Monday, April 19, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အမေ့ထူလွန်းသူများအတွက် နည်း ၅ နည်း

by Thutamm
August 15, 2019
Reading Time: 1min read
0
အမေ့ထူလွန်းသူများအတွက် နည်း ၅ နည်း
Share on FacebookShare on Twitter

ရေးသားသူ – ဒေါက်တာနုမြတ်

သော့ဘယ်မှာ ထားမိမှန်းမသိ ဖြစ်နေသလား။ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ရဲ့ နာမည်ကို မေ့နေသလား။ အမေ့ထူလွန်းလို့ စိတ်ညစ်နေပါသလား။ စိတ်မညစ်ပါနဲ့တော့။ မေ့တတ်တဲ့အကျင့် ပျောက်ပြီး မှတ်ဉာဏ်ကောင်းစေနိုင်တဲ့ အလွယ်နည်းတွေကို သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိထားပါတယ်။

(၁) အချက်အလက်သစ်တွေ မှတ်မိဖို့ မေးစေ့ကိုင်ပါ

ရုပ်ရှင်တွေထဲမှာ မြင်ဖူးကြမှာပါ။ ဇာတ်ဝင်ခန်းထဲမှာ တစ်ခုခုကို အလေးအနက် စဉ်းစားပြီဆိုရင် မေးစေ့ကိုပွတ်ပြီး စဉ်းစားတတ်ကြတာကိုပေါ့။ အဲဒီလိုပဲ အချက်အလက်အသစ် တစ်ခုခုကို နားထောင်တဲ့အခါ လက်က တစ်ခုခု လုပ်နေလိုက်ပါ။ အဲဒီအချက်အလက်ကို ပိုပြီး မှတ်မိလွယ်ပါတယ်။

နားထောင်နေစဉ် လက်ဟန်ခြေဟန် တစ်ခုခုလုပ်နေတာက ဦးနှောက်ရှိ မှတ်ဉာဏ်ဌာနရဲ့ လုပ်ဆောင်ချက်တွေကို မြင့်မားစေပြီး မှတ်ဉာဏ် ပိုကောင်းစေနိုင်ပါတယ်။ ဥပမာ- ဖုန်းနံပါတ်တစ်ခုကို မှတ်ရာမှာ မေးစေ့ကို ကိုင်တာပဲဖြစ်ဖြစ်၊ နားရွက်ကို ကိုင်တာပဲဖြစ်ဖြစ် ပြုလုပ်နေပြီး အဲဒီ ဖုန်းနံပါတ်ကို ခေါင်းထဲ ပြန်စဉ်းစားကြည့်တဲ့အခါ မေးစေ့ ဒါမှမဟုတ် နားရွက်ကို ပြန်ကိုင်ပြီး စဉ်းစားပါက ပိုပြီး မှတ်မိလွယ်ပါတယ်။

(၂) အချက်အလက်သစ်တွေကို မမေ့ဖို့ စိတ်ကူးထဲ ပုံဖော်ကြည့်ပါ

ဖုန်းနံပါတ်တစ်ခု ဒါမှမဟုတ် နာမည်တစ်ခုကို မှတ်ရာမှာ “ငါနောက်တစ်ခါ ဒီဖုန်းကိုဆက်ချင်ရင် ဘယ်ကိုဆက်ရမလဲ” ဒါမှမဟုတ် “ငါသူ့ကို နောက်တစ်ကြိမ်တွေ့ရင် ဘယ်လိုခေါ်ရမလဲ” စသဖြင့် အနာဂတ်မှာ ကြုံရင် ဘယ်လိုဖြေရှင်းမလဲဆိုတာ ကြိုတွေးပြီး စိတ်ကူးထဲ ပုံဖော်ကြည့်တာက တစ်ခုခုကို မှတ်ရာမှာ ပိုလွယ်ကူစေပါတယ်။ လေ့လာချက်တစ်ခုအရ ဒီနေ့ သင်လိုက်တဲ့အရာကို အနာဂတ်မှာ ဘယ်လိုသုံးမယ်ဆိုတာကို ပုံဖော်ကြည့်သူတွေဟာ စိတ်ကူးမကြည့်မိသူတွေထက်စာရင် ထိုအရာကို ပိုပြီးမှတ်မိနေတာကို တွေ့ရပါတယ်။

သုတေသနပညာရှင်တွေရဲ့ အဆိုအရ အချက်အလက်တွေကို မှတ်ရာမှာ ထိုအချက်တွေကို ဦးစားပေးအဖြစ် ကိုယ်ကအသုံးပြုပုံကို စိတ်ကူးယဉ်ကြည့်ပါက ဦးနှောက်ကနေ သေချာမှတ်ထားပြီး အလိုရှိတဲ့အချိန်မှာ ပြန်ထုတ်ပေးဖို့ အသင့်ဖြစ်နေတယ်လို့ သိရပါတယ်။

(၃) မှတ်ဉာဏ် ပိုကောင်းစေဖို့ လမ်းလျှောက်ပါ

သိပ္ပံပညာရှင်တွေဟာ ဦးနှောက်ရှိ မှတ်ဉာဏ်ထိန်းပေးတဲ့ အစိတ်အပိုင်း (Hippocampus) ဟာ အသက်ကြီးလာတာနဲ့အမျှ ကျုံ့သွားတတ်ပြီး ထိုသို့ ကျုံ့သွားခြင်းကို ပြန်ပြင်လို့မရနိုင်လို့ ယူဆခဲ့ကြဖူးပါတယ်။ ခုတော့ အဲလိုယူဆဖို့ မလိုတော့ပါဘူး။ လေ့လာချက် အသစ်တစ်ခုအရ ကိုယ်လက်လှုပ်ရှားမှုကို ပုံမှန်ပြုလုပ်သူဟာ ဦးနှောက်ကျုံ့တာကို ကာကွယ်ပေးရုံမျှမက တစ်နှစ်အတွင်းမှာ ပြန်လိုတောင်ချဲ့နိုင်ကြောင်း တွေ့ရပါတယ်။

တစ်နေ့ကို မိနစ် ၄၀ ကြာ တစ်ပတ်ကို သုံးရက်လမ်းလျှောက်သူ သက်ကြီးရွယ်အိုတွေဟာ ခုမှစပြီး လေ့ကျင့်ခန်းလုပ်သူထက် Hippocampus အရွယ်အစား ၂ ရာခိုင်နှုန်း ဒါ့အပြင် မှတ်ဉာဏ်စာမေးပွဲ ဖြေရာမှာလည်း အမှတ်ပိုကောင်းပြီး ဦးနှောက်ကျန်းမာရေး ကောင်းစေနိုင်တဲ့ ဓာတ်တွေလည်း ပိုများနေပါတယ်။ တစ်ပတ်ကို သုံးရက်၊ တစ်ရက်ကို မိနစ် ၃၀ ကြာ လေ့ကျင့်ခန်းလုပ်ရုံနဲ့ ဦးနှောက်မှတ်ဉာဏ် ကောင်းစေနိုင်ပါတယ်။

(၄) ဦးနှောက်ဆဲလ်တွေ ကာကွယ်ဖို့ အမြန်စာ မစားပါနဲ့

အဆီများတဲ့ အဝစာ၊ အမြန်စာတွေကို အစားများပါက ကြာလာရင် မှတ်ဉာဏ် လျော့နည်းစေကြောင်း သိထားတာ ကြာပါပြီ။ ဒီအစာတွေက အချိန်တိုအတွင်းမှာလည်း ဦးနှောက်ကို ထိခိုက်စေနိုင်ကြောင်း သတိမပြုမိကြသေးပါဘူး။ လေ့လာချက်တစ်ခုအရ အဆီများတဲ့ အဝစာတွေကို ကျွေးတဲ့ အစမ်းသပ်ခံ သတ္တဝါတွေဟာ ကိုးရက်အတွင်း မှတ်ဉာဏ်နဲ့ ပြဿနာ ဖြေရှင်းနိုင်စွမ်း ၁၅ ရာခိုင်နှုန်း ကျသွားတာကို တွေ့ရပါတယ်။

(၅) အမေ့ထူတာ လျော့စေဖို့ Chamomile Tea သောက်ပါ

Chamomile Tea ကို စူပါမားကက်တွေမှာ ရှာဝယ်နိုင်ပါတယ်။ ဦးနှောက်ကို အားဖြည့်ပေးသလို စိတ်ကိုလည်း ဖြေလျှော့ပေးပါတယ်။ အမေ့ထူတာကို လျော့စေတဲ့ Luteolin ဓာတ်တွေလည်း များစွာပါရှိနေပါတယ်။ အသက်အရွယ် အိုမင်းမှုကြောင့် ဖြစ်တတ်တဲ့ မှတ်ဉာဏ်လျော့နည်းမှုကို ဖြစ်စေတဲ့ ဦးနှောက်ရောင်ရမ်းမှုကို ကာကွယ်ပေးပါတယ်။

ဒါ့အပြင် Luteolin ဓာတ်တွေဟာ ဦးနှောက်ဆဲလ် ဆက်နွှယ်မှုကို အနှောင့်အယှက်ပေးနိုင်တဲ့ အန္တရာယ်ရှိ ဓာတုပစ္စည်းများဖြစ်တဲ့ Cytokines တွေ ထွက်ရှိမှုကို ၉၀ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်ပါတယ်။ အကယ်၍ Chamomile Tea ကို ရှာမတွေ့ပါက Luteolin ဓာတ်ကြွယ်ဝတဲ့ မုန်လာဥနီနဲ့ ငရုတ်သီးစိမ်းတို့ကို စားပေးနိုင်ပါတယ်။

ဒေါက်တာနုမြတ်
Good Health Journal

Tags: health knowledge

Related Posts

အိမ်မှာနေမလား ဒါမှမဟုတ် အီတလီလို အဖြစ်ခံမလားလို့ ပြည်သူတွေကို သတိပေးလိုက်တဲ့ ထိုင်းဆရာဝန်ကြီး
Health

အိမ်မှာနေမလား ဒါမှမဟုတ် အီတလီလို အဖြစ်ခံမလားလို့ ပြည်သူတွေကို သတိပေးလိုက်တဲ့ ထိုင်းဆရာဝန်ကြီး

(ကျွန်တော်တို့တွေလည်း ဒီအချက်တွေကို တတ်နိုင်သမျှလိုက်နာသင့်တာကြောင့် BangkokPost က သတင်းကို သုတဇုန် မိတ်ဆွေများအတွက် ပြန်လည်မျှဝေလိုက်ခြင်းဖြစ်ပါတယ်) "အခုအချိန်မှာ တတ်နိုင်သမျှ ဘယ်သူနဲ့ ထိတွေ့ ဆက်ဆံမှု မပြုပဲ အိမ်မှာနေကြပါ။ ဒါမှမဟုတ်ရင်တော့ အီတလီလို ရောဂါကူးစက်မှု အဆမတန်တိုးလာတာတွေ...

ကျွန်းနိုင်ငံလေး မော်လ်ဒိုက်မှာ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်သူ ၂ဦး စတင်တွေ့ရှိ
Health

ကျွန်းနိုင်ငံလေး မော်လ်ဒိုက်မှာ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်သူ ၂ဦး စတင်တွေ့ရှိ

မော်လ်ဒိုက်(မော်ဒိဗ်၊ Maldives) ဟာ ကျွန်းစုနိုင်ငံဖြစ်ပြီး တောင်အာရှမှာတည်ရှိပါတယ်။ အာရှတိုက်မကြီးနဲ့ မိုင်ပေါင်း ၆၂၀ အကွာအဝေးမှာ တသီးတခြားတည်ရှိနေတဲ့ နိုင်ငံဖြစ်ပြီး ပြီးခဲ့တဲ့ စနေနေ့(မတ် ၇) မှာတော့ ကိုဗစ်ဗိုင်းရပ်စ်ကူးစက်သူ ၂ဦးကို စတင်တွေ့ရှိခဲ့ပါတယ်။ ဒီတွေ့ရှိမှုဖြစ်ပွားပြီးတဲ့နောက်မှာတော့ ရောဂါပြန့်ပွားမှုကို...

လူသားတို့ကြုံတွေ့ခဲ့ကြတဲ့ အဆိုးဆုံးကပ်ရောဂါကြီး (၁၀)ခု
Health

လူသားတို့ကြုံတွေ့ခဲ့ကြတဲ့ အဆိုးဆုံးကပ်ရောဂါကြီး (၁၀)ခု

သိပ္ပံပညာရှင်တွေနဲ့ ဆေးဘက်ဆိုင်ရာသုသေသနပညာရှင်တွေအကြား ကမ္ဘာပေါ်မှာ ဖြစ်ပွားခဲ့တဲ့ရောဂါဆိုးကြီးတွေအပေါ်မှာ ရောဂါပြန့်ပွားတဲ့ဒေသ အပိုင်းအခြားကိုလိုက်ပြီး လူမျိုးစုတစ်စု၊အသိုင်းအဝိုင်းတစ်ခုအကြားမှာဖြစ်တဲ့ ကူးစက်ရောဂါ ကပ်ရောဂါ(Epidemic) နဲ့ နိုင်ငံနဲ့ချီပြီး ဝေးလံတဲ့ဒေသတွေအထိကူးစက်တဲ့ ကမ္ဘာနေရာအနံှ့တွင် ဖြစ်ပွားသော ရောဂါ ( Pandemic) ဆိုပြီးခွဲခြားခဲ့ကြတာဖြစ်ပါတယ်။ ကာလဝမ်းရောဂါ၊ ပလိပ်ရောဂါ၊...

တရုတ်မှာ ဖြစ်နေတဲ့ ဝူဟန်ဗိုင်းရပ်စ် ရဲ့ လက်ရှိအခြေအနေ
Health

တရုတ်မှာ ဖြစ်နေတဲ့ ဝူဟန်ဗိုင်းရပ်စ် ရဲ့ လက်ရှိအခြေအနေ

ဝူဟန်ဗိုင်းရပ်စ်ကို တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့မှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့က စတင်တွေ့ရှိခဲ့ရတာဖြစ်ပြီး အရင်မဖြစ်ဖူးသေးတဲ့ အသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ ဗိုင်းရပ်စ်အသစ်တစ်မျိုးဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဆိုပါတယ်။ ဗိုင်းရပ်စ်ရဲ့အမည်ကိုတော့ Novel CoronaVirus (2019-nCoV)...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!