Friday, April 16, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အရောင်မျိုးစုံနဲ့ ကိုလံဘီယာက သက်တန့်မြစ်

by Thutamm
August 14, 2019
Reading Time: 1min read
0
အရောင်မျိုးစုံနဲ့ ကိုလံဘီယာက သက်တန့်မြစ်
Share on FacebookShare on Twitter

ရေးသားသူ – ကောင်းစည်သူ(သုတစွယ်စုံ)

အင်္ဂလိပ်ဘာသာဖြင့် ပုံဆောင်ခဲ ချန်နယ်ဟု ခေါ်ဆိုသည့် မြစ်တစ်စင်းသည် ကိုလံဘီယာနိုင်ငံ၊ မီတာပြည်နယ်၊ Serrania de la Macarena တောင်ကြောတွင် တည်ရှိသည်။ ယင်းမြစ်သည် ဂွာယာဘာမြစ်၏ လက်တက်တစ်ခုဖြစ်ပြီး ငါးရောင်ခြယ်မြစ်၊ သက် တန့်ရောင်မြစ်ဟု ခေါ်ဆိုကြပြီး မြစ်မှ ထွက်ပေါ်နေသည့် လှပသော အရောင်များကြောင့် ကမ္ဘာ့အလှဆုံးမြစ်တစ်စင်းအဖြစ် ထင်ရှား လျက်ရှိသည်။

သက်တန့်မြစ်၏ အောက်ကြမ်းပြင်သည် နှစ်စဉ် ဇူလိုင်လအစောပိုင်းမှ နိုဝင်ဘာလအထိ အဝါ၊အစိမ်း၊အပြာ၊အနက်နှင့်အနီ ရောင်မျာယှက်သန်းနေကာ အနီရောင်ကို အများဆုံးမြင်ကြရသည်။ သက်တန့်မြစ်အောက်တွင် ဖြစ်ပေါ်နေသည့်အရောင် များသည် မြင်တွေ့ရသူတိုင်းအတွက် သက်တန့်တစ်စင်းကို ရေအောက်တွင် မြင်နေရသကဲ့သို့ ခံစားမှုကို ဖြစ်ပေါ်စေသည်။

ဘူမိ အနေအထား

သလင်းကျောက်တောင်များသည် သက်တန့်မြစ်တည်ရှိရာ Serrania de la Macarena တောင်ကြောများ၏ ပြင်ညီ မြေမျက်နှာပြင်၌ လွန်ခဲ့သည့် နှစ် ၁ ဒသမ ၂ သန်း တွင် စတင်ဖွဲ့စည်း ဖြစ်ပေါ်နေခဲ့သည်။ ယင်းကျောက်တောင်များသည် အနောက် ဘက်သို့ ပြန့်ကားထွက်နေကာ ဗင်နီဇွဲလားနိုင်ငံအထိ ရောက်ရှိသည်။ ဂီယာနာနှင့် ဘရာဇီးလ်နိုင်ငံတို့သည် ရှေးအကျဆုံး ယင်း ကျောက်တောင်များကို ပိုင်ဆိုင်ထားကြသည်။

သက်တန့်မြစ်သည် လျင်မြန်စွာစီးဆင်းနေသည့် မြစ်တစ်စင်းဖြစ်ကာ မြစ်ကြောင်းတွင် ရေတံခွန်များလည်းရှိသည်။ သလင်းကျောက်တောင်များမှ မာကျောသည့် ကျောက်များ၊ကျောက်စရစ်များကြောင့် သေးငယ်သော စက်ဝိုင်းပုံကျင်းငယ်များသည် သက် တန့်မြစ်ကြမ်းပြင်တွင် မကြာခဏ ဖြစ်ပေါ်လာလေ့ရှိသည်။ မာကျောသော သလင်းကျောက် အစအနများသည် မြစ်အတွင်း သို့ကျ ရောက်ကာ မြစ်ကြမ်းပြင်ရှိ ကွဲကြောင်းများအကြားသို့ဝင်ရောက်မိသည်နှင့် မြစ်ရေစီးကြောင်းအတိုင်း လည်ပတ်သွားကြပြီး မြစ် အောက်ရှိ ကျင်းပေါက်နံရံများကို ကွေးသွားစေကာ ကျင်း၏ အတိုင်းအတာများကို ကျယ်ပြန့်ကြီးမားလာစေသည်။

ဤသို့ဖြင့် ကျောက်တောင်မှ ကျောက်များ မြစ်အတွင်းသို့ ပဲ့ကျတိုင်း မြစ်ကြမ်းပြင်တွင် အဝိုင်းပေါက်များ ဖြစ်ပေါ်လာစေသည်။ မြစ်ကြမ်းပြင်တွင် ပေါက်ရောက်နေသည့် ရေမှော်ပင်များသည် ယင်းအပေါက်များအတွင်းသို့ ဝင်ရောက် နေရာယူကာ ရှင်သန်ကြသဖြင့် ရေမှော်ပင်များသည် မြစ်ကြမ်းပြင်တွင် အများအပြားဖြစ်လာခဲ့ပြီး ယင်းအပင်များမှ အရောင်များထွက်လာချိန်တွင် မြစ်ပြင်သည် သက်တန့်တစ်ခု လဲလျောင်းနေသကဲ့သို့ ရောင်စုံများသည် မြစ်အတွင်းမှ ထွက်ပေါ်လာလေ့ရှိပေသည်။

Serrania de la Macarena သည် ကိုလံဘီယာဒေသရှိ ကြီးမားကျယ်ဝန်းသော ဂေဟစနစ် နယ်မြေ သုံးခုဖြစ်သည့် အန်ဒီး စ်၊ အရှေ့ပိုင်း လီယာနိုနှင့် အမေဇုန် မုတ်သုန်သစ်တောတို့ ထိစပ်နေသည့် နေရာတွင်တည်ရှိသည်။ ယင်းဂေဟစနစ် ဒေသများတွင် ဇီဝမျိုးစုံမျိုးကွဲသက်ရှိများနှင့် အပင်များ ပေါက်ဖွားရှင်သန်နေကြသည်။အပင်နှင့် သက်ရှိသတ္တဝါများသည် မာကျောသော ကျောက် သားမျက်နှာပြင်ပေါ်တွင် ရှင်သန်နိုင်ရန် ရုန်းကန်လှုပ်ရှားကြရသည်။ အပင်များသည် သက်ရှိများ မှီခိုရန် အစာအာဟာရ နည်း ပါး သည့် ကျောက်တောင်မျက်နှာပြင်တွင် အသက်ရှင်သန်ရပ်တည်ရေးအတွက် သဘာ၀ ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်ရန် ပြုပြင် ပြောင်းလဲမှုများဖြင့် လိုက်လျောညီထွေရှိခဲ့ကြသည်။

ဇီဝရှင်သန်မှုကို ကိုယ်စားပြုသည့် ဧရိယာသည် မုတ်သုန်သစ်တော၏ အပူ၊အနွေးနှင့်အအေးဓာတ်တို့ဖြစ်သည်။ သက် တန့် မြစ်ရှိရာ နယ်မြေတွင် ငှက်မျိုးစိတ် အမျိုး ၄၂၀ ၊ကုန်းနေ ရေနေ သတ္တဝါမျိုးစိတ် ၁၀မျိုး၊ တွားသွားသတ္တဝါမျိုးစိတ် ၄၃ မျိုး၊နို့ တိုက်သတ္တဝါ မျိုးစိတ် ၆၉ မျိုးတို့ ရှင်သန်ရပ်တည်နေကြသည်။သို့သော် သက်တန့်မြစ်အတွင်း၌ မည်သည့် ရေသတ္တဝါမှ ရှင်သန် နေထိုင် နိုင်ခြင်းမရှိပါချေ။

သက်တန့်မြစ် ၏ ရေမှော်ပင်များ

သက်တန့်မြစ်အတွင်း ရေပေါက်ပင်များသာ ပေါက်ရောက်ရှင်သန်နေပြီး မြစ်ရေပြင်သည် သေးငယ်သော အမှုန် အမွှားများ နှင့် သက်ရှိများအတွက် စားသောက်ဖွယ်ရာ မည်သည့် အရာမှ မရှိသည့်အတွက် ဖန်သားကဲ့သို့အလွန် ကြည်လင်နေသည်။ သက်တန့်မြစ်၏ အရောင်အဆင်းကို နှစ်တစ်နှစ်၏ အချိန်အများစုတွင် အနီရောင်သာမြင်ကြရပြီး ဇူလိုင်လကုန်ပိုင်းမှ နိုဝင်ဘာလအထိ မြစ်ကြမ်းပြင်သည် အဝါရောင်နှင့်ရောင်စုံများအဖြစ်ပြောင်းလဲသွားလေ့ရှိသည်။

ယင်းအရောင်များသည် မြစ်အတွင်း အများအပြားပေါက်ရောက်လေ့ရှိသည့် Macarenia clavígera အပင်မျိုး စိတ် ကြောင့် ဖြစ်သည်။ယင်းအပင်မျိုးစိတ်များကို ဒေသ မြစ်ချောင်းအချို့တွင် မြင်တွေ့နိုင်ကာ အပင်များသည် အရှိန် ဖြင့်စီးဆင်းနေ သည့် သက် တန့်မြစ်၏ ကျောက်တောင်များနှင့် မြစ်ကြမ်းပြင်ရှိ ကျောက်ပေါက်များတွင် မြဲမြံစွာ စွဲကပ်နေသဖြင့် ရေစီးတွင်မျောပါသွားခြင်း မရှိ ချေ။ရေပြင်က အမြဲ ကြည်လင်နေသဖြင့် သက်တန့်မြစ်ကို သာမာန်အချိန်တွင် အနီရောင်မြင်နေရခြင်းမှာ ယင်းအပင်များကြောင့် ဖြစ်ပေသည်။

သက်တန့်မြစ်သို့

သက်တန့်မြစ်သို့ ရောက်ရှိရန် လာမာကာရီနာသို့ ဦးစွာ သွားရောက်ကြရသည်။ Villavicencio မှ နေ့စဉ်ထွက်လေ့ရှိ သည့် DC 3 ကုန်တင် လေယာဉ်ဖြင့်လည်းကောင်း၊ ဘိုဂိုတာမြို့မှ တနင်္လာ၊အင်္ဂါနှင့်စနေနေ့ များတွင်ပြေးဆွဲသော တိုက်ရိုက်လေ ယာဉ်ဖြင့် လည်းကောင်း လာမာကာရီနာသို့ ရောက်ရှိနိုင်ကြပြီး ခရီးသွားများသည် နှစ်စဉ် ဇူလိုင်လမှ ဒီဇင်ဘာလ အစောပိုင်း အထိ လာရောက်လေ့ရှိကြသည်။ သက်တန့်မြစ် အနီးဝန်းကျင်တွင် တည်းခိုနေထိုင်ရန်နေရာများ ပြုလုပ်မထားပါချေ။

သက်တန့်ရောင်မြစ်သည် ဝေးလံခေါင်းပါး၍ လူသူ အရောက်အပေါက်နည်းပါးပြီး မော်တော်ကားလမ်း မရောက်ရှိသည့် နေရာတွင် တည်ရှိသည်။ သက်တန့်မြစ်သို့ သွားရောက်ရန် ဘိုဂိုတာ မြို့မှ ဗီလာဗီစန်စီယိုသို့ သုံးနာရီကြာ လေယာဉ်စီးပြီးနောက် လာကာရန်နာ တွင် နေ့လည်စာစားကြရသည်။ တစ်ခါတစ်ရံတွင် ရွာအပြင်ဘက် နှစ်ကီလိုမီတာဝေးသည့် စခန်းချ တဲများတွင် စားသုံးကြသည်။ သက်တန့်မြစ်အနီးတွင် ဂွာရာဘာရို မြစ်ရှိနေပြီး ထိုဖြစ်သို့လည်းသွားရောက် လည်ပတ်နိုင်ကြသည်။ လာကာရန်နာရွာရှိ ရှုမျှော် ခင်းကြည့်သည့် နေရာမှ ဝန်းကျင်အလှအပများကို ကြည့်ရှုနိုင်ပြီး ကမ်းပါးများနှင့် ပတ်ဝန်းကျင်နေရာများကို ထိခိုက် ပျက်စီးစေနိုင် သည့် လုပ်ရပ်များကို မပြုလုပ်မိစေရန် တားမြစ်ထားသည်။

သက်တန့်မြစ်သို့ သွားရောက်ရန် ဂွာရာဘာရိုမြစ်အတွင်း ၁၅ မိနစ်ခန့် လှေစီးပြီး ကားဖြင့် မိနစ် ၂၀ ခရီးဆက်ကြရသည်။ ကားလမ်းဆုံးသည့် နေရာမှ သက်တန့်မြစ်သို့ တစ်ကီလိုမီတာခွဲ ခရီးကို လမ်းလျှောက်ကြရသည်။သက်တန့်မြစ်ကမ်းများသို့ ခြေ လျင် တက်ခြင်း၊မြစ်၏အခြားနေရာများသို့ သွားရောက်ခြင်း၊ရေတံခွန်များကိုကြည့်ရှုခြင်းနှင့် ရေကူးခြင်းတို့အတွက် အချိန် ၅ နာရီမှ ၇ နာရှိအထိ အချိန်ပေးရလေ့ရှိသည်။

ကိုလံဘီယာ အစိုးရသည် ခရီးသည်များကြောင့် သဘာ၀ ပတ်ဝန်းကျင်ကို ထိခိုက်မည်ကိုစိုးရိမ်သောကြောင့်လည်းကောင်၊၊ နိုင်ငံအတွင်း ပြည်တွင်း စစ်ဖြစ်နေသောကြောင့်လည်းကောင်း သက်တန့်မြစ်သို့ ခရီးသည်များလာရောက်လည်ပတ်ခြင်းကို နှစ် ကာလ အတန်ကြာ ပိတ်ပင် ထားခဲ့ပြီး သက်တန့်မြစ်သို့ သွားရောက်လည်ပတ်ခွင့်ကို ၂၀၀၉ ခုနှစ်တွင် ပြန်လည် ဖွင့်လှစ်ခဲ့ သည်။ ယခုအခါတွင် ကိုလံဘီယာ ခရီးသွားအေဂျင်စီများက သက်တန့်မြစ် အလည်အပတ်ခရီးစဉ်များကို ဆောင်ရွက်ပေးလျက်ရှိရာ သက် တန့်မြစ်သည် တိုတောင်းသော အချိန်အတွင်း ကမ္ဘာအနှံ့ထင်ရှား လာခဲ့သည်။ သို့တိုင်အောင် သက်တန့်မြစ်တွင် ရောင်စုံများ မထွက်ပေါ်သည့် နှစ်စဉ် ဒီဇင်ဘာမှ ဇွန်လအထိ ကာလအတွင်း မြစ်ကြည့် ခရီးစဉ်များကို ပိတ်ထားလေ့ရှိသည်။

သက်တန့်မြစ်သည် အချိန်အများစုတွင်သာမာန်မြစ်တစ်စင်းနှင့်ကွဲပြားထူးခြားမှုမရှိဘဲ မြစ်ကြမ်းပြင်ကျောက်သား များရှိ ရေမှော်နှင့်ရေညှိများ ကိုအေးမြ ကြည်လင်နေသည့် ရေပြင်ကိုဖောက်ထွင်းမြင်နိုင်ကြသည်။သို့သော် ယင်းရေမှော်ပင်များသည် နှစ်စဉ် တို တောင်းသည့် အချိန်တစ်ခုတွင် ပြောင်းလဲမှုများဖြစ်လာလေ့ရှိလာကာ ထိုအချိန်များတွင် သက်တန့်မြစ်သည် ထူးခြားစွာ ပြောင်းလဲသွား လေ့ရှိသည်။ရေမှော်ပင်များမှ အရောင်များ၏ ပေါက်ကွဲမှုသည် စုံလင်သော ဆေးရောင်များ ပွင့်အန်ထွက်လာ သကဲ့သို့ ဖြစ်လာခဲ့ပေသည်။

မိုးနှောင်းကာလနှင့် ခြောက်သွေ့သော ကာလများအကြားတွင် သက်တန့်မြစ်၏ရေမျက်နှာပြင်သည် နိမ့်ကျလာခဲ့ပြီး ရေ အောက်ရှိ ရေမှော်ပင်များကို နေရောင်ခြည် နှင့် အနွေးဓာတ်များ အပြည့်အဝရစေသည်။ နေရောင်ခြည်က ရေအောက်ရှိ ယင်းရေမှော်ပင် များကိုလျင်မြန်စွာဖူးပွင့်ဝေဆာစေပြီး ထူးခြားသော အနီရောင်များအဖြစ်သို့ပြောင်းလဲသွားစေသည်။ ရေမှော် ပင်များသည် ရေ အောက်ကြမ်းပြင် တစ်လျောက် အတန်းလိုက်ပေါက်ရောက်နေကြသဖြင့် အဝါနှင့်အစိမ်းရောင်မြစ်ကြမ်းပြင်၊အပြာ ရောင်ရေပြင်နှင့်ပေါင်းစပ်လျက် အရောင်အရိပ်များ ရောယှက်ကာ အလွန်လှပေသော ရောင်စဉ်များကို ဖြစ်ပေါ်လာစေသည်။

ယင်း ကာလသည် ဇူလိုင်လမှ နိုဝင်ဘာလအထိသာ ကြာမြင့်လေ့ရှိပေသည်။မြစ်ရေပြင်ပြန်လည် မြင့်တက်နေလာသည့် အချိန်များတွင် သက်တန့် မြစ်သည် သာမာန်မြစ်တစ်စင်း ပြန်ဖြစ်သွားသည်။ သက်တန့်မြစ်သည် ခရီးသွားများလာရောက်ချိန်တွင် အဓိက အရောင်ငါးရောင်ဖြင့် အလှဆင်ထားသကဲ့သို့ ဖြစ်နေ သောကြောင့် ကမ္ဘာပေါ်တွင် အလှပဆုံးမြစ်တစ်စင်းဖြစ်လာခဲ့ပေသည်။

အမျိုးသားဥယျာဉ်

သက်တန့်မြစ်သို့ လာရောက်လည်ပတ်သည့် ခရီးတွင် လာမာကာရီနာ အမျိုးသားဥယျာဉ်သို့လည်း ဝင်ရောက်နိုင်ကြ သည်။ ယင်းနေရာတွင် သဘာဝအလှများကို ခရီးသွားများ ခံစားနိုင်ကြသည်။ အမျိုးသားဥယျာဉ်သည် လာမာကာရီနာမြို့မှ ရှစ်မိုင်ကွာဝေးလျက် လှေခရီးလေးမိုင်စီးပြီး လေးမိုင် လမ်းလျှောက်ကြရ သည်။ခရီးသည်များသည် လမ်းလျှောက်စဉ် လှပသော ရှုခင်းများဆီသို့ တစ်ဖြည်းဖြည်း ဆင်းသက်ဝင်ရောက်သွားပေသည်။ သဘာဝဥယျာဉ်အတွင်းရှိနေသည့် အနီရောင်အရွက်များရှိသည့် မာကာရီနီရာနှင့် သဘာဝပေါက်ပင်များ၊ ရှေးဟောင်းကျောက်တုံး ကျောက်တောင်များ၊ကြည်လင်နေသည့် ရေပြင်များသည် ဘသာဝ၏ အလှအပကို အထွတ်အထိပ်သို့ ရောက်ရှိစေသည်။

သက်တန့်မြစ်ရှိသည့် မာကာရီနာ ဒေသသည် ယခင်က ကိုလံဘီယာနိုင်ငံ၏ ပြည်တွင်းစစ်ဘေးစစ်ဒဏ်ကို ကြီးမားစွာ ခံစားနေရသည့် ဒေသတစ်ခုဖြစ်ခဲ့သော်လည်း ယခုအချိန်တွင် လုံခြုံမှုရှိသော အကာအကွယ်ပြုထားသည့် နယ်မြေ တစ်ခုဖြစ်သည်။ ခရီးသွားများ လုံခြုံစိတ်ချရမှုရရှိစေရန် ကိုလံဘီယာ စစ်တပ်၏ အခြေစိုက်တပ်တစ်ခုကို သက်တန့်မြစ်အနီး နယ်မြေတစ်ခု တွင် တပ်စွဲ ထားသဖြင့် ကမ္ဘာလှည့် ခရီးသွားများသည် လုံခြုံမှု အပြည့်အဝဖြင့် နှစ်စဉ် အများအပြားလာရောက် လည်ပတ်နိုင်ကြစေရန် ကိုလံဘီယာအစိုးရက စီစဉ်ဆောင်ရွက်ပေးထားသည်။

မာကာရီနာသည် သေးငယ်သော မြို့လေးတစ်ခုဖြစ်ပြီး ဆေးဝါးဆိုင်များ၊ ကုန်စုံ စတိုးများ၊ အဝတ်အထည်ရောင်းဆိုင်များ ဖွင့်လှစ်ထားပြီး ခရီးသွားများ လိုအပ်သည့် ပစ္စည်းများကို အလွယ်တကူ ဝယ်ယူနိုင်ရန် စီစဉ်ပေးထားသည်။ အစားအသောက်များက သာမာန်အစားအသောက်များသာဖြစ်သော်လည်း အနံ့အသက် မွှေးကြိုင်သည်။ သက်တန့်မြစ်သို့ သွားမည့်သူများအားမာကာရီနာ မြို့က ဝန်ဆောင်မှု အပြည့်အ၀ ပေးနိုင်သည်။

သဘာဝအလျောက် မြေပြင်ပေါ်တွင် ဖြစ်ပေါ်နေသည့် မြစ်ချောင်းအင်းအိုင်များသည် သာမာန်အားဖြင့် ထူးခြားဆန်းကြယ်မှု မရှိသော်လည်း သက်တန့်မြစ်ကဲ့သို့ ထူးထူးခြားခြား အရောင်များထွက်ကာ အလွန်လှပနေချိန်တွင် အလှအပကို ခံစားလိုသူများ၏ အာရုံခံစားရာနေရာတစ်ခုဖြစ်လာခဲ့ပေသည်။

VIDEO

မောင်သာ (ရှေးဟောင်းသုတေသန)
၂၀၁၇ ခုနှစ် ဧပြီလထုတ် သုတစွယ်စုံမဂ္ဂဇင်းမှ

Tags: world places

Related Posts

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်
Places

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်

ဟိုတယ် ဆိုတာဟာ အပန်းဖြေ နားခိုဖို့အပြင် အစားအစာနဲ့ အခြားဝန်ဆောင်မှုတွေ ရရှိနိုင်တဲ့ နေရာတခုဆိုတာ အားလုံးသိပြီးသားပါ။ ဟိုတယ်တွေဟာ အလွန်ဆုံးအနေနဲ့ ဒီဘက် ရာစုနှစ်တွေမှာမှ စတင်ပေါ်ပေါက်လာတာ လို့ ထင်စရာရှိပေမယ့် ကမ္ဘာပေါ်က အစောဆုံးဟိုတယ်အဖြစ် သတ်မှတ်ခံထားရတဲ့ ဒီဟိုတယ်ကတော့...

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ
Knowledge

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ

အရင်တခါကတော့ ကမ္ဘာ့အကြီးဆုံး ဘောလုံးကွင်းကြီး ၁၀ ခု ရဲ့ အကြောင်းကို တင်ခဲ့ပြီးပါပြီ။ ဒီတခါတော့ ပရိသတ်ဝင်ဆံ့မှုအရ ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီး ၅ ခုရဲ့ အကြောင်း ကို ထပ်ပြီးတော့ ဝေမျှလိုက်ပါတယ်။ အားကစား ဆိုတဲ့အတွက်ကြောင့်...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!