အမေရိကန်ပြည်ထောင်စု အိုဟိုင်းအိုးပြည်နယ်၊ sandusky မြို့အနီးက ဧက (၆၄၀၀) ရှိတဲ့ Plum Brook Field Station မှာတော့ ကမ္ဘာကျော်အာကာသ သိပ္ပံပညာရပ်ဆိုင်ရာ အဖွဲ့ကြီး (NASA)ရဲ့ ကြီးမားတဲ့သုသေသနပြုအဆောက်အအုံ(၅)ခုတည်ရှိပါတယ်။ ကျန်ခဲ့တဲ့ဆယ်စုနှစ်များစွာကာလအတွင်းက အမေရိကန်အစိုးရအနေနဲ့ အာကာသနဲ့ သိပ္ပံပညာရပ်ကဏ္ဍတွေကို ငွေကြေးများစွာအကုန်အကျခံခဲ့ပြီး နိုင်ငံရဲ့အလေးထားရမဲ့ ကဏ္ဍတစ်ခုအဖြစ်စတင်ဖော်ဆောင်ခဲ့ရာမှာ ဒီအဆောက်အအုံတွေဟာပေါ်ပေါက်လာခဲ့ ကြပါတယ်။
ယခင်ကတော့ ဒီစမ်းသပ်ခန်းတွေရဲ့ကျေးဇူးကြောင့်ပဲ ကမ္ဘာအာကာသ သိပ္ပံဆိုင်ရာနယ်ပယ်သစ်၊နည်းပညာသစ်တွေကို လူသားတွေသိရှိခဲ့ကြပြီး အမေရိကန် ပြည်ထောင်စုအတွက်များစွာအကျိုးဖြစ်ထွန်းစေခဲ့ပေမယ့် ယခုအချိန်မှာတော့ ဒီအဆောက် အအုံအများစုဟာ အသုံးပြုခြင်းမရှိတော့ပဲ အချို့အဆောက်အအုံတွေဆိုရင် ပြန်လည်ပြုပြင်ထိန်းသိမ်းဖို့တောင်လိုအပ်လာပြီလည်းဖြစ်ပါတယ်။ ပြန်လည်ပြုပြင်ထိန်း သိမ်းစရိတ်ကတော့ အမေရိကန်ဒေါ်လာ သန်းချီကုန်ကျမှာဖြစ်ပါတယ်။
(NASA)ရဲ့သုသေသနအဆောက်အအုံ(၅)ခုအနက်အများစုဟာ အထောက်အကူ ပစ္စည်းအစုံအလင်နဲ့အချိန်မရွေးအသုံးပြုနိုင်တယ်ဆိုပေမယ့် ယခုဖော်ပြမဲ့ကမ္ဘာအကြီးဆုံး လေဟာနယ်အခန်းကြီးဖြစ်တဲ့ Space Power Facility ကနေလွဲပြီး ကျန်တဲ့ အဆောက်အအုံ(၄)ခုဟာသုံးစွဲခြင်းမရှိတော့ပါဘူး။ အဆောက်အအုံ(၂)ခုကတော့နည်းပညာပိုင်းဆိုင်ရာ သတ်မှတ်သက်တမ်း ကုန်ဆုံးသွားတာကြောင့် ဖျက်ဆီးရမဲ့အခြေအနေမှာရှိနေကာ ကျန်(၂)ခုအနက် တစ်ခုကတော့ အထောက်အကူပစ္စည်းမလုံလောက်တာကြောင့်ဖြစ်ပြီးကျန်တစ်ခုကတော့ နည်းပညာ နှုန်းထားအရ ယနေ့အချိန်ထိအသုံးပြုနိုင်ခြင်းမရှိသေး တာဖြစ်ပါတယ်။
ကမ္ဘာအကြီးဆုံးလေဟာနယ်အခန်းကြီး အတွင်းလေ့လာဆန်းစစ်မှု လုပ်ငန်းစဉ်တွေက တော့အလွန်များပြားပြီး (၂၀၂၁)ခုနှစ်အချိန်ထိ တာဝန်ကျဝန်ထမ်းတွေအနေနဲ့ အနား ယူရဖို့တော့မရှိပါဘူး။ Space Power Facilityရဲ့ဝန်ဆောင်မှုကိုအဓိကအသုံးပြုနေတာ ကတော့ အမေရိကန်အာကာသသိပ္ပံနည်းပညာနဲ့လွန်းပျံရေးထုတ်လုပ်ရေး ကုမ္ပဏီတစ် ခုဖြစ်တဲ့ SpaceX ဖြစ်ပါတယ်။
SPF (Space Power Facility) လို့သိကြတဲ့ ကမ္ဘာအကြီးဆုံးလေဟာနယ်ခန်းကြီးဟာ (၃၇)မီတာလောက်မြင့်မားပြီး (၃၀)မီတာပတ်လည် အကျယ်ရှိပါတယ်။ အဓိကသုံးစွဲတဲ့လုပ် ငန်းကတော့ ကမ္ဘာဆွဲအားမရှိတဲ့ အာကာသအတွင်းကိုရောက်ရှိသွားမဲ့ အာကာသယာဉ်တွေရဲ့အကြီးစား အစိတ်အပိုင်းတွေရဲ့အလေးချိန်ပမာဏကို တွက်ချက်ရာမှာ space zone နမူနာတစ်ခုအနေနဲ့သုံးပါတယ်။ ပုံမှန်အားဖြင့်အသုံးပြုတော့မယ် ဆိုရင်တော့ ယင်းအခန်းတွင်မှာရှိတဲ့လေထု (၃၀)တန်နီးပါးကိုစုပ်ထုတ်ပြီး စုစုပေါင်း (၂၀)မီလီဂရန်မျှသာရှိတဲ့လေတွေကိုသာ အခန်းအတွင်းချန်ထားရပါတယ်။
ဒီလိုစုပ်ထုတ်ဖို့အတွက်ကိုတော့ အချိန်(၈)နာရီခန့်ရယူရပြီး အတွင်းပိုင်းမှာတော့ solar radiation တွက်ချက်ပေးနိုင်တဲ့ (၄၀၀)ကီလိုဝပ်ရှိ စက်ဝန်းပြတ်သဏ္ဍာန် သလင်းကျောက် မီးလုံးတစ်ခုတပ်ဆင်ထားပါတယ်။ ဒါအပြင်လေဟာနယ်အခန်းတွင်းမှာရှိတဲ့Cryogenic လှိုင်းတွေကလည်း အခန်းအပူချိန်ကို (-၁၆၀)ဒီဂရီစင်တီဂရိတ်ကိုရောက်ရှိအောင် ပြုလုပ်ပေးနိုင်ပါတယ်။
ဒီလေဟာနယ်ခန်းကြီးကိုတော့(၁၉၆၉)ခုနှစ်လောက်ကတည်းက တည်ဆောက်ခဲ့ပြီး ရည်ရွယ်ချက်ကတော့လေဟာနယ်အခြေ အနေမှာ နှုးကလီးယားကနေ လျှပ်စစ်စွမ်းအင်ထုတ်လုပ်ရေးဆိုင်ရာစမ်းသပ်ချက်တွေအတွက် တည်ဆောက်ခဲ့ တာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့အာကာသလွန်းပျံယာဉ်တွေရဲ့ တွန်းကန်ခြင်းဆိုင်ရာ ဆန်စစ်မှုတွေ ပြုလုပ်ရာ စမ်းသပ်ခန်းအဖြစ် နာဆာက ဆက်လက်အသုံးပြုခဲ့ပါတယ်။
လေဟာနယ်ခန်းတစ်ခုလုံးကိုတော့များစွာသော လေထုဖိအားစုပ်ယူမှုနဲ့ အပူချိန်ပြောင်း လဲမှုဒဏ်ကိုခံနိုင်တဲ့အလူမီနီယံသတ္ထုတွေကို သာအသုံးပြုတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ အလူမီနီယံဟာ နျူးကလီးယားဓာတ်ကို အကောင်းဆုံးတုံ့ပြန်နိုင်သလို ရေဒီယိုသတ္တိကြွဖြစ်စဉ်တွေကိုပါ ခံနိုင်ရည်ရှိတဲ့သတ္ထု ဖြစ် နေတာကိုလည်းတွေ့ရှိရပြီးအခြားလူကိုဘေးဖြစ်စေတဲ့ ဓာတ်ရောင်ခြည်တွေနဲ့ ဆက်စပ်တဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေကိုလည်း ကာကွယ်ပေးထားနိုင်တာကိုတွေ့ရ မှာဖြစ်ပါတယ်။
SPF ဟာကမ္ဘာအကြီးဆုံးလေဟာနယ်စမ်းသပ်ခန်းတစ်ခုဆိုတာမှန်ပေမဲ့ အပြည့်စုံဆုံး သောလေဟာနယ်စမ်းသပ်ခန်းတော့မဟုတ်ပါဘူး။ အချို့သောလေဟာနယ်ခန်းတွေ လေထုဖိအားကို (၁၀၀) nanopascals အထိလျော့ချနိုင်သလို SPF ရဲ့အားအကောင်း ဆုံးလေဟာနယ်ဖြစ်သွားတဲ့ ပမာဏထက် အဆပေါင်း(၂၅၀၀)လောက်အထိကို လေထု ဖိအားလျော့ချနိုင်ကြပါတယ်။ အကြောင်းကတော့ ဒီလေဟာနယ်ခန်းတွေဟာ သေးငယ်ကြလို့ဖြစ်ပြီး အပူချိန်လေဖိအားရဲ့ အသေးငယ်ဆုံးအပိုင်းအခြားတွေအထိ ထိန်းချုပ်နိုင်တဲ့ X-ray spectroscopy နဲ့ gravitional wave detectorတွေကို တပ်ဆင် အသုံးပြုထားကြလို့ဖြစ်ပါတယ်။
အာကာသလွန်းပျံယာဉ်တစ်စီးလုံးထည့်သွင်းနိုင်တဲ့ Space Power Facility (SPF)ဟာ ဆိုရင် Mar ဂြိုလ်ကိုသွားရောက်လေ့လာမဲ့ အကာကာသခရီးလမ်းကြောင်းရှာဖွေရေး ပရောဂျက်တွေမှာ ပါဝင်ခဲ့ပြီး (၂၀၁၃)ခုနှစ်ကတော့ SpaceX ရဲ့ကိုယ်ပိုင်အာကာသ ခရီးစဉ်တွေအတွက် အာကာသတွင်းရှိလေဖိအား၊အပူချိန်ပြောင်းလဲမှုနှုန်းထားတွေအ တွက်လိုအပ်တဲ့ စမ်းသပ်မှုတွေကိုပြုလုပ်နိုင်ဖို့ အကူအညီပေးနိုင်ခဲ့ပါတယ်။ (၂၀၁၃) ခုနှစ်အတွင်းမှာပဲ BBC သတင်းဌာနကဦးစီးပြီး Space Power Facility(SPF)အတွင်း မှာလက်တွေ့လေ့လာမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။
စမ်းသပ်သူတွေဟာ Mass မတူညီတဲ့ ဘိုးလင်းဘောလုံး တစ်လုံးနဲ့ စုစည်းထားတဲ့ငှက်တောင်မွှေးတွေကို Space Power Facilityရဲ့ ခေါင်မိုးနေရာလောက်ကနေ ပစ်ချခဲ့ပါတယ်။ ပြင်ပမှာဆိုရင်တော့ (mass) ပမာဏပိုများတဲ့ အရာက acceleration ပိုမြန်ပြီးအရင်ကျရမှာဖြစ်ပေမဲ့ လေဟာနယ် ခန်းတွင်းမှာတော့ ယင်း object (၂)ခုရဲ့ acceleration(ကျတဲ့အရှိန်)ဟာအတူတူပဲဖြစ် တယ်ဆိုတဲ့ ရူပဗေဒဘာသာရပ်ရဲ့ အရေးပါဆုံးသောလက်တွေ့ဆန်းသပ်မှုကိုပြုလုပ်နိုင် ခဲ့ပါတယ်။
ကမ္ဘာအကြီးဆုံးလေဟာနယ်ခန်းကြီးဟာ ယခုချိန်မှာတော့ Plum Brook Field Stationအတွင်းမှာတော့တစ်ခုတည်းသော လေ့လာစမ်းသပ်မှုတွေကိုပြုလုပ်နေတဲ့ နေရာဖြစ်ပါတယ်။ ကျန်စမ်းသပ်ခန်းအဆောက်အအုံလေးခုကတော့ ဆက်လက်လုပ် ဆောင်မလား၊ဖျက်သိမ်းမလားဆိုတာကတော့ နာဆာရဲ့ဆုံးဖြတ်ချက်အပေါ်သာမီတည် နေပြီး ခန့်မှန်းချက်တွေအရတော့ လက်ရှိလုပ်ကိုင်နေတဲ့အမေရိကန်အာကာသနည်းပညာရပ်တွေဟာ ဖြန့်ဝေလုပ်ကိုင်မှုကွန်ယက်များပြားလွန်းတာကြောင့်ဖြစ်တယ်လို့ လည်းပြောဆိုမှုတွေရှိနေခဲ့ပါတယ်။
ဒီအဆောက်အအုံတွေအတွက် Plum Brook တာဝန်ရှိသူတွေဘက်က နာဆာနဲ့ ကာလရှည်တွေ့ဆုံမှုညှိနိုင်းမှုတွေရှိပေမယ့် အပြီးသတ် သတင်းထုတ်ပြန်ကြေငြာခြင်းတော့ (၂)ဘက်စလုံးက ပြုလုပ်ခြင်းတော့ မရှိပါဘူး ။ နာဆာ အနေနဲ့အမေရိကန်ပြည်ထောင်စု တစ်ခွင်လုံးမှာ ဆောက်လုပ်တဲ့ သူတို့ကိုယ် ပိုင်အဆောက်အအုံတွေအားလုံးကို အကျိုးရှိရှိသုံးစွဲလေ့ရှိ ပြီး အလဟာသစွန့်ပစ်ခြင်းမရှိဘူးဆိုတဲ့အချက်ကြောင့် ကျန်သုသေသနအဆောက် အအုံ(၄)ခုကိုလည်း မကြာခင်ကာလမှာ ပြန်လည်အသုံးပြုနိုင်တယ်လို့ ခန့်မှန်းချက်တွေလည်း ထွက်ပေါ်လျှက်ရှိပါတယ်။
VIDEO