဂ်ပန္လို ninkyo dantai လို႔ေခၚဆိုၿပီး အလယ္ေခတ္သူရဲေကာင္းေတြရဲ႕စိတ္ဓာက္ရွိတဲ့သူ ေတြလို႔အဓိပၸါယ္ ရပါတယ္။
ယာကူဇာဂိုဏ္းသားေတြထဲမွာ လွပတဲ့အမ်ိဳးသမီးအခ်ိဳ႕လည္း ပါဝင္ေနခဲ့ၿပီး ဂ်ပန္လို ေတာ့ Ane san ၊ အမႀကီးမ်ားလို႔ အဓိပၸါယ္သက္ေရာက္ပါတယ္။ ထူးထူးဆန္းဆန္းအေနနဲ႔ ကမာၻေက်ာ္ဂ်ပန္ဆူမို နပန္းသမားႀကီးေတြနဲ႔ ယာကူဇာဂိုဏ္း ဟာဆက္ႏြယ္မႈေတြရွိေနခဲ့ၿပီး ဆူမိုနပန္းသမားႀကီးေတြဟာ ၿပိဳင္ပြဲမွာရႈံးနိမ့္မႈ မ်ားလာပါ က မိမိကိုယ္ကို ယာကူဇာေတြရဲ႕ နည္းအတိုင္းျပန္လည္ အျပစ္ေပးေလ့ရွိၿပီး ဆူမိုေတြ ဟာ နပန္းေလာက ကေနအနားယူသြားတဲ့အခါ ယာကူဇာဂိုဏ္းရဲ႕ ေခါင္းေဆာင္ေတြ ျဖစ္လာေလ့ရွိပါတယ္။
ယာကူဇာဂိုဏ္းသားေတြဟာ သူတို႔ရဲ႕ ခႏၶာကိုယ္မွာ အျပည့္ထိုးထားတဲ့ တက္တူးေတြ ေၾကာင့္လည္း နာမည္ေက်ာ္ပါတယ္။ ဒီတက္တူးေတြကိုေတာ့ ဂ်ပန္မွာ Irezumiလို႔ သိၾကၿပီး ဒီတက္တူးေတြကိုထိုးရာမွာ ေခတ္မီအသုံးအေဆာင္ လွ်ပ္စစ္ကိရိယာေတြ ကိုအသုံးမျပဳရပဲ ဝါး(သို႔)စတီးနဲ႔ျပဳလုပ္ထားတဲ့ စုပ္တံကိုအသုံျပဳၿပီး အေရျပားမွာထိုးၾက ရပါတယ္။ ယာကူဇာေတြရဲ႕ တက္တူးထိုးနည္းဟာ အလြန္ေဈးႀကီးၿပီး ကာယကံရွင္ အေနနဲ႔လည္း အလြန္နာက်င္စြာခံစားရပါတယ္။ ဒါအျပင္ ယာကူဇာေတြရဲ႕ တက္တူးေတြ ကို ႏွစ္နဲ႔ခ်ီၿပီးၾကာေအာင္ထိုးရေလ့ရွိပါတယ္။
ယာကူဇာေတြဟာ အေမရိကန္မွာလည္း အေျခခ်ေနထိုင္ၾကၿပီး အထူးသျဖင့္ Los Angeles. San Franciso. Arizoina.Virginia.Chicago. New York ၿမိဳ႕ေတြမွာ အမ်ားအားျဖင့္ ေနထိုင္ၾကပါတယ္။ ဒါေပမဲ့ ယာကူဇာေတြရဲ႕ အဓိကလုပ္ငန္းေတြကို ေတာ့ ဟာဝိုင္အီမွာပဲ ျပဳလုပ္ေလ့ရွိၿပီး ဂ်ပန္ႏိုင္ငံနဲ႔ အေမရိကန္ျပည္ေထာင္စု အၾကား တရားမဝင္ ဘိန္းျဖဴ နဲ႔လက္နက္ ေမွာင္ခိုလုပ္ငန္းေတြကို လုပ္ကိုင္ပါတယ္။
ယာကူဇာဂိုဏ္းရဲ႕ ေခါင္းေဆာင္ေတြဟာ ဂ်ပန္ႏိုင္ငံရဲ႕ ႏိုင္ငံေရးေလာက အတြင္းမွာ ေတာင္အေျခခ် ေနခဲ့ၿပီလည္း ျဖစ္ပါတယ္။ ဂ်ပန္ႏိုင္ငံမွာ တာဝန္ထမ္းေဆာင္ခဲ့တဲ့ ဝန္ႀကီးအခ်ိဳ႕နဲ႔ ဝန္ႀကီးခ်ဳပ္ရာထူး အထိရွိခဲ့တဲ့ပုဂၢိဳလ္ အခ်ိဳ႕ဟာ ယာကူဇာဂိုဏ္းနဲ႔ ပတ္သတ္မႈ ရွိခဲ့တယ္လို႔ ခန႔္မွန္းၾကပါတယ္။
ယာကူဇာဂိုဏ္းရဲ႕ ဓေလ့ေတြမွာ ထူးျခားတဲ့လုပ္ရပ္ေတြလည္းရွိေနပါတယ္။ ဥပမာ အေန နဲ႔ေျပာရရင္ေတာ့ Yubitsume ဆိုတဲ့ အေလ့အထျဖစ္ၿပီး အျပစ္ဒဏ္သင့္တဲ့ ဂိုဏ္းသားဟာ မိမိရဲ႕လက္သန္းကို ဓါးနဲ႔လွီးျဖတ္ၿပီး မိမိရဲ႕အျပစ္ကို ေပးေလ်ာ္ရတာပါ။ ဒီအေလ့ဟာ ေရွးေခတ္ဂ်ပန္ဓါးသိုင္း သမားေတြရဲ႕႐ိုးရာ ျဖစ္ၿပီး လက္သန္းအျဖတ္ခံခဲ့ ရတဲ့ဂိုဏ္းသားဟာ မိမိကိုယ္ကိုယုံၾကည္မႈက်ဆင္းသြားၿပီး အားနည္းတဲ့သူအျဖစ္ အျခားဂိုဏ္းသားေတြကယူဆကာ ဝိုင္းဝန္း ေစာင့္ေရွာက္ၾကပါတယ္။
ဒုတိယကမာၻစစ္ၿပီးဆုံးတဲ့ကာလမွာေတာ့ ဂ်ပန္ႏိုင္ငံက ယာကူဇာဂိုဏ္းသား အေရအတြက္ဟာ အလြန္မ်ားလာခဲ့ၿပီး (၁၈၄၀၀၀) ဦးအထိရွိလာခဲ့ပါတယ္။ ဒါအျပင္ အေမရိကန္စစ္သည္ေတြ ဂ်ပန္ႏိုင္ငံကို ေခတၱသိမ္းပိုက္ထားစဥ္ကာလေတြ တုန္းကလည္း ယာကူဇာေတြဟာ အစိုးရရဲ႕အမိန႔္ကိုဆန႔္က်င္ၿပီး ျပန္လည္တိုက္ခိုက္ ခဲ့ပါေသးတယ္။
အေမရိကန္အစိုးရရဲ႕ ဘ႑ာေရးဌာနရဲ႕ ထုတ္ျပန္ခ်က္ေတြအရေတာ့ ယာကူဇာဂိုဏ္း ရဲ႕Yamaguchi-gumi အဖြဲ႕ဟာ အေမရိကန္ေဒၚလာ ၈၀ဘီလ်ံေလာက္ ခ်မ္းသာႂကြယ္ဝ ၿပီး အဲဒီပမာဏဟာ ယာကူဇာဂိုဏ္းကို ကမာၻအခ်မ္းသာဆုံးေသာ ဂိုဏ္းအျဖစ္ရပ္တည္ ေစပါတယ္။
(၂၀၁၃)ခုႏွစ္မွာေတာ့ ယာကူဇာဂိုဏ္းဟာ Yamaguchi-gumi Shinpo အမည္ရတဲ့ မဂၢဇင္းတစ္ခုကို ထုတ္ေဝခဲ့ၿပီး ဒီမဂၢဇင္းမွာေတာ့ ဂ်ပန္လို Haikuလို႔အမည္ရတဲ့ အသံ(၁၇)သံပါရွိၿပီး အပိုင္း(၃)ပိုင္းရွိတဲ့ ဂ်ပန္ကဗ်ာ၊ ငါးဖမ္းနည္းဆိုင္ရာ အေထာက္ အကူျပဳ ပစၥည္းေတြ အေၾကာင္းနဲ႔ စာဖတ္သူေတြအတြက္ အက်ိဳးရွိေစတဲ့စာစုေတြ ထည့္သြင္းေဖာ္ျပထားပါတယ္။
ဒါေပမဲ့ေနာက္ပိုင္းမွာေတာ့ Yamaguchi-gumiေတြရဲ႕ ဆန႔္က်င္ဘက္ အဖြဲ႕အစည္းေတြကို သိသိသာသာ ေဝဖန္တိုက္ခိုက္တဲ့ စကားလုံးေတြနဲ႔ ဂ်ပန္ႏိုင္ငံရဲ႕ တည္ဆဲဥပေဒေတြကို ထိပါးတဲ့အသုံးအႏႈန္းေတြ ပါဝင္လာတာေၾကာင့္ စာေပထုတ္ေဝ ခြင့္ကိုျပန္လည္႐ုတ္သိမ္း ျခင္းခံခဲ့ရပါတယ္။
ယာကူဇာေတြကို အခ်ိဳ႕ေသာ ဂ်ပန္စီးပြားေရးလုပ္ငန္းရွင္ေတြက မိမိရဲ႕ၿပိဳင္ဘက္ လုပ္ငန္းရွင္ကို စီးပြားေရးက်ဆင္း သြားေစရန္ေဆာင္႐ြက္တဲ့ အခါမွာ လက္ကိုင္တုတ္ အေနနဲ႔ အသုံးျပဳပါတယ္။ ဂ်ပန္လို Sokaiya လို႔ေခၚတဲ့ဒီလုပ္ရပ္ဟာ အရပ္ဘက္သာမန္ စီးပြားေရးလုပ္ငန္းေတြကေန စေကာ့ရွယ္ယာလုပ္ငန္းရွင္ႀကီးေတြအထိ ယာကူဇာေတြရဲ႕ နည္းအမ်ိဳးမ်ိဳးနဲ႔ အေႏွာင့္ယွက္ေပးမႈကို ခံရပါတယ္။ ဒါေၾကာင့္ဂ်ပန္ႏိုင္ငံက လုပ္ငန္းရွင္ ေတာ္ေတာ္မ်ားမ်ားဟာ ယာကူဇာေတြနဲ႔ အၿမဲပတ္သက္ေနခဲ့ရၿပီး ယာကူဇာဂိုဏ္းရဲ႕ ဝင္ေငြအမ်ားစုဟာ ကုမၸဏီေတြကို အက်ိဳးေတာ္ေဆာင္ခ အျဖစ္ရရွိေနတာပါ။
ယာကူဇာဂိုဏ္းနဲ႔ ပတ္သက္ၿပီးမွတ္တမ္းတစ္ခုကေတာ့ ၂၀၁၁က Tohoko နဲ႔ ၁၉၉၅ ခုႏွစ္က Kobe ၿမိဳ႕မွာျဖစ္ခဲ့တဲ့ ငလ်င္နဲ႔ ဆူနာမီေဘးဒဏ္ကိုခံစားခဲ့ရတဲ့ ဂ်ပန္ျပည္သူေတြ ကို တက္ႏိုင္တဲ့ ဘက္ကေန ပါဝင္ကူညီခဲ့ျခင္းျဖစ္ပါတယ္။ ယင္းေဒသေတြ အတြက္ အစားအေသာက္၊ေဆးဝါး၊ေသာက္ေရတို႔ကို ယာကူဇာဂိုဏ္းရဲ႕ ဘ႑ာေငြေတြထဲက ေနကုန္က်ေစခဲ့ၿပီး ယာကူဇာဂိုဏ္းသားေတြကိုယ္တိုင္ ဒုကၡသည္ေတြထဲ စိမ့္ဝင္ကာ ျပန္လည္ထူေထာင္ေရး လုပ္ငန္းေတြကို အင္တိုက္၊အားတိုက္လုပ္ေဆာင္ ခဲ့တာလည္း ျဖစ္ပါတယ္။
ဂ်ပန္ႏိုင္ငံက နာမည္ေက်ာ္ကေလးကစားစရာအ႐ုပ္ ထုတ္လုပ္ေရာင္းခ်တဲ့ကုမၸဏီ တစ္ခုကေတာ့ Bob လို႔အမည္ရတဲ့ ေဈးကြက္မွာအေရာင္းလိုက္တဲ့ ကေလးကစား စရာအ႐ုပ္မွာ လက္ေခ်ာင္းေလးေခ်ာင္းသာထည့္သြင္း ခဲ့ပါတယ္။ ဘာေၾကာင့္လဲဆိုရင္ ေတာ့ ဂ်ပန္လူအဖြဲ႕အစည္း အတြင္းမွာ ယာကူဇာေတြက အလြန္သက္ေရာက္မႈရွိေန တာေၾကာင့္ ကေလးငယ္ေတြကို ယာကူဇာဂိုဏ္းသားေတြ မဟုတ္ေၾကာင္းသိေစလို တဲ့ရည္႐ြယ္ခ်က္ေၾကာင့္ျဖစ္ပါတယ္။
ေနာက္ထပ္ထူးျခားမႈကေတာ့ ယာကူဇာဂိုဏ္းသားေတြရဲ႕ အေရျပားမွာထိုးထားတဲ့ အလြန္ရႈပ္ေထြးတဲ့ တက္တူးေတြကို ျပခန္းမွာျပသၿပီး ေရာင္းခ်တဲ့ အေလ့ပါ။ ေမွာင္ခို ေဈးေတြမွာ ဒီျဖစ္ရပ္ေတြကို ေတြ႕ျမင္ရေလ့ရွိၿပီး အရွက္လုံသာ ဝတ္ထားတဲ့ အဝတ္အစားမဲ့ အေနအထားနဲ႔ တက္တူးေတြကို ခင္းက်င္းျပသေနတဲ့ ယာကူဇာဂိုဏ္းသားေတြကို ျမင္ေတြ႕ရပါတယ္။
ယာကူဇာဂိုဏ္းသားတစ္ေယာက္ ျဖစ္ခ်င္ရင္ေတာ့ အရင္ဆုံးေရးေျဖစာေမးပြဲကို ေျဖဆိုေအာင္ျမင္ရမွာပါ။ ေျဖရမဲ့ အေၾကာင္းအရာေတြကေတာ့ အဖြဲ႕ဝင္ျဖစ္လိုသူရဲ႕ စိတ္ေနစိတ္ထား၊ရည္႐ြယ္ခ်က္၊ မ်ိဳးခ်စ္စိတ္ျပည့္ဝမႈ၊ယာကူဇာဂိုဏ္းရဲ႕ သမိုင္းစဥ္ဆက္ အေၾကာင္းအရာေတြပဲျဖစ္ပါတယ္။
ယာကူဇာဆိုတဲ့ စကားလုံးကိုေတာ့ Ya Ku Za ဆိုၿပီး အပိုင္း(၃)ပိုင္းခြဲ ႏိုင္ၿပီး ဂ်ပန္႐ိုးရာကိန္းဂဏန္းေတြအရ ၈-၉-၃ ဆိုတဲ့သေဘာ သက္ေရာက္ၿပီး ဒီဂဏန္းစဥ္ေတြ ဟာ ဂ်ပန္ဖဲကစားနည္းျဖစ္တဲ့ Oicho-Kabu မွာအလြန္ဆိုး႐ြားတဲ့ နံပါတ္တြဲေတြ အျဖစ္သတ္မွတ္ၾကပါတယ္။ Katana လို႔အမည္ရတဲ့ ဂ်ပန္႐ိုးရာဓါးရွည္ေတြဟာ ဆာမူ႐ိုင္းသူရဲေကာင္းေတြ ကိုင္ေဆာင္ခဲ့တဲ့ လက္နက္ေတြျဖစ္ၿပီး ယေန႔အခ်ိန္ထိ ယာကူဇာဂိုဏ္းသားေတြ ဆက္လက္ အသုံးျပဳေနၾကပါတယ္။
အဲဒီဓါးေတြကိုေတာ့ လူေတြကိုသတ္ျဖတ္တဲ့ ေနရာေတြမွာအသုံးျပဳၿပီး ထင္ရွားတဲ့ အျဖစ္အပ်က္တစ္ခုကေတာ့ ၁၉၉၄ခုႏွစ္က ဖူဂ်ီ႐ုပ္ရွင္ထုတ္လုပ္ေရး ကုမၸဏီက ဒုတိယ ဥကၠဌ Juntaro Suzuki ကို Katana ဓါး ရွည္နဲ႔ ယာကူဇာဂိုဏ္းက သတ္ျဖက္ခဲ့တာပါ။ အေၾကာင္းရင္းကေတာ့ ယာကူဇာ အဖြဲ႕ရဲ႕ တန္စိုးလက္ေဆာင္ေပးအပ္တာကို ျငင္းဆန္ခဲ့လို႔ျဖစ္ပါတယ္။
ယာကူဇာဂိုဏ္းရဲ႕ အဖြဲ႕ဝင္အသစ္ျဖစ္လာသူဟာ ပထမဆုံးအေနနဲ႔ အခမ္းအနားနဲ႔ sake လို႔ေခၚတဲ့ ဂ်ပန္အရက္ကို ဂိုဏ္းရဲ႕က်င့္ဝတ္နဲ႔အညီ ေသာက္သုံးရပါတယ္။ဂ်ပန္လို Sakazukigoto လို႔လူသိမ်ားၾကၿပီး အဖြဲ႕ဝင္အသစ္ဟာ Oyabun (ဖခင္)လို႔ေခၚတဲ့ သူရဲ႕လက္ဦးဆရာရဲ႕ ဆန႔္က်င္ဘက္အေနအထားမွာထိုင္ၿပီး ေသာက္သုံးရတာပါ။ ယာကူဇာဂိုဏ္းရဲ႕ အဖြဲ႕ဝင္သစ္ဟာ အလြန္နည္းတဲ့ အရက္ပမာဏကိုသာ ေသာက္သုံး ရၿပီး သူရဲ႕လက္ဦးဆရာကေတာ့ ဖန္ခြက္ႏႈတ္ခမ္းအျပည့္ အရက္ထည့္ထားတဲ့ခြက္ကို ေသာက္သုံးပါတယ္။ ဒါဟာ ယာကူဇာဂိုဏ္းရဲ႕ ႀကီးစဥ္ငယ္လိုက္ ေလးစားမႈသေဘာ တရားကို ျပသပါတယ္။
ယာကူဇာ ဂိုဏ္းသားအခ်င္းခ်င္းမွာ အဓိကအျငင္းပြားေနတဲ့ ျပသနာကေတာ့ အစိုးရ ကတရားဝင္တားျမစ္ထားတဲ့ မူးယစ္ေဆးဝါးေတြကို ကူးသန္းေရာင္းဝယ္ေနတဲ့ ျပသာနာ ျဖစ္ပါတယ္။ ယာကူဇာရဲ႕ အဓိကအဖြဲ႕ျဖစ္တဲ့ Yamaguchi-gumi ဂိုဏ္းသား ေတြက အဓိကလုပ္ေဆာင္ေနတဲ့ လက္နက္နဲ႔ ဘိန္းျဖဴ ကူးသန္းေရာင္းဝယ္ေရး လုပ္ငန္းကို ေရွး႐ိုးစြဲ ျပည္တြင္းယာကူဇာေတြက ဒီလိုျပဳလုပ္ေနျခင္းဟာ တိုင္းျပည္ကိုဖ်က္ေနတာ ျဖစ္တယ္လို႔ ေထာက္ျပၿပီး သေဘာထားကြဲလြဲၾကတာလည္း ျဖစ္ပါတယ္။
တစ္ခါတစ္ရံမွာေတာ့ ယာကူဇာဂိုဏ္းသားေတြဟာ သူတို႔ကိုယ္သူတို႔ ဆာမူ႐ိုင္းသူရဲ ေကာင္းေတြရဲ႕ အေမြကိုဆက္ခံသူ အေနနဲ႔ပုံဖမ္းၾကပါတယ္။ သူရဲေကာင္းတစ္ေယာက္ ရဲ႕ေပးဆပ္ျခင္း၊အနစ္နာခံျခင္း၊ေနာက္ဆုံး အသက္ေသခံျခင္းျဖင့္ မိမိရဲ႕အဖြဲ႕အစည္း ကိုသစၥာခံ ၾကပါတယ္။ အဲဒီစ႐ိုက္ဟာ ဂ်ပန္လူမ်ိဳးေတြရဲ႕ မူလစ႐ိုက္ျဖစ္ၿပီး သူတို႔ရဲ႕ ဒီေနရာမွာ လုပ္ေဆာင္ခ်က္ေတြဟာ ဂ်ပန္ေတြရဲ႕ သံမဏိစိတ္ဓာတ္ကို ေဖာ္က်ဴးရာ ေရာက္ၿပီး မိ႐ိုးဖလာယဥ္ေက်းမႈ အေမြအႏွစ္ကို ထိန္းသိမ္းရာလည္း ေရာက္တယ္ လို႔ ယုံၾကည္ၾကပါတယ္။