ရေးသားသူ – အောင်ခမ်း
ပုံမှာ ပြထားတာကတော့ ရုပ်ရှင်ထဲက Navy SEAL ပါ။ တကယ့် အပြင်မှာ အိုစမာဘင်လာဒင်ကို တိုက်ခိုက်နှိမ်နှင်းသွားတဲ့ Navy SEAL နဲ့ Team 6 တို့ရဲ့ အချက်အလက်အချို့က အောက်ပါအတိုင်း ဖြစ်ပါတယ်။
– Navy SEALs ကို အမေရိကန်သမ္မတ John F. Kennedy မှ ၁၉၆၂ ခုနှစ်မှ စတင် ဖန်တီးခဲ့ပါတယ်။ အမေရိကန်မှ အတော်ဆုံး ကွန်မန်ဒိုစစ်သားများ မွေးထုတ်ပေးပြီး စစ်ပွဲတွေမှာ အသုံးပြုဖို့ ဖြစ်ပါတယ်။
– ဒုတိယကမ္ဘာစစ်ကို အခြေခံ ဖွဲ့စည်းခဲ့သည့် အမေရိကန်ရေတပ်၏ အမျိုးသားများသာ ပါဝင်ခွင့်ရှိသော အထူး တပ်ဖွဲ့ဖြစ်သည်။
– SEAL ရဲ့ အနက်ကတော့ Sea-Air-Land ဖြစ်ပြီး ရေကြောင်း ၊ လေကြောင်း၊ မြေကြောင်း စစ်ကြောင်း သုံးကြောင်းလုံးကို ပိုင်နိုင်တဲ့ စစ်သားများ လို့ ဆိုလိုခြင်း ဖြစ်ပါတယ်။ တိုက်လေယာဉ်မောင်းနိုင်တယ်၊ စစ်သင်္ဘော၊ ရေငုပ်သဘော်၊ ကုန်းပေါ် စက်ယန္တရား အစုံအလင် အသုံးပြုနိုင်ပြီး စစ်စွယ်စုံကျမ်းလို့တောင် နာမည်ပြောင် ပေးထားပါတယ်။
– ယနေ့အချိန်အထိ Navy SEAL အဖွဲ့မှာ တပ်သား အင်အား ၃ထောင် ရှိပါတယ်။ စုံဂဏန်းတပ်သားများကို ဗာဂျီနီးယားကမ်းခြေ၊ မဂဏန်း တပ်သား များကို ကော်ရွန်နဒိုမှာ ထားပါတယ်။
– ကမ္ဘာအနှံ့ စစ်ဆင်နိုင်ပြီး CIA အတွက် အေးဂျင့်အဖြစ် Navy Seals တပ်ဖွဲ့ဝင်များထဲမှ ရွေးချယ်လေ့ရှိပါတယ်။
-ဗီယက်နမ်စစ်အတွင်း CIA နှင့် Navy Seals များ ပူးတွဲစစ်ဆင်ရေးများစွာ ပြုလုပ်ခဲ့ပါတယ်။
– Navy Seal လေ့ကျင့်သင်တန်းဟာ အပြေး ၊ ရေငုပ် ၊ တာဝေးရေကူး ၊ ရေကူးနည်းပေါင်းစုံ ၊ ရာဘာလှေကိုထမ်းကာ ၁၃မိုင်လမ်းလျှောက်တဲ့ခရီး ၊ ၁၅ပေအမြင့်မှ နည်းစနစ်မှန်မှန်ခုန်ချခြင်း ၊ ၁၂မိုင်ခရီးကို ၁မိုင် ၈မိနစ်စံချိန်ရအောင်ပြေးရခြင်း ၊ ရွံပုပ်တွေထဲမှာ တွားသွားခြင်း စသည်ဖြင့် ကြမ်းတမ်းခက်ခဲတဲ့ လေ့ကျင့်ခန်းတွေကိုလေ့ကျင့်ရပါတယ်။ လေ့ကျင့်ခန်းအကုန်ပြီး လို့ စံချိန်မီမှာမှ သင်တန်းသားအဖြစ် စတင်သတ်မှတ်ပါတယ်။ အဲဒီနောက်တော့ အထူးတိုက်ခိုက်ရေးသင်တန်းကို ၄လကြာတက်ရောက်ရပါတယ်။
– Seal Team Six ကို ၁၉၈၀ ခုနှစ်က အီရန်နိုင်ငံက အမေရိကန် ဓားစားခံများအား ကယ်ဆယ်ဖို့အတွက် Eagle Claw စစ်ဆင်ရေးကာလအတွင်း(၁၉၇၉ခုနှစ်)မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။
– Seal Team Six ရဲ့ ဌာနချုပ်ကတော့ အမေရိကန် ဗာဂျီးနီးယားပြည်နယ် ဗာဂျီးနီးယားကမ်းခြေ Dam Neck Annex မှာ တည်ရှိပါတယ်။
– Team 6 ဟာ သမိုင်းမှာ ရေကြောင်းစစ်ဆင်ရေးများပြီး ၂၀၀၁ နောက်ပိုင်းကျတော့ အီရတ်နဲ့ အာဖဂန်တို့မှာပါ ပါဝင်လာပါတယ်။
– Team 6 ရဲ့ တည်ရှိမှုကို ပင်တဂွန်နဲ့ အိမ်ဖြူတော် ကိုတောင် တော်ရုံလူ ပေးမသိပါဘူး။ အိုစမာဘင်လာဒင်ကို နှိမ်နှင်းပြီးမှ Team 6 ရှိတာကို အားလုံး သတိထားမိ လာခဲ့ကြပါတယ်။
– Team 6 ကို စတင်ဖွဲ့စည်းခဲ့ချိန်မှာ အဖွဲ့ဝင် ၉၀ သာရှိပေမယ့် လက်ရှိမှာတော့ တာဝန်ထမ်းဆောင်သော စစ်သား အယောက် ၃၀၀ ဝန်းကျင်ရှိနေပြီဖြစ်ပြီး အားလုံးဟာ အသက် ၂၀ နဲ့ ၃၀ကြားအရွယ်တွေ ဖြစ် ပါတယ်။ ခေတ်အဆက် ဆက်လည်း ယင်းအင်အားလောက်သာ ထားရှိပါတယ်။
– Team 6 ဟာ အခြားသော Seal 1,2,3 အစရှိသဖြင့်များထက် ပြင်းထန်သော လေ့ကျင့်မှုများကို ခံယူရပါတယ်။ ဥပမာ – လေအမြင့် ပေ ၃သောင်းမှ အောက်စီဂျင်ဘူးနဲ့ ခုံချရတာမျိုး၊ ပင်လယ်မှာ ရေကူးခိုင်းတာမျိုးလောက်ထိကို ကြမ်းပါတယ်။
– လက်ရှိ အဖွဲ့ ၁၀ ခုမှာ Team 6 ဟာ နာမည်အကြီးဆုံး၊ အတော်ဆုံး အမေရိကန် ကွန်မန်ဒိုများအဖြစ် အသိအမှတ်ပြု ခံထားရကြောင်း သိရပါတယ်။
VIDEO
Ref: Warfacts
အောင်ခမ်း (ရိုးရာလေး)