Wednesday, April 14, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အီရန်နိုင်ငံ အကြောင်း သိကောင်းစရာ

by Thutamm
October 3, 2020
Reading Time: 2min read
0
အီရန်နိုင်ငံ အကြောင်း သိကောင်းစရာ
Share on FacebookShare on Twitter

အာရှတိုက်အရှေ့အလယ်ပိုင်းမှာတည်ရှိတဲ့ အီရန်ရဲ့တရားဝင်နာမည်ကတော့ အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံဖြစ်ပါတယ်။ ယခင်ကတော့ ပါရှားပြည်လို့ခေါ်ခဲ့ကြပါတယ်။ အီရန်ရဲ့အနောက်မြောက်ဘက်မှာဆိုရင် ဥရောပတိုက်က အာမေးနီးယားနိုင်ငံ၊အဇာဘိုင်ဂျန်နိုင်ငံ၊ အရှေ့မြောက်ဘက်ဆိုရင် တာမင်နစ္စတန်နိုင်ငံ၊အရှေဘက်မှာဆိုရင် အာဖဂန်နစ္စတန်နိုင်ငံနဲ့ပါကစ္စတန်နိုင်ငံ၊ တောင်ဘက်မှာဆိုရင် ပါရှန်းနဲ့အိုမန်ပင်လယ်အော်၊ မြောက်ဘက်မှာဆိုရင် ကတ်စပီယန်ပင်လယ်၊အနောက် ဘက်မှာဆိုရင် တူရကီနဲ့အီရတ်နိုင်ငံတို့နဲ့နယ်နိမိတ်ချင်းထိစပ်လျက်ရှိနေပါတယ်။

အီရန်နိုင်ငံရဲ့တရားဝင်ဘာသာစကားကတော့ ပါရှန်းဘာသာစကားဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်စာရင်းအရ အီရန်နိုင်ငံရဲ့လူဦးရေဟာ (82,531,700) ဖြစ်ပြီး ကမ္ဘာပေါ်မှာတော့ (၁၈)နိုင်ငံမြောက် လူဦးရေအများဆုံးနိုင်ငံအဖြစ်ရပ်တည်နေပါတယ်။ ဧရိယာစတုရန်းမိုင် (၆၃၆ ၃၇၂)စတုရန်းမိုင်ကျယ်ဝန်းပြီး အရှေအလယ်ပိုင်းဒေသမှာတော့ ဒုတိယမြောက်အကျယ်ဆုံးနိုင်ငံဖြစ်ကာ ကမ္ဘာပေါ်မှာတော့ (၁၇)နိုင်ငံမြောက် ဧရိယာအကျယ်ဆုံးနိုင်ငံအဖြစ်ရပ်တည်နေတာကိုတွေ့ရပါတယ်။

Tehran မြို့ဟာဆိုရင်နိုင်ငံရဲ့အကြီးဆုံးမြို့ဖြစ်သလို အီရန်နိုင်ငံရဲ့မြို့တော်အဖြစ်လည်းရှိနေပြီး (၁၇၉၆)ခုနှစ်ကတည်းက Qajar မင်းဆက်ရဲ့ Agha Mohammad Khan က သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။ ယင်းမင်းဆက်ကာလအတွင်း မြို့တော် Tehran ဟာ ငလျင်ဒဏ်များစွာကိုကြုံခဲ့ရသော်လည်း ယနေ့ချိန်အထိ Qajar ကာလအတွင်းတည် ဆောက်ခဲ့တဲ့ အဆောက်အအုံတွေဟာကျန်ရှိလို့နေပါသေးတယ်။

အီရန်ဟာတောင်ကုန်းတောင်တန်း ထူထပ်ပေါများပြီး မိုးနည်းခြောက်သွေ့တဲ့ဒေသဖြစ် တယ်လို့ အကြမ်းဖျင်းအားဖြင့်သတ်မှတ်နိုင်ပါတယ်။ နိုင်ငံရဲ့အလယ်ပိုင်းမှာဆိုရင် ကန္တာရ ကုန်းမြင့်ဒေသများစွာတည်ရှိပြီး ယင်းနောက်မှာတော့တောင်တန်းများပတ်ချာလည် ကာရံကာတည်ရှိနေပါတယ်။

အီရန်ရဲ့အမြင့်ဆုံးအပိုင်းကတော့ Mount Damavand မီးတောင်ဖြစ်ပြီး ယင်းတောင်ထိပ်ဟာ ပင်လယ်ရေမျက်နှာပြင်အထက် (၁၈ ၄၀၃)ပေမြင့်မားကာ အရှေ့အလယ်ပိုင်းဒေသမှာသာမက အာရှတိုက်မှာပါအမြင့်ဆုံးမီးတောင် ဖြစ်ပါတယ်။

အီရန်ဟာပင်လယ်ကမ်းရိုးတန်းအရှည်မိုင် (၁၅၂၀)မိုင်ကိုပိုင်ဆိုင်ထားပါတယ်။ အီရန်နိုင်ငံတွင်းကသစ်တောဧရိယာ ဧက(၄၂)သန်းလောက်မှာတော့ အစိုးရရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးဧရိယာ (၂၇၂)နေရာလောက်ကို တည်ရှိပြီး များစွာသောအမျိုးသားဥယျာဉ်တွေ၊ သဘာဝတောရိုင်းနယ်မြေတွေနဲ့ နိုင်ငံရဲ့ သဘာဝအရင်အမြစ်ထိန်းသိမ်းစောင့်ရှောက်ရေးနယ်မြေတွေပါဝင်လို့နေပါတယ်။ အီရန် ဟာ UNESCO ရဲ့ကမ္ဘာအမွေအနှစ်ထိန်းသိမ်းရေးနယ်မြေ(၂၁)ခုလောက်ကိုပိုင်ဆိုင်ထားတဲ့ ရှေးအမွေအနှစ်ပေါကြွယ်ဝတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။

အီရန်နိုင်ငံ Khuzestan ပြည်နယ်အတွင်းမှာရှိတဲ့ Chogha Zanbil အဆောက်အအုံစုဆိုရင် မက်ဆိုပိုတေးမီးယားဒေသရဲ့အပြင်ဘက်မှာရှိတဲ့အနည်းငယ်သော Ziggurats လို့ သိကြတဲ့ လေးထောင့်လှေကားထစ်တွေပါဝင်တဲ့ဘုရားကျောင်း အဆောက်အအုံတစ်ခု ဖြစ်ပါတယ်။

Chogha Zanbil ဟာ (၁၉၇၉)ခုနှစ်လောက်ကတည်းက UNESCO ရဲ့ကမ္ဘာ အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးနယ်မြေဖြစ်လာခဲ့ပြီး အီရန်နိုင်ငံရဲ့ပထမဆုံး ကမ္ဘာ့အမွေအနှစ်အဖြစ်သတ်မှတ်ခံရတဲ့ အဆောက်အအုံဖြစ်ပါတယ်။ ဒီအဆောက်အအုံကို ဘီစီ ၁၂၅၀ ကတည်းက တည်ဆောက်ခဲ့တာဖြစ်လို့ နှစ်ပေါင်း ၃၀၀၀ကျော် သက်တမ်းရှိနေပြီဖြစ်တဲ့ အဆောက်အအုံလည်း ဖြစ်ပါတယ်။

Persepolis ကို Takht-e-Jamshid လို့လည်းလူသိများပြီး အီရန်နိုင်ငံကို ဘီစီ(၅၅၀) ကနေ (၃၃၀)အကြားအုပ်စိုးခဲ့တဲ့ Achaemenid အင်ပါယာရဲ့အထိန်းအမှတ်အဆောက် အအုံတစ်ခုဖြစ်ပါတယ်။ ပညာရှင်တွေကတော့ Persepolis ဟာဘီစီ(၅၁၅)လောက်က တည်းကဆောက်လုပ်ခဲ့တယ်လို့ ယုံကြည်ကြပြီး Achaemenid အင်ပါယာရဲ့ဗိသုကာ လက်ရာမွန်များစွာကိုအသုံးပြုတည်ဆောက်ခဲ့ကြတာဖြစ်ပါတယ်။ ယနေ့အချိန်မှာဆိုရင်တော့ ပျက်စီးစပြုနေပြီဖြစ်တဲ့ Persepolis ဟာ (၁၉၇၉)ခုနှစ်အတွင်းမှာပဲ UNESCO ရဲ့ ကမ္ဘာအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးနယ်မြေဖြစ်လာခဲ့တာဖြစ်ပါတယ်။

လေးထောင့်သဏ္ဍန်ရှိတဲ့ Naqsh-e-Jahan Square အဆောက်အအုံကို Imam Square လို့လည်းလူသိများပြီး Isfahan မြို့ရဲ့အလယ်မှာတည်ရှိနေပါတယ်။ ယင်းအဆောက်အ အုံကို (၁၅၉၈)ခုနှစ်ကနေ (၁၆၂၉)အတွင်းတည်ဆောက်ခဲ့တာဖြစ်ပြီး UNESCO ရဲ့ သမိုင်းဆိုင်ရာအမွေအနှစ် မှတ်တိုင်တစ်ခုဖြစ်ပါတယ်။ Naqsh-e-Jahan Square ဟာ (၅၂၀)ပေအကျယ်ရှိကာ (၁၈၄၀)ပေအထိရှည်လျားပြီး စတုရန်းပေ (၉၆၄ ၀၀၀)ပေ ဧရိယာရှိပါတယ်။

အီရန်သမိုင်းရဲ့နာမည်ကျော်ဗိသုကာလက်ရာဖြစ်တဲ့ Safavid လက်ရာအတိုင်းတည်ဆောက်ထားတဲ့ Sheikh Lotfollah ဗလီဟာဆိုရင် ဆန်းပြားတဲ့ရှေးဗိသုကာလက်ရာ တွေစုဝေးထားတဲ့နေရာတစ်ခုဖြစ်ပြီး (၁၆၀၃)ခုနှစ်ကနေစတင်တည်ဆောက်ပြီး (၁၆၁၉)ခုနစ်မှ အပြီးသတ်ခဲ့ပါတယ်။ အီရန်ရဲ့ရှေ့ဗိသုကာကျော် Shaykh ရဲ့လက်ရာမွန် ဖြစ်ပြီး Safavid မင်းဆက်ရဲ့ Shah Abbas (1) လက်ထပ်မှာတည်ဆောက်ခဲ့တာဖြစ်ပါတယ်။


အီရန်နိုင်ငံမြို့တော် Tehran ရဲ့ရှေးအကျဆုံးသမိုင်းဝင်အဆောက်အအုံလည်းဖြစ်၊ကမ္ဘာ အမွေအနှစ်လည်းဖြစ်တဲ့ Golestan နန်းတော်(သို့) Roseland Palace ဟာဆိုရင် Qajar မင်းဆက်ကာလအတွင်းကတည်ဆောက်ခဲ့တာဖြစ်ပြီး တစ်ချိန်တုန်းကတော့ မြို့တော် ရဲ့ခံတပ်အဖြစ် ရွံကောက်ရိုးတံတိုင်းတွေနဲ့ ကာရံခြင်းခံခဲ့ရဖူးပါတယ်။


Grand Bazaar လို့အမည်ရတဲ့သမိုင်းဝင်ဈေးကြီးတစ်ခုကလည်း မြို့တော် Tehran ရဲ့ နယ်နိမိတ်အတွင်းပါဝင်နေခဲ့ပြီး အတိအကျပြောရရင်တော့ Tehranရဲ့တောင်ပိုင်းက Arg ရပ်ကွတ်အတွင်းတည်ရှိနေပါတယ်။ ဈေးတန်းရဲ့အရှည်ဟာ (၆.၂)မိုင်လောက်ကို ရှိနေပြီး ကုန်ပစ္စည်းမျိုးစုံရှိသလို ဝင်ပေါက်များစွာလည်းရှိနေပါတယ်။ဈေးကြီးရဲ့အဓိက ဝင်ပေါက်ကတော့ Sabze Meydan ဖြစ်ပါတယ်။

ယနေ့အီရန်ရဲ့နယ်မြေအားလုံးဟာ (၁၅၀၀)ဘီစီလောက်ကတည်းက Medes နဲ့ ပါရှန်း တွေရဲ့တစ်လှည့်စီသိမ်းပိုက်ခြင်းကိုခံခဲ့ရပါတယ်။ ပါရှန်းဘုရင် မဟာဆိုင်းရပ် လက်ထက်မှာတော့ Medes တွေကိုအောင်နိုင်ပြီး Achaemenid အမည်ရတဲ့ ပါရှန်းအင်ပါယာကိုစတင်တည် ထောင်ခဲ့ပါတယ်။

ယင်းအင်ပါယာဟာ (၅၂၅)ဘီစီရောက်ချိန်မှာတော့ အိန္ဒိယ အရှေပိုင်း အိန္ဒုမြစ် က နေ Nile မြစ်အထိ ကျယ်ဝန်းခဲ့ပြီး မြို့တော်ကြီးတွေ၊ နန်းတော်ကြီးတွေ၊ ကိုးကွယ်မှုဆိုင်ရာ အထိန်းအမှတ်အဆောက်အအုံတွေ၊ စနစ်တကျဖောက် လုပ်ထားသော ဆည်မြောင်းစသည်ဖြင့် ပါရှားအင်ပါယာရယ်လို့ကမ္ဘာသမိုင်းမှာ မှတ်တမ်းထားရမဲ့ အမှတ်အသားများစွာကိုပြုလုပ်တည်ဆောက်ခဲ့ကြပါတယ်။ ဒါအပြင် ကမ္ဘာကျော် ကဗျာဆရာကြီး အိုမာယမ်ရဲ့ကဗျာနဲ့ မြောက်မြားစွာသောသမိုင်းပုံပြင်တွေ ဟာ ယင်းပါရှန်းအင်ပါယာကို အခြေပြုပြီး ပေါ်ထွက်ခဲ့တာလည်းဖြစ်ပါတယ်။

ဂရိနဲ့ဖြစ်ပွားတဲ့စစ်ပွဲတွေအတွင်းမှာတော့ ပါရှန်းတွေအရေးနိမ့်ခဲ့ပြီး နှစ်ပေါင်း (၁၀၀) လောက်ကြာအောင် ဂရိတွေရဲ့လက်အောက်ခံအဖြစ် အီရန်ဟာကျရောက်ခဲ့ပါတယ်။ အေဒီ (၂၂၄)မှာတော့ Sassanids တွေအာဏာရလာခဲ့ပြီး အေဒီ (၆၄၂)ရောက်ချိန်မှာ တော့ အာရပ်တွေရဲ့သိမ်းပိုက်ခြင်းကိုခံရကာ Islamic အင်ပါယာရဲ့တစ်စိတ်တစ်ဒေသ ဖြစ်လာခဲ့ပါတာဟာဆိုရင် ယခုချိန်အထိလို့ဆိုရပါမယ်။ (၁၅၀၁)ခုနှစ်ကနေစတင်ပြီး အီရန်ဟာ Safavid အင်ပါယာရဲ့အုပ်ချုပ်မှုအောက်မှာရှိနေခဲ့ပါတယ်။

(၁၈)ရာစုနောက်ပိုင်းမှာတော့ အီရန်ဟာဗြိတိန်နဲ့ ရုရှားတို့ရဲ့စိုးမိုးမှုအောက်မှာရှိနေခဲ့ပြီး (၁၉၂၁)ရောက်ချိန်မှသာ ရှားဘုရင်မျိုးဆက်ဖြစ်တဲ့ Reza Khan ရဲ့ဦးဆောင်မှုနဲ့ အီရန်ဟာနိုင်ငံခြားသားတွေရဲ့ လုပ်ငန်းအားလုံးကို ပြည်သူပိုင်အဖြစ်သိမ်းပိုက်ခဲ့ပါတယ်။ သူကပဲ (၁၉၃၅)ရောက်ချိန် မှာ ပါရှန်းနိုင်ငံကနေ အီရန်ဆိုတဲ့အမည်ကိုပေးခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်းမှာ တော့အီရန်ဟာ ကြားနေနိုင်ငံအဖြစ်ရပ်တည်ခဲ့ပေမဲ့ ဝင်ရိုးတန်းနိုင်ငံတွေကို အားပေးတယ်ဆိုတဲ့စွဲချက်နဲ့ ဗြိတိန်နဲ့ရုရှားတပ်တွေဟာ အီရန်ကိုသိမ်းပိုက်ခဲ့ပြီး (၁၉၄၁)မှာတော့ Reza Khan ကိုနန်းချကာသားတော် Mohammad Reza Pahlavi ကိုနန်းတင်ခဲ့ပါတယ်။ ယင်းမင်းဆက်တွေကတော့ အီရန် သမိုင်းမှာ ရှားဘုရင်လို့သိကြတဲ့မင်းဆက်တွေဖြစ်ကြပါတယ်။

ရှားဘုရင်တွေလက်ထက်မှာ တော့အီရန်ဟာ ပြုပြင်ပြောင်းလဲမှုများစွာပြုလုပ်ခဲ့ပြီး အချို့သောပြုပြင်မှုတွေဟာ အစ္စလာမ်ဝါဒနဲ့ဆန့်ကျင်ဘက်တွေဖြစ်နေတာကြောင့် လူထုတွင်းတော်လှန်ပုန်ကန်မှု များစွာဖြစ်လာခဲ့ရပါတယ်။ အောက်ကပုံတချို့ကိုကြည့်ကြည့်ရင် ၁၉၇၉ မတိုင်မီအထိ အီရန်ဟာ အနောက်နိုင်ငံတွေနဲ့ တန်းတူ လွတ်လပ်ပွင့်လင်းပြီး အမျိုးသမီးတွေကို အမျိုးသားတွေနဲ့တတန်းတူ အခွင့်အရေးပေးခဲ့တဲ့ နိုင်ငံတစ်ခုဖြစ်ခဲ့တာ သိသာပါတယ်။

(၁၉၇၉)ခုနှစ်မှာတော့ အီရန်တော်လှန်ရေးဖြစ်ပွားခဲ့ပြီး ပြည်ပသြဇာခံ ရှားဘုရင်ကိုဖြုတ်ချကာ ယခုအီရန်ရဲ့အမြင့်ဆုံးအာဏာပိုင် Sayyid Ruhollah Musavi Khomeini ဦးဆောင်ပြီး အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံအဖြစ် ထူထောင်ခဲ့ပါတယ်။ ယင်းအချိန်က Khomeni ကိုအဓိကကူညီခဲ့သူကတော့ အမေရိကန်ပြည်ထောင်စုဖြစ်လို့နေပါတယ်။

အီရန်ရဲ့စီးပွားရေးကိုအဓိကထောက်ကူထားတာကတော့ ရေနံလုပ်ငန်းဖြစ်ပြီး ရေနံတွင်းတွေကို မြောက်ဘက် ကတ်စပီယံပင်လယ်ကနေ တောင်ဘပ်ပါရှန်းပင်လယ်ကွေ့အထိ ကျယ်ပြန့်တဲ့ဒေသတစ်လျှောက်တွေ့နိုင်ပါတယ်။ ယခုချိန်မှာတော့ အမေရိကန်ပြည် ထောင်စုရဲ့ စီးပွားရေးဆိုင်ရာအဆင့်ဆင့် ပိတ်ဆို့မှုတွေကြောင့် အီရန်ရဲ့ရေနံလုပ်ငန်းဟာ အတော်ကိုအထိနာလျက်ရှိပါတယ်။

နှစ်ကာလများစွာ အမေရိကန်က အီရန်ဟာ အကြမ်းဖက်အဖွဲ့အားလုံးကိုထောက်ပံ့နေတယ်၊ နျူးကလီးယားလက်နက်ထုတ်လုပ်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေအပြင် (၂)နိုင်ငံကြားမကျေလည်မှုတွေကပဲ ယခုချိန်ဆိုရင် စစ်ဖြစ်ဖို့ အနီးဆုံးအခြေအနေကိုမြင်နေရပြီလည်းဖြစ်ပါတယ်။

ရေနံပြီးရင်အီရန်ရဲ့နံပါတ်(၂)ပို့ကုန်ကတော့ ကော်ဇောဖြစ်တယ်လို့သိရပြီး အီရန်တွေ ဟာလွန်ခဲ့တဲ့ နှစ်ပေါင်း (၂၅၀၀)ကျော်လောက်ကတည်းက ကမ္ဘာပေါ်မှာ အရည်အသွေး အကောင်းဆုံးသော ကော်ဇောကိုဖန်တီးလာနိုင်ခဲ့ကြတာဖြစ်ပါတယ်။ဒါအပြင်အီရန်ဟာ Pistachio သီး၊ငါးဥဆားနယ်၊ Saffron လို့သိကြတဲ့ ပန်းဝတ်ဆံထုတ်လုပ်ရာမှာလည်း ကမ္ဘာအကြီးဆုံးနိုင်ငံအဖြစ်ရပ်တည်နေပါတယ်။ ၂၀၁၈ ခုနှစ် ကမ္ဘာ့ငွေကြေးအဖွဲ့အစည်းရဲ့ စာရင်းအရ အီရန်နိုင်ငံသား တစ်ဦးချင်းစီရဲ့ဝင်ငွေဟာ အမေရိကန် ၁၉၅၅၇ ဖြစ်ပြီး ကမ္ဘာ့ ၆၆ ခုမြောက် အချမ်းသာဆုံးနိုင်ငံအဖြစ် ရပ်တည်နေပါတယ်။

၂၀၁၆ ခုနှစ်စာရင်းအရ အီရန်နိုင်ငံသား အရွယ်ရောက်ပြီးသူတိုင်းရဲ့ ၈၅% ဟာ စာတတ်မြောက်ကြပါတယ်။ အီရန်နိုင်ငံမှာ ပြည်နယ်အဆင့် တက္ကသိုလ်ကြီးပေါင်း ၅၄ခုရှိနေပြီး အကြီးဆုံးကတော့ Tehran တက္ကသိုလ်ဖြစ်ပါတယ်။ ဒီတက္ကသိုလ်မှာတော့ ပညာရေးဆိုင်ရာ ဝန်ထမ်းပေါင်း ၂၂၀၀ ခန့်ရှိပြီး တက်ရောက်သင်ကြားသူ ကျောင်းသား၊သူပေါင်း ၅၂၀၀၀ ခန့် ရှိနေပါတယ်။

ကောင်းမွန်တဲ့ စစ်အင်အားကို ပိုင်ဆိုင်ထားတဲ့ အီရန်နိုင်ငံဟာ ကမ္ဘာပေါ်က စစ်အင်အားအကြီးဆုံးနိုင်ငံများ စာရင်းမှာတော့ အဆင့် ၁၄နေရာမှာ ရှိနေပါတယ်။ အမြဲတမ်းစစ်သည်အင်အား ၅သိန်းကျော်ကို ပိုင်ဆိုင်ထားသလို အရံအနေနဲ့လည်း စစ်သည်အင်အား ၃၅၀၀၀၀ ခန့်ကို ပိုင်ဆိုင်ထားပါတယ်။ တိုက်လေယာဉ် နဲ့ သယ်ယူပို့ဆောင်ရေးလေယာဉ်များအပါအဝင် လေယာဉ်စုစုပေါင်း ၅၀၉စီးကို ပိုင်ဆိုင်ထားပါတယ်။

မြေပြင်အင်အားအနေနဲ့ကတော့ သံချပ်ကာတင့်ကားပေါင်း ၁၆၃၄စီး ၊ ဒုံးပျံ Projector ပေါင်း ၁၉၀၀ နဲ့ အခြားစစ်ယာဉ်စီးရေပါင်း ၃ထောင်ခန့်ကို ပိုင်ဆိုင်ထားပါတယ်။ ရေတပ်အင်အားအနေနဲ့လည်း စစ်ရေယာဉ်ပေါင်း ၃၉၈ စီးကို ပိုင်ဆိုင်ထားပါတယ်။ ဒီအထဲမှာ Frigate ၆  စီး နဲ့ ရေငုပ်သင်္ဘော ၃၄ စီးပါဝင်နေကာ ရေငုပ်သင်္ဘောအများဆုံး ပိုင်ဆိုင်တဲ့နိုင်ငံတနိုင်ငံလည်းဖြစ်ပါတယ်။

နာမည်ကျော်ပါရှန်းယဉ်ကျေးမှုထွန်းကားရာ အီရန်ဟာ ကဗျာလင်္ကာတွေနဲ့ပတ်သက်ပြီး အရှေအလယ်ပိုင်းမှာနာမည်ကျော်သလို ကောဇောနဲ့ဥယျာဉ်တွေတည်ရှိခြင်းနဲ့ ပတ်သက်ပြီးလည်း သမိုင်းကြောင်း၊ပုံပြင်တွေမှာနာမည်ကျော်ပါတယ်။ အင်္ဂလိပ်စကားလုံး ဖြစ်တဲ့ paradise (ကောင်းကင်ဘုံ) ဆိုတာဟာ ပါရှန်းစကားကနေမွေးစားထားခြင်း ဖြစ်ပြီး ပါရှန်းလိုဆိုရင်တော့ ပျော်စရာဥယျာဉ်လို့အဓိပ္ပါယ်ရပါတယ်။

ထူးခြားချက်ကတော့ မယားပြိုင်ယူတဲ့အလေ့ဟာ အီရန်မှာတရားဝင်ဖြစ်ပြီး အမျိုးသား တစ်ယောက်ဟာ မိန်းမ(၄)ယောက်အထိ တရားဝင်ယူပိုင်ခွင့်ပြုထားပါတယ်။

Chelow kabab ဟာ အီရန်ရဲ့ရိုးရာအစားအစာဖြစ်ပြီး လက်ဘက်ရည်ဟာနိုင်ငံရဲ့ ရိုးရာ သောက်သုံးစရာဖြစ်အဖြစ်ရှိနေပါတယ်။

Opium smoking လို့သိကြတဲ့ ဘိန်းရှူတဲ့ အလေ့ဟာ အီရန်မှာ (၁၇)ရာစုနောက်ပိုင်းကာလကတည်းက ခေတ်စားခဲ့တာဖြစ်ပြီး ယနေ့တိုင် အီရန်ဟာ ကမ္ဘာဘိန်းစွဲသူနှုန်း အများဆုံးသောနိုင်ငံတွေအနက်ကတစ်ခုဖြစ် နေဆဲဖြစ်ပါတယ်။

အီရန်တွေဟာ ပိုလိုကိုလွန်ခဲ့တဲ့နှစ်ပေါင်း (၂၀၀၀)လောက်ကတည်း ကတီထွင်ခဲ့တာမို့ ကမ္ဘာမှာအစောဆုံး ပိုလိုတီထွင်ခဲ့သူတွေဟာ အီရန်တွေဖြစ်တယ်လို သတ်မှတ်ရမှာဖြစ်ပါတယ်။

အီရန်မှာရှိတဲ့ Persian cat ဟာကမ္ဘာပေါ်မှာဆိုရင်သက်တမ်းအရင့်ဆုံးကြောင်မျိုးစိတ် ဖြစ်ပြီး မူရင်းဒေသကတော့ အီရန်ရဲ့ကုန်းပြင်မြင့်မှာဖြစ်ပါတယ်။

သူတို့ရဲ့ရှည်လျားတဲ့ အမွှေးတွေဟာ အအေးဒဏ်ကနေ ထိထိရောက်ရောက်ကာကွယ်ပေးပြီး (၁၇)ရာစု ရောက်ချိန်ကတည်းက အီတလီကုန်သည်တွေက ယင်းမျိုးစိတ်တွေကို ဥရောပတိုက် ကိုခေါ်ဆောင်လာခဲ့ကြတယ်လို့သိရပါတယ်။

လွန်ခဲ့တဲ့နှစ်များစွာကာလတွေကတော့ အီရန်ဟာ ခြင်္သေ့၊ကျားနဲ့ကြောင်ကြီးမျိုးနွယ် များစွာရဲ့ နေရပ်ဖြစ်ခဲ့ပါတယ်။ ယခုချိန်မှာတော့ အမဲလိုက်လုပ်ငန်းကြောင့် တောကောင်ကြီးတွေရှားပါးကုန်ပြီလို့သိရပေမဲ့ မျိုးစိတ်အချိုကတော့ အစိုးရရဲ့စောင့်ရှောက်မှုအောက် မှာဆက်လက်တည်ရှိနေပါသေးတယ်။

အာရှကျားသစ်နဲ့ အခြားကျားသစ်မျိုးစိတ်ဝင်တွေကိုလည်း တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောတွေ အတွင်းမနည်းလှတဲ့ အရေအတွက် ကိုတွေ့နိုင်ပါသေးတယ်။ အီရန်ဆိုတဲ့စကားဟာ ပါရှန်းဘာသာစကားကနေလာပြီး Aryan (ဂျူးမဟုတ်သော ကော့ကေးဆပ်လူမျိုးတွေ) ရဲ့နယ်မြေလို့အဓိပ္ပါယ်ရပါတယ်။

Tags: countries

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!